Channel Myanmar

James Whitmore

The Majestic (2001) 6.9
The Majestic (2001) The Majestic (2001)~ IMDb - 6.9/10, Rotten Tomatoes - 42% ~ဒီရုပ်ရှင်နဲ့ ပတ်သက်ရင် ပြောစရာတွေများပါလိမ့်မယ်။ ဝေဖန်သံဆူသလောက် ချီးမွမ်းသံညံခဲ့တဲ့ရုပ်ရှင်ပါ။ The Shawshank Redemption, The Green Mile နဲ့ The Mist တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး Frank Darabont လက်ရာကို အသည်းစွဲခဲ့ဖူးတဲ့လူတွေကတော့ "ဆရာကြီး ခင်ဗျားဒီတစ်ခါ နည်းနည်းလက်ချော်သလိုပဲနော်" လို့ ပြောချင်ကြမှာပေါ့။ အနုပညာလက်ရာအားဖြင့်ဆိုတာထက် အပေါ်ကလို Box Office မှာ ဝင်ငွေအရကော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာကြီးက Jim Carrey ကို မင်းသားတင်ရိုက်တာတောင် ဝင်ငွေအရ 49 သန်းလောက် ရှုံးခဲ့လို့ပါတဲ့လေ။ရုပ်ရှင်ကားတစ်ကားကို ဝေဖန်ဖို့ Box Office လေးတစ်ခုတည်းကိုပဲ ကြည့်လို့မရမှန်း အနည်းနဲ့အများတော့လက်ခံကြမှာပါ။ လူတွေရဲ့အမြင်နဲ့ရပ်တည်ချက်တွေကိုတော့ ...
movie

The Majestic (2001)

2001
The Shawshank Redemption (1994) 9.3
The Shawshank Redemption (1994) The Shawshank Redemption (1994)91% Rotten Tomatoes9.3/10 IMDbမိတ်ဆွေတို့ Google မှာ IMDb rating အမြင့်ဆုံးကားများ လို့ ရိုက်ရှာကြည့်ချင်ပါသလား? Rotten Tomatoes ရဲ့ အကောင်းဆုံးကားများလို့ ရိုက်ရှာကြည့်ချင်ပါသလား? ရုပ်ရှင်သမိုင်းတလျှောက်အကောင်းဆုံးကားများ.....မသေခင်ကြည့်သင့်သော ကားများ....ဘာညာသာရကာ အစုံရိုက်ပြီး ရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားကတော့ ထိပ်ပိုင်းတစ်နေရာမှာ အမြဲပါနေပါလိမ့်မယ်။ဇာတ်လမ်း အကျဉ်းလေးကတော့ ရိုးရှင်းပါတယ်။ လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် ၂ ခါ ကျခံရပြီး ရှောရှန့်ခ် ထောင်ထဲကို ရောက်လာတဲ့ ဘဏ်စီးပွားရေးသမား အန်ဒီ ဒူဖရင်း(Tim Robbins) နဲ့ တကျွန်းသမားဟောင်းကြီး ရက်ဒ်(Morgan Freeman) တို့ ရဲ့ ထောင်ထဲက အခက်အခဲတွေနဲ့ မိတ်ဆွေဘဝ၊ အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ...
movie

The Shawshank Redemption (1994)

1994
4K HEVC