Channel Myanmar

Jena Malone

Swallowed (2022) 5.7
Swallowed (2022) Swallowed (2022)~ Rotten Tomatoes - 85% ~(ရိုင်းစိုင်းတဲ့စကားလုံး​တွေ၊ ဝတ်လစ်စလစ်အခန်း​တွေပါတာ​ကြောင့် ၁၈နှစ်​အောက် သို့ ၁၈​ယောက်မပြည့်ရင်မကြည့်ကြဖို့ တိုက်တွန်းပါရ​စေ)2022 မှာထွက်ရှိထားတဲ့ Swallowed ဆိုတဲ့ကား​လေးက သည်းထိတ်ရင်ဖိုအမျိုးအစားတစ်ခုဖြစ်ပြီး BL မကျတကျကား​​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မကြာခင် အပြာကားသရုပ်​ဆောင်အဖြစ်နဲ့ အယ်​လ်​အေမှာ အလုပ်သွားလုပ်​တော့မယ့် အချစ်ဆုံးသူငယ်ချင်း ဘန်ဂျမင်းတစ်​ယောက် သူ့သူငယ်ချင်းဒွန်းနဲ့ အတူနှုတ်ဆက်ပွဲလုပ်​ပြီးအပြန် ဒွန်းရဲ့တရားမဝင်ပစ္စည်းတစ်ချို့ ကယ်လီဖိုးနီးယားဘက်ကို ပို့​ပေးရမယ့်အစီအစဥ်ထဲ ဝင်ပါမိသွားတဲ့အခါ ဘာ​တွေဆက်ဖြစ်မလဲ... သူတို့သယ်​ပေးရတဲ့ပစ္စည်းက​​ရော မူးယစ်​ဆေး​တွေမဟုတ်ပဲ ဘာ​တွေလဲ... ဒွန်းက​ရော ဘာလို့ဒီလို အလုပ်ကို​ရွေးချယ်ခဲ့တာလဲဆိုတာ​တွေကို သည်းထိတ်ရင်ဖိုကြည့်ရမယ့်ဇာတ်လမ်း​ကောင်း​လေးလည်းဖြစ်ပါတယ်။ဒွန်းနဲ့ ဘန်ဂျမင်းရဲ့ တစ်​ယောက်ကိုတစ်​ယောက်ချစ်ရဲ့သားနဲ့ ဖွင့်မ​ပြောတဲ့ ​ယောကျာ်း​လေးနှစ်​ယောက်ကြားက အချစ်ကိုလည်း စိတ်ဝင်စားဖွယ်​ကောင်း​အောင် ရိုက်ပြထားပါ​သေးတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 750MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration ...
movie

Swallowed (2022)

2022
Lovesong(2016) 6.5
Lovesong(2016) Lovesong (2016)===============IMDb 6.3, Rotten Tomatoes 83%''နင်ဒီကို ဘာလို့လာတာလဲ''''ငါ့အချစ်ဆုံးသူငယ်ချင်းရဲ့လက်ထပ်ပွဲမလို့ပေါ့''''ငါမေးတာက နင် ဒီကို ဘာလို့လာတာလဲလို့''''ငါ နင့်ကို လွမ်းလို့... အချိန်တိုင်း...''ယောက်ျားဖြစ်သူရဲ့လစ်လျူရှုခြင်းကိုခံထားရတဲ့ဆာရာတစ်ယောက် သူ့သမီးလေးရယ် အချစ်ဆုံးသူငယ်ချင်းမင်ဒီတို့နဲ့အတူ ခရီးတိုတစ်ခု စတင်ထွက်ခဲ့တယ်ခရီးတစ်လျှောက် ဆာရာနဲ့ မင်ဒီတို့ကြားကသူငယ်ချင်းထက်ပိုတဲ့ ခံစားချက်လေး ပြင်းထန်အားကောင်းလာချိန်မှာပဲ အခြေအနေတွေဟာသူတို့နှစ်ယောက်ကို ဝေးကွာစေခဲ့တယ်သုံးနှစ်ခန့်ကြာပြီးတဲ့နောက်မှာတော့ဆာရာတစ်ယောက် မင်ဒီ့ရဲ့လက်ထပ်ပွဲမတိုင်ခင်ရက်တွေမှာ သူတို့နှစ်ယောက်ကြားက ခံစားချက်လေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားတဲ့အခါ...ဒီရုပ်ရှင်ဟာ အကောင်းဆုံးဇာတ်ညွှန်းဆုကို ရရှိပိုင်ဆိုင်ထားပြီးအဓိကသရုပ်ဆောင်တွေအဖြစ် ဝါရင့်မင်းသမီးကြီးတွေဖြစ်တဲ့Jena Malone နဲ့ Riley Keough တို့က သဘာဝကျကျပါဝင်သရုပ်ဆောင်ထားတဲ့ GL Dramaရုပ်ရှင်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ် File size…1.14GB / 520MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 24m Genre .....  Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe
movie

