Channel Myanmar

James Caan

Detachment (2011) 7.7
Detachment (2011) Detachment (2011)~ IMDb - 7.7/10, Rotten Tomatoes - 59% ~Detachment ရဲ့ အဓိကဇာတ်ကောင်က Adrien Brody သရုပ်ဆောင်တဲ့ အစားထိုးဆရာ ဟင်နရီဘတ်ပဲ။ သူ့အလုပ်က အမြဲတမ်းဆရာလစ်လပ်နေတဲ့ ကျောင်းတွေမှာ အစားထိုးဆရာ ခဏဝင်လုပ်၊ ကျောင်းက အမြဲတမ်းဆရာရသွားတဲ့အချိန် နောက်တစ်ကျောင်းကိုကူး။ ဒီလိုပဲရှင်သန်လာခဲ့တဲ့သူ။ သူ့မှာ တွယ်ငြိရမယ့်သူ သူနဲ့သက်ဆိုင်နေတဲ့သူဆိုလို့လည်း သူ့အဘိုးတစ်ယောက်ပဲရှိတယ်။ သူ့အဖေက သူမွေးကင်းစကတည်းက သူတို့သားအမိကို ပစ်သွားခဲ့ပြီး သူ့အမေကလည်း သူရှစ်နှစ်လောက်မှာတင် ဆုံးသွားသကိုး။ ဆိုတော့ အလုပ်လုပ်လိုက် သူ့အဘိုးရှိတဲ့ လူအိုရုံကိုသွားလိုက် သူ့ဘဝက ဒါပဲ။ ဒီတစ်ခါ သူအစားထိုးဆရာ ဝင်လုပ်ပေးရမယ့်ကျောင်းက တစ်နယ်လုံးမှာ နာမည်အပျက်ဆုံးကျောင်း။ ကျောင်းသူကျောင်းသားတွေကလည်း ဆရာကိုထဆဲတဲ့ကောင်နဲ့ ဆရာမကို Gang Bang မယ်ပြောတဲ့သူနဲ့ တကယ့်အလိမ္မာတုံးလေးတွေချည်းပဲ။ ဒီလိုကျောင်းကို ဟင်နရီဘတ်ရောက်သွားတယ်။ ဒီကျောင်းသားဆိုးတွေကြားမှာ သိပ်မဆိုးတဲ့ ကျောင်းသူတစ်ယောက်ရှိတယ်။ ...
movie

Detachment (2011)

2011
Cloudy with a Chance of Meatballs 2 (2013) 6.5
Cloudy with a Chance of Meatballs 2 (2013) Cloudy with a Chance of Meatballs 2 (2013) IMDb - 6.4/10_____Rotten - 70%အစားအသောက်တွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကား ဒုတိယအပိုင်းကို တင်ဆက်ပေးပါမယ်။ဒါက ဒုတိယကားဖြစ်တာမလို့ ပထမကားမကြည့်ရသေးဘူးဆိုရင်တော့ ပထမကားကို အရင်ကြည့်ကြဖို့ အကြံပြုချင်ပါတယ်။ဟောဒီ Cloudy with a Chance of Meatball 2 ကတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ဒုတိယကားကိုတော့ Sony Pictures တစ်ခုတည်းကပဲ ဖြန့်ချိခဲ့တာဖြစ်ပြီးတော့ပထမကားထက် ရုံတင်ဝင်ငွေက ပိုများတယ်လို့ ဆိုရပါမယ်။ဒီကားအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၄.၃ သန်း ရရှိခဲ့ပါတယ်။ ဇာတ်လမ်းလေးကို ပြောပြရရင်တော့ ဖလင့်လော့ခ်ဝုဒ်မှာငယ်ငယ်ကတည်းက လေးစားအားကျခဲ့ရတဲ့ သိပ္ပံပညာရှင်တစ်ယောက် ရှိခဲ့တယ်။သူ့နာမည်ကတော့ ချက်စတာဗွီပါ။ဖလင့်တို့ ကျွန်းလေးက အစားအသောက် ရာသီဥတုကြောင့် ကျန်ခဲ့တဲ့စားစရာတွေနဲ့ ရှုပ်ပွနေခဲ့တယ်။ ဒါကို ချက်စတာဗွီတို့ ကုမ္ပဏီက လာရောက်ရှင်းလင်းပေးတာပါ။ချက်စတာဗွီနဲ့အဖွဲ့ဟာ သန့်ရှင်းရေးအမည်ခံပြီး ...
movie

