Channel Myanmar

Jiang Wu

Fights Break Sphere 2 ( 2023 ) 5.8
Fights Break Sphere 2 ( 2023 ) အရင်တစ်ခေါက်က မီးစွမ်းအားပါရမီရှင်လေး ရှောင်းအိမ်တော်ရဲ့ သားထွေးလေး ရှောင်းယန်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေး အဆက်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...အပိုင်း ၁ ကိုတော့ ဒီမှာကြည့်ပါဒီဇာတ်လမ်းမှာဆို ရှောင်းယန်းလေး အစွမ်းတွေပြန်ရလာပေမယ့် အမေ့ကို လက်စားချေဖို့ လိုအပ်တဲ့ စွမ်းအားတွေကဆက်စုဖို့ သဲကန္တာရထဲ ခရီးဆက်ခဲ့တဲ့ အကြောင်းလေးကို အခြေခံရီုက်ကူးထားတာပေါ့...တစ်ချိန်တည်းမှာပဲ အရင်အပိုင်းက မြေခွေးခေါင်းအဖွဲ့ ခေါင်းဆောင်တစ်ယောက်က ဘယ်လိုပုံစံနဲ့ ပေါ်လာမှာလဲ.. နောက်ပြီးတော့ သဲကန္တာရထဲ ခရီးနှင်ရင်း သူလိုချင်တဲ့ မီးတောက်အစွမ်းကို အဆုံးသတ်မှာ ရမှာတော့ သေချာတာပေါ့...ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့ရလာတာလဲ... သဲကန္တာရထဲ ဘာနဲ့ ဆုံဦးမှာလဲ... ဒီတစ်ခေါက်ရော ဘယ်အဖွဲ့နဲ့ ဆုံဦးမှာလဲ... ဒီအပိုင်းမှာရောသူ့အမေကို သတ်တဲ့တရားခံကို လက်စားချေနိင်မှာလား... ထူးခြားဆန်းပြား ဇာတ်ကားတွေ ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ကားလေးမို့ ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Fantasy Runtime : 1h 27 min Subtitle : Myanmar Subtitle ( ...
movie

Fights Break Sphere 2 ( 2023 )

Fights Break Sphere ( 2023 ) 5.8
Fights Break Sphere ( 2023 ) အားလုံးကို ဒီတစ်ခေါက် မီးစွမ်းအားပါရမီရှင်လေး ရှောင်းအိမ်တော်ရဲ့ သားထွေးလေး ရှောင်းယန်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်လမ်းမှာဆို ရှောင်းယန်ဆိုတဲ့ မွေးရာပါ မီးစွမ်းအား ပါရမီရှင်လေးဟာ သူ့မိခင်ပေးခဲ့တဲ့ နောက်ဆုံးကျန်ရစ်ပစ္စည်းကြောင့် သူ့စွမ်းအားတွေ ပျောက်ဆုံးသွားခဲ့ပါတယ်... ငယ်စဉ်တည်းက ပါရမီရှင်အနေနဲ့ အထင်ကြီးလေးစားခံလာရာကနေ တစ်နေ့မှာတော့ ရုတ်တရက်ကြီး အစွမ်းတွေပျောက်သွားခဲ့ပြီးနောက် ဘဝတစ်ခုလုံး ဇောက်ထိုးပြောင်းလဲသွားခဲ့တယ်လေ...သူအစွမ်းပျောက်သွားခဲ့တာကလည်း သူ့အမေရဲ့အသက်နဲ့အတူ ပြောင်းလဲသွားခဲ့ရတာမို့ အစွမ်းပြန်ရလာအောင် ပိုပြီး အားကောင်းလာအောင် သူနေ့စဉ်ရက်ဆက်ကြိုးစားနေခဲ့တာပေါ့.. ကြိုးစားသူတိုင်းအတွက် ရလဒ်ကောင်းက စောင့်နေတယ် ဆိုတဲ့အတိုင်းပဲ ရှောင်းယန်တစ်ယောက် အစွမ်းတွေ ပြန်ရလာခဲ့တယ်...ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့ရလာတာလဲ... ဘာတွေက သူ့ကို တွန်းအားဖြစ်စေခဲ့တာလဲ... အစွမ်းပြန်ရပြီးတော့ရော သူ့အမေကို သတ်တဲ့တရားခံကို လက်စားချေနိင်မှာလား... ထူးခြားဆန်းပြား ဇာတ်ကားတွေ ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ကားလေးမို့ ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Fantasy Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Fights Break Sphere ( 2023 )

