Channel Myanmar

Jennifer Connelly

Blood Diamond (2006) 8.0
Blood Diamond (2006) Blood Diamond (2006) =============== IMDb Rating (8.0) မင်းသားကြီး Leonardo DiCaprio , Djimon Hounsou , ကိုယ်တွေရဲ့မမ Jennifer Connelly တို့ ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားကြီးကတော့ ကြည့်ဖူးသူတိုင်းကြိုက်ကြတဲ့ Adventure ,Thriller,Drama ရသစုံရုပ်ရှင်ဇာတ်ကားပါပဲ။သွေးစွန်းသောစိန် လူကြီးမင်းရဲ့ တစ်သက်တာချစ်ရမယ့်သူရဲ့ ဖယောင်းသွယ်လက်ချောင်းလေးကို စွပ်ပေးလိုက်မယ့် လက်ထပ်စိန်လက်စွပ်လေးမှာ သွေးစွန်းနေခဲ့ရင်လို့ တွေးမိကြမယ်မထင်ပါဘူး။ လူကြီးမင်းအနေနဲ့ အလယ်အလတ်တန်းစားလစာရတဲ့သူတစ်ယောက် လစာကိုအလုံးစုံစုရင်တောင် နှစ်ဆယ်ဂဏန်းစုရမယ့်တန်ဖိုးရှိတဲ့ စိန်လက်စွပ်လေးက ပျိုးပျိုးပြက်ပြက်လက်ပြီး သိပ်လှနေမှာပဲ။ လူကြီးမင်းရဲ့အမျိုးသမီးကလည်း သိပ်ကိုပျော်ရွှင်ကျေနပ်နေမှာပေါ့။စိန်တွေက သွားရင်လာရင်း ခုလုတ်တိုက်ပြီး တွေ့ကြတာမဟုတ်ဘူး။ မြေကြီးထဲကို အနက်ကြီးတူးဆွလို့ အသက်နဲ့ရင်းရှာရတာပဲ။ ရုရှားစိန်တွင်းတွေဆိုရင် အနက်ဆုံးတွင်းတွေထဲမှာပါပါတယ်။ ဒါပေမဲ့ အခုပြောမှာကတော့ အာဖရိကတိုက်ကရတဲ့ စိန်တွေပါ။ ပေါများလွန်းလို့ မြေကြီးပေါ်မှာတင် ရွှေကျင်သလို ကျင်ယူရနိုင်တာမျိုးပေါ့။ ဒါပေမဲ့ အဲဒီစိန်တွေကို ပိုင်ဆိုင်ထားသူတွေက လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြပြီး စိန်ရောင်းရငွေတွေကို လက်နက်တွေဝယ်၊ အာဖရိကတိုက်သား နိုင်ငံသားအချင်းချင်း သတ်ဖြတ်ဖို့ ...
movie

Blood Diamond (2006)

2006
4K HEVC
Stuck in Love (2012) 7.2
Stuck in Love (2012) Stuck in Love (2012)================ IMDb 7.2 / Rotten Tomatoes 58%မင်းသမီးချောလေးတွေဖြစ်တဲ့ Gennifer Connelly နဲ့ Lily Collins တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားလေး Stuck in Loveဇာတ်လမ်းလေးကတော့...ဇနီးဟောင်းကို မေ့မရနိုင်ဖြစ်နေတဲ့ နာမည်ကျော်စာရေးဆရာ ဘေးလ်မိဘတွေရဲ့ အိမ်ထောင်ရေးကွာပြဲမှုကြောင့် ချစ်ရမှာ ကြောက်နေတဲ့သမီးဖြစ်သူ ဆမ်တစ်ယောက်ဆို တစ်ယောက် စွဲစွဲလမ်းလမ်းချစ်တတ်တဲ့သားဖြစ်သူ အချစ်သမားလေး ရက်စတီ Stuck in Love ဆိုတဲ့အတိုင်းအချစ်နွံနစ်ကြမယ့် သားအဖသုံးယောက်ရဲ့ ဇာတ်လမ်းလေးကိုနှစ်သက်ဖွယ် ကြည့်ရှုရမယ့် Romance / Drama ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်.. File size…1.36GB / 544MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 37m Genre ..... Crime , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Stuck in Love (2012)