Cloudy with a Chance of Meatballs 2 (2013)

2013
Eraser (1996) 6.1
Eraser (1996) Eraser (1996)Eraser Reborn ဆိုပြီး 2022 မှာ ပြန်ရိုက်တာကိုတွေ့ရတော့ မူလ အာနိုးကားကြီးကို သွားသတိရတာနဲ့ ဒီဇာတ်ကားကို တင်ဆက်ဖြစ်တာပါ။ Total Recall ကိုတော့ နောက်ရိုက်တဲ့ကားပဲ တင်ဆက်ဖြစ်ပေမဲ့ Eraser ကတော့ အဲဒီခေတ်ကတည်းက မိုက်တာမလို့ ကြည့်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ ငယ်ဘဝ ဗီဒီယိုရုံမှာကြည့်ခဲ့ရတဲ့ဇာတ်ကားတွေဖြစ်လို့ ကလေးဘဝကို ပြန်ရောက်သွားသလိုပါပဲ။ သေနတ်ကြီးနှစ်လက် တဖက်တချက်ကိုင်ပြီး ကွင်းပြင်မှာ ထီးထီးကြီး ရပ်ပစ်တဲ့ မြင်ကွင်းတွေလေ။ ကလေးဘဝကဆိုတော့ သိပ်မိုက်ပေါ့။ ဆော့ကစားကြပြီဆိုရင် မင်းသားလုပ်ချင်တဲ့သူ သိပ်များတာကိုးဗျ။ မင်းသားဆို ဘယ်လောက်ပစ်ပစ် မသေဘူးဆိုတဲ့ စည်းကမ်းချက်ကို လူတိုင်းလိုက်နာခဲ့တုန်းကပေါ့။မင်းသားကြီး အာနိုး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား Eraser ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သိပ်ပြောစရာမရှိပါဘူး။ နိုင်ငံတော်အဆင့် ကန်ထရိုက်သမားတွေက လက်နက်သုတေသနမှာ စွမ်းအားမြင့်လက်နက်ဖြစ်တဲ့ လျှပ်စစ်သံလိုက် မြန်နှုန်းမြင့် အလင်းတန်း ချေမှုန်းရေးရိုင်ဖယ်တွေကို တီထွင်နိုင်ပြီးနောက် မူလစာချုပ်ရှင် ...
movie

Eraser (1996)

1996
The Tale of the Princess Kaguya (2013) 8.0
The Tale of the Princess Kaguya (2013) The Tale of Princess Kagura (2013) ***************************************** Imdb rating- 8.0/10 Rotten Tomatoes- 100%   ပုံပြင်တွေ ၊ ဒဏ္ဍာရီတွေဆိုတာ ကျွန်မတို့ ကလေးဘဝရဲ့ အသည်းစွဲအမှတ်တရတွေပါ။   ငယ်ငယ်တုန်းက လူကြီးတွေပြောပြခဲ့တဲ့ အိပ်ရာဝင်ပုံပြင်တွေ၊ ကြားဖူးနားဝရှိနေခဲ့တဲ့   ဒဏ္ဍာရီဇာတ်လမ်းတွေ… ငယ်ဘဝဆိုတာ ဒါတွေနဲ့ ဖြတ်သန်းကြီးပြင်းလာကြရတာမဟုတ်လား?   ကျွန်မအတွက်တော့ KAGUYAမင်းသမီးဟာ ငယ်စဥ်ကာလရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။   ဝါးပင်ကနေ မွေးဖွားလာတဲ့ မင်းသမီးလေးဆိုတာ ၂၀၁၄ရုပ်ရှင်မထွက်ခင်ကတည်းက   ဂျပန်ရိုးရာပုံပြင်အဖြစ် စာအုပ်တွေထဲမှာ ဖတ်ဖူးပြီးသားပါ။ ရုပ်ရှင်ထွက်လာတော့လည်း   သူငယ်ချင်းတွေက Cinderella, Sleeping Beauty စတဲ့ ဒစ်စနေးကာတွန်းတွေကို   သဘောကျကြချိန်မှာ ကျွန်မကတော့ MNTVမှာ ခဏခဏပြတဲ့   THE TALE OF PRINCESS KAGUYAကို စွဲလမ်းခဲ့ဖူးပါတယ်။   Studio Ghilibiဆိုတာ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း animeတွေ မွေးဖွားရာနေရာတစ်ခုပါ။   Studio Ghilibiလို့ပြောလိုက်ရင် အများစုက တည်ထောင်သူ   မီယာဇကီကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ ...
movie

