Channel Myanmar

Jeffrey Dean Morgan

Watchmen (2009) 7.6
Watchmen (2009) ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စူပါဟီးရိုးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Watchmen ကို ဘာသာပြန်၊ ကွာလတီ အကုန်စိတ်ကြိုက်ပြင်ပြီး ပြန်တင်ပေးထားပါပြီ။ Watchmen ဟာ Version ၃ မျိုးရှိပြီး ခုတင်ဆက်လိုက်တဲ့ Ultimate Cut ကတော့ အရှည်ဆုံး Cut ဖြစ်တဲ့ ၃ နာရီ ၃၅ မိနစ်ကျော်ကြာမြင့်တဲ့ Version ဖြစ်တာမလို့ အပြည့်စုံဆုံး Version ပါပဲ။Watchmen ရုပ်ရှင်ဟာ နောက်ပိုင်း မာဗယ်နဲ့ဒီစီနှစ်ခုလုံးမှာထွက်နေတဲ့ပေါ့ပေါ့ပါးပါးနဲ့ ဘဝအမောပြေစေတဲ့ကားမျိုးမဟုတ်လို့ စူပါဟီးရိုးရုပ်ရှင် မှောင်မှောင်လေးကြိုက်သူတွေကြည့်သင့်ပါတယ်။ Watchmen ဆိုတဲ့နာမည်ဟာ ရောမစာရေးဆရာ ဂျဗီနယ် ၁ ရာစုလောက်မှာ ရေးသားခဲ့တဲ့ နာမည်ကြီး လက်တင်ကဗျာထဲကနေ ဆင်းသက်လာတာပါ။noui consilia et ueteres quaecumque monetis amici, "pone seram, cohibe". sed quis custodiet ipsos custodesငါ့မိတ်ဆွေတွေ အမြဲပြောနေတဲ့ စည်းကမ်းထိန်းသိမ်းရေး၊ မိန်းမတွေကို စည်းကမ်းတင်းကြပ်ထားဆိုတာ၊ ဒီကင်းသမားတွေကို ဘယ်သူကင်းပြန်စောင့်မလဲ ဆိုတဲ့ ကဗျာပါ။ ရောမခေတ်ရဲ့ အမျိုးသမီးဖိနှိပ်မှုတွေကိုထောက်ပြထားတာဖြစ်ပြီး အာဏာပိုင်တွေကို ဘယ်သူက ထိန်းကျောင်းမလဲဆိုပြီး ...
movie

Watchmen (2009)

2009
4K HEVC
Solace (2015) 6.4
Solace (2015) Solace (2015)~ IMDb rating - 6.4/10 ~ဘရက်ဒ်ပစ်နဲ့ မော်ဂန်ဖရီးမန်းတို့ရဲ့ Se7en အဆက်​အနေနဲ့ရိုက်ကူးမယ်လို့ စီစဥ်ခဲ့​​ပေမဲ့ ဒေးဗစ်ဖင်ချာက ဇာတ်ညွှန်းသိပ်သ​ဘောမကျတာ​ကြောင့် အစီအစဥ်ပျက်သွားပြီး Se7en နဲ့ အချိတ်အဆက်မလုပ်တော့ဘဲ သူ့ဘာသာ သီးခြားထွက်ရှိလာတဲ့ မှုခင်း ဒရာမာကားတစ်ကားဖြစ်ပါတယ်။ Anthony Hopkins လို ထိပ်တန်းမင်းသားကြီးနဲ့ Colin Farrell လို A-List မင်းသားအပါအဝင် Jeffrey Dean Morgan အပြင် Abbie Cornish လည်းပါထားတာမို့ Se7en လောက်နီးနီး Cast ရော ဇာတ်ရော ကြမ်းနေတဲ့ စိတ်နယ်လွန်မှုခင်းကားမို့ အားလုံးသဘောကျလောက်မယ့် ရုပ်ရှင်ပါပဲ။~ ဇာတ်လမ်းအညွှန်း ~သဘာဝလွန် စိတ်နယ်လွန် ပဟေဠိဆန်ဆန်စွမ်းအားတွေရော၊ FBI က ကွင်းဆက်လူသတ်မှုအတွက် အမှုလိုက်တာရော ပေါင်းစပ်ထားတဲ့ ရုပ်ရှင်မို့ သဘာဝလွန်စုံထောက်ကားအဖြစ်နဲ့ ဇာတ်အိမ်ဆန်းဆန်းပြားပြား တည်ထားတဲ့ရုပ်ရှင်ပါ။ဂျွန်ကလန်စီဆိုတဲ့လူရှိတယ်။ သူက ...
movie

