Channel Myanmar

Jim Sturgeon

My Dinner With Hervé (2018) 7.2
My Dinner With Hervé (2018) CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့"My dinner with Hervé"ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းက IMDb 7.2 ထိရရှိထားတာကြောင့်ဇာတ်လမ်းကောင်းဆိုပြီး အထူးညွှန်းစရာတောင်မလိုတော့ပါဘူး...ဒီဇာတ်လမ်းမှာတော့ "Fifty Shades of Grey"ဇာတ်လမ်းမှာChristian Grey အနေနဲ့ သရုပ်ဆောင်ထားတဲ့မင်းသား Jamie Dornan လဲပါဝင်ပါတယ်...ဒီဇာတ်လမ်းက တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ လူပုမင်းသား"Hervé Villechaize" အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလည်းဖြစ်ပါတယ်...Hervé ဟာ ငယ်စဉ်ကတည်းက အရွယ်မကြီးနိုင်တဲ့ရောဂါဝေဒနာခံစားခဲ့ရပါတယ်...မိခင်ဖြစ်သူဟာ သားဖြစ်သူရဲ့ အဖြစ်ဆိုးကို ကြည့်ပြီး ယူကျုံးမရဖြစ်ခဲ့ပါတယ်...ဆရာဝန်တစ်ယောက်ဖြစ်တဲ့ Hervé ရဲ့ဖခင်ကတော့ မဖြစ်နိုင်တာမရှိဘူးဆိုတဲ့ရည်ရွယ်ချက်နဲ့ သားလူကောင်ကြီးလာဖို့ အမျိုးမျိုးကြိုးစားခဲ့ပါတယ်...ဒါပေမဲ့ အရာမထင်ခဲ့ပါဘူး...Hervé ဟာ ကျောင်းတက်တဲ့အချိန်ရောက်တော့လည်းအတန်းဖော်တွေရဲ့ ကဲ့ရဲ့လှောင်ပြောင်ခံခဲ့ရပါတယ်...Hervé ဟာ ပန်းချီပညာလေ့လာခဲ့ပါတယ်...နောက်ပိုင်းမှာတော့ သူဟာသရုပ်ဆောင်အနေနဲ့ အောင်မြင်ခဲ့ပါတယ်... ...
movie


2018
Down a Dark Hall (2018) 5.1
Down a Dark Hall (2018) Down a Dark Hall (2018) IMDb - 5.1/10_____Rotten - 50%   Kit Gordy ဟာ ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းသူလေးတစ်ယောက်။ကိုးနှစ်သမီးကတည်းက အရမ်းချစ်ရတဲ့အဖေဆုံးပါးသွားခဲ့ပြီးတော့ ဖတဆိုးလေးဖြစ်ခဲ့တာကြောင့် ကြီးလာတဲ့အခါမှာ ခပ်ဆိုးဆိုးခပ်ပေပေမိန်းကလေးတစ်ဦး ဖြစ်လာခဲ့ပါတယ်။အမေဖြစ်သူဟာ David ဆိုတဲ့လူနဲ့နောက်အိမ်ထောင်ပြုလိုက်တာကြောင့် Kit တစ်ယောက် ပထွေးနဲ့အတူနေဖို့အကြောင်းဖန်လာပါတော့တယ်။David ဟာလူကောင်းတစ်ယောက်ဖြစ်ပြီးတော့ Kit ကို ကိုယ့်သမီးအရင်းလိုစောင့်ရှောက်ပေးခဲ့ပေမယ့် Kit ရင်ထဲကကွက်လပ်ကြီးကိုတော့ မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ဒါကြောင့်လည်း Kit ဟာဆိုးသွမ်းပျက်စီးနေတဲ့သူတစ်ဦးဖြစ်လာပါတော့တယ်။ဘယ်လောက်ဆိုးလိုက်သလဲဆိုရင် မီးရှို့မှုအပါအဝင်နဲ့တခြားအမှုတွေနဲ့ စွဲချက်တင်ခံရတဲ့အထိပါပဲ။Kit ကတော့ သူလုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပေမယ့်လည်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမရှိခဲ့တာကြောင့် လက်ရှိတက်ရောက်နေတဲ့ကျောင်းကနေနားပြီး လူငယ်သင်တန်းကျောင်းဆန်ဆန် ကျောင်းတစ်ခုဖြစ်တဲ့ Blackwood အကယ်ဒမီကျောင်းကို ကျောင်းအိပ်ကျောင်းစားအဖြစ်နဲ့ အချိန်တစ်ခုထိ ပြောင်းရွှေ့တက်ရောက်ဖို့အတွက် သဘောတူလိုက်ရပါတော့တယ်။တကယ့်ဇာတ်လမ်းက ဒီမှာစတာပါပဲ။Blackwood လို့ခေါ်တဲ့ကျောင်းဟာ ကျောင်းလို့သာခေါ်တွင်ပေမယ့် အဆောက်အဦးက ရှေးဟောင်းအဆောက်အဦးတစ်ခုပဲ ဖြစ်ပါတယ်။အဆောက်အဦးအတွင်းက ပရိဘောဂအသုံးအဆောင်ပစ္စည်းတွေကလည်း အတော်ကိုရှေးကျပြီး အဆောက်အဦးတစ်ခုလုံးကိုထိန်လင်းနေအောင် ထွန်းပေးနိုင်မယ့် လျှပ်စစ်မီးသီးအလုံအလောက်မရှိတာကြောင့် အနည်းငယ်မှောင်မိုက်နေပြီး ...
movie

Down a Dark Hall (2018)

2018