Lovesong(2016)

Adopting Audrey (2022) 5.5
Adopting Audrey (2022) Adopting Audrey ( 2021 )ဂျစ်ပစီလို လေလွင့်နေတဲ့ ခြေသလုံးအိမ်တိုင်မလေးဟာ အိမ်မပြန်ဘဲ မြိုတကာလှည့် အလုပ်တကာပြောင်းရင်း ကြုံရာကျပန်း ရှင်သန်နေထိုင်လာခဲ့တာ တော်တော်ကြာပြီ။ တစ်နေ့ကျ သူအလုပ်လည်းပြုတ် အိမ်ငှားခလည်းမရှိတော့တဲ့အချိန်မှာ အစီအစဉ်တစ်ခုကိုတွေ့သွားတယ်။ အဲဒီအစီအစဉ်ကတော့ တခြားမဟုတ်ပါဘူး။ လူကြီးမွေးစားတဲ့ အစီအစဉ်တစ်ခုပါ။ကလေးတွေကို‌ မွေးစားတာမဟုတ်ဘဲ အရွယ်ရောက်ပြီးသား လူတွေကို ကလေးမရှိတဲ့ အဘိုးကြီး အဘွားတွေက မွေးစားပြီး မိသားစုတစ်ခုထူထောင်ကြတဲ့ အစီအစဉ်ပါ။ ဒီတော့ ကောင်မလေးဟာ မွေးစားခံမယ့် မိဘတွေကို ရှာရင်း မိန်းမတစ်ယောက်က သူ့ကိုမွေးစားဖိုလုပ်ခဲ့ပါတယ်။ ထူးတာက အဲဒီမိသားစုမှာ သားရော သမီးရော ရှိပါတယ်။ အဲဒီမိသားစုက သူ့သားနဲ့ သမီးနဲ့ အဖေနဲ့ကြားက မပြေလည်မှုတွေ ၊ ခြေသလုံးအိမ်တိုင်မလေးနဲ့ သူပြန်မရောက်တော့တဲ့ကြားက မပြေလည်မှုတွေအပါအဝင် မိဘနဲ့သားသမီးကြားက အဖုအထစ်တွေကို ပုံဖော်ထားတဲ့ မိသားစုဒရာမာခပ်ဆန်းဆန်းလေးပါပဲ။File Size__(1.3GB) / (650MB) Quality__WEB-DL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:32:00 Type__Drama Subtitle__Myanmar ...
movie

Adopting Audrey (2022)