Solace (2015)

2015
Texas Killing Fields(2011) 5.7
Texas Killing Fields(2011) ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်အစောပိုင်းကာလတွေမှာအမျိုးသမီးငယ် ၄ ယောက်ရဲ့ အလောင်းကို ရှာဖွေ တွေ့ရှိပြီးတဲ့နောက်တက္ကဆက်ပြည်နယ်က ရွံမြေတွေနဲ့ ရေနံချက်စက်ရုံတွေကြားက ဟူစတန်နဲ့ ဂဲဗတ်စတန်ကမ်းခြေမြို့ကို ဆက်သွယ်ထားတဲ့ပြည်နယ်တွင်းလမ်းကြောတစ်လျှောက်မှာ ရှိတဲ့ မြေကွက်ကျယ်တစ်ခုကိုလူသတ်ကွင်းတွေ လို့ အမည်ကင်ပွန်းတပ်ခဲ့ကြပါတယ်.နှစ်တွေကွာခြားပေမယ့် ဒီအမျိုးသမီး ၄ ဦးစလုံးကိုတစ်နေရာတည်းမှာပဲ ရှာတွေ့ခဲ့ကြပါတယ်.သူတို့ရဲ့သေဆုံးမှုတွေက ဆက်စပ်မှုရှိသလား.တိုက်ဆိုင်မှုလားဆိုတာတော့ အဖြေမရှာနိုင်ခဲ့ပါဘူး.ဒီဇာတ်လမ်းကိုတော့ “The Killing Fields” လို့အမည်ရပြီးကာလမှာ အခြေတည်ထားပါတယ်.တက္ကဆက်မြို့ငယ်လေးက စုံထောက်တစ်ဦးဖြစ်တဲ့မိုက်ခ်ဆောက်ဒါ ဟာ နယူးယောက်မြို့က ပြောင်းလာတဲ့ပါတနာ စုံထောက်ဘရိုင်ယန်ဟေ့ဂျ်နဲ့အတူ.လူသတ်မှုတွေကို ဖော်ထုတ်နေသူ ဖြစ်ပါတယ်.အမျိုးသမီးငယ်တွေ ဆက်တိုက်ပျောက်ဆုံး၊ သေဆုံးမှုတွေကြားကနေအမည်ဆိုးနဲ့ကျော်ကြားတဲ့ ”The Killing Fields” နဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာတော့.တစ်ကြော့ပြန်လာတဲ့ အတိတ်ကို သူတို့လက်ထက်မှာ ရပ်တန့်နိုင်မလား. ဉာဏ်များပြီးကောက်ကျစ်တဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်မလားဆိုတာကို ဥပဒေဘက်တော်သားနဲ့ ရာဇဝတ်သား အားပြိုင်မှု၊ ဉာဏ်ကစားပုံများ၊ ဇာတ်ကွက်အလှည့်အပြောင်းများကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…  1.69GB / 771MB Quality… Blu-Ray 1080p ...
movie

Texas Killing Fields(2011)

