Channel Myanmar

Kara Hayward

Moonrise Kingdom (2012) 7.8
Moonrise Kingdom (2012) ဒီတစ်ခေါက်တော့ တစ်ခါထက်မကကြည့်ချင်ရလောက်တဲ့ Moonrise Kingdom လို့ခေါ်တဲ့ Comedy, Drama, Family ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်‌ဆက်ပေးချင်ပါတယ်။ ၁၉၆၀ခုနှစ်တွေကိုနောက်ခံထားထားတဲ့ ၁၂နှစ်အရွယ်လူငယ်စုံတွဲရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ အပယ်ခံမိဘမဲ့‌ကင်းထောက်ကောင်လေးက ဆူဇီဆိုတဲ့ကောင်မလေးနဲ့ ရင်ဘတ်ချင်းတူလို့ စာတွေအပြန်အလှန်ရေးရင်း တစ်နေ့ သူတို့အတူ ထွက်ပြေးခဲ့ကြပြီး ကျွန်းရဲ့ယခင်မူလနေထိုင်ခဲ့တဲ့လူတွေအတိုင်း ခြေရာခံရယလျှောက်သွားခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းတွေနဲ့ စွန့်စားခန်းတွေကို တွေ့ရမှာပါ။ ဒီဇာတ်လမ်းကိုကြည့်ရင်း လူငယ်ဘဝရဲ့ တဇွတ်ထိုးအကျင့်တွေနဲ့ နောက်ဆံမတင်းပဲ သတ္တိရှိရှိ ဆုံးဖြတ်ချက်ချခဲ့တာတွေဟာ ချစ်စရာကောင်းနေခဲ့ပြီး အနှစ်သာရပြည့်ဝတဲ့အမှားတွေဟာလည်း နောက်ထပ်အခွင့်အရေးရဖို့ ထိုက်တန်နေခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင်တော့ IMDb မှာ 7.8/10 ထိရထားပြီး Rotten Tomatoes 93% ထိရထားတာပါ။ ဒါ့အပြင် ဒီဇာတ်ကားဟာဆိုရင် ဒါရိုက်တာ Wes Anderson ရဲ့ လက်ရာကောင်းတွေထဲက တစ်ကားဖြစ်ပြီး Gotham Independent Film Award for Best Feature ဆုရရှိကာ အဓိကလူငယ်သရုပ်ဆောင်တွေဟာလည်း ...
movie

Moonrise Kingdom (2012)

2012
Slayers (2022)
Slayers (2022) Slayers (2022)သူတို့ကိုယ်သူတို့ Stream Team လို့ နာမည်ပေးထားတဲ့ ဆိုရှယ်မီဒီယာပေါင်းစုံက Streamer တစ်စုဟာ တစ်ရက်မှာ ဘီလီယျံနာကြီးတစ်ယောက်ရဲ့ ဖိတ်ကြားချက်အရ သူ့ရဲ့ အိမ်တော်ကြီးဆီ ရောက်ရှိခဲ့ပါတယ်။ တစ်ဖက်မှာတော့ တစ်ချိန်က နာမည်ကြီး တီဗီအစီစဉ်တစ်ခုရဲ့ ဇာတ်လိုက်ဖြစ်ခဲ့သူတစ်ဦးဟာ အသက်မွေးဝမ်းကြောင်းကို စွန့်လွှတ်ပြီး လမ်းတွေပေါ်မှာ စတည်းချရင်း သွေးစုပ်ဖုတ်ကောင်မုဆိုး ဖြစ်လာပါတယ်။ဇာတ်လိုက်ကျော် Streamer တွေအကြောင်းကို ပြန်ဆက်ရရင်တော့ အနာဂတ်တွေ တလက်လက်ထ တောက်ပပြီလို့ ထင်ပြီးကာမှ တကယ်တမ်း တလက်လက်ထနေတာကတာ့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ အစွယ်တွေသာ ဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့…ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ကောင်းတယ်လို့ ညွှန်းပေးလို့ မရပေမယ့် လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ကိုယ့်အကြိုက်လည်း ဖြစ်ရင်ဖြစ်နေနိုင်တာမို့ တစ်ချက်လောက်တော့ ကြည့်ကြည့်လိုက်ကြပါဦး။ Streamer တွေကို စိတ်ဝင်စားမယ်၊ Vampire ကားတွေ ကြိုက်တတ်တယ်၊ Parody တွေကို ရယ်တတ်တယ်ဆိုရင်တော့ အပျင်းပြေ ကြည့်ကြည့်ဖို့တော့ မမှားမယ့်ကားသစ်ပါပဲ။ မင်းသမီးတွေအနေနဲ့‌ကလည်း Zack ...
movie