Phenomena(1985) 6.7
Phenomena(1985) Phenomena (1985)================Rotten tomatoes 75%မမ Jennifer Connelly ရဲ့ ငယ်တုံးရွယ်တုံးခေတ်ကထူးထူးဆန်းဆန်းဇာတ်ကားလေးတခုကိုမိတ်ဆက်ပေးပါရစေ..Swizerlandနိုင်ငံရဲ့‌‌ လေရူးတသုန်သုန်တိုက်ခတ်နေတဲ့Swiss Translyvaniaဆိုတဲ့အရပ်လေးဒီနေရာလေးတခုမှာ မိန်းကလေးတွေကိုသတ်ဖြတ်‌နေတဲ့စိတ္တဇ လူသတ်သမားတဦး။ ဒီလိုအချိန်မှာပဲ ဒီနေရာကRichard Wargner ကျောင်းကိုရောက်လာတဲ့ Paul Cavinoရုပ်ရှင်မင်းသားကြီးရဲ့သမီးလေး "Jennifer "။ဂျနီဖာ့ကို ပစ်မှတ်ထားလိုက်တဲ့ လူသတ်သမား။ဂျနီဖာ ရဲ့မသိစိတ်စွမ်းအားဟာ အင်းဆက်သတ္တဝါလေး‌တွေကိုဘယ်လို‌သက်ရောက်နေတာလဲ ဒီအင်းဆက်လေးတွေနဲ့ပဲဂျနီဖာဟာ လူသတ်သမားကိုဘယ်လိုဖော်ထုတ်မလဲဆိုတာကိုPhenomena ဆိုတဲ့ဇာတ်ကားမှာ ထင်မှတ်မထားတဲ့ဇာတ်ကွက်‌တွေနဲ့မြင်ရမှာပဲဖြစ်ပါတယ်။ ရှုစားအားပေးကြပါဦး။🚫သတိပေးချက် ဤဇာတ်လမ်းသည် အချို့သော ကြည့်ရှုသူများအတွက်စိတ်အနှောင့်အယှက်ဖြစ်နိုင်သည့် အင်းဆက်သတ္တဝါများ သွေးထွက်သံယိုနှင့်အော်ဂလီဆန်စရာအခန်းများပါ၀င်ပါသည်။ 🚫  File Size : ( 2.90 GB ) and ( 1.24 GB)Quality : BluRay 1080p , 720pRunning Time : 1hr 56minFormat : Mp4Genre : Crime , Horror ...
movie

Phenomena(1985)

The Hot Spot (1990) 6.4
The Hot Spot (1990) မမ Jennifer Connelly တစ်ယောက် ဒီထဲမှာ ကြမ်းတယ်ဆိုလို့ Quality Update လိုက်ပါတယ်။IMDb (6.4) / Rotten Tomatoes (73%)ဟယ်ရီမက်ဒေါ့စ်ဟာ တက္ကဆက်က မြို့ငယ်လေးတစ်ခုကို အခြေလာချတဲ့ တစ်နယ်သား တစ်ယောက်ပါ။ သူ့ နောက်ကြောင်းကို ဘယ်သူမှ မသိရသလို ဘာအကြံအစည်တွေသယ်ဆောင်လာမလဲ မယုံကြည်ရသူတစ်ယောက်။ ကားဟောင်း အရောင်းသမားတစ်ယောက်အဖြစ် လုပ်ကိုင်နေရင်း ပိုင်ရှင်ဖြစ်သူရဲ့ ဇနီးနဲ့ ပွေရှုပ်သလို စာရင်းကိုင်မိန်းမလှလေး ဂလိုရီယာ(ဂျနီဖာကော်နယ်လီ)ကိုလဲ အလွတ်မပေးပါဘူး။တကယ်တမ်း သူ့ရည်ရွယ်ချက်က မြို့ရဲ့ ဘဏ်တိုက်ကိုလုယက်ဖို့ပါပဲ။ အဲ့ဒီအချိန်မှာပဲ စာရင်းကိုင်မိန်းမလှလေး ဂလိုရီယာဟာ မြို့စွန်မှာ နေထိုင်တဲ့ ခပ်ပေပေလူတစ်ယောက်ရဲ့ ငွေညှစ်ခြိမ်းခြောက်မှုကို ခံနေရပါတယ်။ ဒါတွေရဲ့ နောက်ကြောင်းက ဘယ်လိုရှိလဲ။ နယ်လှည့်ပြီး ဖျံကျလာတဲ့သူတစ်ယောက်အတွက် ဒီနယ်မြို့ငယ်လေးမှာ သူ့ထက်လည်တဲ့သူ ရှိနေမလား။ လျှို့ဝှက်ချက်ကိုယ်စီနဲ့ လူတစ်စု တစ်ယောက်အပေါ်တစ်ယောက် ပိပိရိရိလှည့်ဖျားကြပုံတွေကိုစိတ်ဝင်စားစရာမြင်ရပါလိမ့်မယ်။ဂျနီဖာကော်နယ်လီဆိုတာ ၁၉၉၀ ခုနှစ်များရဲ့ အလှဘုရင်မဖြစ်ပြီးတော့ သူ့ရဲ့အလှတွေချပြထားတဲ့ ဒီဇာတ်ကားက ကျွန်တော်တို့ကို ခဏခဏပြန်ကြည့်မိအောင် ဆွဲဆောင်ထားပါတယ်။ :3 File size…(2.2 ...
movie

