Channel Myanmar
Kana Hanazawa
Suzume (2022) 7.8
Suzume (2022) (အခုဆိုရင်တော့ အားလုံးစောင့်မျှော်နေကြတဲ့ အကြည်ဗားရှင်းဖြစ်တဲ့WED DL ထွက်ရှိလာပြီဖြစ်တာကြောင့် Qualityကို Updateပေးထားပါပြီ)IMDb 7.8/10 MyAnimeList 8.5/10နိုဝင်ဘာလ၊ ၂၀၂၂မှာ စတင်ပြသခဲ့တဲ့ဒီကားဟာ နာမည်​ကျော်anime films​တွေဖြစ်တဲ့ 5 Centimeters per Second၊ The Garden of Words၊ Your Name၊ Weathering with Youတို့ကိုဖန်တီးသူ ဆရာMakoto Shinkaiရဲ့​နောက်ဆုံးထွက်လက်ရာဖြစ်ပြီး CoMix Wave Films and Story Incက​နေပဲ ထုတ်လုပ်​ပေးတာပါ။ ဝတ္ထုအ​နေနဲ့လည်း ဆရာShinkaiက ရုပ်ရှင်မထွက်မီထုတ်​ဝေခဲ့ပါ​သေးတယ်။ ဒီကားကို၂၀၂၀နှစ်စပိုင်းကတည်းက စဖန်တီးခဲ့ပြီး ၂၀၂၂ ​အောက်တိုဘာမှအပြီးသတ်ခဲ့ပြီး အချိန်၂နှစ်​တောင် ယူခဲ့တာမလို့ ကွာလတီပိုင်းမှာ အ​ကောင်းဆုံးဖြစ်​နေမယ်ဆိုတာကို ​ပြောဖို့​တောင်မလိုဘူးထင်ပါတယ်။ ဆရာMakoto Shinkaiဟာ ဂျပန်နိုင်ငံအနှံ့ခရီး​တွေထွက်ရင်း လူမရှိတဲ့​နေရာ​တွေ၊ အ​ဆောက်အဦး​တွေကိုမြင်ခဲ့ရာက​နေ Suzumeဇာတ်လမ်းကိုဖန်တီးဖို့အကြံရခဲ့တာပါ။ ဇာတ်လမ်းထဲမှာလည်း ၂၀၁၁ခုနှစ်တုန်းကလှုတ်ခတ်ခဲ့တဲ့ တိုဟိုခု ငလျှင်နဲ့ဆူနာမီ​တွေအ​ကြောင်းပါထည့်သွင်းခဲ့ပါ​သေးတယ်။ဇာတ်ဝင်​တေး​ကိုလည်း Your nameနဲ့weathering with ...
movie
Suzume (2022)
2022
Jujutsu Kaisen 0 (2021) 7.9
Jujutsu Kaisen 0 (2021) Rotten tomatoes 98% Imdb 7.9/10 Myanumelust 8.5/10ဒီရုပ်ရှင်ဟာ animeဖန်​တွေအကြိုက်​တွေ့ခဲ့ကြတဲ့jujutsu kaisen စီးရီး (​ဇော်ဂျီဖိုဝင်သားစားတဲ့မင်းသား😅)ရဲ့အဖြစ်အပျက်မတိုင်ခင်ဇာတ်လမ်းပါ။ ​ပြောရရင်​တော့ Yutaရဲ့​မှော်ဆရာဖြစ်လာခဲ့တဲ့ဇာတ်​ကြောင်းလို့​ပြောရင်လည်းရပါတယ်။ဒီဇာတ်ကားဟာ ဂျပန်မှာရုံတင်ချိန်က ဝင်​ငွေစံချိန်​တွေတင်ခဲ့သလိုanimation qualityလည်း​တော်​တော်​ကောင်းတယ်ချီးကျူးခံထားရတာပါ။(အခု​တော့ one piece red filmက ဝင်​ငွေ​ကျော်တက်သွားပြီကြားပါတယ်)ဇာတ်လမ်းအကျဥ်းက​တော့တခါတုန်းက သိပ်ချစ်ကြတဲ့ငယ်ကျွမ်း​ဆွေနှစ်​ယောက်ရှိပါတယ်။သူတို့နှစ်​ယောက်ဟာ အသက်သာငယ်ကြ​ပေမဲ့ အချစ်​တွေကမငယ်တာမလို့အရွယ်​ရောက်လာတာနဲ့လက်ထပ်ကြမယ်လို့ ​​စေ့စပ်လက်စွပ်​လေးဝတ်ပြီးကတိပြုခဲ့ကြပါတယ်။အဲ့လိုနဲ့ကတိပြုပြီး​နောက်မှာ ​ကောင်မ​လေးဟာဆိုးဆိုးရွားရွားကားတိုက်ခံရပြီး​သေဆုံးသွားခဲ့ပါတယ်။ ​သေဆုံးသွား​ပေမဲ့လည်း သူတို့အချစ်ဟာကြီးမားလွန်းတာ​ကြောင့် ​ကောင်မ​လေးဟာကျိန်စာသင့်တ​စ္ဆေကြီးအဖြစ်ပြန်ရှင်သန်လာခဲ့တဲ့​နောက်မှာ​တော့....  File size…  1GB / 550MB Quality… 1080p Blu Ray / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by  Dr.Nyan
movie
Jujutsu Kaisen 0 (2021)
