Channel Myanmar

Jang Seong-won

Bloody Reunion (2006) 6.0
Bloody Reunion (2006) [Unicode]Horror Movie တွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်အတွက် နောက်ထပ် horror movie လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအကျဉ်းဆရာမ ဘတ်ဟာ မူလတန်းကျောင်း ဆရာမတစ်ယောက်ဖြစ်ခဲ့ပါတယ် ၊ အခုချိန်မှာတော့ သူမက အောက်ပိုင်းမလှုပ်ရှားနိုင်တော့တဲ့ သူတစ်ယောက်ဖြစ်နေပါပြီ မိသားစုလည်း တစ်ယောက်မှ မရှိတာကြောင့် သူမကိုတော့ တပည့်ဟောင်းတွေထဲက မီဂျာဆိုတဲ့ ကောင်မလေး တစ်ယောက်က အနီးကပ်ပြုစုစောင့်ရှောက်ပေးပါတယ်...ဆရာမဘတ်ဆီကို နှစ်စဉ္ဆရာများနေ့ရောက်တိုင်း သူမရဲ့ ကျောင်းသားဟောင်းတွေက အတူတူလာလည်တတ်ကြပါတယ်။ဒါပေမယ့် တစ်နှစ်မှာတော့ ကံဆိုးစွာနဲ့ ဆရာမအိမ်မှာ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်... ရှုပ်ထွေးလွန်းတဲ့ လူသတ်မှုတစ်ခုကြောင့် စုံထောက်မာတစ်ယောက် ခေါင်းစားနေခဲ့ပါတယ် သတ်ခံရသူတွေထဲက ၅ ယောက်ဟာ ဆိုးရွားစွာ သေဆုံးခဲ့ပြီး ၂ ယောက်ကတော့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ် ။အသက်ရှင်ကျန်ရစ်သူကတော့ အိမ်ပိုင်ရှင် ဆရာမ ဘတ် ရယ် ၊ နောက်တစ်ယောက်ကတော့ သူမရဲ့ အနီးကပ်တပည့် မီဂျာတို့ပဲဖြစ်ပါတယ် ။ ဆရာမဆီလာလည်ကြတဲ့ ကျောင်းသားတိုင်းက ဆရာမကြောင့် ထိခိုက်ဖူးတဲ့သူတွေဖြစ်ပြီး စိတ်ထဲမှာ အမုန်းတရားအနည်းငယ်စီရှိနေကြတာပါ ...
movie

Bloody Reunion (2006)

[18+] Wish Taxi (Aka) Secret Travel (2013) 6.1
[18+] Wish Taxi (Aka) Secret Travel (2013)  2013 ခုနှစ်​​လေက်​တုန်းက​ပေါ့... ဆိုးလ်​မြို့မှာ အသက်​၃၀ ၀န်းကျင်​ အင်​မန်းဆိုတဲ့​ လူပျိုနုနုထွတ်​ထွတ်​​လေးတစ်​​ယောက်​ရှိပါသတဲ့။ အသက်​ကသာ ၃၀ တန်း​ပေမယ့်​ တစ်​ခါမှကို ရည်းစားမထားဖူး..ချစ်​သူမရှိဖူး.. အိမ်​​ထောင်​မပြုရ​သေးတဲ့ လူပျိုစစ်​စစ်​​ ရေမ​ရောတဲ့သူ​ပါတဲ့။သူ့သူငယ်​ချင်း​တွေက ​ဆောင်​ကြာမြိုင်​​တွေ အနှိပ်​ခန်း​တွေ သွားကြရင်​လည်း ​ ငေးကြည့်​​နေရုံသာ ဆိုတဲ့အတိုင်း ပိုက်​ဆံ​ငွေကြေးမ​ပြေလည်​တဲ့​ကောင်​​လေး တစ်​​ယောက်​ပါ။ သူ့အလုပ်​က ညဘက်​တက္ကစီ​မောင်းပို့ရတဲ့အလုပ်​ပါ။ တစ်​​နေ့ညမှာ​တော့ "လီဂျီယွန်း"ဆိုတဲ့ညဉ့်​ငှက်​မ​လေးတစ်​​ယောက်​နဲ့အဘိုးကြီးတစ်​​ယောက်​ကို ဟိုတယ်​တစ်​ခုဆီလိုက်​ပို့​ပြီး.. အဲဒီ​​ကောင်​မ​လေးအပြန်​ကိုပါ လိုက်​ပို့လိုက်ရပါတယ်​။အဲဒီညဉ့်​ငှက်​မက​လေးက တကယ်​​တော့ တက္ကသိုလ်​ဘွဲ့ရပညာတတ်​က​လေးပါ။ မိသားစု​ငွေ​ရေး​ကြေး​ရေး ပြဿနာ​တွေကို ​ဖြေရှင်း​ပေးဖို့ဆိုတဲ့ မွန်​မြတ်​တဲ့ ရည်​ရွယ်​ချက်​နဲ့ ပြည့်​တန်​ဆာမသာသာ ဘ၀​ရောက်​လာရသူ​လေး ဖြစ်​ပြီး လူ့ဘ၀ကိုစိတ်​ကုန်​​နေသူတစ်​​ယောက်​ပါ။"မိမိဖာသာ ​သေ​ကြောင်းကြံစည်​ရန်​ကြိုးစားခြင်း" ဆိုတဲ့အပိုင်းကိုရောက်လာပါပြီ... ညဉ့်​ငှက်​မ​လေးက တက္ကစီသမား​လေးကို ​ပြောလိုက်​မိပါတယ်​။ "​သေ​ကြောင်းကြံစည်​ကြသူများအသင်း"ကိုဝင်​လို့ရမလားတဲ့...။လီဂျီယွန်းကို ကာမဆန္ဒအတွက်​ အသုံးချဖို့ဆိုတဲ့ အကြံနဲ့ အင်မန်းက "​ပျော်​ရွှင်​စွာ ​သေ​ကြောင်းကြံစည်​ကြသူများအသင်း" ဆိုပြီး ဇာတ်လမ်းစလိုက်တဲ့အခါမှာတော့......။Notice.....this movie is not the sort of erotical one,but within it there will be some erotic contents.Be careful...this ...
movie


2013