Channel Myanmar

Jin Goo

The Showdown (2011) 5.8
The Showdown (2011) The Showdown (2011) ===================ဂျိုဆွန်းဘုရင်ဂွမ်ဟယ်ဂန်လက်ထက် ၁၁နှစ်မြောက်မှာ ချောင်နိုင်ငံနဲ့စစ်ပွဲဖြစ်တယ်။ ဒါပေမဲ့ ဒီကားက စစ်ပွဲအကြောင်းကို အဓိကထားရိုက်ထားတာတော့မဟုတ်ဘူး။ အဲ့စစ်ပွဲထဲပါသွားတဲ့ စစ်သားသုံးယောက်အကြောင်းကို အဓိကထားရိုက်ထားတာပါ။ဂျိုဆွန်းနဲ့ ချောင်က အင်အားချင်းမမျှပါဘူး... ဂျိုဆွန်းဘက်က လွှတ်သမျှ စစ်သားတိုင်း အသေခံဖို့ ပို့နေသလိုပဲ...စစ်ပွဲရှုံးသွားတော့ မသေဘဲ ထွက်ပြေးလာတဲ့ စစ်သားသုံးယောက်က ဂျိုဆွန်းကနေ ၃ရက်ခရီးလောက်ဝေးတဲ့နေရာက တည်းခိုခန်းပျက်တစ်ခုမှာဆုံကြတယ်။ အပြင်မှာက ချောင်စစ်သားတွေခြေချင်းလိမ်နေတဲ့ ရန်သူ့နယ်မြေဖြစ်တဲ့အပြင် နှင်းမုန်တိုင်းကလည်း သည်းကြီးမဲကြီးပေါ့။စစ်သားသုံးယောက်ထဲမှာ နှစ်ယောက်ကတော့ မျိုးရိုးမြင့်ဖြစ်တဲ့အပြင် ရာထူးကြီးတဲ့သူတွေ၊ သူငယ်ချင်းလည်းသူငယ်ချင်း‌ပေါ့၊ ကျန်တဲ့တစ်ယောက်ကတော့ အခွန်မပေးနိုင်လို့ဆိုပြီး ပေါ်တာဆွဲခံလာရတဲ့ ဇာတ်နိမ့်တစ်ယောက်။ သူတို့သုံးယောက်မှာလည်း ရာဇဝင်ကိုယ်စီနဲ့...ဂျိုဆွန်းကို အသက်ရှင်လျက်ပြန်သွားဖို့လုပ်ကြပေမဲ့ တကယ်တမ်း တည်းခိုခန်းပျက်ထဲဖြစ်လာတဲ့ ဇာတ်လမ်းတွေက သူတို့သုံးယောက်ကို အချင်းချင်းသတ်စေတဲ့အထိ ဖြစ်လာတဲ့အခါ....။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin ပါ )File size_(1.7GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:53:00 Genre_Action, Drama, History Subtitle_Myanmar Subtitle ...
movie

The Showdown (2011)