Break Through the Darkness ( 2021 ) 6
Break Through the Darkness ( 2021 ) ဝေ့ဟယ်ခရိုင် ကျောက်ကျားရွာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများနဲ့ ပတ်သတ်ပြီး ဖျိုဖျက်မှုများ ပြုလုပ်ကြရမှာ မတော်တဆတစ်ခုဖြစ်ပွားခဲ့ပါတယ် ။ အဲဒီအတွက်ကြောင့် ခရိုင်ဘက်ကနေပြီး ရာဇဝတ်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ကိုစေလွှတ်ပြီး ဒေသဆိုင်ရာ စစ်ဆေးမှုတွေလုပ်စေခဲ့ပါတယ်။အဖွဲ့ခေါင်းဆောင် စုန့်ရီးရွေ့ရဲ့ ညွှန်ကြားချက်အောက်မှာ ကျောက်ကျားရွာက ရွာရဲ့ မျက်နှာဖုံး သားအဖနှစ်ယောက်ကို အမှုကိစ္စနဲ့ပတ်သတ်ပြီးစစ်ဆေးမှုတွေလုပ်ခဲ့ပါတော့တယ်။စစ်ဆေးမှုတွေပြုလုပ်ရင်း ပရော့ဂျက်စီစဥ်ရေးခေါင်းဆောင် ချီဖေးယွီကို စစ်ဆေးခဲ့ပြီး အမှုပေါ်ခါနီးမှာမှ ချီဖေးယွီတစ်ယောက် ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့တဲ့အခါမှာတော့....?အကြိမ်ကြိမ် အခါခါ ခြိမ်းခြေက်မှုတွေခံရပေမဲ့လဲ စုံစမ်းစစ်ဆေးရေးအဖွဲ့က လက်မလျှော့ခဲ့ပါဘူး ။ နောက်ကွယ်က ကြိုးကိုင်နေသူတွေကို တစ်စ တစ်စ လိုက်လံစုံစမ်းရင်း စွန့်စားမှုတွေကိုပါ ကြုံတွေ့လာတဲ့အခါ...?❏ ဘာတွေဆက်ဖြစ်ကြမှာလဲ? ❏ အဖြစ်မှန်ကိုရော သူတို့ရှာတွေ့နိုင်ပါ့မလား? ❏ နယ်ခံတွေရဲ့ မျှော်လင့်ချက်လေးကိုရော သူတို့ ရှာဖွေပေးနိုင်ပါ့မလားဆိုတာ စိတ်ဝင်တစားကြည့်ရှုအဖြေရှာလိုက်ရအောင်လားရှင် [Reviewed Bu Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Crime Runtime : 1h 52 min Subtitle : ...
movie

Break Through the Darkness ( 2021 )