The Public(2018) 6.5
The Public(2018) The Public(2018)နိုင်ငံခြားက အိမ်ခြေယာမဲ့တွေကတော့ တချို့တလေက သူတောင်းစားတွေပါ...တချို့တလေကတော့ အလုပ်လုပ်ကြပါတယ်...ဒါပေမဲ့ အိမ်ခြေယာမဲ့ကတော့ အိမ်ခြေယာမဲ့ပါပဲ... သူတို့တွေ ဘယ်အချိန်မှာ ဒုက္ခအရောက်ဆုံးလဲဆိုရင် ရာသီဥတုဖောက်ပြန်တဲ့အချိန်လို့ပဲပြောရမှာပါ...နွေရာသီအရမ်းပူတဲ့အချိန်...မိုးရာသီ မိုးအရမ်းကြီးတဲ့အချိန်...ဆောင်းရာသီ အရမ်းအေးတဲ့အချိန်မျိုးပေါ့...ဒီဇာတ်ကားထဲမှာတော့ Ohio ပြည်နယ် Cincinnati မြို့ကိုအအေးလှိုင်းဖြတ်တဲ့အခါမှာ အိမ်ယာမဲ့တွေ ဒုက္ခရောက်တဲ့အကြောင်း ရိုက်ကူးထားတာပါ...အအေးဒဏ်ကြောင့် မြို့တွင်း အိမ်ယာမဲ့ဂေဟာတွေမှာ လူတွေပြည့်လျှံလာခဲ့ပါတယ် ဒီလိုနဲ့ အခြေအနေပိုမိုဆိုးရွားလာပြီး အသေအပျောက်တွေရှိလာတဲ့အခါမှာတော့ အိမ်ယာမဲ့တွေဟာတစ်ညတာခိုနားနိုင်မယ့် နေရပ်အဖြစ် မြို့လယ်ခေါင်က အများပိုင် စာကြည့်တိုက်ကြီးကို ရွေးချယ်လိုက်ပါတော့တယ်... ဒါပေမဲ့လည်း အာဏာပိုင်တွေက ဒီကိစ္စကို ခွင့်မပြုဘဲတားဆီးလာချိန်မှာတော့ အစိုးရအဖွဲ့များနဲ့ အိမ်ခြေယာမဲ့တို့အကြား ပဋိပက္ခ ပြဿနာတွေဖြစ်ပွားလာခဲ့ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကတော့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်.....File Size : (945 MB) and (374 MB) Quality : Blu-Ray 720p Format…mp4 Duration…01:54:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The Public(2018)

2018
Donnie Darko (2001) 8.0
Donnie Darko (2001) Donnie Darko (2001) IMDb - 8.0/10_____Rotten - 87%    ဒီကားကို Master Pieceကားတစ်ကားလို့ဆိုကြပါတယ်။ Personalအရပြောရမယ်ဆိုရင် Predestination.. Memento ..Prestige..InceptionShutter Island အစရှိသဖြင့် ကားတွေကတောင် ဒီကားရဲ့ လေးပုံတစ်ပုံလောက် ကျွန်တော့်ကို ခေါင်းမစားစေပါဘူး။ကျွန်တော်တို့ရဲ့ Legend Actorကြီး Jake Gyllanhaalနဲ့သူ့အမ Maggie Gyllanhaalတို့ကိုလည်း ဒီရုပ်ရှင်မှာ မောင်နှမတွေအဖြစ်တွေ့ရမှာပါ။ ဒီရုပ်ရှင်မှာ ...4th Dimension ဝါ အပြိုင်စကြဝဋ္ဌာ အချိန်ခရီးသွားခြင်းသီအိုရီတွေ...ကမ္ဘာပျက်ကိန်းတစ်ခု. အိပ်မက်ယောင်လမ်းလျှောက်တတ်တဲ့ရောဂါ ဖောက်ထွက်တတ်တဲ့ အတွေးအခေါ်ရှိတဲ့လူငယ်လေးတစ်ယောက်နဲ့ ဆရာမတစ်ယောက် အဓိပ္ပါယ်မရှိတဲ့တက်ကျမ်းတွေနဲ့အောင်မြင်နေတဲ့လူတစ်ယောက် ဘဝအပေါ်မတူညီတဲ့အမြင်တွေ ကံတရားရဲ့ မယုံနိုင်လောက်စရာတွေ စိတ်ကုထုံးဆွေးနွေးမှုတွေတွေအပြင် တခြားအကြောင်းအရာပေါင်းစုံကို ၂နာရီမခွဲတဲ့ အချိန်ကလေးမှာ အကုန်လုံးထည့်သွားပါတယ်။ တစ်ကားလုံးအပြီးမှာ ခင်ဗျားမှာ မေးခွန်းတွေ သိပ်များသွားမှာ သေချာပါတယ်။ အဖြေရှိမရှိကတော့ ကိုယ့်အပေါ်ပဲ မူတည်ပါတယ်။ ဒီကားထဲက အချိန်ခရီးသွားခြင်းနဲ့ပက်သက်တာတွေဟာ စိတ်ကူးယဉ်တာတွေမဟုတ်ပဲ တကယ့် သီအိုရီတွေဖြစ်ပါတယ်။ အကျယ်သိလိုက Stephan Hawkingရဲ့ A Brief History of Time မြန်မာပြန်PDFမှာ ဖတ်ရှုလို့ရပါတယ်။ 4th Dimension ဝါ..အပြိုင်စကြဝဋ္ဌာအကြောင်းတော့ ကျွန်တော်ဖတ်မှတ် နားလည်ထားသလောက်ရှင်းပြချင်ပါတယ်။ Donnie Darko ( Spoiler Alert) အရင်ဆုံးအနေနဲ့ ကျွန်တော်ရှင်းပြချင်တာက Tangent Universe(Parallel Universe)နဲ့ Primary ...
movie

