Channel Myanmar

Kajal Agarwal

Mersal (2017) 8.7
Mersal (2017) Mersal (2017) "" IMDb - 7.5ဗီဂျေးဇာတ်လမ်းများ စုစည်းမှုဆိုပြီး တင်ဆက်ပေးနေတဲ့အတိုင်းပဲ ဗီဂျေးရဲ့ ကားကောင်းတကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကို ၂၀၁၇က တကမ္ဘာလုံးမှာ ထုတ်လွင့်ခဲ့တာဖြစ်ပြီး ဝေဖန်လေကန်ရေးတွေရော ပရိသတ်တွေဆီကပါ ကောင်းမွန်တဲ့ချီးကျူးထောပနာပေးခြင်း ခံခဲ့ရပါတယ်။မွေးကတည်းက ကွဲကွာသွားကြတဲ့ ညီကိုနှစ်ယောက်။ တစ်ယောက်က သူ့မိဘတွေ သေဆုံးရမှုအတွက် လက်စားလိုက်ချေတဲ့ မျက်လှည့်ပညာရှင်။ နောက်တစ်ယောက်က လူနာတွေဆီကနေ အခကြေးငွေအနည်းငယ်သာ ယူတယ်လို့ အများလက်ခံထားတဲ့ ဆရာဝန်တစ်ယောက်။ရဲအရာရှိတစ်ယောက်က ကျွမ်းကျင်ဆေးပညာရှင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ဆရာဝန်တစ်ယောက်ကို ဖမ်းမိတာကနေစလို့ ထင်မှတ်မထားတဲ့ လက်စားချေမှု၊ အကျင့်ပျက်ချစားမှုတွေအပြင် မှော်ဆန်တဲ့လုပ်ရပ်တွေကို တွေ့ရှိခဲ့ချိန်မှာတော့...။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 3.73GB  / 2GB Quality…WEB DL 1080p /720p Format…mp4 Duration…2h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated byThaik San
movie

Mersal (2017)

2017
Thuppakki (2012) 8.1
Thuppakki (2012) Thuppakki (2012) "ပစ်မှတ်" IMDb - 8.1/10ပြောထားတဲ့အတိုင်း ဗီဂျေးအသည်းစွဲ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် ဗီဂျေးစုစည်းမှုအနေနဲ့ ဗီဂျေးရဲ့ ဝေဖန်သံတွေနဲ့အတူ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ရုံတင်ကား အဟောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပြန်ပါပြီဗျ။ မင်းသမီးလေးကလည်း တောင်ပိုင်းကားတွေရော မြောက်ပိုင်းကားတွေမှာပါပါဝင်တဲ့ ခင်ဗျားတို့ရော ကျွန်တော်ရောချစ်ရတဲ့ ဘိုင်ရာဘာမင်းသမီးလို့ နာမည်ကြီးတဲ့ မင်းသမီးချောလေး ကာဂျဲအက်ဂါဝဲပဲဖြစ်ပါတယ်၊ ကွန်မန်ဒိုမင်းသား ဗီဒရွတ်လည်းပါဝင်အားဖြည့်ထားတာမို့ အဟောင်းထဲက အကောင်းတောင့်တနေတဲ့ ပရိသတ်ကြီးအကြိုက်တွေ့မဲ့ကားပါဗီဂျေးက ကတ်ရှ်မီးကနေ မွမ်ဘိုင်းကို ခွင့်နဲ့ပြန်လာခဲ့တဲ့စစ်သားတစ်ယောက်၊ ရထားဘူတာမှာပဲ မိသားစုက လာကြိုပြီး စေ့စပ်ကြောင်းလမ်းဖို့ရာအရေး အလျင်စလိုတန်းခေါ်ချင်းခံရရော။ အဲဒီမှာ မင်းသမီးကို တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းဆိုသလို မကြိုက်နိုင်ဘူး ဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ်နဲ့ ကြေးများ။မင်းသမီးရဲ့ တကယ့်စရိုက်အမှန်ကိုမြင်သွားတော့ လွတ်တဲ့ငါး ကြီးရုံမက မိုနာ့ချ်ထဲမှာ ဖြတ်လျောက်ပါတဲ့ ဂေါ်ဇီလာကြီးလောက် ဖြစ်နေပါရောလား။ ဒီမှာတင်ပဲ တစ်ယောက်နဲ့တစ်ယောက် ရန်စကလေးတွေနဲ့ ဇာတ်လမ်းစတော့တာပေါ့။ ဒါက ဒရာမာတဖြတ်။ တစ်နေ့ ဗီဂျေးလမ်းမှာသွားနေတုန်း ဘတ်စ်ကား ဗုံးဖောက်ခွဲခံရတာနဲ့ကြုံ။ လက်သည်ကို ဖမ်းမိလိုက်ပေမဲ့ အကြောင်းကြောင်းတွေကြောင့် လွတ်သွားရာကနေ မီးခိုးကြွက်လျောက်လိုက်တဲ့အခါမှာ မထင်မှတ်ထားတာတွေဖြစ်။ဒါက အက်ရှင်တဖြတ်။ ဒီလို အချစ် ဒရာမာ အက်ရှင်ဇာတ်ကြမ်းကားကြီးကို ကြည့်ရှုကြပါဦး ချစ်သောရုပ်ရှင်ချစ်ပရိသတ်အပေါင်းတို့။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ V~ ...
movie