To Live (1994) 8.3
To Live (1994) To Live (1994) (ဘ၀တစ်ကွေ့) ~ IMDb Rating - 8.3/10, Rotten Tomatoes - 87% ~" Directed by Zhang Yimou "အလယ်တန်းကျောင်းသားဘ၀လောက်က သော်တာဆွေ၀တ္တုတို တစ်အုပ်မှာလားမသိ ဗမာပြည်က ကွန်မြူနစ်စနစ်အောက်က လူတွေရဲ့ ဘ၀အကြောင်း နည်းနည်းပါးပါးရေးထားတာ ဖတ်ဖူးတယ်။ ဆယ်နှစ်လောက်ရှိပြီဆိုတော့ ဘာမှ သေသေချာချာတော့ မမှတ်မိတော့ပါဘူး။ အလုပ်ခွဲတမ်းအတိုင်းလုပ်ပြီး ပိုလုပ်လို့ရတဲ့‌ ငွေလေးနဲ့ သမဝါယမဆိုင်က ဓာတ်ဘူး၀ယ်တာလေးလားမသိ သိပ်တော့မရေရာပေမဲ့ မှတ်တော့မှတ်မိနေသေးတယ်။ ကွန်မြူနစ်စနစ်အောက်မှာ ရှင်သန်ရတဲ့ပုံစံကို ပုံဖော်ထားတဲ့ ၀တ္တုတိုလေးပေါ့။ ဇာတ်လမ်းကရိုးရိုးလေးပါပဲ။ ဖတ်တုန်းကတော့ ဒီတိုင်းပဲပြီးသွားတယ်။ သို့ပေမဲ့ ဇာတ်အိမ်တောင် မရေရာတော့တဲ့ ဆယ်နှစ်လောက်အကြာက အဲဒီ၀တ္တုကို ဒီရုပ်ရှင်အပြီးမှာပြေးသတိရမိတယ်ဆိုတော့ ၀တ္တုဟာ ကျွန်တော်မသိလိုက်‌အောင်ကို မသိမသာနဲ့ပဲ ခံစားချက်တစ်ခု ချန်နိုင်ခဲ့ပုံပါပဲ။ တကယ်တမ်း အဲဒီ၀တ္တုဟာ ဒီတိုင်းအခြေအနေတစ်ခုကို တင်ပြထားရုံပါပဲ။ To ...
movie

To Live (1994)

1994
1911 Revolution (2011) 5.8
1911 Revolution (2011) တရုတ်နိုင်ငံတွင် နှစ်ရှည်ကြာစွာ ခိုင်မြဲတည်တန့်ခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို တွန်းလှန်ဖယ်ရှားရာမှာ တရုတ်ပြည်သူများ ကို ဒေါက်တာဆွန်ယက်ဆင်နဲ့အဖွဲ့မှ ဦးဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားက တရုတ်ပြည်ရဲ့ မန်ချင်းမင်းဆက်ကိုနန်းကျစေခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင်ဦးဆောင်တဲ့ ၁၉၁၁ ရှင်းဟိုက် လူထုတော်လှန်ရေးကိုအခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းအခြေခံဇာတ်ကားတစ်ကားဖြစ်ပါတယ်။မင်းသားကြီး ဂျက်ကီချန်းမှ သရုပ်ဆောင်၊ဒါရိုက်တာအဖြစ် ပါဝင်ထားတဲ့ဇာတ်ကားပါ။IMDb Rating (5.8/10) ရရှိထားပါတယ်။ဒီဇာတ်ကားက ရှင်းဟိုက်တော်လှန်ရေးရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ပုံဖော်ထားနိုင်တာမို့ ရှင်းဟိုက်တော်လှန်ရေးသမိုင်းကြောင်း၊တရုတ်ပြည်သမိုင်းအကြောင်း၊ရှင်းဟိုက်တော်လှန်ရေးမှသည် ယနေ့ခေတ်တရုတ်ပြည်ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်း၊ထိုင်ဝမ်နိုင်ငံအကြောင်းတို့ကို ရှင်းလင်းစွာသိချင်တယ်ဆိုရင်တော့ တရုတ်သမိုင်းတွေကိုရေးသားနေတဲ့ဒီ https://www.facebook.com/1811445109124572/posts/2904998626435876/ FB Page လင့်မှာသွားဖတ်ပါ။ဇာတ်ကားမကြည့်ခင် စာကိုအရင်ဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်။  File size…(2.7 GB)and (1.4 GB) Quality…BluRay rip 1080p and 720p 5.1CH Format…mp4 Duration….02:01:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