2011
Walkaway Joe(2020) 6.3
Walkaway Joe(2020) Walkaway Joe(2020)Dallas တို့ သားအဖ (၂)ယောက်ဟာ ဘိလိယက်ထိုးဝါသနာပါကြတယ်....အဖေဖြစ်သူဟာ ဘိလိယက်ဝိုင်းတွေတိုင်း သားဖြစ်သူကိုခေါ်သွားတတ်တဲ့အပြင်အရွယ်မရောက်ခင် လူကြီးတွေလုပ်တဲ့ အလုပ်မျိုးတွေပါခိုင်းလေ့ရှိတယ်...ဒီလိုမျိုးပြုစုပျိုးထောင်မှုကို အမေဖြစ်သူက စိတ်ပျက်လက်ပျက်ဖြစ်လို့ အမြဲစကားများလေ့ရှိတယ်...သီးမခံနိုင်တဲ့အဆုံး အဖေဖြစ်သူဟာ အိမ်ကထွက်သွားတယ်....အမေ့ရဲ့ခံယူချက်တွေကို မကြိုက်တဲ့Dallas လည်း အဖေဖြစ်သူကိုရှာဖွေဖို့  အိမ်ကထွက်သွားတယ်...Dallas တစ်ယောက် ဒီလိုထွက်သွားစဉ်မှာပဲ ထူးဆန်းတဲ့လူတစ်ယောက်နဲ့ဆုံတွေ့ခဲ့တယ်...အဲ့ဒီသူနဲ့ ဘာတွေဆက်ဖြစ်မလဲ...အပြင်လောကကြီးဟာ ဘယ်လောက်ထိခက်ခဲနေလဲ...လူတိုင်းဟာ ပြဿနာကိုယ်စီကို ဘယ်လိုရင်ဆိုင်ရလဲဆိုတာကိုဒီကားလေးက ကောင်းမွန်စွာပြသပေးသွားပါတယ်...ခံစားကြည့်ကြပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Shoon Thu Thu Chain ပဲဖြစ်ပါတယ်...File Size : (850 MB) and (310 MB) Quality : Web-Dl 720p Format…mp4 Duration…01:30:00 Genre : Action  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Phyo Pyae
movie

Walkaway Joe(2020)

The Postcard Killings(2020) 5.7
The Postcard Killings(2020) The Postcard Killings(2020)(unicode)ရဲသက်တမ်းအနှစ်သုံးဆယ်ရှိတဲ့ ဂျေကော့ရဲ့သမီးဟာ ဥရောပတစ်ခွင် ဟန်နီးမွန်းထွက်ရင်းအသတ်ခံလိုက်ရပါတယ် ...အသတ်ခံလိုက်ရတဲ့ပုံစံဟာ သာမန်လူသတ်မှုတွေနဲ့ကွဲပြားပြီး ပြတိုက်တွေထဲက အနုပညာပန်းချီကားတွေ ကျောက်စစ်ရုပ်ထုတွေ ပုံစံအတိုင်းဖြစ်နေတာပါ ...ဒီလိုအမှုကို အရင်ကစပိန်နိုင်ငံမက်ထရစ်မြို့မှာက လက်ထပ်ပြီးခါက စုံတွဲလည်းဖြစ်ခဲ့ဖူးပါတယ်... ရဲမှတ်တမ်းတွေအရ ပုံစံတူတဲ့အတွက် ကွင်းဆက်လူသတ်သမားအဖြစ်သတ်မှတ်လိုက်ပါတယ်... တစ်ဦးတည်းသောသမီး ဒီလိုမတရားသေဆုံးမှုဟာ သူ့အတွက်တော့ ဖြေမဆည်နိုင်အောင်ပဲ... အဲ့ဒါကြောင့်အမှုမှန်ပေါ်ဖို့အတွက် အခင်းဖြစ်ပွားခဲ့တဲ့ လန်ဒန်ကရဲတွေနဲ့ပူးပေါင်းလုပ်ဆောင် လူသတ်သမားကိုဖမ်းဖို့ကြိုစားပါတော့တယ် ....သူတကယ်ပဲဖမ်းဆီးဖို့ကြိုးစားရာမှာအောင်မြင်ပါ့မလား.... ဖမ်းဆီးဖို့ကြိုးစားစဉ်မှာလည်း အလားတူ လူသတ်မှုမျိုးတွေ ဆက်လက်ဖြစ်ပေါ်နေဉီးမှာလား....ဒီလောက်နှစ်ကြာနေတာတောင် ဘာဖြစ်လို့ လူသတ်သမားကို မဖမ်းနိုင်ကြတာလဲ....လူသတ်သမားကရော ဘယ်လိုရည်ရွယ်ချက်တွေကြောင့် ဒါမျိုးတွေလိုက်သတ်ရတာလဲ...ခံစားကြည့်ကြပါဉီး...Crime,Mystery ကားကြိုက်သူတို့အတွက် လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပါ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်...(zawgyi)ရဲသက်တမ်းအနှစ်သုံးဆယ်ရှိတဲ့ ဂျေကော့ရဲ့သမီးဟာ ဥရောပတစ်ခွင် ဟန်နီးမွန်းထွက်ရင်းအသတ်ခံလိုက်ရပါတယ် ...အသတ်ခံလိုက်ရတဲ့ပုံစံဟာ သာမန်လူသတ်မှုတွေနဲ့ကွဲပြားပြီး ပြတိုက်တွေထဲက အနုပညာပန်းချီကားတွေ ကျောက်စစ်ရုပ်ထုတွေ ပုံစံအတိုင်းဖြစ်နေတာပါ ...ဒီလိုအမှုကို အရင်ကစပိန်နိုင်ငံမက်ထရစ်မြို့မှာက လက်ထပ်ပြီးခါက စုံတွဲလည်းဖြစ်ခဲ့ဖူးပါတယ်... ရဲမှတ်တမ်းတွေအရ ပုံစံတူတဲ့အတွက် ကွင်းဆက်လူသတ်သမားအဖြစ်သတ်မှတ်လိုက်ပါတယ်... တစ်ဦးတည်းသောသမီး ဒီလိုမတရားသေဆုံးမှုဟာ သူ့အတွက်တော့ ဖြေမဆည်နိုင်အောင်ပဲ... အဲ့ဒါကြောင့်အမှုမှန်ပေါ်ဖို့အတွက် အခင်းဖြစ်ပွားခဲ့တဲ့ ...
movie