The Hot Spot (1990)

1990
1080p HEVC
Career Opportunities (1991) 5.9
Career Opportunities (1991) ရုပ်ရှင်တစ်ကားကို ဇာတ်လမ်းအကြောင်းလဲစိတ်မဝင်စား ဘာတွေပြောနေမှန်းလဲမသိဘဲ မျက်တောင်မခတ်တမ်း အစအဆုံးကြည့်....ပြီးရင်လဲ သတိရတိုင်းအထပ်ထပ်ပြန်ကြည့်နေမယ်ဆိုရင် အဲ့ကောင်ကို ရူးနေတယ်လို့ မထင်ဘူးလား... ဟုတ်ပါတယ်...အဲ့ဒီအရူးက ကျွန်တော်ပါ။ဒီဇာတ်ကားကိုကြည့်မိတိုင်း ကျွန်တော်ဟာ အသက်ရှူဖို့မေ့နေတာမျိုး... မမမြင်းစီးတဲ့စီးချက်အတိုင်း နှလုံးခုန်နေတာမျိုး... ကျွန်တော့်ကမ္ဘာဟာ မမအကြည့်တွေမှာ တည်ထားတာမျိုး.... ဪ...အမျိုးမျိုးနဲ့ သိပ်လှတဲ့မမလို့ ယောင်ရမ်း ထအော်မိနေတတ်တာမျိုး... အဲ့ဒီမမကတော့ ဒီဇာတ်ကားရဲ့မင်းသမီး Jennifer Connelly ပါ။မကြည့်ဖူးသေးရင် ကြည့်ကြည့်ပါ..ကြည့်ဖူးရင်လဲ BluRay 1080p HEVC Quality နဲ့ ပြန်ကြည့်ကြပါ။ဇာတ်ကြောင်းကိုသွားရမယ်ဆိုရင်တော့ဖြင့်...ဂျင်ဒေါ့ဂ် (Frank Whaley) ဆိုတာ အရွယ်ရောက်နေပေမယ့် မိဘအိမ်မှာနေနေသေးတဲ့လူတစ်ယောက်ပါ. လေကြီးမိုးကြီး အရမ်းပြောတတ်ပေမယ့် comfort zone ထဲ က မထွက်နိုင်သေးတဲ့ ငပျင်းတစ်ယောက်ဆို မှန်ပါလိမ့်မယ်။ အလုပ်လဲ ခဏခဏ အထုတ်ခံရပြီး မိဘတွေကအစ ငြိုငြင်ခြင်းခံရသူပေါ့. တစ်နေ့ သူ့အဖေ ဖြစ်သူက သူ့ကို စတိုးဆိုင်တစ်ခုမှာ ညသန့်ရှင်းရေးသမား အဖြစ် အလုပ်သွင်းပေးလိုက်ပါတယ်။ ဂျင် ပထမဆုံး အလုပ်ဆင်းတဲ့ညမှာ သူ့အထက်ဝန်ထမ်းက သူ့ကို အာဏာတွေပြပြီး ငါ မနက်မှ ...
movie

Career Opportunities (1991)

1991
1080p HEVC
Alita: Battle Angel (2019) 7.5
Alita: Battle Angel (2019) အနာဂတ်ကာလမှာပါ။ တစ်စစီဖြစ်နေတဲ့ စက်ရုပ်မလေးတစ်ယောက်ဟာCyber-doctor တစ်ယောက်ကယ်တင်ခဲ့လို့ ပြန်လည်နိုးထလာခဲ့တယ်။သူ့ကိုယ်သူ ဘယ်သူမှန်းမျသိ၊ အပြင်လောကအကြောင်းလည်းဘာမှမသိတဲ့ Alita ဟာ တိုက်ရည်ခိုက်ရည်ကျွမ်းလှတဲ့အတွက် သူ့မိသားစုကိုကာကွယ်ရင်းနဲ့မှ သူ့ရဲ့အတိတ်၊ သူနေထိုင်တဲ့မြို့နဲ့ သူ့ရဲ့ရည်မှန်းချက်တို့ကို ပြန်လည်သိရှိလာခဲ့ပါတယ်။Review … နာမည်ကျော် Japan Anime series တို့ကို ရုပ်ရှပ်အဖြစ်ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။Manga/anime adaptation တွေထဲမှာ ရှားရှားပါးပါး source material အရသာမပျောက်အောင် အကောင်းဆုံးဖန်တီးထားနိုင်တယ်လို့fan တွေကပြောပါတယ်။Creator ကြီး Yukito Kishiro ကိုယ်တိုင်ကဒီကားကို ၅ ခေါက်တိတိကြည့်ပြီးပြီဖြစ်ပြီးသူ့အတွက်တော့ "Greatest movie in the world" ပါပဲလို့ပြောပါတယ်။ကျွန်တော် anime/manga တစ်ခုမှမသိပါဘူး။ဆိုတော့ ရုပ်ရှင်တစ်ကားအနေနဲ့ပဲ မြင်သလောက် ပြောကြည့်ပါမယ်။Avatar ဖန်တီးရှင်ကြီး James Cameron ကိုယ်တိုင်producer အဖြစ်ပါဝင်ပြီး Robert Rodriguez ရိုက်ကူးထားတဲ့Alita: Battle Angel ရုပ်ရှင်ဟာ တကယ့် visual spectacle ကြီးတစ်ခုပါပဲ။အရာအားလုံးက ...
movie