Thuppakki (2012)

2012
Bhagavanth Kesari (2023) 7.2
Bhagavanth Kesari (2023) Bhagavanth Kesari (2023) "ခြင်္သေ့မလေးဗီဂျီ" IMDb - 7.3/10ဘိုင်ရာဗာမင်းသမီးလေး ကာဂျဲလ်နဲ့ တီလဂူးကားတွေရဲ့ အက်ရှင်မင်းသားကြီး Nandamuri Balakrishna မင်းသမီးချောလေး Sreeleela တို့ အဓိကပါဝင်ထားပြီး Ra.One နဲ့ Om Shanti Om ရဲ့ ဗီလိန် ခန့်ချောကြီး Arjun Rampal လည်းပါဝင်ထားတာတဲ့ အက်ရှင်ကြမ်းကြမ်း ပလော့လန်းလန်းနဲ့ ရုံကားကြီးတင်ဆက်ပေးလိုက်ပါတယ် ရုံတင်ငွေလည်း ကုဋေ ၁၃၀ ထိရထားတာမို့ အကြိုက်တွေ့ကြမဲ့ကားပါနီလာကွန်ဒါဘာဂဗန်ကေဆရီလို့ ခေါ်တဲ့ လုပ်ငန်းရှင်တစ်ဦး၊ အရင်အစိုးရကို ရံပုံငွေထောက်ပံ့တဲ့အတွက်ကြောင့် အခုတက်လာတဲ့အစိုးရကနေ အမှုဖွင့်ပြီး ထောင်ထဲကို ပို့ခံထားရသူ။ တရားမှုကို မြတ်နိုးပြီးတော့ အနိုင်ကျင့်တာကိုလည်း မျက်ကွယ်ပြုမထားနိုင်သူတစ်ယောက်။တစ်ရက်မှာတော့ ဘာဂဗန်ရဲ့ မိခင်ဖြစ်သူဟာ သေခါနီးဆဲဆဲ သူ့သားကို မမြင်ရရင် မသေနိုင်ဘူးဆိုပြီး တင်းခံနေတဲ့အတွက်ကြောင့်နဲ့ သူ့ရဲ့မိခင်ကို တွေ့ဖို့ သူတို့ရဲ့ ထောင်မှူးကို တောင်းဆိုရာကနေ ထောင်မှူးရဲ့ ခွင့်ပြုချက်နဲ့ မိခင်ဖြစ်သူရဲ့ နောက်ဆုံးထွက်သက်ကို အနားမှာ ရှိပေးလိုက်နိုင်ခဲ့ပါတယ်။ ဒီလို ကျေးဇူးတွေကြောင့်နဲ့ ...
movie

Bhagavanth Kesari (2023)