P.S. I Love You (2007) 7.1
P.S. I Love You (2007)  စိတ်တွေမှာ ဆုံးဖြတ်ချက်တွေမှာ ဘဝတွေမှာ ရွေးစရာ လမ်းနှစ်ခုအမြဲရှိတတ်ပါတယ်။ အသိညဏ်ရဲ့လမ်းနဲ့ ခံစားချက်ရဲ့လမ်းပါ။ ခံစားချက်လမ်းပေါ်လျှောက်ရင်း ဘဝမှာ မမြင်ရတဲ့ကြိုးတွေနဲ့ ဘယ်ရွေ့ဘယ်မျှအထိ ချည်နှောင်ဖူးကြပါသလဲ.. ကျွန်တော်တို့ချစ်ပါတယ်ဆိုတဲ့ တစ်ဦးတစ်ယောက်အတွက်ရော ကိုယ့်ကိုယ်ကိုယ်ပါ မေ့သွားတဲ့အထိရော ဖြစ်ဖူးကြပါသလား။ ရှင်သန်နေတုန်းမှာ ရယူလိုမှုတစ်စုံတစ်ရာအတွက်ပဲဖြစ်ဖြစ် နတ္ထိဖြစ်တည်မှုတို့ရဲ့ဖြည့်ဆည်းရာအတွက်ပဲဖြစ်ဖြစ် လူတစ်ယောက်ကိုချစ်ရတာ သိပ်ကိုလွယ်ပါတယ်... သို့ပေမဲ့ ကိုယ်ဆိုတာ ဒီကမ္ဘာမြေမှာမရှိတော့တဲ့နောက် လူတစ်ယောက်ကိုဆက်ချစ်နိုင်ဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီပုံပြင်လေးကတော့ ကိုယ်ဆိုတာမရှိတော့တဲ့အလွန်မှာတောင် ဆက်ပြီးချစ်နိုင်ခဲ့သေးတဲ့လူတစ်ယောက်အကြောင်းပါ။ ဒီအချစ်ဇာတ်လမ်းကလေးရဲ့ မြစ်ဖျားခံရာကတော့ အိုင်ယာလန်က ကျယ်ပြောလှတဲ့ပန်းခြံတစ်ခုမှာပါပဲ။ ဂယ်ရီဆိုတဲ့ အိုင်ယာလန်သားလေးနဲ့ ဟော်လီဆိုတဲ့ လမ်းပျောက်နေတဲ့အမရိကသူလေးရဲ့ မြင်မြင်ချင်းအချစ်တစ်ခုကနေစခဲ့တယ်ပေါ့။သူတို့ရဲ့ အတူတူဘဝကလေးကတော့ အိပ်မက်ခဲ့သလောက်တော့ မခမ်းနားခဲ့ပါဘူး။ အခမ်းနားဆုံးတွေမရခဲ့ရတဲ့ဒေါသတွေနဲ့တောင် သူတို့ရဲ့အချစ်က လှပနေသေးတယ်ဆိုရင် အဲ့ဒီလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ရူးသွပ်ညဏ်ကင်းစွာ ချစ်ခဲ့ကြလို့လို့ဆိုပါမယ်။ သူတို့နှစ်ယောက်ဟာ ဒီလိုတစ်ယောက်ကိုတစ်ယောက် ရူးသွပ်ခဲ့ကြတဲ့ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့...ဂယ်ရီပြောသလိုပဲ အမြဲပြောင်းလဲနေတတ်တဲ့ ဘဝမှာ အပြောင်းအလဲတစ်ခုဖြစ်လာပြီး ဂယ်ရီမရှိတော့တဲ့အခါ.... ဟော်လီရှေ့မဆက်နိုင်တော့တဲ့အခါ... ဟော်လီရှေ့ဆက်နိုင်ဖို့ ဂယ်ရီဘာတွေများ လုပ်ပေးခဲ့သလဲဆိုတာကိုတော့.........။စာကြွင်း... အချစ်တတ်ကြဆုံး လူတွေအကြောင်း သင်ယူပြီး ပိုချစ်တတ်လာနိုင်ကြပါစေ။(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 1 GB ) and ( 450 MB) Quality__BR-Rip 720p IMDb Rating - 7.1/10 Goodreads - 4/5 Format__mp4 Duration__02:05:56 Type__Drama , Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung ...
movie