Alita: Battle Angel (2019)

2019
4K HEVC OpenMatte
Once Upon a Time in America (1984) 8.4
Once Upon a Time in America (1984)  Once Upon A Time In America (1984) ========================သူများပြောတာ ကြားဖူးတာကတော့ ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ စကားနှစ်လုံးနဲ့ ခြုံလွှမ်းဖော်ပြရရင် ခမ်းနားထည်ဝါခြင်းနဲ့ ရင်သပ်ရှုမောဖွယ်ဖြစ်ခြင်းဆိုတဲ့ စကားလုံးနှစ်ခုကို ရွေးရလိမ့်မယ်တဲ့။ ကျွန်တော်တော့ အဲ့ဒီနှစ်ခုထက်ပို ဒီရုပ်ရှင်ရဲ့ အနှစ်သာရဖြစ်မယ်ထင်တဲ့ တတိယ စကားလုံးနဲ့ ဖော်ပြချင်တယ်။လွမ်းမောဖွယ်ကောင်းခြင်း။ Once upon A Time in Americaဟာ နာမည်နဲ့လိုက်အောင် လွမ်းမောဖွယ်အတိရှိနေတဲ့ ရုပ်ရှင်ပါပဲ။ ဘယ်လိုဇာတ်လမ်းအမျိုးအစားလဲပြောရရင်တော့ဂန်းရုပ်ရှင်ပါ။ အမေရိကရဲ့ လမ်းမပေါ်က ဘဝတွေအ‌ကြောင်းပါပဲ။ မူရင်းဝတ္တုဟာ တကယ့်အပြင်လောကက ဂန်းစတားတွေရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတိပါ။ ဖြစ်ရပ်အများစုက အဖြစ်မှန်‌တွေလို့ ဆိုလို့ရတယ်။ ဒီဝတ္တုကို စာရေးဆရာဟာ ထောင်ကျနေတုန်း ရေးခဲ့တယ်လည်း ပြောကြတယ်။ မူရင်းဝတ္တုရဲ့စာရေးဆရာဟာ ဒီရုပ်ရှင်ထဲက Robert De niroရဲ့ ကာရိုက်တာလို့ ဆိုကြတယ်။ ဟုတ်မှာပါ။ ဒီလေးနာရီကြာ ရုပ်ရှင်ကို ကျွန်တော်တော့ ရုပ်ရှင်တစ်ခုလို့ မခံစားခဲ့ရဘူး။ လူတစ်ယောက်ရဲ့ဘဝကို လေးနာရီအတွင်း ကြည့်နေရသလိုခံစားခဲ့ရတယ်။ ဂန်းစတားတစ်ယောက်ရဲ့တကယ့်ဘဝတစ်ခုကိုပေါ့။ဂန်းကားချင်း ယှဉ်ကြည့်မယ်ဆိုရင် ယေဘုယျအမြင်အရတော့ ဒီရုပ်ရှင်ဟာ ...
movie

Once Upon a Time in America (1984)

