Channel Myanmar

Jeon Kuk-hwan

The Showdown (2011) 5.8
The Showdown (2011) The Showdown (2011) ===================ဂျိုဆွန်းဘုရင်ဂွမ်ဟယ်ဂန်လက်ထက် ၁၁နှစ်မြောက်မှာ ချောင်နိုင်ငံနဲ့စစ်ပွဲဖြစ်တယ်။ ဒါပေမဲ့ ဒီကားက စစ်ပွဲအကြောင်းကို အဓိကထားရိုက်ထားတာတော့မဟုတ်ဘူး။ အဲ့စစ်ပွဲထဲပါသွားတဲ့ စစ်သားသုံးယောက်အကြောင်းကို အဓိကထားရိုက်ထားတာပါ။ဂျိုဆွန်းနဲ့ ချောင်က အင်အားချင်းမမျှပါဘူး... ဂျိုဆွန်းဘက်က လွှတ်သမျှ စစ်သားတိုင်း အသေခံဖို့ ပို့နေသလိုပဲ...စစ်ပွဲရှုံးသွားတော့ မသေဘဲ ထွက်ပြေးလာတဲ့ စစ်သားသုံးယောက်က ဂျိုဆွန်းကနေ ၃ရက်ခရီးလောက်ဝေးတဲ့နေရာက တည်းခိုခန်းပျက်တစ်ခုမှာဆုံကြတယ်။ အပြင်မှာက ချောင်စစ်သားတွေခြေချင်းလိမ်နေတဲ့ ရန်သူ့နယ်မြေဖြစ်တဲ့အပြင် နှင်းမုန်တိုင်းကလည်း သည်းကြီးမဲကြီးပေါ့။စစ်သားသုံးယောက်ထဲမှာ နှစ်ယောက်ကတော့ မျိုးရိုးမြင့်ဖြစ်တဲ့အပြင် ရာထူးကြီးတဲ့သူတွေ၊ သူငယ်ချင်းလည်းသူငယ်ချင်း‌ပေါ့၊ ကျန်တဲ့တစ်ယောက်ကတော့ အခွန်မပေးနိုင်လို့ဆိုပြီး ပေါ်တာဆွဲခံလာရတဲ့ ဇာတ်နိမ့်တစ်ယောက်။ သူတို့သုံးယောက်မှာလည်း ရာဇဝင်ကိုယ်စီနဲ့...ဂျိုဆွန်းကို အသက်ရှင်လျက်ပြန်သွားဖို့လုပ်ကြပေမဲ့ တကယ်တမ်း တည်းခိုခန်းပျက်ထဲဖြစ်လာတဲ့ ဇာတ်လမ်းတွေက သူတို့သုံးယောက်ကို အချင်းချင်းသတ်စေတဲ့အထိ ဖြစ်လာတဲ့အခါ....။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin ပါ )File size_(1.7GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:53:00 Genre_Action, Drama, History Subtitle_Myanmar Subtitle ...
movie

The Showdown (2011)

Good Morning President (2009) 5.9
Good Morning President (2009) Good Morning Presidentထီဆုကြီးပေါက်ပေမယ့် သမ္မတဖြစ်နေတာကြောင့် ဆုငွေကို ယူဖို့ အခက်တွေ့ခဲ့ရတဲ့ သမ္မတ ဂင်ဂျောင်ဟို...ကျောက်ကပ်လှူပေးဖို့ လူအများ​ရှေ့အကူအညီ တောင်းခံခဲ့ရလို့ အကျပ်ရိုက်ခဲ့ရတဲ့ သမ္မတ ချာဂျီဝုနဲ့...အိမ်ထောင်ရေး ကွာရှင်းဖို့ ပြဿနာရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီးသမ္မတ ဟန်ဂယောင်ဂျာ...သူတို့ ၃ဦးရဲ့ မတူညီတဲ့ ခေါင်းဆောင်စိတ်ထား ခံယူချက်တွေနဲ့ ပြည်သူတွေအတွက် အရာရာစွန့်လွှတ်ပြီး ပြည်သူတွေ ပျော်ရွှင်မှုကိုပဲ ရှေ့တန်းတင်ရတဲ့ သမ္မတတစ်​ယောက်ရဲ့ ပျော်ရွှင်မှူဆိုတာကလည်း အရေးကြီးကြောင်းကို...တောင်ကိုရီးယား သမ္မတ (၃)ဆက်နဲ့အတူ နိုင်ငံရေးအရှုပ်တွေကြား သမ္မတစ်ယောက်ရဲ့ personal lifeကို ဟာသလေးတွေ နှောပြီး ရိုက်ကူးထားတဲ့ Political Comedy Movieဖြစ်လို့ ကြည့်ရှုလိုက်ကြရအောင်ပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )File Size__(1GB) Quality__720p IMDb Rating__5.6/10 Format__mp4 Duration__02:10:00 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded ...
movie

Good Morning President (2009)

I Saw the Devil (2010) 7.8
I Saw the Devil (2010) ကိုရီးယား မင်းသား လီဗျောင်ဟွန်း နဲ့ မင်းသားကြီး Choi Min‑sik တို့အဓိကအားပြိုင်သရုပ်ဆောင်ထားတဲ့Crime, Drama, Horror အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။IMDb Rating(7.8/10) နဲ့ Rotten Tomatoes (80%) ထိ ရရှိထားတဲ့ နာမည်ကြီးကိုရီးယားဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့....Special Agent တယောက် –လက်ထပ်တော့မယ် သူ့ချစ်သူ ကို ရက်ရက်စက်စက် တစစီခုတ်ထစ်စွန့်ပစ်ထားတာကို မြင်ခဲ့ပြီးနောက် –ချစ်သူရဲ့ အဖေ က ရဲအရာရှိ –သူ့သမီးကို သတ်သွားတဲ့သူကို မင်း ရအောင်သာရှာ …. ငါ ဘာလုပ်ပေးရ ပေးရ –Special Agent ဟာ ၂ ပါတ်တိတိ ခွင့်ယူပြီး –မသင်္ကာစရာ လူ ၄ ယောက်ကို တယောက်ချင်းစီ စစ်ရင်းမှလူသတ်သမားအစစ် ကို တွေ့တဲ့အခါ ဘယ်လိုတွေ ကလဲ့စားချေမယ်ဆိုတာ –အချိန် ၁၄ ရက်အတွင်းမှာ ဘယ်လောက်ထိရက်စက်မယ်ဆိုတာ– – ...
movie