The Admiral: Roaring Currents (2014) 7.1
The Admiral: Roaring Currents (2014) The Admiral: Roaring Currents (2014) IMDb....7.1/10_______Rotten - 83%လီဆွန်းရှင်းဟာ ဂျိုဆွန်းတပ်မတော်မှာ အမှုထမ်းချိန်က စပြီး အောင်ပွဲတွေ အလီလီ ရခဲ့ပြီး ထင်ရှားလာခဲ့တယ်။ ၆လအတွင်းမှာ ထိပ်တန်းရာထူး သုံးဆင့်တက်တဲ့အထိ ထူးချွန်ခဲ့ပြီး ဂျပန်စစ်မင်း Toyotomi Hideyoshi ရဲ့ ကိုရီးယားကို ကျူးကျော်စစ် (Imjin War) စတင်ချိန်မှာ လီဆွန်းရှင်းဟာ ရေတပ်သေနာပတိဖြစ်နေပါပြီ။ ဂျပန်တွေရဲ့ကျူးကျော်တိုက်ခိုက်ချိန်မှာ ကြည်းတပ်တိုက်ပွဲတွေမှာ အသာစီးရခဲ့ပေမယ့် လီဆွန်းရှင်းဦးဆောင်တဲ့ရေတပ်ကိုတော့ မစိုးမိုးနိုင်ခဲ့ဘူး.... ကိုရီးယားကို ရေကြောင်းနဲ့ စိုးမိုးချင်ရင် လီဆွန်းရှင်းမရှိမှ ဖြစ်မယ်ဆိုတာကို ရိပ်စားမိလာတဲ့ ဂျပန်တွေဟာ ဂျိုဆွန်းရဲ့နန်းတွင်းရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူလျျှိုသွင်းတဲ့အပြင် သစ္စာဖောက် အမတ်တွေနဲ့ ပေါင်းကြံပြီး ထောင်ချောက်တစ်ခု ဆင်ပါတယ်။ ဂျပန်ရေတပ်တွေရဲ့ သတင်းကို ကိုရီးယားသစ္စာခံအယောင်ဆောင် ဂျပန်သူလျှိုကနေ တစ်ဆင့်ပို့တဲ့အခါ ဘုရင်ဆွန်းဂျိုက လီဆွန်းရှင်းကို သွားတိုက်ခိုင်းတယ်။ ဒါဟာထောင်ချောက်မှန်း ရိပ်စားမိနေတဲ့ လီဆွန်းရှင်းက အမိန့်ကို ဖီဆန်ပြီး မတိုက်တဲ့အခါ ထီးနန်းကိုလုပ်ကြံမယ့်သူအဖြစ် စွပ်စွဲခံရတော့တယ်။ လီဆွန်းရှင်းကို စစ်သည်တွေနဲ့ ပြည်သူတွေက ကြည်ညို ကြတာကို မနာလိုတဲ့အပြင် သူ့ထီးနန်းကိုပါ စိတ်မချဖြစ်နေတဲ့ ဘုရင်ဆွန်းဂျိုဟာ လီဆွန်းရှင်းကို ဖမ်းပြီး ရာထူးချတဲ့အပြင် နှိပ်စက် စစ်မေးစေတယ်။ အထက်ကပြောခဲ့တာတွေဟာ ဒီဇာတ်ကားမှာ မပါပါဘူး...ဒီကားရဲ့အစကတော့ လီဆွန်းရှင်းမရှိတဲ့ရေကြောင်းကို ဂျပန်တွေအသာစီးရပြီးတဲ့အချိန်မှာမှ ဘုရင်ဆွန်းဂျိုကနေ လီဆွန်းရှင်းကို ပြန်လည်တာဝန်ပေးအပ်ပြီး ဂျပန်ရေတပ်ကိုခုခံတိုက်ခိုက်စေခဲ့တာနဲ့စပါတယ်... လီဆွန်းရှင်းအတွက် ပထမတိုက်ပွဲက လက်ကျန် ...
movie

The Admiral: Roaring Currents (2014)

2014
A Bittersweet Life (2005) 7.6
A Bittersweet Life (2005) IMDb Rating (7.6) / Rotten Tomatoes (100%)မင်းသားကြီးလီဗျောင်ဟွန်း (Lee Byung-hun) အဓိကပါဝင်ပွဲကြမ်းထားပြီး မင်းသမီးကတော့ Shin Min-ah ပါ..တခြားဇာတ်ရံတွေကလဲ တောင်ကိုရီးယားရဲ့ နာမည်ကျော်တွေချည်းပါပဲ...အချစ်ကအရာအားလုံးကို စေခိုင်းနိုင်သလား??အချစ်ကြောင့်ပြောင်းလဲသွားတဲ့ လူမိုက်ကြီးတစ်ယောက်အကြောင်းကို မျှဝေခံစားကြည့်ကြပါ..သူဌေးတစ်ယောက်ရဲ့လူယုံအဖြစ် ၇ နှစ်ကျော်လောက် တာဝန်ကျေပွန်စွာ အမှုထမ်းလာတဲ့ လက်မရွံ့ လူကြမ်းကြီးတစ်ယောက်ဟာ တာဝန်တစ်ခုမှာ ကောင်မလေးတစ်ယောက်အပေါ်သံယောဇဉ်တွယ်မိသွားတဲ့အပြင်...သူယုံကြည်ထားသူထံကနေ သစ္စာဖောက်ခံလိုက်ရတဲ့အခါ...သူ့ရဲ့ဘဝကို ဘယ်လိုဆက်သွားမလဲဆိုတာ...။အချစ်ရေးထက် မေတ္တာဘွဲ့ကိုအဓိကအခြေခံထားတဲ့ အက်ရှင်ကြမ်းကြမ်းကားကောင်းလေးတစ်ကားဖြစ်ပါတယ်...စိတ်မခိုင်သူများအဖို့ မျက်ရည်ကျလောက်တဲ့ ဇာတ်ကားလေးတစ်ကားဆိုလည်းမမှားပါဘူး။ File size…(2.6 GB)/(1 GB) Quality….BluRay Director's Cut 1080p/720p Format…mp4 Duration….01:59:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Joyz
movie

A Bittersweet Life (2005)