2021
Blame! (2017) 6.7
Blame! (2017) Blame!IMDb - 6.7/10Rotten Tomatoes - 55%Myanimelist - 7.2/10ဒီ‌animeကို 2017တုန်းက Netflixကနေထုတ်လွှင့်ခဲ့တာပါ။ Sci-fiဇာတ်လမ်းကြည့်ရှုချင်တဲ့သူတွေမလွတ်တန်းကြည့်ရှုသင့်တဲ့ဇာတ်ကားပါဇာတ်လမ်းအကျဉ်းကတော့အနာဂတ်ကာလမှာ AIနည်းပညာတွေနဲ့မြို့ကြီးတစ်မြို့ကိုလူသားတွေဟာတည်ဆောက်ခဲ့ပါတယ်တနေ့ကျတော့ကူးစက်ရောဂါတစ်ခုရုတ်တရက်ဖြစ်ပွားခဲ့ကာAIနည်းပညာနဲ့မြို့ကြီးဟာ လူသားတွေကိုရှင်းလင်းမှုတွေစတင်လုပ်‌ေဆာင်ခဲ့ပါတော့တယ်။ ရှင်းလင်းမှုခံရတဲ့အတွက် လူသားတွေရဲ့အရေအတွက်ဟာ လက်တစုပ်စာလောက်ပဲကျန်တော့ပြီးစားစရာတွေရှားပါးတဲ့အထိဖြစ်လာပါတော့တယ်။ အဲ့ဒီနောက်မှာတော့ ကေလီဆိုတဲ့ ထူးဆန်းတဲ့လူတယောက်ပေါ်လာခဲ့ပြီး Net terminalမျိုးရိုးဗီဇရှိတဲ့လူသားတွေကိုလိုက်ရှာတဲ့အခါမှာတော့......- လူသားတွေကိုမြို့ကြီးကဘာလို့တိုက်ခိုက်ခဲ့လဲ- ကေလီဆိုတဲ့လူဟာဘယ်သူလဲ- Net terminalမျိုးရိုးဗီဇရှိတဲ့သူတွေဟာ ဘာထူးခြားလို့ကေလီဟာလိုက်ရှာနေရလဲဆိုတာကိုကိုယ်တိုင်ကြည့်ရှုလိုက်ပါ Translated by : Dr.NyanEncoded by : YKFile Size : 1.5GB and  1.1GBQuality : 1080p and720pSubtile : Myanmar (Hardsub)
movie
Blame! (2017)
2017
The Garden of Words (2013) 7.5
The Garden of Words (2013) The Garden of Words (2013)*****************************          言の葉の庭ဇာတ်ကားနာမည်လေးက မြန်မာလိုဆို "စကားလုံးတွေ ပွင့်ဖူးတဲ့ပန်းဥယျာဉ်" တဲ့ဇာတ်လမ်းလေးက "မမနဲ့မောင်လေး" ပုံစံရိုးရိုးလေးနဲ့ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းလေးဆိုလည်း မမှားဘူး...အေးချမ်းတဲ့ မိုးရာသီနဲ့ ဇာတ်လမ်းဆင်ထားတယ်..ခုလို မိုးရွာနေတုန်းကာလနဲ့ဆိုတော့ ပိုပြီး ဖီးလ်လို့ ကောင်းတာပေါ့အာကီဇုကီ တာကာအို ဆိုတာက ဖိနပ်လုပ်သမားဖြစ်ချင်တဲ့ ၁၅ နှစ်အရွယ်ကောင်လေး..သူ့စိတ်ထဲ ဖိနပ်တွေဖန်တီးဖို့ပဲ ရှိတယ်..ဘယ်လိုဖန်တီးရမလဲဆိုတာပဲ စိတ်ကူးနေ တွေးနေတတ်တဲ့သူ..မိုးရွာတဲ့နေ့တွေဆို ကျောင်းပြေးပြီး သူ ထိုင်နေကြနေရာမှာ ဖိနပ်ဒီဇိုင်းတွေ ထိုင်ဆွဲနေကြ...တစ်နေ့ အဲ့ဒီနေရာမှာပဲ မမ တစ်ယောက်နဲ့ စတွေ့လေရဲ့.. မမ နာမည်က ယူကီနို ယူကာရီ တဲ့.. ၂၇ နှစ်အရွယ် အစ်မကြီးပေါ့...စတွေ့တုန်းကတော့ မသိလိုက်မသိဘာသာနေပေမဲ့ တွေ့ပါများတော့ ရင်းနှီးသွားကြတယ်...နှစ်ယောက်စလုံးက ကိုယ့်အပူနဲ့ကိုယ်ရှိနေကြတဲ့သူတွေ..ရင်းနှီးလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် ဖေးမဖို့ ကူညီပေးဖို့ စူးစမ်းဖို့ လုပ်လာကြတယ်(ကျွန်တော်တို့တွေဆိုရင်လည်း အွန်လိုင်းပေါ်က ခင်တွယ်မိတဲ့သူတွေအကြောင်း သိနိုင်သလောက် စူးစမ်းချင်ကြတယ်မဟုတ်လား)ဒီနေရာမှာ သူတို့ရဲ့ကဗျာတွေ ...
