Channel Myanmar

Jun Suk-ho

Nobody’s Lover (2022) 5
Nobody’s Lover (2022) Nobody's Lover (2022)မြို့သေးသေးလေးမှာ အမေနဲ့ နှစ်ယောက်တည်း အတူနေတဲ့ ၁၈နှစ်အရွယ် ယူဂျင်းဆိုတဲ့ ကောင်မလေး တစ်ယောက် ...တစ်ရက်မှာ အမေက သူ့ချစ်သူနဲ့ ကလေးရသွားလို့ချစ်သူအိမ်မှာပဲ နေတော့မယ်ဆိုပြီး အိမ်မှာ တစ်ယောက်တည်း ကျန်နေခဲ့တဲ့ ကောင်မလေး ...ကိုယ့်ဝမ်းကိုယ်ကြောင်းဖို့ အချိန်ပိုင်းအလုပ်လိုက်ရှာရင်း ပီဇာဆိုင်မှာ အလုပ်ရသွားခဲ့တဲ့ ၁၈နှစ်မလေးက ပီဇာဆိုင်မှာ ကောင်လေးနှစ်ယောက်နဲ့ တွေ့ပြီး ဘယ်လိုတွေ ဆက်ဖြစ်မလဲ?လောကကြီးအကြောင်း ဘာမှမသိတဲ့ မြီးကောင်ပေါက်လေးရဲ့ ပထမဆုံးကြုံဖူးတဲ့ ချစ်ခြင်း လွမ်းခြင်း ခွဲခွါခြင်းတွေက ဘယ်လိုလဲဆိုတာကိုတော့ ကြည့်ရှုလိုက်ကြရအောင်နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tiff ပါ။)File Size          : 2.5GB, 750MB, 341MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format  ...
movie

Nobody’s Lover (2022)

2022
Good Deal (2022) 5
Good Deal (2022) Good Deal (2022)(1080p ရပါပြီ)ဇာတ်ကားလေးရဲ့ နာမည်က Good Deal ဆိုတဲ့အတိုင်း အပေးအယူ အရောင်းအဝယ်တွေ လုပ်ကြတဲ့ ကားလေးပေါ့။ဘယ်သူတွေက ဘာအတွက်ကြောင့် ရောင်းပြီး ဘယ်သူတွေက ဘာလို့ ဝယ်ခဲ့ကြတာလဲ ဆိုတဲ့ အချက်က ဒီဇာတ်ကားကို စိတ်ဝင်စားစရာ ကောင်းစေတယ်။အပေးအယူ အရောင်းအဝယ်လုပ်ကြတဲ့ ပစ္စည်း ၅မျိုးအ‌ကြောင်းကို တစ်ခန်းပြီး တစ်ခန်းစီ ပြပေးထားတာက သာမန် ဒရာမာတွေနဲ့ မတူဘဲကွဲပြားနေတဲ့အချက်ဖြစ်ပြီး မတူကွဲပြားတဲ့ ပုံစံမျိုးနဲ့ ရိုက်ကူးထားတာကြောင့် အပေးအယူတစ်ခုပြီးသွားတိုင်း စိတ်ထဲ တစ်မျိုးလေး ခံစားရစေမယ့် ဇာတ်ကားမျိုးပါ။ပုံမှန်နဲ့ မတူညီတဲ့ ပြောပြရခက်တဲ့ ရသတစ်မျိုးကို အသစ်အဆန်း ခံစားကြည့်ချင်တဲ့သူတွေအနေနဲ့ ဒီကား‌ကို သေချာပေါက် ကြည့်သင့်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Miri ပါ။)File Size          : 2.1GB, 723MB, 364MB Quality      ...
movie

Good Deal (2022)