1911 Revolution (2011)

2011
Snow Flower and the Secret Fan(2011) 6.1
Snow Flower and the Secret Fan(2011) Snow Flower and the Secret Fan(2011)****************************************(unicode)၁၉ရာစုခေတ်လောက်က တရုတ်ပြည်မှာ ချစ်စရာကောင်းတဲ့အလေ့အထလေးနဲ့ ဆန်းကြယ်တဲ့ အလေ့အထ(၂)ခုရှိတယ်... လောင်တုံးလုပ်တယ်ဆိုတဲ့အလေ့အထတစ်ခုဟာ ရွယ်တူမိန်းကလေး၂ယောက်ကိုညီမအရင်းသဖွယ်နီးစပ်စေတာပါ လောင်တုံးလုပ်လိုက်ရင် နှစ်ပေါင်းများစွာတိုင်ညီအစ်မတွေဖြစ်သွားတယ်ဆိုတဲ့အယူအဆတေစ်ခုဖြစ်ပါတယ်...ညီအစ်မအရင်းသဖွယ်ဖြစ်တဲ့ဒီအလေ့ထဟာ တကယ့်ကို နှစ်လိုဖွယ်ရာပါပဲ... နောက်အလေ့အထတစ်ခုကတော့ ခြေထောက်သေးသေးလေးဖြစ်နေမှလှတာဆိုတဲ့အယူပါပဲ... ခုခေတ်ထိကိုတရုတ်အဖွားကြီးတစ်ချို့ဟာ အဲ့ဒီအယူအဆကိုကိုယုံကြည်နေတုန်းပါပဲ... ခြေထောက်သေးမှလှပြီး အိမ်ထောင်ဘက်ကောင်းတွေ့မယ်လို့ယုံကြည်လို့ ကလေးမလေးနုနုနယ်နယ်လေးတွေရဲ့ခြေထောက်ကိုကြပ်စည်းကြသတဲ့... ဒီဘက်ခေတ်အမြင်နဲ့ကြည့်ရင်တော့ တော်တော်ကိုးလို့ကန့်လန့်နိုင်ပါတယ်.. ဒီဇာတ်လမ်းလေးထဲက နှင်းပန်းလေးနဲ့ လီလီလေးတို့ဟာ အဲ့ဓလေ့နှစ်ခုနဲ့ဆုံစည်းခဲ့ကြတဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေပေါ့...ဒီကားထဲမှာ ဘဝကြီးကဘယ်လောက်ဆန်းကြယ်တယ် အလှည့်အပြောင်းအချိုးအကွေ့တွေဘယ်လောက်တောင်ပေါများတယ်ဆိုတာရယ် ချစ်ခြင်းမေတ္တာတရားရဲ့ခိုင်မာပုံတွေရယ်ကို ၁၉ရာစုခေတ် ၂၁ရာစုခေတ် ခေတ်နှစ်ခေတ်နဲ့ကိုကြည့်ရမှာပါ ရှေးခေတ်နဲ့ဒီခေတ်ကြားထဲမှာ ချစ်ခြင်းမေတ္တာတွေကူးယှက်နေဆဲ ချစ်သူရည်းစားချစ်ခြင်းတွေထပ်ခိုင်မြဲနေတဲ့ မိန်းကလေးနှစ်ယောက်ကြားကချစ်ခြင်းကိုတွေ့ရမှာပါ...ဗဟုသုတတွေလည်းရသလို ဇာတ်လမ်းကလည်းဆွဲဆောင်မှုရှိပါတယ်...တရုတ်ကားဆိုပေမယ့် My love from the star ကားနဲ့နာမည်မတရားကြီးခဲ့တဲ့ ကိုရီးယားမင်းသမီး ဂျန်ဂျီဟွန်း ပါပါတယ် ..... ပြီးတော့ တရုတ်မင်းသမီးထဲမှာ လူတိုင်းသိတဲ့ ဘင်းဘင်းပါပါတယ် ဝါရင့်သဘာရင့်၂ယောက်ရဲ့ပေါင်းစည်းမှုပါ..ခံစားကြည့်ကြပါဦး.... အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့Thinzar Htet ပဲဖြစ်ပါတယ်File Size : (900 MB)Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre : History, Drama, Subtitle : Myanmar Subtitle (Hard Sub) Translated by Thinzar Htet Encoded by Phyo Pyae
movie