movie
The Garden of Words (2013)
2013
The Empire of Corpses (2015) 6.0
The Empire of Corpses (2015) The empire of corpses ........................................... IMDb 6/10 My anime list 7/10 ဒီကားဟာနည်းနည်းတော့ထူးခြားတယ်ဗျ နောက်တိုင်းမှာထင်ရှားကျော်ကြားတဲ့ဇာတ်ကောင်တွေရော အပြင်မှာတကယ်ရှိခဲ့တဲ့ဇာတ်ကောင်တွေကိုသုံးထားတာဗျ တခုတော့ သူ့ရဲ့ဇာတ်အိမ်ကဒီUniverse မှာတည်တာမဟုတ်ဘူး တခြာuးniverseမှာတည်တာဗျ ဇာတ်လမ်းအကျဉ်းမပြောခင် ဇာတ်လမ်းမကြည့်ခင်သိသင့်တာတွေအရင်ပြောထားမှဖြစ်မယ်ထင်တယ် ဒီကားတွန်းကားရဲ့အဓိကဇာတ်ကောင်နေရာကို ရှားလော့ဒ်ဟုမ်းရဲ့တွဲဖက် ဒေါက်တာဝပ်ဆန်ကိုထားထားတယ် (ရှားလော့ဒ်ဟုမ်းဆိုတာဟာ ဆာအာသာကိုနန်ဒွိုင်းရဲ့ နာမည်ကျော်ဝတ္ထုဇာတ်ကောင်ဖြစ်ပါတယ် မြန်မာကလူတော်တော်များလည်း BBC ရှားလော့ဒ်ဟုမ်းဇာတ်လမ်းတွဲကိုကြိုက်ကြတဲ့လူများလို့သိကြမယ်ထင်ပါတယ်) ဒီကားရဲ့ဇာတ်လမ်းကို ဗစ်တာ ဖရန်ကန်စတိုင်းရဲ့ သေလူကိုအသက်ပြန်သွင်းတဲ့နည်းပညာမှာအခြေခံပြီးကွန့်မြူးထားတာဗျ ဖရန်ကန်စတိုင်းဆိုတာက ၁၈ရာစုမှာ ပေါ်ထွန်းခဲ့တဲ့စာရေးဆရာ Mary Shellyရဲ့ ကမ္ဘာကျော်ဝတ္ထုထဲကဇာတ်ကောင်ပါ ဆိုတော့ကာ ဒီကားကြည့်ဖို့ဖရန်ကန်စတိုင်းဇာတ်လမ်းကိုအကျဉ်းလောက်တော့သိထားဖို့လိုပါလိမ့်မယ် ၁၈ရာစုလောက်တုန်းက သိပ္ပံပညာရှင်တစ်ယောက်ရှိဖူးပါတယ် သူဟာ အလောင်းတွေဆီကနေ ‌အကောင်းဆုံးအလှဆုံး ခြေထောက်တွေလက်တွေခေါင်းတွေအစရှိတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုဖြုတ်ယူပြီး ပြီးပြည့်စုံတဲ့အလောင်းတစ်လောင်းဖြစ်လာအောင်ဖန်တီးတယ် နောက်တော့လျှပ်စီးစီးဝင်စေပြီးအသက်သွင်းပေးတယ် ဒါပေမယ့် အရေပြားဟာလျှပ်စီးဖြတ်တဲ့အရှိန်ကြောင့် တွန့်လိမ်ကုန်ပြီးအရမ်းကိုကြောက်စရာအသွင်ရှိတဲ့မကောင်းဆိုးဝါးတစ်ကောင်ပုံစံဖြစ်သွားခဲ့တယ် ဖရန်ကန်စတိုင်းသိပ္ပံပညာရှင်လည်းကြောက်ပြီးထွက်ပြေးသွားခဲ့တယ် အဲ့ဒီမကောင်းဆိုးဝါးဟာ ဖရန်ကန်စတိုင်းကိုမုန်းတီးသွားပြီး လိုက်သတ်တယ် နောက်တော့ရေခဲပြင်မှာပျောက်ကွယ်သွားတယ်ဆိုတဲ့ဇာတ်လမ်းဗျ တချို့ရုပ်ရှင်ကားတွေမှာတော့ သူ့အတွက်သူ့လိုမိန်းကလေးအဖော်ကိုဖန်တီးပေးတာတောင် လက်မခံပဲအဲ့ဒီမိန်းကလေးအလောင်းကောင်ကိုရော ဖရန်ကန်စတိုင်းကိုပါသတ်ပစ်ခဲ့တယ်တဲ့ ဒီဇာတ်ကားရဲ့ဇာတ်လမ်အကျဉ်းကတော့ ၁၉ရာစုမှာလူသေတွေကိုအသက်သွင်းတဲ့နည်းပညာဟာ ကမ္ဘာမှာထွန်းကားလာနေပါတယ် အဲ့ဒီနည်းပညာဟာ ၁၈ရာစုမှာပေါ်ထွန်းခဲ့တဲ့ဖရန်ကန်စတိုင်းရဲ့ နည်းပညာကိုအခြေခံပြီးဖန်တီးထားတာပါ ဒါပေမယ့် ဖရန်ကန်စတိုင်းဖန်တီးခဲ့တဲ့ The Oneလို့ခေါ်တဲ့ အသက်ဝင်နေတဲ့အလောင်းကောင်တစ်ကောင်ပဲ စကားပြောနိုင်၊ တွေးနိုင်စွမ်းရှိပြီး နောက်ပိုင်းမှာထွက်ပေါ်လာတဲ့နည်းပညာနဲ့ဖန်တီးထားတဲ့ အလောင်းကောင်တွေမှာကျတော့ စကားပြောနိုင်၊တွေးနိုင်စွမ်းလုံးလုံးမရှိဘူးတဲ့ ပြောရရင်တော့soulမရှိတဲ့အခွံကြီးသက်သက်လိုဖြစ်နေတာပေါ့ဗျာ အဲ့မှာမှ ဒေါက်တာဝပ်ဆန်ဆိုတဲ့လူဟာ သူ့သူငယ်ချင်းကိုအသက်ပြန်သွင်းပြီး Soulကိုပါပြန်‌ရအောင်အသည်းအသန်ကြိုစားနေတယ် Soulကိုပြန်ရနိုင်တဲ့နည်းလမ်းဟာလည်း ဖရန်ကန်စတိုင်းရဲ့နည်းလမ်းပဲရှိတာကိုသိလာတဲ့နောက်မှာတော့ သေတနမှတ်တမ်းတွေကိုဝပ်ဆန်တစ်ယောက်ရှာဖွေဖို့ဖြစ်လာပါတယ် ဒါပေမယ့်ထူးဆန်းတာက ဖရန်ကန်စတိုင်းသေပြီးနောက်မှာ The oneဟာမှတ်တမ်းတွေကိုယူပြီးပျောက်ကွယ်သွားခဲ့တယ် အဲ့လိုနဲ့ဖရန်ကန်စတိုင်းရဲ့မှတ်တမ်းတွေကိုလိုက်ရှာတဲ့ ခရီးစဉ်တွေကိုစတဲ့အခါမှာတော့မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ် ဝပ်ဆန်တစ်ယောက်မှတ်တမ်းတွေကိုရခါနီးလေ မှတ်တမ်းတွေနောက်ကွယ်ကအမှန်တရားကိုသိလာလေလေဖြစ်လာလေပါပဲ အဲ့ဒီအမှန်တရားဟာဘာဖြစ်မလဲ ဝပ်ဆန်တစ်ယောက် သူငယ်ချင်းဖြစ်သူကိုsoulပြန်ရအောင်လုပ်ပေးနိုင်ပါ့မလားဆိုတာကို ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ The empire of corpses ........................................... IMDb 6/10 My anime list 7/10 ဒီကားဟာနည်းနည်းတော့ထူးခြားတယ်ဗျ နောက်တိုင်းမှာထင်ရှားကျော်ကြားတဲ့ဇာတ်ကောင်တွေရော အပြင်မှာတကယ်ရှိခဲ့တဲ့ဇာတ်ကောင်တွေကိုသုံးထားတာဗျ တခုတော့ သူ့ရဲ့ဇာတ်အိမ်ကဒီUniverse မှာတည်တာမဟုတ်ဘူး တခြားuniverseမှာတည်တာဗျ ဇာတ်လမ်းအကျဉ်းမပြောခင် ဇာတ်လမ်းမကြည့်ခင်သိသင့်တာတွေအရင်ပြောထားမှဖြစ်မယ်ထင်တယ် ဒီကားတွန်းကားရဲ့အဓိကဇာတ်ကောင်နေရာကို ရှားလော့ဒ်ဟုမ်းရဲ့တွဲဖက် ဒေါက်တာဝပ်ဆန်ကိုထားထားတယ် (ရှားလော့ဒ်ဟုမ်းဆိုတာဟာ ဆာအာသာကိုနန်ဒွိုင်းရဲ့ နာမည်ကျော်ဝတ္ထုဇာတ်ကောင်ဖြစ်ပါတယ် မြန်မာကလူတော်တော်များလည်း BBC ရှားလော့ဒ်ဟုမ်းဇာတ်လမ်းတွဲကိုကြိုက်ကြတဲ့လူများလို့သိကြမယ်ထင်ပါတယ်) ဒီကားရဲ့ဇာတ်လမ်းကို ဗစ်တာ ဖရန်ကန်စတိုင်းရဲ့ သေလူကိုအသက်ပြန်သွင်းတဲ့နည်းပညာမှာအခြေခံပြီးကွန့်မြူးထားတာဗျ ဖရန်ကန်စတိုင်းဆိုတာက ၁၈ရာစုမှာ ပေါ်ထွန်းခဲ့တဲ့စာရေးဆရာ Mary Shellyရဲ့ ကမ္ဘာကျော်ဝတ္ထုထဲကဇာတ်ကောင်ပါ ဆိုတော့ကာ ဒီကားကြည့်ဖို့ဖရန်ကန်စတိုင်းဇာတ်လမ်းကိုအကျဉ်းလောက်တော့သိထားဖို့လိုပါလိမ့်မယ် ၁၈ရာစုလောက်တုန်းက