The Tale of the Princess Kaguya (2013)

2013
Henry’s Crime(2010)
Henry’s Crime(2010) Henry's Crime (2010) အညွှန်း ****************************** ဒီကားလေးကိုတော့ ကျွန်တော်တို့အားလုံးနဲ့ ရင်းနီးပြီးသား မင်းသားဖြစ်တဲ့ Keanu Reeves ၊ မင်းသမီး Vera Farmiga နဲ့ ဝါရင့်သရုပ်ဆောင် မင်းသားကြီး James Caan တို့က အတွဲအဖက်ညီညီ သရုပ်ဆောင်ထားကြပါတယ်...ဟင်နရီ တော်န် ဟာသူ့ရဲ့ အပေါင်းအသင်းတွေနဲ့ ဘေ့စ်ဘောကစားဖို့ လိုက်သွားခဲ့ရာမှ....ကံဆိုးချင်တော့ သူ့ဘော်ဒါတွေ ကျူးလွန်တဲ့ ဘဏ်ဓားပြတိုက်တဲ့အမှုမှာ ဟင်နရီ က  ပူးပေါင်းပါဝင်မှုနဲ့ ထောင်၃ နှစ်ကျသွားခဲ့ပါတယ်....ဘာအပြစ်မှမကျူးလွန်ဘဲနဲ့ ထောင်နန်းစံလိုက်ရတဲ့ ဟင်နရီ ဟာ ထောင်ကလွတ်လာတဲ့ အခါ မှာတော့…. သူ မတိုက်လိုက်ရတဲ့ ဘဏ်ကို...အခုမှ တကယ် ဓားပြတိုက်ဖို့ ကြံစည်ပါတော့တယ်.......ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်.....File Size :(1.97GB), (900 MB) and (380 MB) Quality : Blu-Ray 1080p5.1ch, 720p Format…mp4 Duration…01:48:00 Genre : Crime , Drama Subtitle ...
movie

Henry’s Crime(2010)