Snow Flower and the Secret Fan(2011)

2011
A Touch of Sin(2013) 7.1
A Touch of Sin(2013) A Touch of Sin(2013)**************************IMDb....7.1,,,,Rotten...94%တစ်ချို့သော သူတွေအတွက် ပုရွက်ဆိတ်လေးတစ်ကောင်သတ်ဖို့တောင် လက်တွန့် နေတတ်ပေမယ့် တစ်ချို့သူတွေအတွက် လူ့အသက်တစ်ချောင်းကို ဇီဝိန်ခြွေဖို့ မျက်တောင်အခတ်မပျက် ပြုမူဆောင်ရွက်နိုင်တာတွေရှိတယ်..... တစ်ချို့သူတွေအတွက် နုှတ်ထွက်စကားတစ်ခွန်း သတိထားပြီးဆိုတတ်ပေမယ့် တစ်ချို့သူတွေအတွက် အကြမ်းတမ်းဆုံးသောစကားတွေအတွက် လေချွန်သလောက်တောင် အားစိုက်စရာမလိုပဲ အလွယ်တကူပြောကြတယ်... ဘဝပေးကုသိုလ်လား ဗီဇလား ပတ်ဝန်းကျင်ကြောင့်လား...ရှင်သန်ရေးအတွက် လုပ်ရတဲ့ကိစ္စတွေက ဘယ်သူတွေကြောင့်လဲ... ဒီဇာတ်ကားကနေ တရုတ်နိုင်ငံမှာရှိတဲ့ လူတန်းစားအမျိုးမျိုးရဲ့ ကြုံတွေ့နေရတဲ့ပြဿနာတွေ၊ ဖြစ်ပျက်နေတာတွေကို စိတ်ဝင်စားစရာကောင်းပြီးပေါ်လွင်အောင် ပုံဖော်ထားပါတယ်။ ဒီဇာတ်ကားရဲ့အခန်းတိုင်းက ဆက်စပ်နေပြီး အနှစ်သာရပြည့်ဝတဲ့အတွက်ကြောင့် အစကနေ အဆုံးအထိ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ပြောရရင် တွေးလို့ ကောင်းတဲ့ဇာတ်ကားဆိုရင်ပိုမှန်ပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Naomi Noe ဖြစ်ပါတယ်...File Size : (1.0 GB) and (359 MB) Quality : Blu-Ray 720p Format…mp4 Duration…02:10:00 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Naomi Noe Encoded by Phyo Pyae
movie

A Touch of Sin(2013)

2013
Wrath of Silence ( 2017 ) 7.2
Wrath of Silence ( 2017 ) တရုတ်ပြည်ရဲ့ တနှစ်တာဇာတ်ကားတွေထဲမှာကြည့်သင့်တဲ့ ဇာတ်ကား List ထဲမှာ နေရာယူထားတဲ့ Wrath Of Silence ဆိုတဲ့ကားလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်IMDb Rate ကလည်း 7.2 ထိရထားပါတယ်ဇာတ်လမ်းအညွှန်းကတော့...သိုးကျောင်းရင်းပျောက်သွားတဲ့သားကိုလိုက်ရှာနေတဲ့မိုင်းတွင်းလုပ်သား အဖေတစ်ယောက်လိုင်စင်မရှိပဲ သတ္တုတူးတဲ့မိုင်းတွင်းပိုင်၇ှင်သူဌေးတစ်ယောက်အဲ့ဒီအမှုမှာပါဝင်ပတ်သက်နေတဲ့ရှေ့နေတစ်ယောက် တို့ ကြားထဲကပတ်သတ်မှုဇာတ်လမ်းလေးပါပဲ..သားပျောက်ရှာနေတဲ့အဖေကရောပြန်လည်ရှာတွေ့နိုင်ပါ့မလား..ဥပဒေကိုလက်တလုံးခြားလုပ်တဲ့သတ္တုခိုးတူးတဲ့သူငှေးကရောဘယ်လို လှည့်ကွက်တွေလာမလဲဥပဒေအရာရှိေ ရှ့နေကရော ဘယ်လိုပါဝင်ပတ်သတ်နေတာလဲသူတို့၃ယောက်ကြားက ဆက်စပ်မှုရောဘယ်လိုရှိမလဲဆိုတာကိုယ်တိုင်ဆက်လက်ခံစားကြည့်ရှုပါ အညွှန်းနဲ့ဘာသာပြန် Ei Pyae ဖြစ်ပါတယ်Subbed & Encoded By LK
movie

Wrath of Silence ( 2017 )