သိပ္ပံပညာရှင်တစ်ယောက်ရှိဖူးပါတယ် သူဟာ အလောင်းတွေဆီကနေ ‌အကောင်းဆုံးအလှဆုံး ခြေထောက်တွေလက်တွေခေါင်းတွေအစရှိတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုဖြုတ်ယူပြီး ပြီးပြည့်စုံတဲ့အလောင်းတစ်လောင်းဖြစ်လာအောင်ဖန်တီးတယ် နောက်တော့လျှပ်စီးစီးဝင်စေပြီးအသက်သွင်းပေးတယ် ဒါပေမယ့် အရေပြားဟာလျှပ်စီးဖြတ်တဲ့အရှိန်ကြောင့် တွန့်လိမ်ကုန်ပြီးအရမ်းကိုကြောက်စရာအသွင်ရှိတဲ့မကောင်းဆိုးဝါးတစ်ကောင်ပုံစံဖြစ်သွားခဲ့တယ် ဖရန်ကန်စတိုင်းသိပ္ပံပညာရှင်လည်းကြောက်ပြီးထွက်ပြေးသွားခဲ့တယ် အဲ့ဒီမကောင်းဆိုးဝါးဟာ ဖရန်ကန်စတိုင်းကိုမုန်းတီးသွားပြီး လိုက်သတ်တယ် နောက်တော့ရေခဲပြင်မှာပျောက်ကွယ်သွားတယ်ဆိုတဲ့ဇာတ်လမ်းဗျ တချို့ရုပ်ရှင်ကားတွေမှာတော့ သူ့အတွက်သူ့လိုမိန်းကလေးအဖော်ကိုဖန်တီးပေးတာတောင် လက်မခံပဲအဲ့ဒီမိန်းကလေးအလောင်းကောင်ကိုရော ဖရန်ကန်စတိုင်းကိုပါသတ်ပစ်ခဲ့တယ်တဲ့ ဒီဇာတ်ကားရဲ့ဇာတ်လမ်အကျဉ်းကတော့ ၁၉ရာစုမှာလူသေတွေကိုအသက်သွင်းတဲ့နည်းပညာဟာ ကမ္ဘာမှာထွန်းကားလာနေပါတယ် အဲ့ဒီနည်းပညာဟာ ၁၈ရာစုမှာပေါ်ထွန်းခဲ့တဲ့ဖရန်ကန်စတိုင်းရဲ့ နည်းပညာကိုအခြေခံပြီးဖန်တီးထားတာပါ ဒါပေမယ့် ဖရန်ကန်စတိုင်းဖန်တီးခဲ့တဲ့ The Oneလို့ခေါ်တဲ့ အသက်ဝင်နေတဲ့အလောင်းကောင်တစ်ကောင်ပဲ စကားပြောနိုင်၊ တွေးနိုင်စွမ်းရှိပြီး နောက်ပိုင်းမှာထွက်ပေါ်လာတဲ့နည်းပညာနဲ့ဖန်တီးထားတဲ့ အလောင်းကောင်တွေမှာကျတော့ စကားပြောနိုင်၊တွေးနိုင်စွမ်းလုံးလုံးမရှိဘူးတဲ့ ပြောရရင်တော့soulမရှိတဲ့အခွံကြီးသက်သက်လိုဖြစ်နေတာပေ့ါဗျာ အဲ့မှာမှ ဒေါက်တာဝပ်ဆန်ဆိုတဲ့လူဟာ သူ့သူငယ်ချင်းကိုအသက်ပြန်သွင်းပြီး Soulကိုပါပြန်‌ရအောင်အသည်းအသန်ကြိုစားနေတယ် Soulကိုပြန်ရနိုင်တဲ့နည်းလမ်းဟာလည်း ဖရန်ကန်စတိုင်းရဲ့နည်းလမ်းပဲရှိတာကိုသိလာတဲ့နောက်မှာတော့ သေတနမှတ်တမ်းတွေကိုဝပ်ဆန်တစ်ယောက်ရှာဖွေဖို့ဖြစ်လာပါတယ် ဒါပေမယ့်ထူးဆန်းတာက ဖရန်ကန်စတိုင်းသေပြီးနောက်မှာ The oneဟာမှတ်တမ်းတွေကိုယူပြီးပျောက်ကွယ်သွားခဲ့တယ် အဲ့လိုနဲ့ဖရန်ကန်စတိုင်းရဲ့မှတ်တမ်းတွေကိုလိုက်ရှာတဲ့ ခရီးစဉ်တွေကိုစတဲ့အခါမှာတော့မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ် ဝပ်ဆန်တစ်ယောက်မှတ်တမ်းတွေကိုရခါနီးလေ မှတ်တမ်းတွေနောက်ကွယ်ကအမှန်တရားကိုသိလာလေလေဖြစ်လာလေပါပဲ အဲ့ဒီအမှန်တရားဟာဘာဖြစ်မလဲ ဝပ်ဆန်တစ်ယောက် သူငယ်ချင်းဖြစ်သူကိုsoulပြန်ရအောင်လုပ်ပေးနိုင်ပါ့မလားဆိုတာကို ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ File size…1.9GB/900MBQuality…1080p ...