2005
A Dirty Carnival (2006) 7.4
A Dirty Carnival (2006) A Dirty Carnival (2006)_____IMDb...7.4/10  ကိုးရီးယားရုပ်ရှင်လောကရဲ့ အထင်ကရ ဂန်းစတားကားတွေထဲမှာ ထိပ်ဆုံးစာရင်းထဲမှာ ပါနေဆဲဖြစ်တဲ့ A Dirty Carnival ဇာတ်ကားကို တောင်းဆိုသူတွေများလွန်းလို့ တင်ဆက်ပေးလိုက်ပါတယ်.... ဂန်းစတားတွေနဲ့ အာဏာရှင်တွေကြား... ဂန်းစတားတွေရဲ့ ဘဝနဲ့ အချင်းချင်းအပေါ်ထားရှိတဲ့ သစ္စာတရား... ဂန်းစတားတွေနဲ့ နိုင်ငံရေးဆက်နွယ်နေမှု... တော်တော်များများလည်း ဒီကားရဲ့ကောင်းခြင်းတွေနဲ့ အထှာကျလွန်းတဲ့ ဂန်းစတားတွေအကြောင်းကြားဖူးနေတော့ ထွေထွေထူးထူးမညွှန်းတော့ဘူး.. တစ်ခုတော့ရှိတယ်... အော်ရီဂျင်နယ်ဂန်းစတားကားကြည့်ပြီးတဲ့သူတွေအတွက်တော့ ဒီကားက အနည်းငယ်ပေါ့သလိုဖြစ်နေပါက လွန်စွာဝမ်းနည်းအားနာမိကြောင်းပြောပါရစေ... Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....    File Size : (2.49 GB) and (1 GB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…02:21:00 Genre :  Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae  
movie

A Dirty Carnival (2006)

2006
Heung-boo: The Revolutionist (2018) 6.5
Heung-boo: The Revolutionist (2018) ဒီဇာတ်ကားလေးတော့ ဓားသွားထက်ကလောင်သွားထက်တယ်ဆိုတဲ့ စကားကို သက်သေပြထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းက အရွှန်းဖောက်တာလေးတွေနဲ့ ပျင်းစရာမကောင်းပဲအဆုံးထိဆွဲခေါ်သွားတဲ့ဇာတ်ကားမျိုးလေးပါ။ဟွမ်ဘူးဆိုတဲ့ အပြာစာအုပ်တွေကိုရေးတဲ့ စာရေးဆရာအဆင့်ကနေ နိုင်ငံတစ်ခုလုံးကို ကယ်တင်နိုင်တဲ့သူဖြစ်သွားခဲ့တာကိုပြထားပါတယ်။ဟွမ်ဘူးကတော့ သူ့အစ်ကိုနိုလ်ဘူးနဲ့ ငယ်ငယ်ကတည်းက ကွဲကွာခဲ့ရလို့ အပြာစာအုပ်တွေရေးနာမည်ကြီးအောင်လုပ်ပြီးသူ့အစ်ကိုများတွေ့မလားလို့ရှာနေတဲ့သူပါ။တစ်ရက် သူ့အစ်ကို သတင်းကြားရကနေ သူ့အစ်ကိုတို့ရဲ့ဆရာဂျိုဟျောက်ဆိုတဲ့ စိတ်ထားပြည့်ဝတဲ့ သူတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ဂျိုဟျောက်ကတော့ မင်းမျိုးမင်းနွယ်ဝန်ကြီးတစ်ယောက်ရဲ့ညီဖြစ်ပေမယ့်အဲ့ဘ၀ကိုစွန့်ပြီး မရှိဆင်းရဲသားတွေကိုကူညီ မိဘမဲ့လေးတွေကိုပြုစုပျိုးထောင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကိုကူညီနေတာပါ။ဂျိုဟျောက်နဲ့ ဟွမ်ဘူးနဲ့ဆုံမိတော့ ဂျိုဟျောက်ကဟွမ်ဘူးကို ဓားသွားထက် ကလောင်သွားထက်တယ်ဆိုတဲ့စိတ်ကို သွင်းပေးခဲ့ပြီး ဟွမ်ဘူးလိုချင်တဲ့ အရာတစ်ခုနဲ့ အပေးအယူလုပ်ကာ ဟွမ်ဘူးကို သရော်စာရေးစေခဲ့ပါတယ်။ဟွမ်းဘူးရေးတဲ့ ဟွမ်းဘူးရဲ့ဇာတ်လမ်းဆိုတဲ့သရော်စာ နာမည်ကြီးသွားရာကနေစပြီး နန်းတော်တွင်းအထိပါ ဂယက်ရိုက်ကာ အပြောင်းအလဲဖြစ်စေခဲ့ပါတယ်နောက်ဆုံးမှာတော့ ဟွမ်ဘူးရဲ့ စာတွေကြောင့် ဘုရင်အပြောင်းအလဲဖြစ်ဖို့ထိ ဖန်လာတဲ့အခါမှာတော့....ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းကိုသာဒေါင်းကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်ဗျာ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကသာဒစ်  ဖြစ်ပါတယ်) File Size : (850 MB) and (380 MB) Quality : HDRip 720p Running Time : 1hr 45min Format : ...
movie