2017
The Sorcerer and the White Snake 5.9
The Sorcerer and the White Snake မိနျးကလေးတစျယောကျကိုသတျတဲ့အမှုနဲ့ စှပျစှဲခံထားရတဲ့ အလှတျစုံထောကျ ရိုလနျဒရျိတျချဟာ သူ့ရုံးခနျးမှာ စိတျပကြျလကျပကြျထိုငျနတေုနျး အနကျရောငျဝတျစုံကို ဆငျမွနျးထားတဲ့ ဆံပငျအနကျရောငျနဲ့ ကတျသရငျးဆိုတဲ့ မိနျးမခြောတစျဦး သူ့ဆီ ရောကျလာခဲ့ပါတယျ…ဒီမိနျးကလေးဟာ…လူကုနျထံအသိုငျးအဝိုငျးထဲက မှနျတီမာမိသားစုရဲ့ သမီးတစျယောကျပေါ့…နာမည်ကြီးမင်းသားဂျက်လီနဲ့ကားဆိုတာနဲ့တင်ပြောစရာကိုမလိုတော့ပါဘူး..ဒီကားကတော့ ကြည့်ဖူးသမျှဂျက်လီရဲ့ကားတွေထဲမှာ အကောင်းဆုံးနဲ့အမိုက်ဆုံးကားတစ်ကားဆိုရင်လည်းမမှားပါဘူး...၂၀၁၁ ကရိုက်ခဲ့တဲ့ကားပေမယ့် CGI Effect တွေကတော့ဒီနေ့အထိကောင်းမွန်ဆဲလို့ပြောရမှာပါပဲ...မိစ္ဆာတွေကိုလိုက်ဖမ်းတဲ့ကျောင်းတိုင်ဘုန်းတော်ကြီးဖအိုင် အဖြစ်ဂျက်လီကိုမြင်ရမှာဖြစ်ပါတယ်...သူဟာမိစ္ဆာပေါင်းစုံကိုလိုက်လံနှိမ်နင်းဖမ်းဆီးပြီးတော့ကျောင်းဆောင်အပေါ်ထပ်မှာချုပ်နှောင်ထားရပါတယ်..သူအဲလိုလိုက်လံဖမ်းဆီးနေတဲ့အချိန် တခြားအရပ်မှာတော့မိစ္ဆာမြွေမလေး ၂ ယောက်ထဲက အမဖြစ်သူ စုစုဟာလူသားယောကျာင်္းလေးတစ်ယောက်ကို ရုတ်တရက်မြင်မိရာကနေချစ်ကြိုက်မိသွားပါတယ်...အဲဒီအချိန်မှာဇာတ်လမ်းကစတော့တာပါပဲ...အချစ်မှာ မျက်စိမရှိဘူးဆိုပေမယ့် လူသားတစ်ယောက်နဲ့မိစ္ဆာတစ်ကောင်ဟာအတူတူပေါင်းစည်းဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား...ပေါင်းစည်းလို့ရခဲ့ရင်တောင်မှ အခက်ခဲတွေအများကြီးရှိမှာပါ..ဒါပေမယ့် ဒီကားလေးမှာကတော့ အချစ်ကြီးတဲ့ မိစ္ဆာမြွေဖြူမလေးတစ်ယောက်ရဲ့နှလုံးသားဖြူဖြူလေးကို အသေချာမြင်တွေ့ရမှာပါ..တစ်ကားလုံးနီးပါး စိတ်ဝင်တစားကြည့်ရမှာဖြစ်ပြီးတော့လူသားကောင်လေးတစ်ယောက်နဲ့ မိစ္ဆာမြွေမလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းဟာ အားလုံးရဲ့စိတ်ကိုအဆုံးထိဆွဲဆောင်သွားမှာကလည်းဒီဇာတ်ကားရဲ့ထူးခြားချက်တစ်ခုလိုပါပဲ...ဖိုက်တင်မင်းသားကြီးဂျက်လီဇာတ်ကားတိုင်းမှာ ဖိုက်တင်အလန်းတွေနဲ့ကြည့်ရမှာဆိုပေမယ့်လည်း ဒီဇာတ်ကားကတော့ သနားစရာအချစ်ဇာတ်လမ်းလေးတစ်ခုကို ဇာတ်အိမ်တည်ပြီးတော့ ရေးသားထားတာကြောင့်ဖိုက်တင်ကားကြိုက်သူများတောင် ဝမ်းနည်းသွားစေရမယ့်ရသကိုအပြည့်ဝခံစားရမှာပဲဖြစ်ပါတယ်....ဒါကြောင့် ကိုရီးယားအချစ်ဇာတ်ကားတွေကိုကြည့်ပြီး ခံစားချင်တဲ့လူတွေအတွက်ဒီ တရုတ်ကားလေးကိုကြည့်ကြည့်ပါ...အိမ်မှာနေပြီးတော့ ဖီးလ်းအပြည့်ဝယူချင်သူများအတွက်ဒီကားလေးကြည့်ပြီး ဘဝအမောများပြေနိုင်မှာပါ....ဒီကားလေးကြည့်ပြီး အချစ်ကြီးသူများဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်....File Size : (1 GB) and (264 MB) Quality : BluRay 720p Running Time : ...
movie