movie
The Empire of Corpses (2015)
2015
Psycho-Pass: Sinners of the System – Case.2 First Guardian (2019) 7.2
Psycho-Pass: Sinners of the System – Case.2 First Guardian (2019) Case 1ကားလိုပဲဒီဇာတ်လမ်းမှာမတူညီတဲ့အမှုတစ်ခုကိုဖြေရှင်းမှာဖြစ်ပါတယ်case1,2,3 သုံးကားလုံးကတစ်ခုနဲ့တစ်ခုဆက်နေတာမဟုတ်ပါဘူးCase 2မှာတော့တိုကျိုလူထုလုံခြုံရေးအဖွဲ့စီကိုနိုင်ငံခြားရေးဝန်ကြီးဌာနကနေဝင်လာတဲ့မိန်းမတစ်ယောက်ကစပိုင်လာလုပ်တာကနေစတင်ပါတယ်သူစပိုင်လာလုပ်တဲ့သူကတော့တစ်ချိန်ကကာကွယ်ရေးစစ်ဌာနရဲ့လျှို့ဝှက်စစ်ဆင်ရေးတစ်ခုမှာပါဝင်ခဲ့ဖူးတဲ့စစ်သားဟောင်းတစ်ယောက်ပါ သူပါဝင်ခဲ့တဲ့စစ်ဆင်ရေးမှာသေဆုံးသွားပြီလို့ထင်ခဲ့တဲ့သူ့ရဲ့တပ်သားတစ်ယောက်ကတစ်ရက်မှာကာကွယ်ရေးဌာနချုပ်ကိုတိုက်ခိုက်မှုမှာပါဝင်လာတဲ့အခါမှာအဲဒီတိုက်ခိုက်မှုကိုထိန်းချုပ်တဲ့စက်ပစ္စည်းကနေသူပါသံသယဝင်ခံရတဲ့အခါအဲဒီအမှုနောက်ကိုလိုက်ရင်း သူတို့လုပ်ခဲ့တဲ့လျှို့ဝှက်စစ်ဆင်ရေးရဲ့ရည်ရွယ်ချက်ကိုသိသွားတဲ့အခါသေဆုံးသွားတဲ့သူ့တပ်သားတွေဟာအသတ်ခံလိုက်ရတာကိုသိလိုက်တဲ့အချိန်မှာ...ဒီအမှုမှာပါဝင်ပတ်သက်သူတွေကဌာနချုပ်တွေရဲ့ဗိုလ်ချုပ်တွေဖြစ်နေတဲ့အခါမှာဘယ်လိုတွေဖြေရှင်းကျမလဲဆိုတာ.... File Size : ( 565 MB , 303 MB )Quality :  WEB-DL 720pRunning Time : 1 hrFormat : Mp4Genre : Animation , Action , CrimeSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin 
movie
Psycho-Pass: Sinners of the System – Case.2 First Guardian (2019)
2019
Psycho-Pass: Sinners of the System –  Case.1 Crime and Punishment 6.5
Psycho-Pass: Sinners of the System – Case.1 Crime and Punishment Japan animationကားကိုကြိုက်တဲ့သူတွေအတွက်တင်ဆက်လိုက်ပါတယ်ဒီဇာတ်လမ်းကတော့တိုကျိုမြို့လူထုလုံခြုံရေးအဖွဲ့အစည်းတစ်ခုရဲ့အမှုလိုက်ပုံတွေ ဖြေရှင်းပုံတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်case 3ထိသုံးကားထွက်ပြီးတော့တစ်ကားစီမှာမတူညီတဲ့အမှုတွေနဲ့ဖြေရှင်းပုံတွေကိုကြည့်ရမှာပါအခုcase 1ကတော့ တိုကျိုမြို့ပေါ်ကိုတခြားနယ်မြေတစ်ခုမှာရှိတဲ့စိတ်ပိုင်းဆိုင်ရာတရားခံတွေကိုလေ့ကျင့်ပြန်လည်ထူထောင်ရေးလုပ်နေတဲ့နေရာကတရားခံတစ်ယောက်ရောက်လာတာကနေစတင်ပါတယ်အဲဒီတရားခံကိုတိုကျိုမြို့ရဲ့အမှုစုံစမ်းစစ်ဆေးရေးအဖွဲ့ကပြန်ပြီးသူ့နေရာကိုပို့ပေးရင်းနဲ့ အဲဒီနေရာရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ဖို့ဖြစ်လာတဲ့အခါမှာအဲဒီအကျဥ်းထောင်ကိုဦးစီးနေတဲ့သူကလည်းအထက်လူကြီးတစ်ယောက်ဖြစ်နေပြီးသူတို့ဝင်စွက်ဖက်ပိုင်ခွင့်မရှိတဲ့အခါဘယ်လိုအမှုကိုဖော်ထုတ်မလဲ ဖြေရှင်းမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ် File Size : ( 565 MB , 277 MB )Quality :  WEB-DL 720pRunning Time : 1 hrFormat : Mp4Genre : Animation , Action , CrimeSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin 
movie
Psycho-Pass: Sinners of the System – Case.1 Crime and Punishment
2019
King of Thorn (2009) 6.3
movie
King of Thorn (2009)
2009
Godzilla: The Planet Eater (2018) 4.9