P.S. I Love You (2007)

2007
Rampage (2018) Blu-Ray 1080p 5.1CH x264 6.1
Rampage (2018) Blu-Ray 1080p 5.1CH x264 Blu-Ray 1080p 5.1 CH x264  အမေရိကန် အထူးတပ်ဖွဲ့ ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ်အိုကွေဟာ ဆန်ဒီရေးဂိုးတောရိုင်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက် ရေးဌာနက ဂေါ်ရီလာမျောက်ဝံ တွေနဲ့ပတ်သက်ပြီး သုတေသန ပြုနေတဲ့ နာမည်ကြီး ပညာရှင် တစ်ယောက်ပါ။မုဆိုးတွေလက်ကနေ ကယ် ဆယ်လာခဲ့တဲ့ ဂျော့ချ်ဆိုတဲ့ ဂေါ်ရီ လာမျောက်ဝံဖြူကြီးဟာ သာမန် မျောက်ဝံတွေနဲ့မတူဘဲ ထူးခြားတဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုမျိုးရှိနေတယ်ဆိုတာ ဒေးဗစ်က သတိထားမိပြီး ဂျော့ချ်နဲ့လည်း ရင်းနှီးခဲ့ပါတယ်။တစ်ရက်မှာတော့ ဂျော့ချ် နေတဲ့နေရာကို ထူးဆန်းတဲ့ ပစ္စည်းတစ်ခုကျလာပြီး အဲဒါကို ဂျော့ချ် က ထိလိုက်တဲ့အခါမှာတော့ ည တွင်းချင်းမှာကို ဂျော့ချ်စိတ်ရိုင်း ဝင်ကာ ခန္ဓာကိုယ်အရွယ်အစား ကလည်း အကြီးကြီးဖြစ်သွားခဲ့ပါ တယ်။အဲဒီနောက်မှာတော့ ဒေးဗစ် ကို မျိုးရိုးဗီဇဆိုင်ရာ ပညာရှင် ဒေါက်တာကိတ်ကဲလ်ဝဲက ဆက် သွယ်ပြီး ဂျော့ချ် အခုလိုဖြစ်သွား တာဟာ Energyne ကုမ္ပဏီက ...
movie