2023
Aarya 2 (2009) 7.5
Aarya 2 (2009) Arya 2 (2009) "သုံးပွင့်ဆိုင်"အာလူးအာဂျွန်ရဲ့ လူကြိုက်များပြီး IMDb 7.4 rotten tomatoes 83%လို ratingကောင်းတွေပိုင်ဆိုင်ထားတဲ့ old but gold ရုပ်ရှင်လေးတစ်ကားကို Bollywood ချစ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြန်ပါပြီ။ ဒီမှာတော့ ဇာတ်လိုက်ကျော်ကြီးအာလူးအာဂျွန်ကို လုံးဝကွဲထွက်နေတဲ့ ကာရိုက်တာ 2 ခုအနေနဲ့ မြင်တွေ့ရမှာပါ။မိဘမဲ့ကျောင်းလေးတစ်ခုမှာ ငယ်စဉ်ကတည်းက ဉာဏ်များလွန်းပြီး toxicတဲ့ အာရ်ယာဆိုတဲ့ကောင်လေးဟာ မထုံတတ်တေး အဂျေးဆိုတဲ့ကောင်လေးကို ပီကေတစ်ခုနဲ့ မရမကအကွက်ဆင်ပြီး သူငယ်ချင်းလုပ်ပြီး ကပ်နေလိုက်ပါတယ်။ မအူမလည်နဲ့ခံလိုက်ရတာပေမဲ့ အဂျေးကတော့ အာရ်ယာကို ကွေ့ပတ်ရှောင်လေ ပြေးမလွတ်လေမလို့ အခွင့်ကောင်းစောင့်ပြီးပြေးဖို့ချောင်းနေတာပေါ့။ဒီလိုနဲ့ တစ်နေ့မှာသူတို့နှစ်ယောက်ထဲက တစ်ယောက်က ချမ်းသာတဲ့အိမ်မှာ မွေးစားခံရဖို့ဖြစ်လာချိန်မှာ အာရ်ယာတစ်ယောက် အဂျေးကိုသွားခွင့်ပေးလိုက်ပြီး သူကတော့ကျန်နေရစ်ပါတယ်။ ‌အဂျေးကတော့ အာရ်ယာလက်ကလွတ်ပြီဆိုတဲ့အတွေးနဲ့ မွေးစားခံလိုက်တာပေါ့။ဒါပေမဲ့ ကိုယ်စီအရွယ်ရောက်လာချိန်မှာတော့ အဂျေးဆီကို ပြဿနာတစ်ခုနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အာရ်ယာ၊ နဂိုထဲကမှ ပြဿနာရှာတတ် မကောင်းတာအစုံတတ်တဲ့လူမိုက်ဆန်ဆန်အာရ်ယာတစ်ယောက် ဘွားခနဲပြန်ပေါ်လာချိန်မှာ အဂျေးတစ်ယောက် ခေါင်းကိုက်ရပြန်ပေမဲ့ ထုံးစံအတိုင်းပဲ | ရှောင်မရတာမလို့ သူ့ကုမ္ပဏီမှာ အလုပ်ခန့်လိုက်ရပြန်ပါတယ်။ ဒါပေမဲ့ ...
movie

Aarya 2 (2009)

2009
Karungaapiyam (2023) 7.7
Karungaapiyam (2023) Karungaapiyam(2023) IMDb 7.7/10 တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထဲ လူမသိလိုက်တဲ့ ထူးခြားဆန်းကြယ်ပုံပြင်စာအုပ်တစ်အုပ်ကို ဖတ်‌နေရသလိုခံစားချက်မျိုးအပြင် Kajal Aggarwal နဲ့ Regiana Cassandra တို့လို နာမည်ကြီးတွေပါဝင်သရုပ်ဆောင်ထားပြီး ဘာဘူကလဲ ပါဝင်အားဖြည့်ထားတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ကိုဗစ်ကာလရဲ့ ပျောက်ဆုံးသွားတဲ့အချိန်တွေကို ပြန်ပြောင်းပြောရရင် Lock down နဲ့အတူ ပြတ်တောက်သွားတဲ့ဆက်သွယ်မှုတွေထဲက သီးသန့်ဆန်သွားတဲ့ လူနေအိမ်တွေထဲကအကြောင်းအရာတွေကလည်း မပါမဖြစ်‌ပေါ့။ ဒီကားလေးမှာဆိုရင် အစပိုင်းမှာ ကိုဗစ်ကလည်းဖြစ်၊ ဘဲကလည်းပစ်ခံလိုက်ရတဲ့ မင်းသမီးဟာ သူငယ်ချင်းကျေးဇူးနဲ့ ရှေးဟောင်းစာကြည့်တိုက်တစ်ခုမှာ သွားဖတ်ဖို့အခွင့်အရေးရသွားလို့ သွားလိုက်တယ်ဆိုပြီး ပေါ့ပေါ့ပါးပါးလေးစထားပေမယ့် သူဖတ်လိုက်မိတဲ့ ‘မဟူရာ ပုံပြင်များ’ဆိုတဲ့ စာကြည်တိုက်ထောင်စကတည်းက ရှိနေတဲ့ နှစ်တစ်ရာကျော်ကြာပုံပြင်စာအုပ်ထဲ ဘယ်လိုအဖြစ်အပျက်တွေပါနေမလဲ …အပြင်လောကနဲ့ရောဘယ်လို ဆက်စပ်နေမလဲ ..သူနဲ့ရော ဘာတွေပတ်သတ်နေမလဲ ..စတာတွေကို အသည်းတအေးအေး ကျောတချမ်းချမ်းနဲ့ကြည့်ရမယ့်အပြင် ကိုဗစ်ကာလအိပ်မက်ဆိုးကြီးကိုလည်း ဟာသလေးတွေနှောပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးထားပါတယ်။ (အညွှန်းကို Aditi မှရေးထားပြီး Aditi,BpL,Voldemort&Cherryတို့မှ ဘာသာပြန်ထားပါတယ်) File size…2.13GB / 863MB Quality…1080p WEBDL AAC5.1CH / 720p Format…mp4 Duration….2h8mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ BpL~ Voldemort~ Cherry
movie

