Channel Myanmar

Jamie Lee Curtis

Trading Places (1983) 7.5
Trading Places (1983) Trading Places (1983)~ IMDb - 7.5/10, RT - 88%, Meta - 69% ~ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး အက်ဒီ မာဖီ ရဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ချင်ပါတယ်။ နှယ်နှယ်ရရဇာတ်ကားတော့ မဟုတ်ပါဘူး။ ကုန်သွယ်မှု မသမာတိုက်ဖျက်ရေးမှာ အရေးတကြီးအဆိုတင်သွင်းတော့ ဒီဇာတ်ကားကို မှီငြမ်းပြုခဲ့တာပါ။ဒီဇာတ်လမ်းကို မကြည့်ခင်မှာ Trading Places လို့ခေါ်တဲ့ ကြိုပွိုင့်ရောင်းဝယ်ရေးကို အရင်နားလည်ထားရင် ပိုကောင်းမယ်ထင်ပါတယ်။ ကျွန်တော်နားလည်သလောက် ရှင်းပြပါရစေ။ စီးပွားရေးပညာရှင်မဟုတ်လို့ လွဲမှားတာတွေ ပါနိုင်ပေမဲ့ တီး‌မိခေါက်မိဖြစ်သွားရင် ဇာတ်ကားကို ပိုသဘောပေါက်နိုင်ပါတယ်။ကုန်ပစ္စည်းတွေကို တကယ်တမ်း အရောင်းအဝယ်မလုပ်ခင်မှာ ကြိုပွိုင့်အနေနဲ့ အရင်ရောင်းဝယ်ကြပါတယ်။ ဂျုံရောင်းဝယ်ရေးအတွက်ဆိုရင် ဂျုံတွေကို မစိုက်ရသေးခင်မှာပဲ အရောင်းအဝယ်ကတော့ ဖြစ်နေပါပြီ။ ဈေးလည်း သတ်မှတ်ပြီးသားပါ။ ကျွန်တော်တို့နိုင်ငံလို ငွေဈေးမတည်ငြိမ်ရင်တော့ ခွေးဖြစ်မယ့်ကိန်းပေါ့လေ။ ဒါပေမဲ့ သူတို့ဆီမှာတော့ အလုပ်ဖြစ်တယ်ဗျ။ ဂျုံရောင်းရေး ဂျုံဝယ်ရေး ...
movie

Trading Places (1983)

1983
My Girl (1991) 6.9
My Girl (1991) My Girl (1991)ဗေဒါလေးဟာ ငယ်ငယ်လေးနဲ့ အသိကြွယ် ဉာဏ်ပြေးတဲ့ ကလေးမလေးတစ်ယောက်ပါ။ ဗေဒါ့ဖေဖေက ဈာပနအခမ်းအနားတွေ တာဝန်ယူပြင်ပေးရတဲ့သူပေါ့...။သူ မသိတတ်ခင်ကတည်းက ဆုံးသွားတဲ့ မေမေ၊ အသိ သတိ မကောင်းတော့တဲ့ ဖွားဖွား၊ နေ့စဉ်နဲ့အမျှ ဝင်ချည်ထွက်ချည်မြင်နေရတဲ့ အလောင်းတွေနဲ့ ပူဆွေးတမ်းတသူတွေ...။ နေ့စဉ်ဘဝလိုဖြစ်နေတဲ့ သေခြင်းနဲ့ ရှင်ခြင်းကြားက မျဉ်းပါးပါးလေးကို ဗေဒါလေး ဘယ်လိုများ နားလည်ထားသလဲ။အဆိုးတွေချည်းပဲတော့ မဟုတ်ပါဘူး... ၁၁နှစ်ဆိုတဲ့ တစ်ဆယ်စွန်းစ ဆယ်ကျော်သက်မဖြစ်တစ်ဖြစ်ကလေးမှာ အနားက အရိပ်လိုလိုက်မယ့် သူငယ်ချင်းလေး တစ်ယောက်ရှိတယ်... ကဗျာရွတ်ပြတာတွေ ကြိတ်ကြွေနေရတဲ့ ကျောင်းဆရာတစ်ယောက်ရှိတယ်...။ နှာတစ်ဖျားအသာနဲ့လည်း ရွယ်တူတွေကို ဖျံကျတတ်တယ်။ဒါပေမဲ့လည်း အလောင်းတွေကြားမှာ ဘဝကို မြှုပ်နှံထားတဲ့ ဖအေဖြစ်သူရဲ့ အာရုံစိုက်ခံရဖို့ကိုတော့ ညစ်ကြယ်ကြယ် ဉာဉ်လေးနဲ့ နိစ္စဓူဝကြိုးစားရတုန်းပါပဲ...။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဗေဒါတို့ သားအဖဘဝထဲကို ရှယ်လီဆိုတဲ့ မိတ်ကပ်ဆရာမတစ်ဦး ပေါက်ချလာပါတော့တယ်...My Girl ဟာ နာမည်ကျော် ...
movie