The Day the Earth Stood Still (2008) 5.5
The Day the Earth Stood Still (2008) Keanu Reeves ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံအက်ရှင် ရုပ်ရှင်ဇတ်ကားကောင်း တစ်ကားဖြစ်ပါတယ်ဇတ်လမ်း ပုံစံကတော့ နောဧ ရဲ့ လှေကြီးနဲ့ ခပ်ဆင်ဆင်တူမလား ပဲ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းပေးတယ်ဒါပေမယ့် တစ်ချိန်ချိန်မှာ လူသားတွေ အတ္တကြီးလာမယ် အချင်းချင်းတိုက်ခိုက်ကြမယ်ဆိုရင်တော့ရေကြီးမှု တွေ မုန်တိုင်းတွေ မီးလောင်တိုက်တွင်းမှုတွေ ငလျင်တွေ ရောဂါ တွေ ပို့လွှတ်ပြီး ပြန်ဖျက်စီးမှာ ဖြစ်ပြီးတာဝန်ပေးအပ်ချက်အရ အသက်ရှင်မယ့် လူသား ၂ ဦး နဲ့ သတ္တဝါအစုံ ဖိုမ ၂ ကောင်ဆီ ပြန်လည်ယူဆောင်သွားပြီးကမ္ဘာအသစ် ပြန်လည်ဖန်ဆင်းပေးမှာ ဖြစ်ပါတယ်...ဒီရုပ်ရှင်ကားမှာတော့ ကမ္ဘာကို သိမ်းယူဖို့ ဖျက်စီးမရနိုင်တဲ့ အကောင်ကြီး တစ်ကောင် အရင်ပို့လိုက်ပါတယ်ပြီးနောက် သတ္တဝါပေါင်းစုံကို သိမ်းယူမယ့် အလင်းရောင် အလုံးကြီးတွေ ကမ္ဘာအနှံ့က နေရာအစုံကို ပစ်ချလိုက်ပါတယ်ပင်လယ်ထဲကိုလဲ ပစ်ချပါတယ် ဘယ် သတ္တဝါ တစ်မျိုးစီမှ မကျန်ရအောင် အကုန်ယူဆောင်သွားပါတယ်ဒီလို ယူဆောင်လို့ ပြီးသွားရင်တော့ ဖျက်ဆီးရေး လုပ်ငန်းစတင်မှာ ဖြစ်ပြီး ဘယ်သက်ရှိမှ ကမ္ဘာပေါ်မှာ ကျန်မနေခဲ့ရတော့ပါဘူး...ဒီလို ဖျက်စီးဖို့ အတွက်ကို ကမ္ဘာဖျက်ဖို့ ရောက်ရှိလာတဲ့သူက Klaatu လို့ နာမည်တွင်တဲ့ လူသားအသွင်ယူထားတဲ့ ...
movie

The Day the Earth Stood Still (2008)

2008
HEVC 1080p 5.1
The Rocketeer (1991) 6.4
The Rocketeer (1991) [ Unicode ]The Rocketeer (1991)Dark Horse Comicက ထုတ်ဖူးခဲ့တဲ့ Rocketeer comic စီးရီးကို Period SuperHero ကားတစ်ကားအဖြစ် ၁၉၉၁မှာ Disneyက ပြန်အသက်သွင်းထားခဲ့ပါတယ်။ဇာတ်ကြောင်းအကျဉ်းကတော့...1938ခုနှစ်မှာ နာမည်ကျော် လေယာဉ်ထုတ်လုပ်သူ Howard Hughesဟာ ကျောမှာတပ်ဆင်ပြီးပျံသန်းလို့ရစေမဲ့ ဒုံးပျံကို အချိန်အင်အား ငွေအင်အား လူအင်အားများစွာသုံးပြီး တီထွင်ခဲ့ပါတယ်။ဒီဒုံးပျံရဲ့ ရှေ့ပြေးပုံစံကို နာဇီတွေလည်း စမ်းသပ်တီထွင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ဇာတ်လမ်းအစမှာတော့ ဒုံးပျံဝတ်ကွန်မန်ဒိုတွေနဲ့ ကမ္ဘာကိုသိမ်းချင်တဲ့ နာဇီတွေဟာ Howardရဲ့ဒုံးပျံကို ခိုးယူပြီး နည်းပညာခိုးဖို့ကြံစည်နေပါပြီ။FBIက ဒီဒုံးပျံသူခိုးတွေနောက်ကိုလိုက်ရင်း သူခိုးတွေချောင်ပိတ်မိနေချိန်မှာတော့ သူခိုးတွေဟာ လေယာဉ်ရုံတစ်ခုထဲမှာ ပစ္စည်းလဲထည့်ခဲ့ကြပြီးပါပြီ။ဒီပစ္စည်းကိုတွေ့သွားတဲ့ စတန့်ပိုင်းလော့ Cliff Secordနဲ့ သူ့ အဖော်စက်ပြင်ဆရာ Peevyတို့နှစ်ယောက်သား ဒီဒုံးပျံကို ပြင်ဆင်စမ်းသပ်ခဲ့ပါတယ်။FBIက ပျက်စီးသွားပြီထင်နေတဲ့ ကြေးစား လူဆိုးတစ်အုပ် မရမနေရှာနေတဲ့ ဒုံးပျံဟာ သတင်းစာရဲ့ ခေါင်းကြီးသတင်းကနေပါလာတဲ့အခါနာဇီတွေနဲ့ FBIအပြိုင်ကြဲရှာကြမယ့်ကြားက မြေစာပင်တွေကတော့ Cliff ...
movie

