Channel Myanmar

Julian Sands

Arachnophobia (1990) 6.5
Arachnophobia (1990) Arachnophobia (1990)~ IMDb - 6.5/10, Rotten Tomatoes - 93% ~ကြောက်ဖို့ကောင်းတဲ့ အကောင်ကားတွေ၊ ထိတ်လန့်ဖို့ကောင်းတဲ့ အကောင်ကားတွေများများစားစားရှိတဲ့ထဲကမှ ခု Arachnophobia ဆိုတဲ့ရုပ်ရှင်ထဲမှာတော့ မင်းသားကိုယ်တိုင် ပင့်ကူကိုကြောက်နေရတာဖြစ်ပါတယ်။ Arachnophobia ဆိုတဲ့စာလုံးကိုက ပင့်ကူကိုကြောက်လန့်ခြင်းဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် သုတေသနလုပ်တဲ့လူတစ်စုက ဗင်နီဇွဲလားမှာ ပင့်ကူမျိုးစိတ်သစ်ကိုသွားရောက်ရှာဖွေရင်း သူတို့ရဲ့အပြန်လမ်းမှာ ဓာတ်ပုံဆရာတစ်ယောက်နဲ့အတူ ပင့်ကူဘုရင်ကြီးက ကပ်ပါလာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ဆရာ၀န်ဖြစ်သူ မင်းသားဟာ ပင့်ကူကပ်ပါလာတဲ့ ဓာတ်ပုံဆရာရဲ့နယ်မြို့‌လေးဆီကို ပြောင်းလာခဲ့တယ်။ ဓာတ်ပုံဆရာကတော့ ပင့်ကူကိုက်လို့သေဆုံးသွားပေမဲ့ အဲဒီနယ်မြို့လေးမှာတော့ ပင့်ကူဟာ စတင်နယ်ချဲ့ပါတော့တယ်။ဆရာ၀န်ခမျာ နယ်မြို့လေးမှာ အထိုင်ကျဖို့ကြိုးစားရင်း ပင့်ကူရဲ့ပြဿနာတွေကိုလည်း အဖြေရှာရပါသေးတယ်။ ဇာတ်ကားလေးက အကောင်ကားသီးသန့်မဟုတ်ဘဲ ဟာသလေးနှောလိုက်၊ ဗဟုသုတလေးပေးလိုက်နဲ့ အကြောက်တရားကို ဘယ်လိုကျော်လွှားမလဲဆိုတာကိုပါ ပညာပေးသွားတဲ့အတွက် မိုးအေးအေးနဲ့ ဇိမ်ခံကြည့်လို့ရမယ့် ရုပ်ရှင်ကားလေးဖြစ်တဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ။(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie

Arachnophobia (1990)

1990
Yeh Ballet(2020) 7.6
Yeh Ballet(2020) Yeh Ballet(2020)IMDB rating 7.6ရရှိထားတဲ့ Drama အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်။အာရှုဖ်ဟာဆေးခြောက်ရောင်းတဲ့သူတစ်ယောက်နဲ့အလုပ်တွဲလုပ်ပြီးအားတဲ့အခါသူငယ်ချင်းတွေနဲ့ ဝါသနာပါရာ အကပြိုင်ကြလေ့ရှိပါတယ်။ ရုပ်သံက လွှင့်တဲ့ အကပြိုင်ပွဲတွေကိုတွေ့ပြီးတဲ့နောက်မှာတော့ အာရှုဖ် တစ်ယောက်ဝင်ပြိုင်ဖို့ကြိုးစားပါတယ်... သူ့လိုပဲ နီးရှူးဆိုတဲ့လူငယ်လေးတစ်ယောက်ဟာလည်းအကကိုဝါသနာထုံတယ်...သို့ပေမယ့် (၂)ယောက်လုံးက ငွေကြေးအဆင်မပြေလို့ပါရမီပါပေမယ့် သင်တန်းကောင်းကောင်းမတက်နိုင်ဘူး..ဒါပေမယ့် သူတို့ဟာ အကသင်တန်းတစ်ခုတက်ပြီး နိုင်ငံကျော်အောင်လုပ်မယ်ဆိုပြီးနည်းအမျိုးမျိုးနဲ့ကြိုးစားပါတော့တယ်...ဒီ India  ကားက တခြား အကကားတွေလို မဟုတ်ဘူး...တမူထူးခြားတယ်...စနစ်တကျ အကင်သင်တဲ့အခန်းတွေပါသလို သရုပ်ဆောင်တွေကလည်းတကယ်ကျွမ်းကျင်တယ်.... ကြည့်ရအတော်မိုက်တယ်... ကိုင်းသူတို့အောင်မြင်ကြမလားဆိုတာကိုတော့ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်...File Size : (950 MB) and (407 MB) Quality :WEB-DL 720p Format…mp4 Duration…01:57:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Thazin Myint Encoded by Phyo Pyae
movie