2018
Mother (2009) 7.8
Mother (2009) Mother (2009) IMDb - 7.8/10_____Rotten - 96%  mother ရုပ်ရှင်က အမေတစ်ယောက်ရဲ့မေတ္တာကို အဓိကဖော်ပြထားတယ့်ကားတစ်ကားပါ။ IMDb 7.8 ထိရရှိထားပြီး Rotten tomatoes 95% နဲ့Roger Ebert 4 မှာ 3.5 ထိရရှိခဲ့တယ့် ဇာတ်ကားဖြစ်ပါတယ် Rating တွေမြင့်နေတာလဲ ဇာတ်ကားကြည့်ပြီး မှာဘာကြောင့်မြင့်နေလဲဆိုတာ သဘောပေါက်နိုင်ပါလိမ့်မယ် Budget ကန်ဒေါ်လာ ၅ မီလီယံနဲ့ရိုက်ကူးခဲ့ပြီး Box office မှာ ကန်ဒေါ်လာ ၁၇.၁ မီလီယံထိအောင် ရရှိခဲ့တယ့် crime & Thriller ဇာတ်ကားကောင်းဖြစ်ပါတယ်။ အာရှ ၊ ဥရောပ ၊ အမေရိက နဲ့အရှေ့အလယ်ပိုင်း နိုင်ငံတွေ မှာ စပြီးပြသခဲ့တယ့် မေလ ၂၉ ရက် ၂၀၀၉ ခုနှစ်မှစပြီး ၂၀၁၀ခုနှစ်ထိ ရုပ်ရှင်ဇာတ်ကား ဆုပေးပွဲပေါင်း ၂၆ ခုမှာ ဆုပေါင်း ၅၉ဆုအထိလျာထားခြင်းခံခဲ့ရပါတယ်။ ဇကာတင်ဆုစာရင်းတွေမှာ ဆု၂၀ ဝင်ခဲ့ပြီး ၃၉ ဆုကိုတော့သိမ်းပိုက်ရရှိခဲ့ပါတယ်။ ကိုရီးယားနိုင်ငံရဲ့တောပ့်စတား ဆောင်းဝန်ဘင်း ...
movie

Mother (2009)

2009
Northern Limit Line (2015) 6.6
Northern Limit Line (2015) Northern Limit Line (2015)_____IMDb - 6.6/10   ကိုယ်က ရုပ်ရှင်ကြည့်တာ ဝါသနာပါတော့ ကိုယ့်အားလပ်ချိန်တွေမှာ အချိန်ရရင်ရသလို ရုပ်ရှင်ကားကောင်းတွေကို ကြည့်လေ့ရှိပါတယ်။ ဒီတစ်ပတ်ကြည့်ဖြစ်တာက“Northern Limit Line”သာမန်အားဖြင့် ကိုရီးယားကားတွေ၊ ဇာတ်လမ်းတွဲတွေကို ကြည့်လေ့ မရှိပေမယ့် ဒီတစ်ကားတော့ ကြည့်ဖြစ်သွားတယ်၊ စစ်ကားဖြစ်နေတာလည်း ပါမှာပေါ့လေ။ဇာတ်လမ်းက ၂၀၀၂ခုနှစ် ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲကို တောင်ကိုရီးယားမှာ ကျင်းပတဲ့အချိန် တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံကြား ပင်လယ်ဝါထဲက Northern Limit Line မှာ ရေတပ်ချင်း ထိတွေ့မှုဖြစ်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို ပြန်ရိုက်ကူးထားတာပါ။ရုပ်ရှင်အကြောင်းကို မပြောခင် ‪#‎Northern Limit Line‬ (NLL) ဆိုတာဘာလဲဆိုတာကို ပြောချင်ပါတယ်။ ‪#‎NLL‬  ဆိုတာ တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား ပင်လယ်ဝါအတွင်း ရေပြင်ပိုင်ဆိုင်မှု အငြင်းပွားဆဲ နေရာကို ဖြတ်သန်းရေးဆွဲထားတဲ့ စိတ်ကူးမျဉ်းဖြစ်ပါတယ်။ ဒီလို ပိုင်းခြားသတ်မှတ်ထားတာကို မြောက်ကိုရီးယားက အသိအမှတ်ပြုခြင်းမရှိပါဘူး။ထို့ကြောင့် မြောက်ကိုရီးယား ငါးဖမ်းလှေ၊ သင်္ဘောတွေဟာ စစ်ရေယာဉ်များ အစောင့်လိုက်ပါပြီး ...
movie

Northern Limit Line (2015)

2015