Godzilla: The Planet Eater (2018) 20ရာစုရဲ့ ​နေ့တစ်​​နေ့မှာ ဒီဇာတ်​လမ်​းစခဲ့တယ်​ အရာရာဟာ ဘုရားသခင်​ အလို​တော်​အတိုင်​းပါပဲ..​ကောင်​းကင်​​မှာ မီးမိုး​တွေ… ကမ္ဘာ​မြေကြီးဟာလည်​း ပပ်​ကြား​တွေအက်​လို့…လူ​တွေအားလုံးရဲ့ ​ဆောက်​တည်​ရာမဲ့ ကူကယ်​ရာမရှိ ​ပြေးလွှားသံ​တွေ…ဒီအချိန်​မှာ အပြာ​ရောင်​အလင်​းတန်​းကြီး တစ်​ချက်​​ပေါ်လာ…အဲဒီအလင်​းတန်​းရဲ့ အစမှာ ​ဂေါ်ဇီလာဟာ အရာအားလုံးကို မိုးကြည်​့လို့…Godzilla: Planet Eater (2018) Netflix's Anime movie ဖြစ်တဲ့"Godzilla: Planet of the Monsters" ကနေအစပြုခဲ့တဲ့Trilogy သုံးကားရဲ့ သုံးကားမြောက်နဲ့ နောက်ဆုံးကားဖြစ်တဲ့Godzilla: Planet Eater (2018) ဇတ်ကားပါရှေ့မှာ "Godzilla: Planet of the Monsters" နဲ့"Godzilla: City on the Edge of Battle" ဆိုပြီး နှစ်ကားထွက်ထားပါတယ်ရှေ့နှစ်ကားကြည့်ပြီးမှ အခုကားကို ချိတ်ဆက်မိဖို့အဆင်ပြေပါလိမ့်မယ်အခုကားက "Godzilla: City on the Edge of Battle." ...
movie
Godzilla: The Planet Eater (2018)
2018
Fireworks, Should We See It from the Side or The Bottom? (2017) 5.7
Fireworks, Should We See It from the Side or The Bottom? (2017) ဇာတ်ကားမိတ်ဆက် --------------------- ဒီဇာတ်ကားရဲ့ အင်္ဂလိပ်နာမည်က Fireworks, Should We See It from the Side or the Bottom? တဲ့ မြန်မာလိုကတော့ "မီးရှူးပန်းတွေကို ဘေးတိုက်ကြည့်မလား အောက်တည့်တည့်ကနေကြည့်မလား" လို့အဓိပ္ပာယ်ရတယ်။ဇာတ်ကားရဲ့နာမည်အတိုင်းပဲ ဆယ်ကျော်သက်အရွယ်သူငယ်ချင်းတစ်စုရဲ့ မီးရှူးပန်းကိုဘေးတိုက်ကြည့်ရင် အပြားလိုက်မြင်ရမလား တည့်ကြည့်ရသလိုပဲ အလုံးလိုက်မြင်ရမလားအငြင်းပွားကြတဲ့ Concept အပေါ်မှာအခြေတည်ပြီးတော့ ရိုက်ကူးထားတဲ့ Romance, Drama , Fantasy အမျိုးအစားဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို ၁၉၉၅ ခုနှစ်တုန်းက အဆိုပါနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ Live Action Movie ကို Anime အသွင်ပြန်လည်ဆန်းသစ်ပြီး ရိုက်ကူးထားတာပါ။ဒါရိုက်တာကတော့ နာမည်ကျော် Anime Series တစ်ခုဖြစ်တဲ့ Puella Magi Madoka Magica အပြင် တခြား Anime Series/Movies တွေရဲ့ပဲ့ကိုင်ရှင် Akiyuki Shinbo ပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ဂျပန်ပြည်တွင်းရော ...
movie
2017
Godzilla: City on the Edge of Battle (2018) 5.8
Godzilla: City on the Edge of Battle (2018) 20ရာစုရဲ့ ​နေ့တစ်​​နေ့မှာ ဒီဇာတ်​လမ်းစခဲ့တယ်​အရာရာဟာ ဘုရားသခင်​ အလို​တော်​အတိုင်းပါပဲ..​ကောင်းကင်​​မှာ မီးမိုး​တွေ...ကမ္ဘာ​မြေကြီးဟာလည်း ပပ်​ကြား​တွေအက်​လို့...လူ​တွေအားလုံးရဲ့ ​ဆောက်​တည်​ရာမဲ့ ကူကယ်​ရာမရှိ ​ပြေးလွှားသံ​တွေ...ဒီအချိန်​မှာ အပြာ​ရောင်​အလင်းတန်းကြီး တစ်​ချက်​​ပေါ်လာ...အဲဒီအလင်းတန်းရဲ့ အစမှာ ​ဂေါ်ဇီလာဟာ အရာအားလုံးကို မိုးကြည့်​လို့...Godzilla : City on the Edge of Battle (2018)ကမ္ဘာကြီးကို သူ့လက်ထဲက ပြန်ယူချင်ခဲ့တယ်ဒါပေမယ့် ရှေ့ပြေးတပ်သားကိုပဲ ကြုံခဲ့ရပြီး ဘုရင်က နောက်ကွယ်ကျမှ ပေါ်လာခဲ့တယ်...ကမ္ဘာကြီးဟာ လူသားတွေအတွက်မဟုတ်ခဲ့တော့ဘူးသူ့အတွက်ပဲ ဂေါ်ဇီလာအတွက်ပဲလူသားတွေအနေနဲ့ ပြန်တိုက်ဖို့ အခွင့်အရေးတစ်ခုပြန်ရခဲ့တယ်ထိန်းချုပ်လို့ရနိုင်စွမ်းတဲ့ ဒြပ်စင်အသစ်တစ်ခုသုံးပြီး သူ့ကို အတတ်နိုင်ဆုံးပြန်တိုက်ခဲ့တယ်တခြားသော လူမျိုးစုတွေရဲ့ အကူအညီကိုပါ သုံးခဲ့တယ်ဒါပေမယ့်လည်းပေါ့ "အရာအားလုံးဟာ ဘုရားသခင်အလိုတော်အတိုင်းပါပဲလေ..."IMDB 5.8/10, IGN 4.5/10Studio TOHO အနေနဲ့ New Godzilla Trilogy ဆိုပြီး သုံးကားထွက်မှာလို့ပြောခဲ့တဲ့အတွက် သိပ်ကို သိသာနေပါတယ်။ဂေါ်ဇီလာဟာ ပထမနှစ်ကားနဲ့ မသေနိုင်ဘူးဆိုတာပေါ့။ဒါပေမယ့် နှစ်နှစ်သောင်း အကြာ ပိုပြီးလည်း ...
