Channel Myanmar

Jeremy Strong

The Gentlemen (2019) 7.8
The Gentlemen (2019) The Gentlemen (2019) IMDb - (7.8)/ Rotten Tomatoes (75%)သူ့နာမည်က မစ်ကီပီရာဆန်.....ဥာဏ်ကောင်းပြီးအောက်စဖိုဒ့်ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် သူက ဆင်းရဲတယ်...သူဟာ ထက်မြက်တဲ့သူတစ်ယောက်ဆိုပေမယ့် ကျောင်းမပြီးဘူး...ဘာလို့ဆို မူးယစ်ဂိုဏ်းက လူတစ်ချို့နဲ့အဆက်အသွယ်ရပြီး အချိန်တိုအတွင်း ငွေတွေမျိုးမျိုးမျက်မျက်ဝင်တဲ့ ဒီလောကကို သူသဘောကျသွားတယ်... လူတစ်ယောက်ရဲ့ လည်ပင်းကိုလှီးပြီး သွေးစင်တာတောင် မျက်တောင်ခတ်ဖို့ သတိမရတတ်တဲ့ဒီပတ်ဝန်းကျင်မှာ ဟိုနေရာဆေးလေးပို့ ဒီနေရာဆေးလေးပို့ ငွေလေးယူလိုက် အမြတ်ငွေလေးအိပ်ထဲထည့်လိုက်ရုံနဲ့မပြီးဘူးဆိုတာသိတဲ့နောက်မှာတော့ မစ်ကီတစ်ယောက်ဟာ သူ့ကိုယ်သူ ဒီလောကရဲ့ အများသူငါမော်မကြည့်ရဲတဲ့ ဘုရင်တစ်ပါးအဖြစ်ပုံပြောင်းပါတော့တယ်.... ဒီဇာတ်ကားက ဂန်းစတားတွေအကြောင်းရိုက်ထားတာပါ...ဒုစရိုက်သမားတွေရဲ့ ကတုံးပေါ်ထိပ်ကွက်တွေ... လည်သူစားစတမ်းတွေ....လက်မရွှံတွေကြား မျက်ခုံးမွေးပေါ်စင်္ကြန်လျှောက်တဲ့သူတွေနဲ့ ဒီကားကတော်တော်မိုက်ပါတယ်... The Irishman (2019) တို့လို့ ခပ်အေးအေးနဲ့ ဇာတ်လမ်းကို ဆွဲခေါ်တတ်တဲ့အမျိုးအစားမဟုတ်ပါဘူး..သူက ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် လည်းပါမှာပေါ့လေ...The Gentlemen (2019) ကတော့ ခပ်သွက်သွက်နဲ့ကိုဇာတ်လမ်းစထားပါတယ်...အဓိက သရုပ်ဆောင်ဖြစ်တဲ့ Matthew McConaughey ကိုတော့ အားလုံးသိကြမှာပါ...အခြားဝါရင့်ဟာသသရုပ်ဆောင်တွေ အက်ရှင်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ လူငယ်အနေနဲ့လည်း crazy rich Asian တို့ last Christmas တို့ရဲ့ မင်းသား ဟင်နရီ ...
movie

The Gentlemen (2019)

2019
4K HEVC
Lincoln (2012) 7.3
Lincoln (2012) Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေ‌လောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie

Lincoln (2012)