I Saw the Devil (2010)

2010
HEVC 1080p
Tumbleweed (2012) 6.2
Tumbleweed (2012)   ငယ်ငယ်တည်းက မိဘမဲ့စွာနေခဲ့ရတာကြောင့် ရပ်ကွက်ရဲ့ တေလေဂျပိုး လူမိုက်တစ်ယောက်ဖြစ်တဲ့ ချန်းဆု...နှစ်အနည်းငယ်ကြာပြီးနောက် ထောင်က လွတ်လာခဲ့တယ်လွတ်ပြီးမကြာသေးခင်မှာ မထင်မှတ်ဘဲ လူတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ရိုက်နှက်နေတာကို မခံနိုင်ဘဲ ဝင်ကူညီပြီးနောက်သူ့အိမ်မှာ လိုက်နေဖြစ်သွားတဲ့ ထိုမိန်းကလေး....ချန်းဆုတစ်ယောက် အတူနေရင်း သံယောဇဉ် တွယ်လာပြီး လူမိုက်ဘဝကို အပြီးစွန့် လက်ထပ်ခွင့်တောင်းဖို့ပြန်လာချိန်မှာ ထိုမိန်းကလေး အသတ်ခံထားရတာကို မြင်လိုက်ရပါတယ်ထိုမိန်းကလေး အတိတ်က ပတ်သက်ခဲ့တဲ့သူတွေက ဘယ်သူတွေလဲ...ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှူ့လိုက်ကြရအောင် ။ Quality__720p IMDb Rating__6.2/10 Format__mp4 Duration__01:45:00 Type__Crime , Drama , Romance Subtitle__Myanmar Subtitle (Hardsub) Translated by SU Encoded by Naing Aung Latt
movie

Tumbleweed (2012)

Deranged (2012) 6.4
Deranged (2012) Deranged (2012) IMDB rating 6.4 ,,,,,Rotten Tomatoes 60% Google user 90%     ကိုရီးယားရဲ့သာယာလှတဲ့အခြေအနေတွေကို ရုပ်ဆိုးအကျဉ်းတန်စေတဲ့အပြင်တစ်နိုင်ငံလုံးကို ထိတ်လန့်ကြောက်ရွံစေတဲ့အဖြစ်ကိုစခဲ့တာကတော့ တစ်ခုသောမနက်ခင်းကအစပြုခဲ့တာပါ... အဲ့ဒီမနက်ခင်းမှာ အလောင်းတစ်လောင်းကိုချောင်းထဲကစတွေ့ခဲ့တာပါ...ဒီအလောင်းရဲ့ပုံစံဟာနှစ်ရှည်လများသေဆုံးပြီးမှပေါ်လာဟန်ပါပဲ..အရိုးပေါ်အရေတင်ပုံဖြစ်နေတဲ့အပြင်ကျားမတောင်ခွဲရခက်နေတယ်... သို့ပေမယ့်ရဲတွေနဲ့မှုခင်းဆရာဝန်တွေနဲ့ စစ်ဆေးချက်အရအလောင်းဟာကြာချိန်တစ်ရက်သာ ရှိသတဲ့... ဒီလိုနဲ့နောက်ရက်နောက်ရက်များမှာကိုရီးယားရဲ့မြစ်ချောင်းတွေမှာအလောင်းတွေကိုမမြင်ချင်မှအဆုံးဖြစ်ကုန်တယ်.... တစ်ဖြည်းဖြည်းရာချီလာလေတော့ကိုရီးယားတစ်နိုင်ငံလုံးထိပ်လန့်မှုကတော့ဆိုဖွယ်ရာမရှိ... ဆရာဝန်တွေအစိုးရထိပ်သီးပိုင်းလူကြီးတွေရဲတွေ အကုန်တိုင်ပတ်နေသလိုပြည်သူတွေလည်းဘာကြောင့်သေရမှန်းမသိလေတော့ကြောက်ရွံခြင်းတွေနဲ့သာဖြတ်သန်းနေလေရဲ့... ကိုင်းဘာကြောင့်သေကြတယ်... ဘယ်သူတွေကြောင့်ဖြစ်တာလဲ... သူတို့ ဘယ်လို ကာကွယ်ကြမလဲ... ဘယ်သူတွေကရအောင်စုံစမ်းကြမလဲ... ဒီကားကတော့... ဇာတ်လမ်းအစကနေအဆုံးအထိ လုံးဝဇာတ်ရှိန်မကျဆွဲခေါ်သွားမယ့်ဇာတ်ကားတစ်ကားပါ...တစ်ခုတော့ရှိတယ်ဒီကားကြည့်နေတုန်း အစားအစာတွေစားရင်းတော့မကြည့်ပါနဲ့... ဖွတ်ဥစားတာထက်အရသာရှိသွားနိုင်လို့ပါ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့Tin Myo Lwin ပဲဖြစ်ပါတယ်....  File Size : (0.99GB) and (355MB) Quality : Blu-Ray 720p, Format…mp4 Duration…01:49:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Deranged (2012)

2012