My Girl (1991)

1991
Beverly Hills Chihuahua (2008) 5
Beverly Hills Chihuahua (2008) Beverly Hills (2008) အညွှန်းဒီတစ်ခါမှာတော့ CM ကပရိသတ်ကြီးတို့ရဲ့ Childhood memory လေးတွေကိုတူးဆွပေးမယ့် ဇာတ်ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ရပါတယ်။ခလိုဝီဆိုတာကတော့ LA Beverly Hills သူဌေးရပ်ကွက်မှာ Gucci တွေ Louis တွေအပြည့်နဲ့ ပိုးမွေးသလိုမွေးခံထားရတဲ့ Rk Chihuahuaမလေးဖြစ်ပြီး အတော်လေးလည်းကြီးကြီးကျယ်ကျယ်နိုင်ပါတယ်။တစ်နေ့မှာတော့ ခလိုဝီ့သခင်က အလုပ်ခရီးသွားရမှာမို့လို့ ခလိုဝီ့ကို စပ်စလူးစိန်တူမဖြစ်သူနဲ့အပ်ခဲ့မိရာမှာ... ကလပ်တက်ပြီး ဘဲပဲငမ်းနေတဲ့ မမချောကြောင့် ခလိုဝီဟာ မက္ကဆီကိုလိုနိုင်ငံအလန်းစားလေးမှာလမ်းပျောက်ပြီး rk ခွေးဘဝကနေ လမ်းဘေးခွေးလုံးလုံးကိုရောက်သွားရပြီး ကုဋေရှစ်ဆယ်သူဌေးသမီးအကွက်နဲ့ ဗီဇာမပါ လေယာဥ်မစီးဘဲ US ကိုပြန်ရဖို့ အမျိုးစုံကြိုးခုန်ရပါတော့တယ်.....။2k born တို့ငယ်ငယ် တစ်ရာဖိုးသုံးခွေခေတ်တည်းက Eng Sub တစ်ဝက်တစ်ပျက်ကိုမှ ဘုမသိဘမသိနဲ့တောင် ကြိုက်လွန်းလို့ ကြည့်ခဲ့ရတဲ့ကားကောင်းလေးမို့လို့ ကြည့်ပြီးရင် နောင်တမရမှာအာမခံပါတယ်နော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hnin Wut Yi ပါ )File Size__(1.6GB) / ...
movie

Beverly Hills Chihuahua (2008)