Get Smart(2008) 6.5
Get Smart(2008) Get Smart(2008) IMDb.......6.5 ဒီကားကိုမကြည့်ခင် ခင်ဗျားတို့ သတိလေးပေးချင်တယ်... ဥပမာ အိမ်မှာ မိသားစုဝင် ၅ယောက်လုံးရှိတယ်ထား..ခင်ဗျားက ဒီကားကိုကြည့်ဖို့ပြင်ဆင်ပြီဆိုရင် ကျန်တဲ့ ၄ယောက်ပါ TVရှေ့ကိုခေါ်ကြည့်သင့်တယ်....လင်မယား ၂ ယောက်ထဲဆိုလည်း ၂ယောက်လုံးကြည့်ဖြစ် အောင်ကြည့် တစ်ယောက်ထဲကြည့်မိရင် အံကြိတ်ပြီး တခိခိရယ်တဲ့ကိုယ့်ကို ကျန်တဲ့သူတွေက ရူးများသွားတာလား ခေါင်းချောင်သွားတာလားဆိုတဲ့အတွေးနဲ့ကြည့်တာခံရလိမ့်မယ် ကျွန်တော့ချစ်သူလေးကတော့ "ကို"တော့ရူးသွားပြီ တံတားလေးပို့ရတော့မယ်လို့ပြောသွားတယ်...... ဒီကားရဲ့မင်းသား Steve Carell ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ...မင်းသမီးချောလေး Hathaway ရယ် Dwayne Jonson(The rock)ရယ်ပါဝင်ထားလေတယ်...မျက်နှာတွေပြူးပြဲပြ ရွံ့စရာအကွက်တွေနဲ့ပြ အိုဗာတင်းဟာသကွက်တွေ လို့မထင်လိုက်နဲ့ ... Steve carell က အထူးအေးဂျင့်တွေအတွက်သတင်းစုဆောင်းတဲ့သူတစ်ယောက် ပြောရရင် ရုံးစာရေးဆိုပါတော့ ဒါပေမဲ့ သူ့ရဲ့ အိပ်မက်က အေးဂျင့်ဖြစ်ချင်တာပဲ....တစ်နေ့တော့ နျူကလီးယားလက်နက်အတွက် အရေးကြီးယူရေနီယမ်တွေအခိုးခံရတော့ အကြမ်းဖက်အဖွဲ့တွေမရိပ်မိအောင် တစ်ခါမှ လူဆိုးတွေနဲ့မဆက်ဆံဖူးတဲ့Steve Carell နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ မင်းသမီးချော Hathaway ရယ်ကိုလွှတ်လိုက်တယ်..... ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် ရုံးစာရေးကိုလွှတ်တယ်ဆိုတော့ ဘာစကေးမှမရှိဘူး အလွဲတွေနဲ့ကြည့်ရဆိုးမယ်လို့ပေါ့ အာ့ဆိုလုံးဝလွဲသွားလိမ့်မယ် သူက အေးဂျင့်ဖြစ်ချင်တာဆိုတော့ အကုန်လေ့ကျင့်ထားတယ် တိုက်ရည်ခိုက်ရည်တွေနဲ့ အားလုံးကို မှတ်မိတတ်တဲ့ သူ့ဦးနှောက်ကို ပေါင်းစပ်လိုက်တော့ အတော်လေးအလုပ်ဖြစ်တယ်.... ရယ်စရာတွေကလည်း ...
movie

Get Smart(2008)