Donnie Darko (2001)

2001
Into the Wild (2007) 8.1
Into the Wild (2007)  ၁၉၉၃ ခုနှစ်၊ အမေရိကန်နိုင်ငံမှာ လှူပ်လှူပ်ရှားရှား သတင်းတစ်ပုဒ် ထွက်ပေါ်ခဲ့တယ်။ အသက် ၂၀ ကျော်၊ ဘွဲ့ရပညာတတ်လူငယ်တစ်ဦး၊ ငွေရေးကြေးရေး အခက်အခဲ မရှိသလို၊ မိသားစုပြသနာ၊ အချစ်ရေး ပြသနာ ဘာမှ မရှိတဲ့ လူငယ်လေးတစ်ဦးဟာ တောထဲကို ၀င်ရောက်သွားခဲ့တယ်။ တောထဲမှာ တစ်ကိုယ်တော်နေထိုင်ရင်း သစ်သားဘတ်စ်ကားအိုကြီးထဲမှာ ပျက်စီးနေတဲ့ သူ့ရုပ်အလောင်းကို ဆတ်မုဆိုးအဖွဲ့ကနေ တွေ့ရှိခဲ့ပါတော့တယ်။ ♦️ ဘာကြောင့်သူဟာ ပိုင်ဆိုင်မှူတွေကို စွန့်ခွာခဲ့တာလဲ ♦️ ဘာကြောင့်သူဟာ အောင်မြင်မှူတွေကို စွန့်ခွာခဲ့တာလဲ ♦️ ဘာကြောင့်သူဟာ ချစ်ခင်တဲ့ မိသားစုကို စွန့်ခွာခဲ့တာလဲ အဆိုပါ လူငယ်လေးအကြောင်းဟာ အမေရိကန်နိုင်ငံသားတွေကြားမှာ ဆွေးနွေးစရာ ဘာသာရပ် တစ်ခု ဖြစ်ခဲ့ပါတယ်။ အဆိုပါ လူငယ်လေးရဲ့ ကိုယ်ရေးမှတ်တမ်းတွေအပါအ၀င် သူပတ်သက်ခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ ဆရာ ဆရာမတွေ၊ မိသားစုဝင်တွေနဲ့ သူ့ချစ်သူတို့ကို မေးမြန်းကာ စာရေးဆရာ Jon Krakauer က Into the Wild ဆိုပြီး စာအုပ်တစ်အုပ်ထုတ်ဝေလိုက်ပါတယ်။ အဆိုပါစာအုပ်ဟာ အမေရိကန်ပြည်တွင်းကို ကျော်လွန်ကာ နိုင်ငံတကာထိ ပေါက်မြောက် အောင်မြင်ခဲ့ပါတယ်။ အရောင်းရဆုံးစာရင်းဝင် စာအုပ်တစ်အုပ်ဖြစ်ခဲ့သလို အမေရိကန်ရှိ တက္ကသိုလ်ကျောင်းအားလုံးနီးပါးရဲ့ Book Club တွေထဲ ထည့်သွင်းဆွေးနွေးရတဲ့ စာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။ ပြိုင်ဆိုင်မှူ ပြင်းထန်ပြီး ရက်စက်ကြမ်းတမ်းတဲ့ မြို့ပြလူနေမှူစနစ်အောက်မှာ ရုန်းကန်နေရတဲ့ ...
movie