The Sorcerer and the White Snake

2011
Let the Bullets Fly (2010) 7.3
Let the Bullets Fly (2010) Let the Bullet Fly (2010) ရုပ်ရှင်ဟာ ၂၀၁၀ခုနှစ်ကစတင်ဖြန့် ချိခဲ့တဲ့တရုတ်အက်ရှင်ဇာတ်ကားဖြစ်ပါတယ် IMDB အနေနဲ့ 7.3/10 ကိုရယူထားပြီး Rotten Tomato မှာတော့ 72%ပါ အဓိကဇာတ်ကောင်တွေအဖြစ်နာမည်ကြီးသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့  Chow Yun-fat(ချောင်ယွန်ဖတ်) Jiang Wen(ကျန်းဝမ်)တိုပါဝင်သရုပ်ဆောင်အားပြိုင်ထားပါတယ် ဇာတ်လမ်းကြာချိန်ကတော့ ၂ နာရီပါ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၂၀ပြည့်နှစ်အချိန်ကာလတရုတ်နိုင်ငံတွင်ကျာက်ပေါက်မာဓားပြကျန်းခေါင်းဆောင်တဲ့ဓားပြအဖွဲ့ ရှိခဲ့ပါတယ် တစ်နေ့ အရာရှိမင်းမာပန်းတယ်စီးနင်းလိုက်ပါလာသောရထားအားလုယက်မှုပြုရင်း ဓားပြဗိုလ်မှအရာရှိယောင်ဆောင်ကာအနီးနားရှိအယ်ချန်မြို့ လေးသို့ သွားရောက်ကာမြို့ ဝန်မင်းရာထူးရယူပြီးကြီးပွားချမ်းသာဖို့ ကြံစည်ပါတယ် သို့ သော်ထိုမြို့ တွင်ကြီးစိုးနေသော သူဌေးဟွမ်စစ်လန်နှင့်ရင်ဆိုင်ရပါတော့တယ် သူတို့ နှစ်ယောက်အပြန်အလှန် အကောက်ဥာဏ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရင်း ဘယ်လိုတွေဖြစ်ပျက်လာမလဲ ဘယ်သူရှုံးနိမ့်ပြီးဘယ်သူနိုင်သွားမလဲဆိုတာ........ အက်ရှင် ဟာသ ဒရာမာပေါင်းစပ်ထားသောဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် (ဘာသာပြန်သူကတော့ Kuran ပါ)File Size : (950 MB) and (480 MB) Quality : Bluray 720p Running Time : 2hr 12min Format ...
movie


2010
Shock Wave (2017) 6.5
Shock Wave (2017)  IMDb rating 6.5 နဲ့ tomatoes rating 80% ရထားတဲ့ မင်းသား Andy Lau ရဲ့ အက်ရှင်ဇာတ်ကားကြီးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ စုံထောက် ဂျေအက်စ်ဂျန်က ဗုံးရှင်းလင်းရေးမှာ အထူးကျွမ်းကျင်တဲ့ရဲအရာရှိတစ်ယောက်ပါ။ဗုံးဖေါက်ခွဲမှုကျွမ်းကျင်တဲ့ အကြမ်းဖက်သမားကို ဖမ်းနိုင်လို့ Undercover အနေနဲ့ ၂နှစ်လောက်အကြမ်းဖက်သမားတွေဆီမှာ စုံစမ်းရေးလုပ်နေခဲ့တယ်။နောက်ဆုံးဖမ်းမိခါနီးအချိန်လေးမှာ ဗုံးဖေါက်ခွဲရေး ကျွမ်းကျင်တဲ့လူဆိုးက ထွက်ပြေးလွတ်မြောက်သွားပြီး သူ့ညီကိုသာ ဖမ်းမိလိုက်ပါတယ်။နောက်နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ ဒီလူဆိုးက လက်စားချေဖို့ ဟောင်ကောင်ကို ပြန်ရောက်လာတဲ့အခါမှာတော့…………………….-ဗုံးကျွမ်းကျင်သူဖြစ်တာကြောင့် ဘယ်လိုတွေ လက်စွမ်းပြပြီးဖောက်ခွဲမှာလဲ-ဟောင်ကောင်ရဲ့ အရေးပါတဲ့ ပင်လယ်ဖြတ်ကူးတဲ့ရေအောက်ဥမင်လှိုင်ခေါင်းလမ်းကို အနုကြမ်းစီးလာတဲ့အခါမှာတော့ဂျေအက်စ်ဂျန် ဒီအမှုကို ဖြေရှင်းနိုင်ပါ့မလားဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုစောင့်စားလိုက်ပါ။ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကားတွေကြိုက်ရင် ဒီကားကိုကြည့်လိုက်ပါ။ဗုံးတွေကို ဘယ်လိုရှင်းလင်းဖယ်ရတယ်ဆိုတာကို သိမြင်ခံစားနိုင်မှာပါ  (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Little Twinlay ပါ)  File Size : (850 MB) and (420 MB) Quality ...
movie

Shock Wave (2017)

2017