2012
The Big Short (2015) 7.8
The Big Short (2015) The Big Short (2015) Won 1 Oscar... Another 37 wins & 80 nomination IMDb….7.8/10_____Rotten….88% [Unicode]The Big Shortစကားဦးသန်းချင်တာကတော့ ရုပ်ရှင်တစ်ကားကို ချဉ်းကပ်တဲ့အခါ အပျင်းပြေကျော်ကြည့်ချင်ရုံသက်သက်ဆို ဒီရုပ်ရှင်ကို လက်ရှောင်သင့်ပါတယ်။ ဘာတစ်ခုမှနားလည်လိုက်မှာ မဟုတ်ပါဘူး။ The Wolf of Wall Streetတို့ Moneyballတို့လိုကားတွေကြိုက်တယ်ဆိုရင်တော့ ဒီကားက ခင်‌ဗျားအတွက်ပါပဲ။ဒီရုပ်ရှင်ကို Brad Pittရဲ့ Plan B Productionက ထုတ်ထားပြီး Brad Pittကိုယ်တိုင်ပါတဲ့အပြင် Christiain Bale, Steve Carell,Ryan Glosingတို့ရဲ့ မှော်ဝင်မှုတွေလည်း ခမ်းနားပါတယ်။ Margot Robbieနဲ့ Selena Gomezတို့လည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါပါတယ်။ Best adapted Screenplay awardနဲ့ အော်စကာရခဲ့ပြီး Baleရဲ့ Best supporting Acotrအပါအဝင် ဆန်ခါတင်လေးဆုဝင်ထားပါတယ်။ 2010မှာထွက်ခဲ့တဲ့ The Big Shortဆိုတဲ့ စာအုပ်ကို ရိုက်ထားတာပါ။2008တုန်းက Financial Crisis ဘဏ္ဍာရေးပျက်ကပ်တစ်ခု ဖြစ်ခဲ့တယ်။ အမေရိကန်သမိုင်းမှာ ဒီ့ထက်ကြီးတာဆိုလို့ ၁၉၃၀က Great Depression စီးပွားပျက်ကပ်ပဲကျန်ပါတယ်။ ကျောက်တုံးကို တူနဲ့ထုခွဲရင် ကျောက်တုံးကွဲတာ နောက်ဆုံးထုချက်ကြောင့်သက်သက်မဟုတ်ပါဘူး။ အရှေ့က အားစိုက်မှုတွေပါပါတယ်။ဒီဖြစ်ရပ်က ၂၀၀၈မှာ ဖြစ်ခဲ့တယ်ဆိုပေမယ့် ဘယ်အဖြစ်အပျက်ကမှ ဝုန်းခနဲကျကွဲသွားမတတ်ပါဘူး။ ၂၀၀၅ကတည်းက ဘွန်းတွေရဲ့ ...
movie

The Big Short (2015)

The Judge (2014) 7.4
The Judge (2014) The Judge (2014)_____IMDb - 7.4/10  ရင်ဘတ်ကြီးကိုဖွင့် နှလုံးသားကို စွင့်ပြီး ခံစားချင်သူတွေအတွက် ဒီဇာတ်ကားဟာ အကောင်းဆုံးကားတစ်ကားဖြစ်ပါတယ်..ပြကွက်တစ်ကွက်ချင်းစီမှာ အရေးကြီးတဲ့ စနစ်တကျခြယ်သမှုတွေနဲ့ တင်ဆက်ထားပါတယ်..ဇာတ်လမ်းကြာချိန်ကလည်း နှစ်နာရီ ခွဲလောက်ဖြစ်တဲ့အတွက် အချိန်ကြာမြင့်စွာအရသာခံကြည့်ရှုရမယ့်ကားတစ်ကားဖြစ်ပြီး ကြည့်ပြီးချိန်မှာ ရင်ဘတ်ထဲ ခံစားချက်တွေကျန်ခဲ့စေမယ့်အပြင် နောက်တစ်ခါထပ်ကြည့်ချင်လောက်အောင် ကောင်းလှပါတယ်..kids တွေက ပါဝါရိန်းဂျား..men တွေက DC တွေ Marvel တွေကြိုက်တယ်ဆိုရင် ဒီကားက Legend တွေကြည့်တဲ့ကားလို့ သတ်မှတ်ပေးပါရစေ…Iron Man မင်းသား Robert Downey Jr က ဒီကားထဲမှာ ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ..သူ့ရဲ့ထူးခြားတဲ့အကျင့်က အပြစ်ရှိသူတွေဖက်ကပဲ ရှေ့နေလိုက်ပေးတာပါ..သူ့မှာ ဇနီးနဲ့ သမီးတစ်ယောက်ရှိတယ်..တစ်နေ့ တရားရုံးမှာ အမှုတစ်ခုရှေ့နေလိုက်နေရင်း သူ့အစ်ကိုအကြီးဆုံးဆီက သူ့အမေဆုံးပြီဆိုတဲ့ ဖုန်းဝင်လာပါတယ်..ဒါနဲ့သူ့အမေ အသုဘကိစ္စအတွက် သူ့ရဲ့နယ်မြို့လေးကို ပြန်ခဲ့သည်ပေ့ါ..ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲမှာမှ အလတ်ကောင်ဖြစ်သူက တရားသူကြီးတစ်ဦးဖြစ်သူ ဖခင်နဲ့မတည့်လို့ အိမ်ကိုမပြန်ခဲ့တာနှစ်ပေါင်းအတော်ကြာပါပြီ..ပြန်ရောက်တဲ့အချိန်ကနေစလို့ အသုဘကိစ္စပြီးလို့ ပြန်မယ့်အချိန်ထိ အဖေနဲ့သား တကျက်ကျက်ပါပဲ..ဒီလိုနဲ့အဖေနဲ့ရန်ဖြစ်ပြီး ...
movie

