Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jayson Blair
8.5
Whiplash (2014)
Whiplash (2014) IMDb - 8.5/10_____Rotten- 94%Won 3 Oscars. Another 91 wins & 144 nominations. ကြားဖူးတာလေးတစ်ခုရှိတယ်…တရုပ်ကြီးတစ်ယောက်နဲ့မြန်မာအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျသတဲ့….အိမ်ထောင်ရေးကအဆင်ပြေတယ်ဆိုပေမယ့် တရုတ်ကြီးက သူ့မိန်းမကိုမကျေနပ်တဲ့အချိန်ရှိတယ်….အဲ့ဒါက ဂရိတ်ဦးဖိုးစိန်ကြောင့်ပဲ...ဦးဖိုးစိန်ကြီးလာကတဲ့အချိန်ဆို သူ့မိန်းမက ဘာအလုပ်ပဲရှိရှိ ဖျက်ပြီး သွားကြည့်တာကိုး..တရုပ်ကြီးက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့ အတော်တင်းသတဲ့…တစ်နေ့တော့ သူ့မိန်းမ ဘာလို့အဲ့လောက်ကြည့်ချင်ရတာလဲဆိုတာသိချင်တာနဲ့ ဦးဖိုးစိန်ကပြတဲ့ပွဲကိုလိုက်ကြည့်သတဲ့...ဦးဖိုးစိန်ကြီးက မင်းသမီးတွေနဲ့ကတာကိုး….ဆိုင်းဝိုင်းကလည်းမြိုင်ဆိုင်…ဦးဖိုးစိန်ကြီးကလည်း မင်းသမီးတွေကြားမှာ လှပစွာကနေသတဲ့..တရုတ်ကြီးအနေနဲ့မြန်မာ့ဆိုင်းဝိုင်းရယ် မင်းသားမင်းသမီးအကရယ်ကိုသိပ်နားမလည်ဘူး…ဒါပေမယ့် ကြည့်နေရင်း လူကမြူးလာတော့ မနေနိုင်မထိုင်နိုင်ထပြောသတဲ့…အမလေး ဦးဖိုးစိန်ကြီးနဲ့ကတဲ့မင်းသမီးသာဖြစ်လိုက်ချင်သတဲ့…အနုပညာဆိုတာဒါပဲနေမယ်…. ကျွန်တော်ဘာလို့ဒါတွေပြောနေလဲဆိုတော့ jazz drummer ကောင်လေးတစ်ယောက်ကိုရိုက်ပြထားလို့ပါ..ခင်ဗျားတို့တော့မသိဘူး..ကျွန်တော်က jazz အမျိုးအစားနဲ့စိမ်းလွန်းလှတယ်…ဒါပေမယ့်ဒီကားထဲမှာတော့ Miles Teller ရဲ့ အမူအရာတွေ ဒရမ်တီးတဲ့ပုံတွေကြောင့်ရယ်လား J.K. Simmons ရဲ့အားပါပြင်းထန်လွန်းတဲ့ ဟန်ပန်တွေကြောင့်လား တီးဝိုင်းတစ်ခုလုံးရဲ့အသံတွေကြောင့်လားမသိ jazz ဂီတအမျိုးအစားထဲကိုစီးမျောသွားတယ်..ဒီကားက ကျော်ကြားတဲ့ drummer သမားဖြစ်အောင်ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ ..ကြားဖူးသလောက် တူရိယာတွေတီးခတ်တဲ့သူတွေကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ piano သမား ဂစ်တာသမားတွေကပြသနာသိပ်မရှိဘူးတဲ့…ဘာလို့ဆိုတီးကွက်တွေပြတဲ့နေရာမှာ view ကိုအစားထိုးဖို့လွယ်ကူပါသတဲ့….ဒရမ်သမားကြတော့အဲ့ဒီလို view ပြဖို့မလွယ်ကူပါသတဲ့….ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင် Miles Teller ကတော့ ...
movie
Whiplash (2014)
2014
4.8
The Dog Lover (2016)
၂၀၁၆ ခုနှစ်ထွက် တိရိစ္ဆာန်အချစ်တော်များအတွက် Drama ကားကောင်းလေးတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ် ရှင်းရှင်းပြောရရင်တော့ ကျတော်ကတော့ ဒီကားလေးကို ပိုစတာကြည့်ပြီး မင်းသမီးကို သဘောကျလို့ကြည့်တာပါ (စကားချပ်) ဇာတ်လမ်း လေးကတော့ ဆာရာဟာ တိရိစ္ဆာန်အရေးကာကွယ်ရေး အဖွဲ့ရဲ့ ရှေ့ဆောင်တက်ကြွလူပ်ရှားသူတစ်ယောက်ပါ သူဟာ တိရိစ္ဆာန်တွေအတွက် ဥပဒေတွေ ကာကွယ်စောင့်ရှောက်မူ တွေအတွက်ပါ လူံဆော် နေသူတစ်ယောက် တနေ့ သူကျောင်းမှာ အဆိုင်းမန့် တစ်ခုလုပ်ရာမှ ဘာတွေ စိတ်ဝင်စားစရာတွေ လာမလဲဆိုတာကို ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာ :)Download from Openload Download From Yoteshin Link
movie
The Dog Lover (2016)
2016