2022
Lucid Dream (2017) 6.2
Lucid Dream (2017) Lucid Dream 2017Lucid Dream ဆိုတာ လူတစ်ယောက်က အိပ်မက်ထဲမှာရောက်နေပေမယ့် ဒါဟာအိပ်မက်ပဲလို့ သူ့မှာ အသိစိတ်ရှိနေတာမျိုး အဲဒီ အိပ်မက်ကို Control လုပ်နိုင်တာမျိုးကို Lucid Dream လို့ခေါ်ပါတယ် အပြင်မှာ ကိုယ်အမှတ်မထင်ဖြစ်သွားတဲ့ အရာတွေကိုတောင်မှ Lucid Dream ထဲမှာပြန်မက်လိုက်ရင် ရှင်းရှင်းလင်းလင်းမြင်နိုင်စေလောက်တဲ့ အိပ်မက်မျိုးပေါ့ဒီဇာတ်ကားမှာတော့ မင်းသားကြီး Go Soo နဲ့ Sol Kyung Gu တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းစုံထောက်ချွဲဒယ်ဟိုဟာ လူချမ်းသာတွေ အာဏာရှိလူတန်းစားတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို အမြဲတမ်းဖော်ထုတ်လေ့ရှိတဲ့ သတင်းထောက်တစ်ယောက်ပါဒါကြောင့်လည်း အာဏာရှိလူတန်းစားတွေ လူကုံထံတွေက သူ့ကို အမြင်မကြည်ကြပါဘူးသူ့မှာ အရမ်းချစ်ရတဲ့ တစ်ဦးတည်းသောသားလေး ချွဲမင်အူရှိပါတယ် အမိမဲ့သားလေး မင်အူက သတင်းထောက်ချွဲရဲ့ဘဝမှာ အရေးအပါဆုံးသူပေါ့တစ်ရက် သားအဖနှစ်ယောက် ကစားကွင်းတူတူသွားရင်း မင်အူလေး ပြန်ပေးဆွဲခံခဲ့ရပါတယ် ဒီပြန်ပေးဆွဲမှု ၃ နှစ်ကြာတဲ့အထိ ဘာသဲလွန်စတစ်ခုမှ မရခဲ့ဘူးအဲဒီအချိန်မှာ LUCID DREAM ကနေတစ်ဆင့် ပြန်ပေးသမားတွေ တရားခံတွေကို ...
movie

Lucid Dream (2017)

Miss & Mrs. Cops (2019) 5.5
Miss & Mrs. Cops (2019) Weightlifting fairy ကားထဲက မင်းသမီးလေး ပါတဲ့ ကားသစ်လေးပါအလွန်တရာထူးချွန်တဲ့ စုံထောက်ပတ်ခ်မီယောင်းဟာ အိမ်ထောင်ကျ၊ကလေးရပြီးနောက်မှာ သူမ ချစ်ခင်နှစ်သက်ရတဲ့စုံထောက်အလုပ်ကိုစွန့်လွှတ်ခဲ့ရပြီး ပြည်သူ့တိုင်ကြားချက်များဌာနမှာပဲပြောင်းရွှေ့တာဝန် ထမ်းဆောင်နေခဲ့ရပါတယ်သူ့ယောင်းမဖြစ်သူ ချွဲဂျီဟေးကလည်း ရဲဖြစ်ဖို့မွေးဖွားလာတယ်ထင်ရတဲ့ရဲမေတစ်ယောက်ပါပဲတစ်ရက်မှာတော့ ဂျီဟေးဟာ သံသယရှိသူတစ်ယောက်ကိုဖမ်းဆီးရာမှာ အလွန်အကျွံအားသုံးတယ်ဆိုတဲ့ ပြစ်မှုနဲ့ အရေးယူခံရပြီးမီယောင်းရှိရာ ဌာနကို ခေတ္တပြောင်းရွှေ့ခန့်ထားခံခဲ့ရပါတယ်ပုံမှန်ဆိုမတည့်လေ့ရှိတဲ့ သမီးယောင်းမနှစ်ယောက်ဟာမတော်တဆ မှုခင်းတစ်ခုထဲပါဝင်မိပြီး သူတို့မထင်ထားလောက်တဲ့အထိပြစ်မှုကကြီးမားနေတဲ့အခါမှာတော့..သာမန်ချိန်းခြောက်အကြပ်ကိုင်မှုလို့သာ ယူဆထားခဲ့တဲ့ အမှုခင်းလေးတစ်ခုဟာကွင်းဆက်ရာဇဝတ်မှုကြီးဖြစ်နေတဲ့အခါမှာတော့..သမီးယောင်းမနှစ်ယောက်ဘယ်လိုဖော်ထုတ်ကြမလဲဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာဟာသနှောပြီးကြည့်ရမှာပဲဖြစ်ပါတယ်ဝါရင့်သရုပ်ဆောင်တွေဆိုတော့ ကြည့်ရတာ အပိုအလိုမရှိ ကွက်တိပါပဲနော် File Size : (1 GB , 367 MB)Quality :  WEB-DL 720pRunning Time : 1 hr 47 minFormat : Mp4Genre : Comedy , CrimeSubtitle : Myanmar Subtitle (Hard Sub)Translated by NeveEncoded ...
movie