The Rocketeer (1991)

1991
Dark City (1998) 7.7
Dark City (1998)      Dark City 1998IMDB 7.7 , Rotten Tamatoes 78% ရထားတဲ့ လျှို့ဝှက်ဆန်းကြယ်သိပ္ပံကားကောင်းလေးပါ. Knowing (2009) The Crow(1994), Gods of Egypt (2016) တို့လို နာမည်ကြီးကားကောင်းတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ Alex Proyas ရဲ့ လက်ရာ ဖြစ်ပြီး မင်းသားကြီး Rufus Sewell နဲ့ အရမ်းလှတဲ့ မင်းသမီး မမ Jennifer Connelly တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားထဲမှာ မမ က အပြုံးအရယ်အခန်းတွေ နည်းပြီး အမှိုင်ဇာတ်ရုပ်ဖြစ်ပေမယ့် လှမြဲလှနေဆဲပါ။ သူ သီချင်းဆိုတဲ့အခန်းလေးတွေ အားရဖို့ အရမ်းကောင်းချက်။ ဇာတ်လမ်းအကြောင်းက Mystery ဆန်လွန်းတော့ အပေါ်ယံလောက်ပဲ ပြောပြပါရစေ။ လူတစ်ယောက် ဟိုတယ်ခန်းထဲမှာ ရုတ်တရက် နိုးလာတယ်။ သူ့ကိုယ်သူ ဘယ်သူ ဘယ်ဝါမှန်းမသိ ဘယ်ရောက်နေမှန်းလဲ လုံးဝ မှတ်ညဏ်ပျောက်ဆုံးနေတဲ့ လူတစ်ယောက်။ သူသိတာဆိုလို့ ဟိုတယ်မန်နေဂျာ သူ့ကို လှမ်းခေါ်တဲ့ မစ္စတာ ...
movie

Dark City (1998)

1998
He’s Just Not That Into You (2009) 6.4
He’s Just Not That Into You (2009) He’s Just Not That Into Youဒီဇာတ်လမ်းကတော့ ၂၀၀၉ တုန်းက ထွက်ထားတဲ့ အချစ်ဒရမ်မာဇာတ်မြူးလေးပါ။ ဒီကားမှာ လူငယ် ၉ ယောက်ရဲ့ အချစ်ရေးပြသနာတွေကို ပုံဖော်ထားတာကြောင့် မင်းသား မင်းသမီးတွေ စုံစုံလင်လင် တွေ့ရမှာပါ (ဆာဘတ်တောင် ပါသေးတယ် ?)။ဇာတ်လမ်းမှာ အဓိကဇာတ်ကောင်တွေအဖြစ် Ben Affleck, Jennifer Aniston, Bradley Cooper, Jennifer Goodwin, Drew Barrymore, Scarlett Johanssဝn နဲ့ Justin Long တို့လို့ နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားတာမို့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။လက်တွေ့ဘဝမှာ လူငယ်တွေကြားဖြစ်ပျက်နေတဲ့ အချစ်ရေးပြသနာတွေကို ရိုက်ကူးထားတာမို့ relationship နဲ့ မကင်းနိုင်သူတိုင်း ကြည့်သင့်ပါတယ်။ မိန်းကလေးအတွေးနဲ့ ယောကျာ်းလေးဘက်က အတွေး မတူတာလေးတွေ၊ ဆောရန် ရှောင်ရန် လေးတွေပေါ့ ??? အချစ်စစ်ကိုလိုချင်ပေမဲ့ လူမှန်မတွေ့နိုင်ဘဲ အမြဲလွဲနေတဲ့ ...
movie


