Channel Myanmar

Joachim Król

Run Lola Run (1998) 7.7
Run Lola Run (1998) Run Lola Run (1998)IMDb - 7.7/10 နဲ့ Rotten Tomatoes - 93% ရထားတဲ့ ဂျာမန်ကားလေးပါ။ ဒီကားဟာ ထွက်ထွက်ချင်းတုန်းက ဂျာမနီမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့အပြင် ဂျာမန်ရုပ်ရှင်ခေတ်သစ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။ ဥရောပကားလည်းဖြစ် Experimental နည်းနည်းပါတာကြောင့် အသွားနှေးပြီး နားမလည်နိုင်စရာတွေ ကြည့်ရတော့မယ်လို့ ထင်လိုက်မိမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။ရုပ်ရှင်နာမည်အတိုင်းပဲ ရှင်းပါတယ်၊ လိုလာဆိုတဲ့ မိန်းကလေး အသားကုန်ပြေးနေတာကို တစ်ကားလုံးနီးပါး တွေ့မြင်ရမှာပါ...။ ဒါပေမယ့် လိုလာလေး ဘာကြောင့်ပြေးရတာလဲ ဘယ်နှကြော့ပြန် ပြေးရမှာလဲ ဘယ်လိုလူတွေကို ဆုံတွေ့ခဲ့ပြီး ဘယ်လိုအကြောင်းအရာတွေကို တူးဆွမိခဲ့မှာလဲ...။ တစ်ကြိမ်ကြည့်ရင် တစ်ကြိမ်ဆိုသလို မတူတာတစ်ခုကို တွေ့နိုင်မှာပါ။ တစ်ကြိမ်ပဲကြည့်မယ်ဆိုရင်လည်း စိတ်လှုပ်ရှားမှု အပြည့်ရနိုင်မှာပါ။ဆုတွေ တစ်သီကြီးရထားတဲ့ ဒီကားနဲ့ပတ်သက်ရင် ပြောချင်တာတွေ အများကြီးရှိပေမယ့် မပြောဘဲထားတာဟာလည်း ကြည့်ဖြစ်ဖို့ အကြောင်းအရင်းတစ်ခုဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အခုပဲ လိုလာလေးကို ...
movie

Run Lola Run (1998)

1998
Gloomy Sunday (1999) 7.9
Gloomy Sunday (1999) IMDb Rating (7.9/10)Rotten Tomatoes (84%)တစ်လောက အင်တာနက်မှာ နာမည်ကျော်သွားတဲ့ 'Gloomy Sunday' ဆိုတဲ့ တေးသွားကိုမှတ်မိကြဦးမှာပါ။ အဲ့ဒီသီချင်းနားထောင်မိရင် လူတွေဟာကိုယ့်ကိုယ်ကို သတ်သေကြတယ်ဆိုတဲ့ နာမည်ဆိုးနဲ့ "Hungarian Suicide Song" လို့ကြော်ကြားပါတယ်။ ဒီဇာတ်ကားဟာ အဲ့ဒီနောက်ကွယ်က သီချင်းဖြစ်ပေါ်လာပုံအကြောင်းကို တင်ဆက်ထားတာပါ။ ၁၉၃၀ ဝန်းကျင် ဘူဒါပတ်စ်မြို့မှာ လတ်ဇလိုဆိုတဲ့ စားသောက်ဆိုင်ရှင်တစ်ယောက်ဟာ စန္ဒရားဆရာ အန်ဒရာ့စ်ကို သူ့စားသောက်ဆိုင်မှာ ဖျော်ဖြေဖို့ငှားရမ်းခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အီလိုနာ ဆိုတဲ့ မိန်းမလှလေးတစ်ယောက်နဲ့ တစ်ပြိုင်တည်း ချစ်ကျွမ်းဝင်မိရာက အန်ဒရာ့စ်အတွက် 'Gloomy Sunday' ဆိုတဲ့သီချင်းမွေးဖွားလာဖို့ စေ့ဆော်မှုဖြစ်လာခဲ့တယ်။ သူ့ သီချင်းကိုကြားဖူးသူတိုင်း သဘောကျ နာမည်ကျော်ကြားလာရာကနေ နောက်ပိုင်းမှာ သတ်သေမှုတွေ နဲ့ ဆက်စပ်နေကြောင်းကို လူတွေ သတိထားမိလာပါတော့တယ်။ သူတို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းထဲကို တတိယ ယောက်ျားတစ်ယောက် ဝင်ရောက်လာပြီး အဲ့ဒီလူဟာ သူတို့အားလုံးရဲ့ ဘဝကို ကောင်းကောင်းခြိမ်းခြောက်နိုင်တဲ့ သြဇာအာဏာ ...
movie

Gloomy Sunday (1999)

1999