Miss & Mrs. Cops (2019)

2019
Miss Baek (2018) 6.8
Miss Baek (2018) ဒီကား​​လေးက​​တော့ child abuse အ​ကြောင်းရိုက်​ထားတဲ့ဇာတ်​လမ်း​လေးပါ တကယ့်​ဖြစ်​ရပ်​မှန်​ကိုရုပ်​ရှင်​ရိုက်​ထားတာဆို​တော့ ရင်​ထဲ​တော်​​တော်​ထိပါတယ်​ ( ဘာသာပြန်​ရင်းမျက်​ရည်​​တောင်​ကျတယ်​ ) သရုပ်​​ဆောင်​​တွေကလည်းတကယ့်​အပိုအလိုမရှိသရုပ်​​ဆောင်​ထားတာပါ ​ message ​တွေအများကြီးနဲ့တကယ့်​အနှစ်​ကား​လေးပါ ကြည့်​ပြီးရင်​ ရင်​ထဲတစ်​ခုခု​တော့ကျန်​ခဲ့မှာပါ ဇာတ်လမ်းအကျဉ်းချုံးက​တော့ ​​​ဘတ်​ဆန်းအာ(miss beak) ဟာ လူသတ်​ဖို့ကြိုးစားမှုနဲ့​ထောင်​ကျဖူးတဲ့အမျိုးသမီးတစ်​​ယောက်​ ငယ်​စဉ်​ကတည်းအ​ကြောင်းအမျိုးမျိုး​ကြောင့်​ အ​မေအရင်းက​နေစွန့်​ပစ်​တာကိုခံခဲ့ရတယ်​ ဒီလိုနဲ့ဘ၀ကိုဖြစ်​သလိုရပ်​တည်​လာရင်း မထင်​မှတ်​ပဲ​အေးစက်​​နေတဲ့​ဆောင်းညတစ်​ညမှာ လမ်း​ဘေးမှာထိုင်​ပြီးခိုက်​ခိုက်​တုန်​​နေတဲ့ ကိုးနှစ်​အရွယ်​မိန်းက​လေးတစ်​​ယောက်​နဲ့​စ​တွေ့ခဲ့တယ်​ အဲ့က​လေးမ​လေးကလည်းအ​ဖေအရင်းနဲ့ အ​ဖေဖြစ်​သူရဲ့အတူ​နေရည်းစားရဲ့နှိပ်​စက်​မှု​တွေကို အရွယ်​နဲ့မလိုက်​​အောင်​ခါးစည်းခံ​နေရတဲ့က​လေးမ​လေး ဒီက​လေးမ​လေးကိုဘတ်​ဆန်းအာက​တွေ့သွားတဲ့အချိန်​မှာ ဘတ်​ဆန်းအာက သူ့မရဲ့အတိတ်​ကဘ၀ကိုသတိရသွားပြီး ဒီက​လေးမ​လေးအ​ပေါ်သနားသွားပါ​တယ်​ ဘတ်​ဆန်းအာကဒီ​က​လေးမ​လေးရဲ့ခန္ဓာကိုယ်​ကဒဏ်​ရာ​တွေကို​တွေ့ပြီး က​လေးမ​လေးကိုနှိပ်​စက်​ကြတဲ့အ​ကြောင်းကိုသိသွားပါ​တော့တယ်​ ဘတ်​ဆန်းအာနဲ့ဒီက​လေးမ​လေး​တွေ့ပြီး ​ ဘာ​တွေဆက်​ဖြစ်​မှာလဲ ဒီက​လေးမ​လေးကို​ရော ဘတ်​ဆန်းအာကကယ်​တင်​နိုင်​မှာလား ဘတ်​ဆန်းအာကို​ရော သူ့အ​မေကဘာလို့စွန့်​ပစ်​သွားခဲ့တာလဲ ဆိုတာ​တွေကို​တော့ ဇာတ်​လမ်းထဲမှာပဲကြည့်​​ပေးကြပါဦး ဇတ်လမ်းကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Shwe Yee Oo ဖြစ်ပါတယ်
movie