2009
9 (2009) 7.1
9 (2009) သိပ္ပံနည်းပညာတွေထွန်းကားလာတဲ့အချိန်မှာ လူသားတွေဟာ ငြိမ်းချမ်းရေးအတွက် စက်ပစ္စည်းတွေကို စစ်ပွဲတွေရပ်တန့်ဖို့အစားထိုးအသုံးပြုခဲ့ပေမယ့်  အဲစက်ပစ္စည်းတွေက နောက်ဆုံးမှာ လူသားတွေအားလုံးအတွက်ဆိုးကျိုးတွေကိုသယ်ဆောင်လာခဲ့တဲ့ ကံကြမ္ပာဆိုးတွေဖြစ်လာခဲ့ပါတယ်... လူသားတွေဖန်တီးခဲ့တဲ့စက်ရုပ်တွေရဲ့ ဖျက်ဆီးမှု့တွေကြောင့် လူသားမျိုးစိတ်တစ်ခုလုံးအသက်ဆုံးရှုံးခဲ့ရပြီးတော့ လူသားတွေရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ၀ိဥာဉ်တွေအစားထိုးပြုလုပ်ထားတဲ့ အရုပ်ကလေး ၉  ရုပ်သာကျန်ခဲ့ပါတော့တယ်... ၁...၂....၃.....၄....၅....၆....၇....၈....၉ .. ဆိုတဲ့ ကိုယ်ပိုင်နံပါတ်တွေရှိတဲ့အရုပ်ကလေး ၉  ရုပ်ဟာ အမြဲပုန်းကွယ်နေခဲ့ပေမယ့်  နောက်ဆုံးမှာ ၉  ရဲ့ မတော်တဆမှု့လေးတစ်ခုကြောင့် ၉  ရုပ်လုံးပျက်စီးမယ့် အကြောင်းရာကြီးတစ်ခုကစတင်လို့လာပါတော့တယ်... IMDB Rating  7.1 ရရှိထားပြီးတော့ 9.9.2009 မှာထွက်ရှိခဲ့တဲ့ 9 ဆိုတဲ့ ဒီ Animation ကားလေးကို ပရိတ်များပြန်လည်ကြည့်နိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်....   File Size                          : 850 Mb / 420 MB Quality                            : HD 720P Running Time                  : 1h 19m Translated                      : Carey Nyein Encoded                         : San Win Maung 
movie

9 (2009)

2009
Little Children (2006) 7.5
Little Children (2006) Little Children (2006) IMDb - 7.5/10_____Rotten Tomatoes - 80%   လူအချင်းချင်း ချစ်ခင်တာကောင်းလား မုန်းတီးတာကောင်းလား................ လူအချင်းချင်း ချစ်ခင်တာမှန်သလား မုန်းတီးတာမှန်သလား .............................................................. အဖြေကတော့ လူတိုင်းသိမှာပါ လူအချင်းချင်း ချစ်ခင်ကြင်နာတာ ကောင်းပါတယ်ဒါပေမယ့် တကယ်ကတော့ အမှန်တရားဆိုတာ နှိုင်းယှဉ်ချက်ပါ....... ချစ်ခင်တယ်ဆိုတာလဲ နေရာတိုင်းမမှန်ကန်ပါဘူး ကိုယ်စီကိုယ်စီ ကာမပိုင်လင်မယားရှိနေလျှက်နဲ့ ထိုလူနှစ်ဦး ချစ်ခင်သွားတာဟာ အမှန်တရား မဟုတ်နိုင်ပါဘူး ဒါဆို မုန်းတီးမှုဘက်ကို ပြန်တွေးကြည့်မယ်ဆိုရင်လည်း " အသက်မပြည့်တဲ့ ၈နှစ် ၉နှစ်အရွယ် ကလေးသူငယ်တွေကို လိင်အဂါၤထုတ်ပြခဲ့တဲ့ အသက် ၄၈နှစ်အရွယ် ယောကျာၤးတစ်ယောက်ကို အမှန်ကိုသာ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ ရဲဝန်ထမ်းဟောင်းတစ်ယောက်က မုန်းတီးတာဟာ "အမှား "လို့ ပြောလို့မရပါဘူး ဒီဇာတ်ကားဟာ လူတွေမှာ ဖြစ်တတ်တဲ့ မှောင်မိုက်တဲ့မကောင်းစိတ် လူ့သဘာဝအကြောင်းကို ရိုက်ကူးပြထားပါတယ် ကိုယ့်မိန်းမ ကိုယ့်ယောကျာၤးကို မဖောက်ပြန်အောင် ကိုယ်လည်းသူတို့လို မမှားအောင် သင်ခန်းစာယူတဲ့အနေနဲ့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ခုပါပဲဇာတ်ညွှန်းကို ပြောပြရမယ်ဆိုရင်တော့ Kate Winslet (ဆာရာ)ဟာ ၃နှစ်အရွယ် သမီးလေးရဲ့မိခင်ပါ သူ့ရဲ့အမျိုးသားက ကုမ္မဏီတစ်ခုမှာ အလုပ်လုပ်ပါတယ် အကြောင်းကြောင်းကြောင့် Patrick Wilson(ဘရတက်ထ့်)နဲ့ ဖောက်ပြန်မိပါတယ်။ သူမနဲ့ ဖောက်ပြန်တဲ့ ဘရတ်ထ့်ဟာ ဇနီးသည်နဲ့ ၃နှစ်အရွယ်ခန့် သားလေးနဲ့ ပျော်ရွင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်တဲ့သူပါ။ ထူးခြားတာကတော့ နှစ်ယောက်စလုံးဟာ ပညာတတ်တွေပါ။ ပညာတတ်တွေဖြစ်ရက်နဲ့ တဏှာရာဂရဲ့စွဲဆောင်မှုတွေကြောင့် စဉ်းစားဆင်ခြင်ဉာဏ်က မထိန်းကွပ်နိုင်တော့တဲ့အခါမှာ အမှားတွေ ကျူးးလွန်မိကြပါတော့တယ် နောက်ဆုံးမှာ နှစ်ယောက်သား ...
movie