Into the Wild (2007)

2007
The Messenger(2009) 7.1
The Messenger(2009) The Messenger(2009)IMDb.....7.1,,,,,,Rotten.......89%စစ်ကားဟေ့ဆိုလျှင်  BLACK HAWK DOWN ၊AMERICAN SNIPER၊LONE SURVIVOR၊ SAVING PRIVATE RYANတို့လို  ကျည်ဆံသံတဝီဝီ  အမြောက်ဆံတဝုန်းဝုန်းတွေပါတဲ့ကားမျိုးမှ သဘောကျတဲ့ ကျွန်တော့်အဖို့  ယ္ခုThe Messenger(2009) ဇာတ်ကားကိုကြည့်ဖို့အတော်ကြီးကို အားမွေးရပါတယ်....ဘာလို့လဲဆိုတော့ ဒီဇာတ်ကားက WAR အမျိုးအစားဖြစ်ပေမယ့်Drama ဘက်ကိုဦးစားပေးထားလို့ပါပဲ... WAR အမျိုးအစားဖြစ်လို့ ခဏတော့ကြည့်လိုက်မှဆိုပြီး မြည်းကြည့်လိုက်တာ ကျွန်တော်အထက်ကပြောခဲ့တဲ့စစ်ကားကောင်းတွေမှာမပါခဲ့တဲ့ ရှုထောင့်ကိုရိုက်ပြထားတယ်....အစပိုင်း၁၅မိနစ်လောက်ပဲကြည့်ရသေးတယ် ...အဆုံးထိ ကြည့်ဖြစ်သွားသလို အတွေးတွေလည်း တစ်ကိုယ်လုံးထုံလွှမ်းကျန်ခဲ့တယ်...အမေရိကန်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ယောက်ဟာ  ရှေ့တန်းမှာ လက်နက်ကြီးထိခဲ့လို့ မျက်လုံး ခြေထောက်တို့မှ ဒဏ်ရာရရှိသွားတယ်..ဒါကြောင့်သူ့ကို စစ်တပ်ကနေ ပင်စင်ပေးဖို့ ပြုလုပ်ပေးတယ်..မပေးခင်ကာလ (၃)မှာ ပေါ့ပါးတဲ့တာဝန်တစ်ခုကိုခိုင်းလိုက်တယ်....သူလုပ်ရတဲ့အလုပ်မှာ အထက်အရာရှိတစ်ယောက်ရှိတယ်...သူ့အလုပ်က လွယ်ကူလွန်းတယ်လို့ ယူဆတယ်...တိုက်ခိုက်ရေးစစ်သားတစ်ယောက်အနေနဲ့ ဒီအလုပ်က သူ့အတွက်စိတ်ပျက်စရာဖြစ်နေတယ်...သို့ပေမယ့် သူထင်သလောက် မလွယ်ကူမှန်း (၃)ခါလောက်လုပ်ပြီးတဲ့အချိန်မှာသိလိုက်ရတယ်...ခင်ဗျားတို့လည်း ဇာတ်ကားကြည့်နေရင်း သူတို့လုပ်တဲ့အလုပ်နေရာကို ဝင်ရောက်ခံစားရင်းအဆိုးတကာ့အဆိုးဆုံးစစ်ပြေပြင်ကိုသွားနေသလိုခံစားရလိမ့်မယ်...ဘာအလုပ်ဆိုတာရယ် ...ဘယ်လိုတွေ တွေ့ကြုံရမယ်ဆိုတာရယ်တော့ စပွိုင်လာမဖြစ်စေလို့တဲ့အတွက်ကြောင့်မပြောတော့ပါဘူး...သို့ပေမယ့် စစ်ကားကောင်းကြိုက်တဲ့သူတွေအဖို့ ဒီကားကိုကြည့်စေချင်တယ်....ခင်ဗျားတို့အတွက် ရုပ်ရှင်ကားကြည့်ရတာ အချဉ်းနှီးမဖြစ်စေပါ့လားဆိုတဲ့အတွေးမျိုးရစေတဲ့ကားစာရင်းထဲမှာ ဒီကားလည်း စာရင်းဝင်သွားလိမ့်မယ်လို့အာမခံတယ်...ဒီကားက ဇာတ်ညွှန်းဆု၊ဇာတ်ပို့ဆုအတွက် အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သလို  အခြားဆု(၁၇)ဆုလည်းရရှိခဲ့တယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye ...
movie

