Channel Myanmar

James Lance

Bel Ami (2012) 5.4
Bel Ami (2012) Bel Ami (2012)နှုတ်ခမ်းနီမလေးတို့ရဲ့အသည်းကျော် Twilight ဗမ်ပိုင်းယားမင်းသားအဖြစ်လူသိများပြီး လတ်‌တ‌လောမှာလည်း Batman ကာရိုက်တာအဖြစ်နဲ့ အားလုံးရဲ့အာရုံကိုဖမ်းစားထားနိုင်တဲ့ ရောဘတ်ပတ်တင်ဆန်ရဲ့ ရှေးခေတ်နောက်ခံ ဒရာမာကားဟောင်းလေး‌တစ်ခုကို တင်ဆက်ပေးပါရစေ။ဒီကားလေးထဲမှာ ရောဘတ်ပတ်တင်ဆန်က ဂျော့ဂ်ျစ်ဒူရွိုင်ဆိုတဲ့ ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ၂၆နှစ်အရွယ် ဆင်းရဲသားစစ်သားဟောင်းတစ်ဦးအဖြစ်ကနေ ပဲရစ်က လူကုံထဲအသိုင်းအဝိုင်းကြားကို တစ်စတစ်စဘယ်လိုတိုးဝင်မလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပဲရစ်လူကုံထံအသိုင်းအဝိုင်းမှာ ယောက်ျားတွေထက် မိန်းမတွေက လည်လည်ဝယ်ဝယ်အချက်အချာကျနေတာဟာ ဂျော့ဂ်ျစ်တစ်ယောက်အတွက် သူရဲ့နှစ်လိုဖွယ် ညှို့ဓာတ်ကို ကောင်းကောင်းအသုံးချစရာဖြစ်လာခဲ့တယ်။ သူဟာ ခြစ်ကုပ်နေထိုင်ရတဲ့ မီးရထားဝန်ထမ်းဘဝကနေ စာနယ်ဇင်းအယ်ဒီတာ၊ အတင်းအဖျင်းတို့ရဲ့ဥက္ကဌ၊ နိုင်ငံရေးသမားဆိုတဲ့ ရာထူးဂုဏ်သိမ်တွေကို စာကောင်းကောင်းလည်း မတတ်ပါဘဲနဲ့ ဘယ်လိုရောက်လာခဲ့လဲ... ဘယ်သူတွေကို ဘယ်လိုအသုံးချပြီး ဘယ််သူတွေဆီက ဘယ်လိုသတင်းတွေကိုရယူခဲ့လဲ... ဘယ်လိုအတက်အကျတွေ ရင်ဆိုင်ခဲ့ရလဲ... ဘယ်အမျိုးသမီးကို တကယ်ချစ်လျက်နဲ့ ဘယ်သူတွေနားပဲဝဲခဲ့ရလဲ... အစရှိတာတွေကို စောင့်စားကြည့်ရှုရမှာပဲဖြစ်ပါတယ်။တစ်ခုထူးတာက ဒီကားထဲမှာ Cast ကြမ်းကြမ်းဆိုလို့ ရောဘတ်ပတ်တင်ဆန်တစ်ယောက်တည်းတင်မဟုတ်ဘဲ Kill Bill, Pulp Fiction တို့နဲ့ ...
movie

Bel Ami (2012)

2012
The Bookshop (2017) 6.5
The Bookshop (2017) File Size : (850 MB) and (၂၀၁၇ ခုနှစ်ထွက် ဒရာမာဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေBookshop လို့အမည်ရတဲ့ဇာတ်ကားလေးက ၁၉၅၀ ဝန်းကျင်ကိုအခြေခံထားတဲ့ဇာတ်ကားလေးဖြစ်ပြီးမိန်းမသားတစ်ဦးရဲ့ လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်ပုံတွေ လူမှုစရိုက်သဘောသဘာဝရဲ့ကောင်းကွက် ဆိုးကွက်တွေ မြေနိမ့်ရာလှံစိုက် ဖိနှိပ်မှုတွေကို ဇာတ်လမ်းအေးအေးလေးနဲ့တင်ဆက်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။။။။ဇာတ်လမ်းအကျဉ်းကတော့ ဖလော့ရမ့်စ်ဂရင်းဆိုတဲ့ မုဆိုးမလေးဟာ သူမရဲ့ဝါသနာသူမရဲ့အိပ်မက်ဖြစ်တဲ့ စာအုပ်ဆိုင်လေးကို ဇာတိမြေဖြစ်တဲ့ ဟာ့ဒ်ဘော့မြို့မှာပြန်လာဖွင့်တာလေးနဲ့ အစပျိုးထားပါတယ်။ဒါပေမယ့်လဲ အဲ့မြို့မှာကစာအုပ်ဖတ်တဲ့လူဆိုလို့ မစ္စတာ ဘရန်ဒစ်ရှ်ဆိုတဲ့ အဖိုးကြီးတစ်ယောက်ပဲရှိတာဆိုတော့သူစာအုပ်ဆိုင်ဖွင့်မယ့်ကိစ္စက အထူးအဆန်းလို စွန့်စားမှုကြီးတစ်ခုလို လူတွေကမြင်ကြတာပေါ့သူဆိုင်ဖွင့်မယ် Old House(အိမ်အိုကြီး)ကလဲ ရှေးဟောင်းအိမ်ကြီးဆိုတော့မစ္စစ် ဂါမက်လို့ခေါ်တဲ့ ဘွားတော်ကြီးကလဲ Art center ဖွင့်ချင်နေပြန်ပါလေရောဒါပေမယ့်လဲ သူဖြစ်ချင်တဲ့ အကောင်အထည်ဖော်ချင်တဲ့အတိုင်း စာအုပ်ဆိုင်ကိုဇွတ်အတင်းရအောင်ဖွင့်ခဲ့ပါတယ်။ဖလော့ရမ့်စ်ဂရင်းတစ်ယောက်သူ့အိပ်မက်ဖြစ်တဲ့ စာအုပ်ဆိုင်လေးက အောင်အောင်မြင်မြင်ဖြစ်သွားမလားသူ့ကို မနာလိုမရှုစိမ့်ဖြစ်နေသူတွေကနေ ဘယ်လိုများနှောင့်ယှက်သွားအုန်းမလဲတစ်ကိုယ်တည်း မုဆိုးမတစ်ယောက်အနေနဲ့ လောကဓံကိုဘယ်လိုများတောင့်ခံသွားသလဲဆိုတာတော့ဆက်လက်ဒေါင်းကြည့်ကြပါကုန်။။။။ဇာတ်ကားတွေမှာ ရယ်စရာကောင်းတဲ့ကား၊ ကြောက်စရာကောင်းတဲ့ကား၊ ငိုရတဲ့ကား ဆိုပြီးရှိကြသလိုကျနော်ကတော့ ဒီကားလေးကို ချစ်စရာကောင်းတဲ့ကားလေးလို့ ခေါ်ချင်ပါတယ်။ဒရာမာကားစစ်စစ် တစ်ကားဖြစ်သလို ၁၅၀၀ အချစ်လုံးဝမပါတဲ့ ...
movie

The Bookshop (2017)

2017