Little Children (2006)

2006
Only the Brave (2017) 8.0
Only the Brave (2017) ဒီဇာတ်ကားလေးက ၂၀၁ရခုနှစ်ထွက် Rating 8 ရရှိထားတဲ့ Biography/Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။တကယ့်ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ပါဝင်သည့်သရုပ်ဆောင်များဟာလည်း ထိပ်တန်းသရုပ်ဆောင်များ ဖြစ်ပါတယ်။ဇာတ်ကားလေးဟာ ၂၀၁၃ခုနှစ် ဇွန်လ၂၈ရက်တွင်ဖြစ်ပွားခဲ့တဲ့ Yarnell Hill တောမီးလောင်မှုဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။Granite Mountain Hotshots မီးသတ်အဖွဲ့ဝင် ၁၉ဦးအသက်ပေးဆပ်ခဲ့ရတဲ့ အမေရိကကန်နိုင်ငံရဲ့ သမိုင်းတွင် တောမီးလောင်မှုကြီးတစ်ခုဖြစ်ပါတယ်။Hotshot ဆိုတဲ့အဖွဲ့အစည်းဟာ စစ်တပ်မှာဆိုရင် အထူးတပ်ဖွဲ့ဝင်တွေလိုပါပဲ။အထူးမီးသတ်တပ်ဖွဲ့ပဲဖြစ်ပြီး သူတို့ရဲ့လေ့ကျင့်မှုတွေဟာလည်း အလွန်ပြင်းထန်ပါတယ်။ဒီဇာတ်ကားမှာအဲဒီဖြစ်ရပ်ဆိုးကြီးမှာ အသက်ပေးသွားခဲ့ကြတဲ့ အထူးမီးသတ်တပ်ဖွဲ့တွေကို ဂုဏ်ပြုရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာဖြင့် အားဖြည့်ထားတဲ့အတွက် ကြည့်ရှုရတာတန်စေမယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို အရသာပျက်သွားမှာရယ် ကိုယ်တိုင်ကြည့်ရှုစေချင်တာရယ်ကြောင့် မရေးပြတော့ပါဘူး။Rating အနေနဲ့ရောတော်တော်မြင့်မြင့်လေးရထားတာဖြစ်ပြီး Biography/Drama ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားလို့ပဲညွန်းချင်ပါတယ်။ File Size : (0.99 GB) and (400 MB) Quality : Blu-Ray 720p Running Time : 2hr 14min Format : Mp4 Genre :Biography, Drama Subtitle : ...
movie

Only the Brave (2017)

2017
A Beautiful Mind (2001) 8.2
A Beautiful Mind (2001) A Beautiful Mind (2001)IMDb - 8.2/10_____Rotten - 74%Won 4 Oscars. Another 33 wins & 68 nominations    ဒီကားလေးကတော့ တောင်းဆိုထားတာလည်းကြာပါပြီ။ အခုမှပဲ တင်ဖြစ်ပါတယ်။ ဇာတ်လမ်းကောင်းလေး တစ်ကားဖြစ်သလို ကြည့်လည်း ကြည့်သင့်ပါတယ်။ ဒါပေမယ့် တော်တော်များများကတော့ ဒီကားကို ပျင်းစရာ ကောင်းတယ်လို့ ထင်နိုင်ပါတယ်။ တကယ်ကောင်းတဲ့ကားပါ။ ဇာတ်လမ်းက Biopic (လူတစ်ယောက်ရဲ့ ဘဝအမှန်ကို ဇာတ်လမ်းပြန်ရိုက်ထားတာကို Biopic လို့ခေါ်ပါတယ်။) ဖြစ်ပြီး၊ John Nash လို့ခေါ်တဲ့ သင်္ချာပညာရှင်တစ်ယောက်ရဲ့ ဘဝကို ဇာတ်လမ်းရိုက်ကူး ထားတာပါ။ John Nash က Nobel Laureate in Economics ဆုရှင်ဖြစ်ပြီး၊ သူ့ရဲ့ Equation တွေက Economy ကို အများကြီး အထောက်အကူပြု့ခဲ့ပါတယ်။ သူက ၁၉၅၇ ခုနှစ်မှာ Princeton University မှာ ပညာတော်သင်ဆုရခဲ့ပြီး ပညာသင်ကြားခဲ့ပါတယ်။ ဘွဲ့ရပြီးတဲ့ အခါမှာလည်း ...
movie

A Beautiful Mind (2001)

2001