Karungaapiyam (2023)

Ghosty (2023) 6.7
Ghosty (2023) Ghosty ( 2023 ) ============== IMDb. 6.8/10 .Cm ပရိသတ်တွေအတွက် ဘိုင်ရာဗာရုပ်ရှင်ထဲကမင်းသမီး ကာဂျယ်အက်ဂါဝယ်ရဲ့ အသစ်ထွက် တမီလ်စကားပြော comedy, horror ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ အာရ်သီဆိုတဲ့ ရဲစုံထောက်မလေးဟာ အင်မတန်မှ တလွဲလုပ်တတ်လွန်းတဲ့သူပါ။ တစ်နေ့မှာတော့ သူ့အဖေရဲမှူး အငြိမ်းစားမယူခင် ခက်ခက်ခဲခဲ ဖမ်းခဲ့ဖူးတဲ့ ဒါ့စ်ဆိုတဲ့ ရာဇဝတ်ကောင်တစ်ယောက်ဟာ ထောင်ဖောက်ပြီးထွက်ပြေးသွားခဲ့ပါတယ်။အဲဒီသတင်း ကြားတဲ့အချိန်ကနေစပြီး အာရ်သီဟာ ဒါးစ်ကို အသည်းအသန် လိုက်ဖမ်းဖို့ကြိုးစားပါတော့တယ်။ သူဟာ ဒါးစ်နောက်ကိုလိုက်ရင်း တလွဲတချော်တွေဖြစ်ပြီးနောက်ပိုင်း သူ့ရဲ့အိမ်မှာ အပမှီသလို မသိုးမသန့်ကိစ္စတွေ ကြုံလာရပါတော့တယ်။ဒီ Ghosty ဆိုတဲ့ သရဲ၊ ဟာသရုပ်ရှင်လေးဟာ ကာဂျယ် ကလေးမွေးပြီးနောက်ပိုင်း ပထမဆုံးပြန်ထွက်လာတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း ကြည့်လို့အဆင်ပြေတဲ့အပြင် ကာဂျယ်ကလည်း အစွမ်းကုန်လှနေတဲ့အတွက် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.4GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Khin Khin~ BpL~ Yunni~ Cherry~Zwe Yan ...
movie

Ghosty (2023)