The Judge (2014)

2014
Molly’s Game (2017) 7.4
Molly’s Game (2017) Molly's Game (2017) IMDb - 7.4/10_____Rotten - 81%   Molly's Game ဟာ နာမည်ကြီးဟောလိဝုဒ်ကြယ်ပွင့်တွေ စီးပွားရေးပညာရှင်တွေ အားကစားသမားတွေ ပါဝင်ကစားခဲ့တဲ့ပိုကာဝိုင်းတွေကို အသက် ၂၆နှစ်အရွယ်နဲ့ဦးစီးလုပ်ဆောင်ခဲ့သူ Molly Bloomအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ်…ပိုကာဝိုင်းတွေကို ကော်မရှင်ခယူပြီး တရားမဝင်ဦးစီးခဲ့တဲ့အတွက် အစိုးရ ရဲ့တရားစွဲဆိုမှုအပေါ် အရည်အချင်းပြည့်လှတဲ့ရှေ့နေတစ်ဦးနဲ့ပေါင်းကာ တရားရင်ဆိုင်ကြပုံကို ရှုစားကြရမှာပါ…ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်…မော်လီဟာ ငယ်ရွယ်စဉ်ဘဝတုန်းကတော့ အိုလန်ပစ်ပွဲတွေမှာ စကိတ်ပြိုင်ပွဲတွေဝင်နိုင်ဖို့ရည်သန်ပြီး စကိတ်အားကစားကို ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့သူတစ်ဦးပါ…အသက် ၁၃နှစ်အရွယ်မတိုင်ခင်ကတည်းက ပြည်နယ်ရဲ့ထိပ်တန်းလက်ရွေးစင်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်…တစ်နေ့မှာတော့ သူ့ရဲ့ဝါသနာပါရာအားကစားကို ရပ်တန့်ပစ်ရတော့မယ့် အခြေအနေဆိုက်လာပါတယ်…ကျောရိုးမကြီးမှာပြင်းပြင်းထန်ထန် အရိုးကွေးညွတ်မှုဖြစ်လာတဲ့အတွက်…မော်လီ့ကို ဘယ်တော့မှ စကိတ်မစီးဖို့ ဆရာဝန်က မှာလိုက်ပါပြီ…ဒါကြောင့် အထက်တန်းအောင်မြင်ပြီးနောက် မော်လီဟာ ဥပဒေကျောင်းဆက်မတက်သေးဘဲ နယူးယော့ခ်ကို ပြောင်းလာပါတယ်…ဘားတစ်ခုမှာစားပွဲထိုးဝင်လုပ်ရင်း…သူ့Careerတစ်ခုလုံးကို ပြောင်းလဲသွားစေမယ့် အလုပ်ရှင်တစ်ဦးနဲ့တွေ့ပါတော့တယ်…ပိုကာဝိုင်းမှာ စာရေးမ အနေနဲ့ လုပ်ဖို့ပါ…ဒီလိုနဲ့ မော်လီဟာ နောက်ပိုင်းမှာ ဘယ်လိုတွေများ ပိုကာဝိုင်းတွေကို ဆက်လက်ဦးစီးပြီး…ဝင်ငွေသန်းနဲ့ချီရအောင်ဆောင်ရွက်နိုင်ခဲ့သလဲ…လောကဓံအလှည့်အပြောင်းကို ဘယ်လိုများခံနိုင်ရည်ပြင်းပြင်းနဲ့ ရင်ဆိုင်ခဲ့တယ်ဆိုတာ ဆက်လက်ရှုစားကြပါ  (ဘာသာပြန်ပေးထားသူကတော့ ကျောင်းအုပ်ဆရာမကြီး မဝင်ဒီပါ)    Molly's ...
movie

Molly’s Game (2017)

2017