Rampage (2018) Blu-Ray 1080p 5.1CH x264

2018
Rampage (2018) 6.1
Rampage (2018) အမေရိကန် အထူးတပ်ဖွဲ့ ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ်အိုကွေဟာ ဆန်ဒီရေးဂိုးတောရိုင်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက် ရေးဌာနက ဂေါ်ရီလာမျောက်ဝံ တွေနဲ့ပတ်သက်ပြီး သုတေသန ပြုနေတဲ့ နာမည်ကြီး ပညာရှင် တစ်ယောက်ပါ။မုဆိုးတွေလက်ကနေ ကယ် ဆယ်လာခဲ့တဲ့ ဂျော့ချ်ဆိုတဲ့ ဂေါ်ရီ လာမျောက်ဝံဖြူကြီးဟာ သာမန် မျောက်ဝံတွေနဲ့မတူဘဲ ထူးခြားတဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုမျိုးရှိနေတယ်ဆိုတာ ဒေးဗစ်က သတိထားမိပြီး ဂျော့ချ်နဲ့လည်း ရင်းနှီးခဲ့ပါတယ်။တစ်ရက်မှာတော့ ဂျော့ချ် နေတဲ့နေရာကို ထူးဆန်းတဲ့ ပစ္စည်းတစ်ခုကျလာပြီး အဲဒါကို ဂျော့ချ် က ထိလိုက်တဲ့အခါမှာတော့ ည တွင်းချင်းမှာကို ဂျော့ချ်စိတ်ရိုင်း ဝင်ကာ ခန္ဓာကိုယ်အရွယ်အစား ကလည်း အကြီးကြီးဖြစ်သွားခဲ့ပါ တယ်။အဲဒီနောက်မှာတော့ ဒေးဗစ် ကို မျိုးရိုးဗီဇဆိုင်ရာ ပညာရှင် ဒေါက်တာကိတ်ကဲလ်ဝဲက ဆက် သွယ်ပြီး ဂျော့ချ် အခုလိုဖြစ်သွား တာဟာ Energyne ကုမ္ပဏီက စမ်းသပ်ထားတဲ့ သန္ဓေပြောင်း ပစ္စည်းကြောင့်လို့ပြောပါတယ်။ဒေါက်တာကိတ်ကိုလည်း Energyne ...
movie

Rampage (2018)

2018
Heist (2015) 6.1
Heist (2015) အက်​ရှင်​ဇာတ်​ကား​ကောင်း​လေးတစ်​ကား တင်​​ပေးလိုက်​ပါပြီ။ ဒီဇာတ်​ကား​လေးဟာ ဖခင်​တစ်​ဦးရဲ့ ချစ်​ခြင်း​မေတ္တာတရား လို နူးညံ့သိမ်​​မွေ့တဲ့အရာနဲ့ ​ဖောက်​ထွင်းဝိဇ္ဇာ လူမိုက်​လူကြမ်းကြီး ရဲ့ ကြမ်းတမ်းတဲ့စရိုက်​ လိုမျိုး ဆန့်​ကျင်​ဘက်​အရာနှစ်​ခု ကို ချပြထားတာပါ။ လူမိုက်​မှာလည်း အသည်းနဲ့ပါ။ သမီးအ​ပေါ်အရမ်းချစ်​ရှာတဲ့ ဖခင်​တစ်​​ယောက်​ဟာ သူ့သမီး​ဆေးကုသစရိတ်​ အလျင်​လိုလာတဲ့အခါမှာ​တော့ မတတ်​သာတဲ့အဆုံး ​လောဘသား တစ်​ချို့နဲ့​ပေါင်းပြီး ကာစီနိုရုံ ကို ​ဖောက်ထွင်းပါ​တော့တယ်​။ ကံက မ​ကောင်းချင်​​တော့ စီစဉ်​ထားသလိုဖြစ်​မလာပါဘူး။ ​ပြေးရင်းလွှားရင်းနဲ့ အသက်​ ​ဘေး လွတ်​ဖို့ ဘတ်​စ်​ကားတစ်​စီးကို ပြန်​​ပေးဆွဲမှ ရ​တော့မယ့်​ အ​ခြေအ​နေမှာ ဘာ​တွေ ဆက်​ဖြစ်​မလဲဆိုတာ ရင်​ခုန်​ဖို့​ကောင်းပါတယ်​။ အက်​ရှင်​ ဇာတ်​ကား​ကောင်းတစ်​ကားပါ။File Size         : 750 MB Quality           : Blu ray 720P Running Time : 1hr 33 minute Format           : Mp4 Genre             : Action, ...
movie