2023
Baadshah (2013) 6.3
Baadshah (2013) Baadshah (2013) ===============ဒီနေ့မိတ်ဆက်ပေးချင်တာက‌တော့ ဘောလီဝုဒ် အက်ရှင်ကားလေး တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အကလည်းရ၊ သရုပ်ဆောင်လည်းရ၊ အစီအစဉ်တင်ဆက်လည်းရတဲ့ မင်းသားကြီး N.T.Rama Rao Jr. နဲ့ နာမည်ကြီးမင်းသမီး Kajal Aggarwal တို့ ပါ၀င်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ဇာတ်ကားအကြောင်းကိုပြောရရင် ရာမာရောင် ဆိုတဲ့လူဟာ အရည်အချင်းရှိတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် ရဲတစ်ဖွဲ့ထဲဝင်ဖို့လျှောက်တဲ့အခါ သူ့အဖေက လူဆိုးဂိုဏ်းထဲမှာရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် အငြင်းခံလိုက်ရပါတယ်။ အဲဒီအချိန်မတိုင်ခင်က ဆာဒူဘိုင်းဆိုတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက် ခွဲလိုက်တဲ့ဗုံးမှာ သူ့ညီ ဆစ်ဒူ ပါသွားပြီး အသက်ဆုံးရှုံးသွားခဲ့ရတာပါ။ ဒီအချိန်ကစပြီး ရာမာရောင်ဟာ ဘာရှာ ဆိုတဲ့ နာမည်ကြီးလူသတ်သမားတစ်ယောက် ဖြစ်သွားခဲ့ပြီး ဆာဒူဘိုင်းကို လက်စားချေဖို့ ကြိုးစားပါတော့တယ်။ဒီဇာတ်ကားဟာ Action သီးသန့်မဟုတ်ပဲ Drama/ Comedy တို့နဲ့ပါ ပေါင်းစပ်ထားသေးတာကြောင့် ကြည့်ရင်းနဲ့ ပျင်းဖို့အချိန်ကို မရှိနေတဲ့အတွက် ဘောလိဝုဒ်ကြိုက်တဲ့သူရော၊ ဘောလိဝုဒ်မကြည့်ဖြစ်တဲ့သူတွေပါ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…3.68GB / 1.96GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Baadshah (2013)

2013
Hey! Sinamika (2022) 6.3
Hey! Sinamika (2022) Hey Sinamika 2022မိန်းမတွေကစကားအရမ်းများတယ်လို့ အဆိုရှိကြတယ်မလား ဒါပေမယ့်ဒီဇာတ်ကားမှာတော့ရေပက်မဝင်အောင်ပြောတဲ့ယောကျာ်းကြောင့်ကွာရှင်းချင်နေတဲ့ မိန်းမတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကိုကြည့်ကြရမှာပဲဖြစ်ပါတယ်Netflix ကနေထုတ်လွှင့်ပေးထားပြီး IMDb 6.3ထိရရှိထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့ မိုနာဆိုတာက ရာသီဥတုလေ့လာဆန်းစစ်သူပါတစ်နေ့မုန်တိုင်းကြားမှာ ဟိန္ဒိစကားသိပ်မပြောတတ်တဲ့ကောင်လေးတစ်ယောက်ကို စကားနည်းတယ်ဆိုပြီးမြင်မြင်ချင်းအချစ်နဲ့နှစ်ယောက်သားလက်ထပ်လိုက်ကြပါတယ် ဒါပေမယ့် လူဆိုတာကြာကြာပေါင်းမှအကြောင်းသိဆိုသလိုပဲဘာသာစကားလေ့လာတတ်ကျွမ်းသွားတဲ့ ရာလန်တစ်ယောက် တွေ့သမျှကိုမေးခွန်းထုတ်ပြီး ရေပက်မဝင်ပြောပါတော့တယ်"စကားပြောတာက အသက်ရှုနေရတာနဲ့အတူတူပဲ" ဒီစကားက ရာလန့်ကိုစကားပြောတာရပ်ခိုင်းရင်သူပြန်ပြောနေကျပါစကားပြောတာအပြင်ကိုအချက်အပြုတ်ပါ ဝါသနာပါတော့ တွေ့မြင်သမျှပေါက်ကရကအစ မိန်းမကိုကျွေးနေတော့သည်းမခံနိုင်တော့တဲ့တစ်နေ့ မိုနာ အလုပ်ကသူငယ်ချင်းတွေနဲ့ပေါင်းပြီး ကွာရှင်းဖို့နည်းလမ်းရှာပါတော့တယ်ရာလန်ကိုစိတ်ဆိုးအောင်လုပ်ပြီးကွာမယ်ဆိုတဲ့အစီအစဉ်က အောင်မြင်သွားမလား လွဲချော်ကုန်မှာလားဒါ့အပြင်မိုနာတို့ကုမ္ပဏီက တစ်နှစ်စာ‌ခရီးထွက်ဖို့ပရောဂျက်ကျလာတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲမျက်ရည်ထွက်အောင်ရယ်ရတဲ့ Netflix ရဲ့ Romance/Comedyဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်) File size…1.34GB / 3GB  Quality…720p WEB DL  /  1080p WEB DL AAC 5.1CH Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Go-O & Honeyey & Haruko
movie