2008
Misery (1990) 7.8
Misery (1990) စာရေးဆရာကြီး Stephen Kingရဲ့ Miseryဝတ္ထုကိုပြန်ရိုက်ထားတဒီရုပ်ရှင်ဟာ Horrorရုပ်ရှင်တွေထဲမှာတော့ပြောစမှတ်တွင်ခဲ့တဲ့ရုပ်ရှင်ပါ။ဒီဇာတ်ကားထဲက စိတ္တဇအမျိုးသမီးကြီးနေရာကသရုပ်ဆောင်တဲ့မင်းသမီးကြီး Kathy Batesလဲ ဒီဇာတ်ကားနဲ့ပဲ အော်စကာဆု၊ရွှေကမ္ဘာလုံးဆုတွေ ရခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်း >>>>စာရေးဆရာ ပေါလ်ရှယ်ဒန်က မစ္စရီဆိုတဲ့အမျိုးသမီးဇာတ်ကောင်အကြောင်း အသားပေးရေးထားတဲ့လုံးချင်းဝတ္ထုတွဲတွေနဲ့ လူကြိုက်များအောင်မြင်တဲ့စာရေးဆရာကြီးတစ်ယောက်ပေါ့။ဒါပေမယ့် ကြာလာတော့ မစ္စရီအကြောင်းရေးရတာငြီးငွေ့လာလို့ ပေါလ်ရှယ်ဒန်က သူ့ရဲ့နောက်ဆုံးထွက်မစ္စရီဝတ္ထုမှာ မစ္စရီဇာတ်ကောင်ကို သတ်ပစ်လိုက်တယ်။ပြီးတော့သူ့ရဲ့ ဝတ္ထုအသစ်ကို လူသူမနီးတဲ့ဟိုတယ်လေးမှာသွားရေးနေတုန်း သူ့သမီးလေးမွေးနေ့အတွက်နယူးယောက်ကိုပြန်အလာမှာ နှင်းမုန်တိုင်းမိပြီးကားမှောက်သွားခဲ့တယ်။ခြေတွေလက်တွေနံရိုးတွေကျိုးပြီး နှင်းမုန်တိုင်းထဲမှာသတိလစ်ပြီးသေစစဖြစ်နေတဲ့ သူ့ကို အန်နီဝစ်ဆိုတဲ့မိန်းမကြီးကကယ်ဆယ်ပေးခဲ့ပါတယ်။သတိရလာတော့ သူ့ကိုကယ်ခဲ့တဲ့အန်နီဝစ်ကသူနာပြုဟောင်းတစ်ယောက်ဖြစ်တဲ့အပြင်သူ့ရဲ့မစ္စရီဝတ္ထုတွေကိုအရူးအမူးစွဲလမ်းအားပေးတဲ့အကြီးစားပရိတ်သတ်တစ်ယောက် ဖြစ်နေတာကြောင့်စိတ်သက်သာရာရခဲ့ပေမယ့်လဲ....စာရေးဆရာဟာ တဖြေးဖြေးနဲ့ဆိုသလိုအန်နီဝစ်ရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူတွေကိုသတိထားမိလာပါတယ်။ဒါ့အပြင် အန်နီဝစ်ဟာ မစ္စရီဇာတ်ကောင်ကိုပုံမှန်ထက်ပိုပြီးချစ်ခင်စွဲလမ်းနေတာကိုလဲသတိထားမိလာပြီး...နောက်ဆုံးထွက်မစ္စရီစာအုပ်မှာမစ္စရီသေသွားတာကို အန်နီဝစ်တစ်ယောက်သိသွားချိန်မှာ...ဒီဇာတ်ကားဟာ သွေးသံရဲရဲအခန်းတွေကြမ်းတမ်းတဲ့အသုံးအနှုံးတွေ ပါဝင်တာကြောင့်R ratedသတ်မှတ်ထားပါတယ်။Horrorရုပ်ရှင်တွေ မကြိုက်ရင်တောင်ဒီကားက Horror,Drama,psycho thrillerအချိုးကျကျပေါင်းစပ်ထားပြီး Kathy Batesရဲ့လက်ဖျားခါလောက်တဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ကြည့်ကိုကြည့်သင့်ပါတယ်။ယုတ္တိမရှိ ပေါပေါပဲပဲ jump scareတွေတစ်ကွက်မှမပါပဲကြည့်ရတဲ့သူကို ရင်တလှပ်လှပ်ဖြစ်စေမှာပါ။ဒါကြောင့် Horrorရုပ်ရှင်တွေကိုမြတ်နိူးသူတွေအဖို့Miseryဟာလုံးဝစိတ်ပျက်စေရမှာမဟုတ်ကြောင်း ကတိပေးလိုက်ရပါတယ်ဒီရုပ်ရှင်ကားကို Kaung Khant Win က ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲကိုယ်တိုင်ရေးပေးထားပါတယ်
movie

Misery (1990)