The Messenger(2009)

2009
Pride & Prejudice (2005) 7.8
Pride & Prejudice (2005) Pride and Prejudice(2005) IMDb.....7.8,,,,,Rotten ...86%  ဒီဇာတ်လမ်းလေးကမသိတဲ့သူမရှိလောက်ပါဘူး Drama အချစ်ဇာတ်လမ်းအေးအေးလေးတစ်ပုဒ်ဖြစ်ပေမယ့် စိတ်ဝင်စားစရာလေးပါ... ၁၈၁၃ခုနှစ်တုန်းက Jane Austen ရေးသားခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီးတော့ ပြဌာန်းစာအုပ်တွေမှာလည်း ဖော်ပြခြင်းခံရတဲ့ နာမည်ကျော်ဝတ္ထုလေးက 2010 ခုနှစ်မှာ ဒါရိုက်တာ Joe Wright က ဇာတ်လမ်းအဖြစ်အသက်သွင်းခဲ့တဲ့ဇာတ်ကားလေးပါ.. ဇာတ်လမ်းလေးက ၁၈ရာစုနှောင်းပိုင်းဂျော်ဂျီယန် အင်္ဂလန်ခေတ် တစ်နည်းအားဖြင့်ပြောရရင် အတန်းစားခွဲတဲ့ခေတ်ပေါ့ ..အဲ့ခေတ်မှာအခြေတည်ထားပါတယ်... သာမန်လူတန်းစားဖြစ်ကြတဲ့ Bennet မိသားစုက သမီးတွေချည်းပဲ၅ယောက်မွေးထားတော့ သူတို့အမေရဲ့ဘဝမှာတစ်ခုတည်းသောမျှော်မှန်းချက်က သူ့သမီးတွေကိုလူချမ်းသာယောက်ျားတွေနဲ့ အိမ်ထောင်ပြုခိုင်းဖို့ပဲပေါ့.. အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Elizabeth (Keira Knightly) ကညီအစ်မတွေတည်းမှာ ခပ်သွက်သွက်နဲ့ စိတ်ထဲရှိရာထုတ်ပြောရဲတဲ့ မိန်းကလေးပေါ့.. တစ်နေ့မှာသူတို့မြို့ကို အထက်တန်းလွှာထဲက လူပျိုလူလွတ်၂ယောက်ကရောက်လာတော့ သူ့သမီးတွေ အဆင်ပြေရေးအတွက် Bennet မိခင်ကြီးပျာယာတွေခတ်ပြီပေါ့... ဖြစ်ချင်တော့တော်ရုံသဘောမကျတတ်တဲ့ Elizabeth တစ်ယောက် မာနကြီးတဲ့ Mr.Darcy(Matthew Macfadyen) ဆိုတဲ့ အထက်တန်းလွှာလူပျိုတစ်ယောက်ကိုသဘောကျမိသွားတယ်ပေါ့ .. ဒီကားဟာ အဓိကနဲ့သာမညအပေါ်စဉ်းစားဆင်ခြင်နိုင်စွမ်းကိုအလေးပေးထားပါတယ်.. .ရည်ရွယ်ချက်ကောင်းသလို ဇာတ်လမ်းထဲက ဒိုင်ယာလော့တွေကလည်း ပြောင်မြောက်ပါတယ်.. ..ပေးချင်တဲ့ Message လေးတွေကလည်း လှပလွန်းတော့ ခံစားကြည့်လိုက်ပါဦးလို့. .အော်စကာ (၄)ဆုဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆုပေါင်း (၁၃)ခုလည်းရရှိခဲ့ပါတယ်...အညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ်  JtheKoala ဖြစ်ပါတယ်...   File Size : (855 MB) Quality : ...
movie

Pride & Prejudice (2005)

2005