True Lies(1994) 7.2
True Lies(1994) True Lies(1994)*************** Harry Tasker ဆိုတာက ချစ်ဇနီး Helen ရဲ့ အိမ်ဦးနတ် .......သမီးလေး Dana ရဲ့ ချစ်ဖေဖေ... ဝါရှင်တန်ဒီစီ ရဲ့ တစ်နေရာ ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်တဲ့ ကွန်ပြူတာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ အရောင်းကိုယ်စားလှယ်တစ်ဦး... ဒါကတော့ လူတွေသိထားတဲ့ Harry Tasker အကြောင်းပါ... အမှန်ကတော့.... Harry ဟာ United State ကို ခြိမ်းခြောက်လာတဲ့ အန္တရာယ်တွေကို နှိမ်နင်းပေးရတဲ့ လျို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ အေးဂျင့်တစ်ဦးပါ... Harry ဟာ အေးဂျင့်တစ်ဦးဖြစ်နေတော့ ဇနီးကို ဂရုစိုက်ချိန်မရ.. . ဇနီးဖြစ်သူ Helen ကလဲ ကြာတော့ အထီးကျန်ပြီး Simon လို့ခေါ်တဲ့ ကားအရောင်းဝန်ထမ်းတစ်ဦးနဲ့ ပတ်သက်ပါတော့တယ်.. .ဒါကို ရိပ်မိတဲ့ Harry က ဇနီး နဲ့ ပတ်သက်နေတဲ့ ယောကျာ်းကို စောင့်ကြည့်ဖို့ အဖွဲ့အစည်းရဲ့ လျို့ဝှက်ကိရိယာကို အသုံးပြုခဲ့ပါတယ်.. . ဇနီးအပူမိနေတုန်းမှာဘဲ US ကို ခြိမ်းခြောက်လာတဲ့ ပြဿနာကြီးပေါ်လာပါတော့တယ်...  ပြသနာအားလုံးကို အာနိုးကြီးဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး File Size…(3.4GB)(1.7GB)&(409MB) Quality…BluRay ...
movie

True Lies(1994)

1994
Knives Out (2019) 8.0
Knives Out (2019) IMDb Rating (8.0) / Rotten Tomatoes (97%)ဒီဇာတ်ကားက Rating တွေ ကြမ်းသလို နာမည်ကြီးသရုပ်ဆောင်တွေ တော်တော်များများပါဝင်ထားတယ်။ဂျိမ်းစ်ဘွန်းမင်းသားကြီး Daniel Craig, ကပ္ပတိန်အမေရိက Chris Evans, No Time to Die နဲ့ Knock Knock ဇာတ်ကားတို့မှာ ပရိတ်သတ်အာရုံကို အပြည့်အဝဖမ်းစားခဲ့တဲ့ မင်းသမီး Ana de Armas, 13 Reason Why ရဲ့ Katherine Langford တို့အပြင် တခြားနာမည်ကြီးတွေလဲပါသေးတယ်။မင်းသမီး Ana de Armas ရဲ့ ရှယ်သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာဖြစ်ပြီး Daniel Craig က သူ့ရဲ့သရုပ်ဆောင်ချက်တွေကို ကြိုက်လို့ No Time to Die ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ ဒီမင်းသမီးကို ထည့်ရိုက်ခိုင်းခဲ့တယ် ဆိုကြတယ်....ပါဝင်သရုပ်ဆောင်ရတဲ့အချိန် အတိုလေးဆိုပေမယ့် သူ့ရဲ့ဖမ်းစားမှုကို ...
movie

Knives Out (2019)

4K HEVC
An Acceptable Loss (2018) 4.9
An Acceptable Loss (2018) လူတွေကမှားတတ်ကြပါတယ်။ဒါပေမဲ့ လက်ခံနိုင်တဲ့ အမှား လက်မခံနိုင်စရာအမှားဆိုတာတော့ရှိပါတယ်။ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ အမျိုးသားလုံခြုံရေး အကြံပေးသူ ဟောင်း ဒေါက်တာ အဲလိဇဘက်လမ် ကအကြီးအကျယ်မှားခဲ့ပါတယ်။သူ့ရဲ့အမှားကြောင့် သူ့ကို ချီးကျူးသူတွေကိုရော၊ရှုံ့ချသူတွေကိုပါ ကြောက်လန့်နေရတဲ့အဖြစ်မျိုးဖြစ်ပါတယ်။ဘာလို့များ ချီးမွမ်းသူတွေကိုပါ ကြောက်လန့်နေရတာပါလဲ။သူဘာတွေမှားခဲ့ပါလဲ။လူတွေနဲ့ မထိတွေ့ဖြစ်အောင်ပုန်းရှောင်နေတဲ့ကြားက သူ့အမှားကြောင့် ကြားက ထိခိုက်နစ်နာခဲ့သူစာတော်တဲ့ဘွဲ့လွန်ကျောင်းသား မာတင်ဆာဟိက သူ့ရဲ့အမှားက ဘာကြောင့်ဖြစ်တယ်ဆိုတာ မမျှော်လင့်ပဲ သိရှိသွားပြီးဒေါက်တာ လမ် ကိုကူညီပြီး သူ့ရဲ့အမှားကို ပြင်ဆင်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ အားထုတ်မှုက အထမြောက်ပါမလား။သူတို့ဆိုတဲ့ ကြက်ဥလေးတွေက ကျောက်ဆောင်ကြီးကို ကွဲအောင် လုပ်နိုင်ပါမလားဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ (d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size : (750 MB) and (350 MB) Quality : WEB-DL 720p Running ...
movie