1990
Out of Blue (2018) 5.5
Out of Blue (2018) ဒီတစ်ခါ CM ပရိတ်သတ်ကြီးကို တင်ဆက်ပေးမှာကတော့ စုံထောက်ကားလေးတစ်ကားပါဇာတ်လမ်းအညွှန်ပြောရမယ်ဆိုရင် တစ်နေ့ ဂျန်နီဖာရော့ခ်ဝဲဆိုတဲ့နက္ခတ်ဗေဒပညာရှင်ကောင်မလေးဟာ နက္ခတာရာကြည့်မျှော်စင်မှာပဲသေနတ်ဒဏ်ရာနဲ့သေဆုံးနေခဲ့ပါတယ်အဲ့အမှုကို ဦးဆောင်စစ်ဆေးတဲ့လူကတော့ မိုက်ဟူလင်တန်ဆိုတဲ့ အမျိုးသမီးစုံထောက်ပါသူတို့စစ်ဆေးရေးအဖွဲ့လဲ ပထမ သံသယရှိသူတွေကိုတစ်ယောက်ပြီးတစ်ယောက် စစ်မေးကြတာပေါ့နောက်ပိုင်းသိလာတာက အမှုကဟိုးအရင်က ဖြစ်ခဲ့ဖူးတဲ့ ကွင်းဆက်လူသတ်သမားအမှုနဲ့ဆင်တူနေတယ်ဆိုတာပါပဲဒါပေမဲ့ တရာခံက ဘယ်လိုမျိုးမထင်မှတ်ထားတဲ့လူ ဖြစ်နေမလဲအဲ့တရာခံနဲ့ စုံထောက်နဲ့ကရော အတိတ်မှာ ဘယ်လိုပါတ်သက်မှုတွေ ရှိနေမလဲဆိုတာကိုဇာတ်လမ်းလေးထဲ စီးမျောပြီး အဖြေရှာကြည့်ရအောင်ပါ File Size : (1 GB) & ( 377 MB)Quality : Web-DL 720pRunning Time : 1 hr 49 minFormat : Mp4Genre : Crime , ...
movie

Out of Blue (2018)

2018
The Godfather(1972) 9.2
The Godfather(1972) The Godfather(1972) IMDb...9.2,,,,Rotten...98%    (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်...) ဒီကားရဲ့ ကောင်းမွန်ခြင်းတွေ အောင်မြင်မှုတွေကို တော်တော်များများသိကြမယ်ထင်ပါတယ်.....အော်စကာ (၃)ဆုရထားသလို အကောင်းမွန်ဆုံးသော Rating ရ ကာစာရင်းထဲမှာ အမြဲတမ်း ရှိနေလေရဲ့....ဒီကားရဲ့ အညွှန်းကိုလည်း မရေးတာက ကြည့်တဲ့သူအတွက်ပိုကောင်းပါတယ်...တစ်ခုပြောချင်တာက မကြည့်ရသေးတဲ့သူတွေအဖို့ ရှေ့ပိုင်းမိနစ်(၃၀)လောက်ကို စိတ်ရှည်ပေးပါ...ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်တွေ စရိုက်တွေအပြုအမူတွေကို တဖြည်းဖြည်းချပြရင်း တကယ့်အကောင်းအမွန်ဆုံးသော အပိုင်းတွေကို ဆွဲခေါ်သွားမှာပို့ပါ...ကိုင်း ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးများ ပြန်လည်ခံစားကြည့်လိုက်ပါဦးဗျို့....ဘာသာပြန်ပေးသူကတော့ Ye Pye Sone ပါ...    (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်...) ဒီကားရဲ့ ကောင်းမွန်ခြင်းတွေ အောင်မြင်မှုတွေကို တော်တော်များများသိကြမယ်ထင်ပါတယ်.....အော်စကာ (၃)ဆုရထားသလို အကောင်းမွန်ဆုံးသော Rating ရ ကာစာရင်းထဲမှာ အမြဲတမ်း ရှိနေလေရဲ့....ဒီကားရဲ့ အညွှန်းကိုလည်း မရေးတာက ကြည့်တဲ့သူအတွက်ပိုကောင်းပါတယ်...တစ်ခုပြောချင်တာက မကြည့်ရသေးတဲ့သူတွေအဖို့ ရှေ့ပိုင်းမိနစ်(၃၀)လောက်ကို စိတ်ရှည်ပေးပါ...ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်တွေ စရိုက်တွေအပြုအမူတွေကို တဖြည်းဖြည်းချပြရင်း တကယ့်အကောင်းအမွန်ဆုံးသော အပိုင်းတွေကို ဆွဲခေါ်သွားမှာပို့ပါ...ကိုင်း ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးများ ပြန်လည်ခံစားကြည့်လိုက်ပါဦးဗျို့....ဘာသာပြန်ပေးသူကတော့ Ye Pye Sone ပါ... File ...
movie

The Godfather(1972)

1972