Yeh Ballet(2020)

The Keeper(2018) 7.0
The Keeper(2018) The Keeper(2018)IMDb....7.0ခင်ဗျားတို့ဘဝမှာ အလုပ်တစ်ခု ဒါမှမဟုတ် ဖြစ်တည်မှုတစ်ခုကို ဘယ်လောက်ထိ ရူးသွပ်ဖူးလဲ ဘယ်လောက်ထိ ရူးမိုက်ဖူးလဲ...ကျွန်တော်ပြောတာကို ယုံလိုက်ပါ... ဘယ်လောက်ပဲရူးသွပ်ပါတယ်ပြောပြော ဒီဖြစ်ရပ်မှန်ဇာတ်လမ်းထဲက မန်စီးတီးဂိုးသမားကြီးလောက်တော့ ခင်ဗျား မရူးသွပ်နိုင်ပါဘူး...သူ့နာမည်က ထရော့မန်း...ဂျာမန်လူမျိုး... ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ထဲဝင်ခဲ့ပြီး အင်္ဂလန်တို့နဲ့ တိုက်ခိုက်ခဲ့သူ... ငယ်စဉ်ကလေးဘဝတုန်းက ဘောလုံးကန်ရင်ဘယ်သူမှမလုပ်ချင်တဲ့ ဂိုးသမားနေရာမှာ ကစားရင်း မန်စီးတီးလိုအသင်းမှာ ပင်တိုင်စံဂိုးသမားဖြစ်လာခဲ့တာ...ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှုံးရာကနေ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားခံရပြီး လေ့ကျင့်ရေးစခန်းတစ်ခုမှာ ပုံစံသွင်းခံရရှာတယ်...အဲ့ဒီကနေတဆင့် မြို့တွင်းဘောလုံးအသင်းတစ်ခုရဲ့ နည်းပြက သူ့ကိုသဘောကျလို့ အဲ့ဒီအသင်းမှာ ဂိုးဖမ်းခွင့်ရတယ်...အဲ့တာဟာ မန်စီးတီးဂိုးသမားတစ်ယောက်ဖြစ်လာဖို့အတွက် သူ့ရဲ့ အကောင်းဆုံး ခြေလှမ်းတစ်ခုပေါ့...ဒါပေမဲ့လည်း ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး...ဂျာမန်လူမျိုးတစ်ယောက်ဖြစ်တဲ့ထရော့မန်းဟာ အင်္ဂလန်မြေမှာတော့ လွယ်လွယ်မဝင်ဆန့်ခဲ့...အစစအရာရာ အခက်အခဲများစွာကိုကျော်ဖြတ်လို့ဝါသနာအရင်းခံပြီး ကံကြမ္မာလှည့်ကွက်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကတော့ ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးကိုပဲကိုယ်တိုင်ကြည့်ရှုလိုက်ကြပါလို့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်...(Unicode) ခင်ဗျားတို့ဘဝမှာ အလုပ်တစ်ခု ဒါမှမဟုတ် ဖြစ်တည်မှုတစ်ခုကို ဘယ်လောက်ထိ ရူးသွပ်ဖူးလဲ ဘယ်လောက်ထိ ရူးမိုက်ဖူးလဲ...ကျွန်တော်ပြောတာကို ယုံလိုက်ပါ... ဘယ်လောက်ပဲရူးသွပ်ပါတယ်ပြောပြော ဒီဖြစ်ရပ်မှန်ဇာတ်လမ်းထဲက မန်စီးတီးဂိုးသမားကြီးလောက်တော့ ခင်ဗျား မရူးသွပ်နိုင်ပါဘူး...သူ့နာမည်က ...
movie