Hey! Sinamika (2022)

2022
Naayak (2013) 5.6
Naayak (2013) Naayak (2013) ============= ဘောလီးဝုဒ် ဖိုက်တင်ကား ကြည့်ချင်သူတွေအတွက် Naayak ဆိုတဲ့ Imdb 5.6 ရထားတဲ့ကားလေးဖြစ်ပါတယ်..မင်းသားကလဲ နာမည်ကြီးဖိုက်တာမင်းသားဆိုတော့ လှပြီလေ။Naayak ဆိုတာ မြန်မာလိုဆို ခေါင်းဆောင် လို့အဓိပ္ပါယ်ရပါတယ်။ နိုင်သူစားစတမ်း လူမိုက်တွေကြီးစိုးနေတဲ့မြို ့မှာ လူမိုက်တွေဟာ ဥပဒေလွတ် ဆင်းရဲသားလူတန်းစားတွေကို အနိုင်ကျင့်ဂုတ်သွေးစုပ်ပြီး ကျိကျိ်တက်ချမ်းသာ နေကြပါတယ် ။ ရဲတွေ အာဏာရှိသူတွေကလဲ သူတို့ဘက်တော်သားဆိုတော့ ဘယ်သူကမှ သူတို့ကို မတော်လှန်ဝင့်ကြပါဘူး အဲ့အချိန်မှာ ဒီကြားထဲကနေ သူတို့ကို ပြန်တွန်းလှန်မယ့် အင်အား ကြီးတဲ့ naayak ဆိုသူ ပေါ်လာချိန်မှာတော့……….ပေါ့ပေါ့ပါးပါးကြည့်ဖို့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။File size…(1.2 GB) and (600 MB) Quality….WEB-DL Rip 720p Format…mp4 Duration….02:32:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nyi Ye Naing
movie

Naayak (2013)

2013
Singham (2011) 6.8
Singham (2011) ဇာတ်​လမ်းက​တော့ ​ငွေ​ကြေးချမ်းသာတဲ့ ဒုစရိုက်​သမား​တွေက လာဘ်​စားတဲ့ရဲ​တွေနဲ့​ပေါင်းပြီး ဥပ​ဒေကိုဂရုမစိုက်​ ထင်​တိုင်းကြဲ​​နေကြပါတယ်​ ဒါကိုမခံနိုင်​တဲ့ သမာသမတ်​ကျတဲ့ရဲတစ်​​ယောက်​က သူတို့ကိုဆန့်​ကျင်​ဖို့ကြိုးစားတဲ့အခါမှာ​တော့ အဲဒီရဲကို လာဘ်​စားတယ်​ဆိုပြီးလုပ်​ကြံအမှုဆင်​ကာ ​​ထောင်​ချဖို့ကြိုးစားပါ​တော့တယ်​ ဘယ်​လိုမှ​ဖြေရှင်းလို့မရ​တော့တဲ့ အဆုံးမှာ​တော့ လုပ်​ကြံတရားစွဲခံရတဲ့ရဲဟာ သူ့ရုံးခန်းမှာတင်​ ကို​ယ့်​ကိုကိုယ်​သတ်​​သေသွားခဲ့ပါတယ်​ သုံးနှစ်​ကြာပြီး​နောက်​မှာ အဲဒီရဲရဲ့မိန်းမပြန်​အစ​ဖော်​တဲ့အတွက်​​ကြောင့်​ ​နောက်​တစ်​ခါဒီအမှုကို ပြန်​စစ်​ဖို့တာဝန်​ကျတဲ့သူက​တော့ ရဲအရာရှိ ဘာဂျီရိုဆင်းဂမ်​ ပဲဖြစ်​ပါတယ်​... ဆင်းဂမ်​ဟာ သတ်​​သေသွားတဲ့ရဲအရာရှိ​ဟောင်းရဲ့ ရုံးခန်းမှာထိုင်​ပြီး ဒီဒုစရိုက်​သမား​တွေရဲ့ နည်းမျိုးစုံခြိမ်း​ခြောက်​ဒုက္ခ​ပေးတဲ့ကြားက ဘယ်​လိုပြန်​ပြီး အပြစ်​​ပေးနိုင်​​အောင်​လုပ်​သွားမလဲကို​တော့ ဇာတ်​ကားထဲမှာဆက်​ကြည့်​သွားကြပါလို့ ဘာသာပြန်ကတော့ May Thu ဖြစ်ပြီး အညွှန်းကို Chanyein Soe မှ ရေးပေးထားပါတယ်
movie