Miss Baek (2018)

2018
Seondal: The Man Who Sells the River (2016) 6.5
Seondal: The Man Who Sells the River (2016) Seondal: The Man Who Sells the River (2016)_____IMDb - 6.5/10   ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ မြန်မာပရိသတ်အနေနဲ့ ရင်းနှီးပြီးသား မင်းသားချောလေး ယူဆောင်ဟို (YooS0ungHo) ရဲ့ အောင်မြင်တဲ့ဇာတ်ကားလေး တစ်ကားပါ ။ ဒီဇာတ်ကားမှာ ယူဆောင်ဟိုက တရုတ်ပြည်ကို ကျွန်အဖြစ် ရောင်းစားခံရပြီး စစ်ပွဲမှာ မသေခဲ့ပဲထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကင်အီနွန်းအဖြစ် သရုပ်ဆောင် ထားပါတယ်…. ကင်အီနွန်းက သူနဲ့အတူလွတ်မြောက်လာတဲ့တခြား နှစ်ယောက်ရယ်ပေါင်းပြီး ညီအစ်ကိုလို ချစ်ချစ်ခင်ခင်ပျော်ရွင်စွာနေထိုင်နေကြတယ်… သူတို့ရဲ့အသက်မွေးကျောင်းကတော့ လူလိမ်တပါတ်ရိုက် ရိုက်စားပေါ့ဗျာ… ကင်အီနွန်းရဲ့ ရိုက်စားအကွက်တွေက လှလွန်းတော့“ မုသားသခင်”ရယ်လို့ဆိုပြီး နာမည်ကျော်ပေါ့… သူကလည်းအတင့်ရဲချက်ကမ်းကုန် ဘုရင့်ဘဏ္ဍာတိုက်တောင်မနေရဘူး ရအောင်ဖောက်တယ် ။ ဒါကြောင့် ဘုရင့်တရားရုံးကလည်း အလိုရှိနေတဲ့ ထိပ်တန်းလူလိမ်လေး။ တစ်ခါမှတော့ ဆောဒယ်ဆောင်းရဲ့ဆေးရွက်ကြီးတွေ ဖျောင်ဖို့ကြိုးစားရင်း မအူမလည်သူတို့ရဲ့ညီငယ်လေး အသက်ပေးသွားရတယ်…. ဆောဒယ်ယောင်း ဆိုတာကလည်း ဘုရင့်ဆွေတော်မျိုးတော် ဦးရီးတော် လောဘကြီးသူ ကိုယ့်အတွက်သာကိုယ်ကြည့်ပြီး ဂျိူဆွန်းနိုင်ငံသားများကို တရုတ်သို့ ကျွန်အဖြစ်ရောင်းစား ဆေးရွက်ကြီးတွေလုပ်နဲ့ တရုတ်ကိုတော့အသေဖားနေတဲ့လူကြီးပေါ့… ငွေကြေးအင်အားကလည်းတောင့်တင်း တရုတ်ကိုလည်းပိုင်ဆိုတော့ ဘုရင်ကတောင် မနိုင်လို့ လက်မှိုင်ချနေရတဲ့ လူလည်ကြီး မုသားသခင် ကင်အီနွန်းကလည်း ညီငယ်အတွက် ...
movie

Seondal: The Man Who Sells the River (2016)

2016