Heist (2015)

2015
The Losers (2010) 6.4
The Losers (2010) ဒီကားကတော့ အက်ရှင်ကားကြိုက်တဲ့သူတွေအကြိုက်တွေ့စေမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…. စစ်ဆင်းရေးတစ်ခုအတွက်ကြောင့် U.S. Special Force တစ်ဖွဲ့ကို Bolivian တောထဲကိုစေလွှတ်ပြီး စစ်ဆင်ရေးကိုစတင်စေခဲ့ပါတယ်… Clay , Jensen , Roque , Pooch နဲ့  Cougar တို့ဟာပစ်မှတ်ဖြစ်တဲ့ရန်သူဖြစ်တဲ့ Max ကိုဥာဏ်မျိုးစုံနည်းပေါင်းစုံနဲ့ ရှာဖွေခဲ့ရပါတယ်…. စစ်ဆင်ရေးမှာသူတို့တွေ လှည့်စားခံလိုက်ရပြီးနောက်ပိုင်းမှာတော့ သူတို့ကိုယ်သူတို့သေသူတွေအဖြစ်သတ်မှတ်လိုက်ပြီး သူတို့ကိုလာပြီးဆက်သွယ်တဲ့ Aisha နဲ့အလုပ်ထပ်မံလုပ်ကိုင်ခဲ့ပါတယ်…. သူတို့တွေစစ်ဆင်ရေးတစ်ခုကိုအတူတူလုပ်ရင်း Max ကိုချေမှုန်းနိုင်မယ့် အစီစဉ်တွေကိုဘယ်လိုချလဲ… ဘယ်လိုတွေရန်သူတွေနဲ့အဖွဲ့လိုက်ဥာဏ်သုံးပြီး တိုက်ခိုက်မလဲဆိုတာ စိတ်ဝင်စားစွာနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်… ဒီကားဟာ အဖွဲ့လိုက်လှုပ်ရှားမှု့တွေကိုအခြေခံထားလို့ တစ်ယောက်ချင်းစီနဲ့ နာမည်နဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်…..File size…(845 MB , 597 MB)  Format…mp4 Duration….01:37:00 Subtitle….Myanmar Subtitle (Hardsub) Translator…Zayyar Htet Encoder….Moe Myint Lwin zawgyi ဒီကားကတော့ အက်ရှင်ကားကြိုက်တဲ့သူတွေအကြိုက်တွေ့စေမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…. စစ်ဆင်းရေးတစ်ခုအတွက်ကြောင့် U.S. Special Force တစ်ဖွဲ့ကို Bolivian တောထဲကိုစေလွှတ်ပြီး စစ်ဆင်ရေးကိုစတင်စေခဲ့ပါတယ်… Clay , Jensen , Roque , Pooch နဲ့  Cougar တို့ဟာပစ်မှတ်ဖြစ်တဲ့ရန်သူဖြစ်တဲ့ Max ကိုဉာဏ်မျိုးစုံနည်းပေါင်းစုံနဲ့ ရှာဖွေခဲ့ရပါတယ်…. စစ်ဆင်ရေးမှာသူတို့တွေ လှည့်စားခံလိုက်ရပြီးနောက်ပိုင်းမှာတော့ သူတို့ကိုယ်သူတို့သေသူတွေအဖြစ်သတ်မှတ်လိုက်ပြီး သူတို့ကိုလာပြီးဆက်သွယ်တဲ့ Aisha နဲ့အလုပ်ထပ်မံလုပ်ကိုင်ခဲ့ပါတယ်…. သူတို့တွေစစ်ဆင်ရေးတစ်ခုကိုအတူတူလုပ်ရင်း Max ...
movie

The Losers (2010)

2010