Singham (2011)

2011
Great Warrior (Magadheera) [2009] 7.7
Great Warrior (Magadheera) [2009]             ဒီဇာတ်ကားလေးကတော့ လူကြိုက်များခဲ့တဲ့ဇာတ်ကားကောင်းတစ်ခုပေါ့နှစ် ၄၀၀ ရာခန့်က ဘဝတွေရဲ့ အချစ်ရမ္မက်က ယနေ့ဘဝထိ ဆွဲခေါ်ငင်ခဲ့ပြီး ဘယ်လိုဘယ်ပုံနည်းနဲ့ အဆုံးသတ်စေခဲ့သလဲဆိုတာကိုရင်မောဖွယ် စောင့်ကြည့်ရမယ့်ကားကောင်းလေးပါ(ဇာတ်လမ်းအကျဉ်း) ဟာရှာ ဆိုတဲ့ လူငယ်လေးဟာ ဆိုင်ကယ်စတန့် သမားတစ်ယောက်ပေါ့ ဆယ်ပေလောက် အမြင့်ဘားတန်းကို ကျော်ဖြတ်ကာ စွန့်စားနိုင်ခဲ့တဲ့ သူပါ တစ်နေ့မှာတော့ ဘန်ကောက်ပြိုင်ပွဲသွားရန်အတွက် လေဆိပ်ကို ကားငှါးစီးသွားခဲ့ပါတယ်အဲဒီ အချိန်မှာ မိုးကလည်းသည်းလို့။ သူဟာ ကားဘေးဆီမှ လက်ဆန့်ထုတ်ပြီး မိုးရေစက်တွေကို ထိတွေ့လို့နေခဲ့ပါတယ်တစ်နေရာအရောက်မှာတာ့ သူ့လက်ကိုလျှပ်စီးထိသလို ဖြစ်ခဲ့ပါတယ် ဟာရှာ အတွက်တော့ ဒါဟာအတိတ်ဘဝဆီ ပြန်တွေးစေခဲ့တဲ့ နိမိတ်ပါ သူ့ကိုလျှပ်စစ်စီးသလိုဖြစ်စေခဲ့တာကလည်းကောင်မလေးတစ်ယာက်ရဲ့လက်နဲ့ ထိတွေ့မိမှုကြောင့်ပါ ဒါကို ဟာရှာ သိခဲ့တာကြောင့် အဲဒီကောင်မလေးကိုကားမှတ်တိုင်မှာပြန်ရှာဖို့ ကြိုးပမ်းခဲ့တယ်အဲဒီကောင်မလေးနာမည်က အင်ဒီရာ တဲ့သူမရဲ့အဖေနဲ့ ဦးလေး ကတော့ အမွေ ကိစ္စနဲ့ အမှုရင်ဆိုင်နေကြရတယ် သူ့ဦးလေးမှာသားတစ်ယောက်ရှိ၍ နာမည် ကတော့ ဒါရာဂူးဗား/ ဒါရာဂူးဗား ဟာ ရက်စက်ကြမ်းတမ်းသူတစ်ဦးဖြစ်ပြီးမိမိလိုချင်သည့်အရာအား မည့်သည့်နည်းနဲ့မဆို ရယူလေ့ရှိသည်။တစ်နေ့မှာတော့ ဒါရာဂူးဗား ဟာ အင်ဒီရာ ကိုတွေ့ပြီးချစ်ကြိုက်မိသွားတော့တယ် အဲဒီချိန်မှာတော့ဒါရာဂူးဗားဟာ အင်ဒီရာကို ရရှိဖို့ ...
movie

Great Warrior (Magadheera) [2009]