movie
Godzilla: City on the Edge of Battle (2018)
2018
Godzilla: Planet of the Monsters (2017) 7.1
Godzilla: Planet of the Monsters (2017) 20ရာစုရဲ့ ​နေ့တစ်​​နေ့မှာ ဒီဇာတ်​လမ်​းစခဲ့တယ်​ အရာရာဟာ ဘုရားသခင်​ အလို​တော်​အတိုင်​းပါပဲ..​ကောင်​းကင်​​မှာ မီးမိုး​တွေ... ကမ္ဘာ​မြေကြီးဟာလည်​း ပပ်​ကြား​တွေအက်​လို့... လူ​တွေအားလုံးရဲ့ ​ဆောက်​တည်​ရာမဲ့ ကူကယ်​ရာမရှိ ​ပြေးလွှားသံ​တွေ... ဒီအချိန်​မှာ အပြာ​ရောင်​အလင်​းတန်​းကြီး တစ်​ချက်​​ပေါ်လာ... အဲဒီအလင်​းတန်​းရဲ့ အစမှာ ​ဂေါ်ဇီလာဟာ အရာအားလုံးကို မိုးကြည်​့လို့...Gozilla: Planet of Monsters (2017)လူသား​တွေရဲ့ ကမ္ဘာကို သူယူ​ဆောင်​သွားခဲ့တယ်​ လာပြီး ကူညီတဲ့သူ​တွေကိုလည်​း သူဖျက်ဆီးပစ်​ခဲ့တယ်​... အခု​တော့ လူသား​တွေဟာ ကမ္ဘာဂြိုလ်​ကို စွန်​့ခွာပြီး ​တော့အီဆိုတဲ့ ဂြိုလ်​ဆီထွက်​လာခဲ့တာ နှစ်​​ပေါင်​း ၂၂နှစ်​ကြာခဲ့ပြီ... ၂၂နှစ်​တာ ကာလအတွင်​း ​အေးခဲ​မှောင်​မိုက်​တဲ့ အာကာသထဲမှာ တဝဲလည်​လည်​ဖြစ်​လို့... ဒါ​ပေမယ်​့ ပြန်​ပြီး အ​ရောင်​သန်​းလာတဲ့ ​မျှော်​လင်​့ချက်​ ​ရောင်​ခြည်​​လေးတစ်​မျှင်​​ကြောင်​့ ကမ္ဘာဂြိုလ်​ကို ပြန်​လာခဲ့တယ်​...ဒါ​ပေမယ်​့... အာကာသနဲ့ ကမ္ဘာရဲ့အချိန်​ကွာဟချက်​​ကြောင်​့ လူ​တွေအ​နေနဲ့ ကမ္ဘာကိုစွန်​့ခွာလာတာ ၂၂ပဲရှိ​သေး​ပေမယ်​့ ပြန်​လာချိန်​မှာ ကမ္ဘာကြီးဟာ နှစ်​​ပေါင်​းနှစ်​​သောင်​း​ကျော်​ ကြာ​နေခဲ့ပြီ... သူ ရှိ​နေတုန်​းပဲ သူ ရှင်​သန်​​နေတုန်​းပဲ သူ အုပ်​စိုး​နေတုန်​းပါပဲဒါ​ဟာ လူသား​တွေရဲ့ ​နောက်​ဆုံးအန္တိမပန်​းတိုုင်​ မတိုက်​မဖြစ်​တိုက်​ရ​တော့မယ်​့ တိုက်​ပွဲဖြစ်​ခဲ့ပြီ... အမိကမ္ဘာ​မြေကို ပြန်​ယူ​ဆောင်​ရ​တော့မယ်​​လေ...​နောက်​ဆုံး​တော့ ဘုရင်​က ဘုရင်​ပါပဲ...IMDB - ...
movie
Godzilla: Planet of the Monsters (2017)
2017