2018
Halloween (2018) 7.2
Halloween (2018)   လူတိုင်းလူတိုင်းဟာ ကံကောင်းပြီးမွေးလာကြတာမဟုတ်ပါဘူး အဲ့ထဲမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းပြီး မွေးလာတဲ့ Michael တစ်ယောက်လဲ အပါဝင်ပေါ့ ကလေးဘဝကတည်းက လူသတ်ရတာခုံမင်တဲ့ Michael Halloween ညတွေမှာ စိတ္တဇမျက်နှာဖုံး စွပ်ပြီးလိုက်လံသတ်ဖြတ်ခဲ့တဲ့သွေးအေး လူသတ်သမား Michael လူသတ်မှုှုနဲ့ စိတ္တဇ ဆေးရုံရောက်နေခဲ့တာ နှစ် ၄၀ ရှိနေခဲ့ပြီသူသတ်ဖို့ကြိုးစားခဲ့ တဲ့ Laurie Strode ဆိုတဲ့ကောင်မလေးလဲ ဟယ်ဒန်ဖီလ်း ဆိုတဲ့မြို့မှာ ရှိနေခဲ့တာ နှစ် ၄၀ ကြာမြင့်ခဲ့ပြီ ဒါပေမယ့် နှစ်တွေဘယ်လောက်ကြာကြာ သူတို့နှစ်ယောက်ကြားက အငြိုးတွေကတော့ ဖြိုဖျက်ဖို့ မဖြစ်နိုင်သေးပါဘူး ဒီလိုနဲ့ Halloween ညမတိုင်ခင်မှာမှ တိုက်တိုက်ဆိုင်ဆိုင်ပြန်လွတ်သွားတဲ့ Michael Myers တစ်ယောက်ဘယ်လို ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကျူးလွန်မလဲဆိုတာ စိတ် တုန်လှုပ်ခြောက်ခြားစွာ ကြည့်ရှုရမှာပါ ဒီ Halloween ကိုပြောလို့ပြောတာမဟုတ်ဘူး ကျွန်တော်လဲ ရှေ့ကားတွေမကြည့်ဖူးပါဘူး ဒါပေမယ့် အသေချာပြောနိုင်တာက Friday the 13th ကားထဲက Jason Vorhees နဲ့ အတော်လေးဆင်ပါတယ် မသိဘူး သတ်မယ်ဆိုတဲ့သကောင့်သားတွေပေါ့ ဇာတ်လမ်း ကလဲရိုးရိုးရှင်းရှင်းလေး ကြည့်ရတာဘာမှအာရုံနောက်စရာမရှိဘူး Thriller ဖီးလ်လေးကို ခံစားရတာကလွဲလို့ပေါ့ slasher film လို့ပြောထားတဲ့အတိုင်းပဲ အသတ်အဖြတ်အကြမ်းအရမ်းတွေ ဘုံးဘောလအော ထည့်ပေးထားပါတယ် ကိုယ်တိုင်က Friday the 13th တို့ Black Sails တို့ Spartacusတို့လို အသတ်အဖြတ်ကားတွေအကြည့်များလို့လားတော့မသိဘူး :3 ဒီ ...
movie

Halloween (2018)

2018