The Keeper(2018)

2018
Blood and Bone (2009) 6.7
Blood and Bone (2009)   ဟုတ်ပါတယ်...Undisputed II ထဲမှာ ကျွန်တော်တို့ရဲ့ အချစ်တော် လက်ဝှေ့ကျော် Yuri Boyka ရဲ့ ခြေထောက်ကို ချိုးသွားတဲ့ကောင်ပဲဗျ။ ဒီ Blood and Bone ဇာတ်ကား ထဲမှာတော့ လမ်းဘေး တိုက်ပွဲတွေမှာ ပွဲတိုင်းနိုင်တဲ့ Bone နေရာကနေသရုပ်ဆောင်ထားတယ်ဗျ။ IMDB 6.7 ထိရရှိထားတဲ့ Action ကားလေးပါ။ Fight Scene တွေက Boyka လောက်မကောင်းဘူးလို့ထင်ပေမဲ့ သူ့ဟာလေးနဲ့သူတော့ မဆိုးဘူးဗျ။ IMDB 6.7 ကလည်း အလကားပေးထားတာတော့မဖြစ်နိုင်ပါဘူး။ဇာတ်လမ်း အကျဉ်းကတော့ လမ်းဘေးလက်ဝှေ့ပွဲတွေမှာ ထောင်ထွက် Bone တစ်ယောက် နေရာရအောင် လုပ်ယူလာပြီး လမ်းပေါ်က ဘုရင်လို့တင်စားလောက်တဲ့ James ဆိုတဲ့ လူဆိုးခေါင်းဆောင်ဘေးက ကောင်မလေး Angelaနားကပ်လို့ရအောင် ကြိုးစားရင်း ဘယ်လိုတွေ ဖြစ်သွားမလဲဆိုတာကို Action , Fighting အရသာအပြည့်နဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( ...
movie

Blood and Bone (2009)

2009
Extraordinary Tales (2013) 6.5
Extraordinary Tales (2013) Extraordinary Tales ဒီဇာတ်ကားကလူကြီးကြည့်ကာတွန်းကားလို့ဆိုနိုင်ပါတယ် ကာတွန်းဆိုတာကအန်နီမေးရှင်းအလန်းစားနဲ့တွေ့ရတဲ့သည်းထိတ်ရင်ဖိုအမျိုးအစားပါ. ဒီဇာတ်ကားဟာဆိုရင် Edgar Allan Poeရဲ့ပုံပြင်တွေက ၅ပုဒ်ကိုဆွဲထုတ်ပြီးတော့တစ်ခန်းချင်းစီ တစ်ပိုင်းခြင်းစီက ရေးဆွဲထားတဲ့နည်းလမ်းတွေကရသတစ်မျိုးစီပေးစွမ်းနိုင်ပါတယ် . ဇာတ်ကားအကြောင်းပြောရမယ်ဆိုရင် သေခြင်းရဲ့လွန်မြောက်ခြင်းအဆုံးသတ်မှာဘာတွေရှိနိုင်မှာပါလဲ ကျီးကန်းတစ်ကောင်ရဲ့သူ့ဘဝအခြေအနေကိုပြောပြရင်းနဲ့ပဲဇာတ်ကိုစထားပြီးတော့ အဆုံးသတ်မှာကော သူ့ရဲ့ခံယူချက်တွေကဘယ်လိုပြောင်းလဲသွားနိုင်ပါ့မလဲဆိုတာကိုတွေ့ရမှာပါ အပိုင်း၅ပိုင်းပါတယ်လို့ပြောထားသလိုပဲ တစ်ပိုင်းခြင်းစီမှာဆိုရင် သေဆုံးမှုတွေရဲ့ခံယူချက်တွေထင်မြင်ချက်တွေ ဒါတွေကို ပုံစံမျိုးစုံနဲ့တွေ့ရမှာပါ ဒီဇာတ်ကားကပြောပြရခက်တဲ့ဇာတ်ကားပါ ကိုယ်တိုင်ခံစားကြည့်ရှုမှပဲ ဘယ်လိုရသကိုရရှိနိုင်တယ်ဆိုတာကိုသိရှိရမှာပါ ကြာချိန် ၇၃မိနစ်မှာ Horror နဲ့ mysteryပိုင်းဆိုင်ရာရသတွေကိုအပြည့်အဝပေးစွမ်းသွားနိုင်ပါတယ်ဆိုတာပြောကြားချင်ပါတယ် 2013 ထုတ်ကားကောင်းတစ်ကားဖြစ်ပြီးတော့ ဆုတံဆိပ်တွေလဲရရှိထားတဲ့ဇာတ်ကားလေးတစ်ကားပါ အန်နီမေးရှင်းလန်းလန်းလေးနဲ့ဇာတ်လမ်းဆန်းဆန်းလေးတွေကိုကြိုက်တတ်တဲ့သူမျိုးဆိုရင်တော့ ဒီဇာတ်ကားလေးကိုကြည့်သင့်ပါတယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြားပါရစေ။  File Size : (939MB) & (477MB) Quality : .1080p.BluRay Running Time :1hr  13min Format : Mp4 Genre    :  Animation, Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Charm Encoded by Arkar Phyo (Yrfatt)
movie