2009
Vivegam (2017) 6.1
Vivegam (2017) အဂျေးကူမား အရေးကြီးသဲလွန်စတစ်ခုရတာနဲ့ သေနတ်နဲ့အပစ်ခံရ လုပ်ကြံဇာတ်ခင်းခြင်းခံရနဲ့ ဇာတ်လမ်းကို အဆုံးထိဆွဲခေါ်သွားမှာဖြစ်ပါတယ်ရင်ဆိုင်နေရတဲ့ရန်သူတွေက ဘယ်ကလဲ ဒီကိစ္စတွေရဲ့လက်မည်းကြီးကဘယ်သူလဲ ဆက်လက်ကြည့်ရှုသွားရမှာဖြစ်ပါတယ်Storylineကတော့ ပုံမှန်ထက်မပိုတဲ့ဇာတ်လို့ပဲ ပြောရမှာပါPlot twistကလည်းသိပ်မထူးဆန်းပါဘူးအိန္ဒိယကားတွေအကြည့်များသူတွေအတွက်ကတော့ ခန့်မှန်းနိုင်မှာပါတမီးလ်ကားဖြစ်တာနဲ့အညီ အက်ရှင်ခန်းတွေကတော့ မင်းသားအသားပေးဖြစ်ပါတယ်သေမင်းကလာခေါ်ချင်တောင် လက်ဖက်ရည်တိုက်ပြီး လိုက်ခဲ့ပါကွာ ပြောရမယ့်အထိကို မင်းသားက ကြမ်းတာပါအေးဂျင့်တွေပြေးလိုက်လွှားလိုက်နဲ့ဖိုက်နေရတဲ့ကြားကမှာ ဇနီးတစ်ယောက်ရဲ့ခင်ပွန်းအပေါ်ဘယ်လိုချစ်လဲဆိုတာလေးတော့ တော်ကီအကောင်းစားတွေနဲ့ရိုထားတာကတော့ သဘောခွေ့စရာလေးပါဘာပဲပြောပြော ကြည့်ပျော်ပြီး စိတ်ချမ်းသာရမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့......QTY - 720p HDripDuration - 2hr 04minGern - Action/ ThrillerTranslator - Soe Bo BoEncoder - Kyaw Ye Aung
movie

Vivegam (2017)

2017
Special 26 (2013) 8.0
Special 26 (2013) အားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါးလေးနဲ့ Bollywood ဇာတ်ကားကောင်းကို ကြည့်ရှုခံစားချင်ရင်တော့ IMDB 8/10 အထိရရှိထားတဲ့ ဒီဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားမှာတော့ အဂျေး နဲ့ အပေါင်းအပါတွေရဲ့ လိမ်လည်မှုပညာ တွေကို အဓိက တင်ဆက်ထားပြီး လူလိမ်နဲ့ ရဲကြား အားပြိုင်မှုကို ဖော်ပြထားပါတယ်။ဒီနေရာမှာ အဂျေးနဲ့ အပေါင်းအပါတွေဟာ ခေသူတွေမဟုတ်ပါဘူး။ဝန်ကြီးချုပ်ကိုတောင် လိမ်လည်နိုင်စွမ်းရှိခဲ့သူတွေပါ။သူတို့တွေ ဘယ်သူတွေကို ဘယ်လို လိမ်ခဲ့ကြမှာလဲ။ရဲတွေလက်ကနေ ဘယ်လောက် ဖောက်ထွက်နိုင်မလဲ / အလွန်တော်တဲ့ စုံထောက်တွေကရော ဖမ်းဆီးနိုင်မလား ဆိုတာ ရင်ခုန်ခံစားရမှာပါ။အဂျေး အဖြစ် မင်းသားကြီး အရှေးကူးမားက ပါဝင်သရုပ်ဆောင်ထားပြီး Bollywood ဇာတ်ကားကောင်းတို့၏ ထုံးစံအတိုင်း ပဥ္စလက်ဆန်ဆန် လှည့်ကွက်တွေနဲ့ ဆွဲဆောင်သွားစေမှာ ဖြစ်လို့ ကြည့်ရှုအားပေး ခံစားကြည့်ကြစို့လားခင်ဗျာ။File Size         : 1 GB Quality           : Blu ray 720P Running Time : 2hr ...
movie

Special 26 (2013)

2013