Extraordinary Tales (2013)

2013
Leaving Las Vegas (1995) 7.5
Leaving Las Vegas (1995)  Palatonic Love လို့ခေါ်တယ် စိတ်ကူးယဉ်ဆန်ဆန် ပေးဆပ်ခြင်းရရယူခြင်းဘာမှမရှိတဲ့ အချစ်ဆိုတာကို ဒီဇာတ်ကားမှာတွေ့ရမှာပါ။ ဘာအကြောင်းကြောင့်လဲ သေချာပြမထားဘဲ ဘန်ဆိုတဲ့ ဟောလိဝုဒ်က နာမည်ကြီး ဇာတ်ညွှန်းရေးဆရာတစ်ယောက် အရက်အလွန်အကျွံသောက်ပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့ကြိုးစားနေတဲ့ နေရာကစပြထားပါတယ်။ သူက ပေါက်ကွဲဖို့ စိုင်းပြင်းနေတဲ့ ဗုံးတစ်လုံးလိုပါပဲ။ သောက်တယ် သောက်တယ် သောက်တယ်။ တခြားဘာမှသူ့အတွက် အရေးမပါတော့ဘူးလို့ ထင်နေချိန်မှာ ပြည့်တန်ဆာမလေး ဆယ်ရာ နဲ့တွေ့ဆုံခဲ့ပါတယ်။ သူတို့ချစ်မိခဲ့ကြပါတယ်။ အခြေအနေတွေ အချိန်အခါတွေ ပေးဆပ်ခြင်း ရယူခြင်း ဘာမှမပါပဲ အချစ်သက်သက်နဲ့ချစ်ခဲ့ကြပါတယ်။သေတော့မယ့်အရက်သမားတစ်ယောက်နဲ့ ကိုယ့်ခန္ဓာကိုယ် ကို ရောင်းစားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ လွမ်းစရာ ကြည်နူးစရာဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ငိုချင်သပ ငိုမရဖြစ်နေသူများ ကြည့်ကြပါဗျာ။ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 7.5 ရှိပါတယ်။ ငိုချင်အောင် ရိုက်တတ်တဲ့ Director Michael Figgis ကရိုက်ကူးထားပြီး မင်းသားကြီး Nicolas Cage နဲ့ ...
movie

Leaving Las Vegas (1995)

1995
The Medallion (2003) 5.3
The Medallion (2003) The Medallion (2003)ဒီဇတ်ကားလေးကတော့ကျွန်တော်ရဲ့ စတုတ္ထမြောက်ဘာသာပြန်ကားလေးဖြစ် သလိုကျွန်တော့်ဘဝအတွက်အမှတ်တရ ကားလေးဆိုရင်လည်းမမှားပါဘူး အဲကားစထွက်တုန်း ကမှတ်မိပါသေးတယ်ဒီဗီဒီစက်တွေကလည်းပေါ်ခါစ အစ်မကထိုင်းကနေဝယ်ပို့လာခဲ့တာကလေးပဲရှိသေးတာ အရမ်းကြိုက်တာပေါ့ဂျက်ကီချမ်းဆိုတာလည်းငယ်ငယ်တည်းကနေ ခုထိခိုက်နေဆဲမင်းသားဒီဇတ်ကားကို ကျွန်တော်မြန်မာစာတန်းထိုးနဲ့တစ်ခါမှမကြည့်ဖူးပါဘူး အဲဒါနဲ့ပဲလုပ်ဖြစ်သွားတာပါကျွန်တော်က translatorသမားအစစ်မဟုတ်တော့ တခါတလေဘာသာပြန်တဲ့နေရာမှာလွဲကောင်းလွဲနေနိင်ပါတယ် ဒါပေမဲ့ဘာသာပြန်တဲ့နေရာမှာတချိုူ့စကားလုံးတွေကမြန်မာ လိုပြန်စီရာမှာအရမ်းခက်တဲ့အတွက်မြန်မာစာတန်းထိုး ပရိတ်သတ်တွေနားလည်လွယ်အောင်ဖော်ပြထားပေးပါတယ်၁၀၀% မှန်တယ်လို့မဆိုနိင်ပေမဲ့လည်း ၉၀တော့ကျော်မှာပါကျွန်တော်တို့ကျောင်းတက်နေတုန်း ကတောင်၇၅%ဆိုစာမေးပွဲဖြေ လို့ရတယ်ဆိုတော့၉၀ဆိုတော့မဆိုးပါဘူးနော် ပရိတ်သတ်တကဲအညွန်းလေးစလိုက်ကြရအောင် ရှေးရှေးတုန်းကပုံပြင်လိုလို တကယ်လိုလိုနဲ့လူပြောများခဲ့တဲ့သေဆုံးပြီးသား လူသားတွေကိုထာဝရအသက်ရှင်စေနိင်တဲ့လည်ဆွဲပြားလေး အဲဒီလည်ဆွဲပြားကိုပြန်အသက်ဝင်လာအောင်လုပ်ဆောင်ပေးမည့် ကလေးငယ်တစ်ဉီးကလေးငယ်နဲ့လည်ဆွဲပြားလေးက ိုပိုင်ဆိုင်နိင်အောင်နည်းအမျိူ းမျိူ းနှင့်ကြိူ းစားမည့်မြွေခေါင်း ဆိုသောရာဇဝင်လူဆိုးတစ်ဦးကလေးငယ်နဲ့လည်ဆွဲပြားလေးကို မြွေခေါင်းရဲ့လက်ထဲကိုမရောက်အောင် အက်ဒီဆိုတဲ့ရဲစုံထောက်ကဘယ်လိုကာကွယ်မလဲ တကယ်ပဲလည်ဆွဲပြားလေးကအစွမ်းရှိသလား စသဖြင့်ရသစုံလင်ကြည့်ရှုရပါမည် ဂျက်ကီချမ်းရဲ့အက်ရှင်အလန်းများနဲ့ဟာသ ဇတ်ကွက်များကြောင့်ပရိတ်သတ်တွေအကြိူ က်တွေ့စေရမယ်လို့အာမခံပါတယ် (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ကို Soe Htwe ပဲဖြစ်ပါတယ်)File Size         : 697 MB Quality           : Blu ray 720P Running Time : 1hr 28 minute Format           : Mp4 Genre             : Action, Comedy, Fantasy Encoder         : Joker.phs
movie

The Medallion (2003)