Slayers (2022)

2022
Drunk Bus (2020) 6.2
Drunk Bus (2020) Drunk Bus (2020)==============IMDb Rating - 6.2/102020 ကထွက်ရှိခဲ့တဲ့ drama, comedy ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။မိုက်ကယ်ဆိုတဲ့ကောင်လေးက ကျောင်းပြီးလို့ ဘွဲ့ရသွားပေမယ့် လမ်းပျောက်နေတဲ့သူတစ်ယောက်ပါ။ ဓာတ်ပုံပညာကို အလွန်ဝါသနာ ပါခဲ့ပေမယ့် သူနဲ့ငါးနှစ်တွဲခဲ့တဲ့ချစ်သူအေမီ သူ့ကိုထားသွားပြီးနောက် မှာတော့ ပျက်နေတဲ့ကင်မရာကိုတောင် မပြင်တော့ပဲ ဘဝကို ပျင်းရိ ငြီးငွေ့စွာ တက္ကသိုလ်ကြိုပို့ကားမောင်းရင်း ရှင်သန်နေသူတစ်ဦးပေါ့။ ကြင်နာတတ်ပေမယ့် နည်းနည်းကြောက်တတ်တဲ့သူကို အနိုင်ကျင့် စော်ကားသူတွေလည်း ရှိပြန်လေရဲ့…ဒီလိုနဲ့ သူ တစ်နေ့ ကျောင်းသားတစ်ယောက်ရဲ့ထိုးကြိတ်တာကို ခံလိုက် ရပြီးနောက် ကားကုမ္ပဏီက သူ့လုံခြုံရေးအတွက် ဘော်ဒီဂတ်သဘောမျိုး လူတစ်ယောက်ခန့်ပေးခဲ့ပါတယ်။ ထူးခြားတာက အဲဒီလူကြီးဟာ တစ်ကိုယ်လုံး ဆေးမင်ကြောင်တွေနဲ့ပြည့်နေပြီး နာမည်ကလည်း နာနတ်သီးဆိုပဲ… သူနဲ့ နာနတ်သီး ခင်မင်သွားကြပြီး နာနတ်သီးက သူ ဘဝမှာ မလုပ်ရဲ မလုပ်ဝံ့ ခဲ့တာတွေကို တွန်းအားပေးလာခဲ့ချိန်မှာတော့… Fun fact အနေနဲ့ပြောရရင် နာနတ်သီးရဲ့ အပြင်နာမည်ကလည်း နာနတ်သီးပါပဲတဲ့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Myat Thu ဖြစ်ပါတယ်)File Size - (1.14 GB) / ...
movie

Drunk Bus (2020)

2020
The Social Dilemma(2020) 8.1
The Social Dilemma(2020) The Social Dilemma (2020) အညွှန်း************************************* IMDb rating            .......   8.1/10Rotten tomatoes    .......   87%Social Media တွေထဲမှာ အသုံးအများဆုံးဖြစ်တဲ့ Facebook ကိုတော့ လူတိုင်းနီးပါးသိကြမှာပါ...အခုဆို လူတစ်ယောက်တင်တဲ့ပိုစ်တစ်ခုကအစ သင့်တင့်တဲ့ Reaction ,emoji တွေပါအလိုအလျှောက်ပေါ်လာလို့ ကျွန်တော်တို့ပြုံးခဲ့ကြဖူးတယ်မလား.... ဒါတောင် အသေးအဖွဲလေးပဲရှိသေးတယ်...အကြီးမားဆုံးဖြစ်တဲ့ ရွေးကောက်ပွဲတွေ ဆန္ဒပြမှုတွေ တတိယကမ္ဘာစစ်အထိတောင်ဖြစ်နိုင်တဲ့သတင်းတွေ Social Media ထက်မှာ နည်းမျိုးစုံနဲ့ပျံနှံနေတယ်...ဘယ်လိုတွေသုံးနေကြတယ်..ဘယ်လိုတွေသိမ်းသွင်းခံနေရတယ် စသည်တို့ကို Social Media နဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ နားလည်တဲ့ပညာရှင်တွေနဲ့ အမေးအဖြေတွေ နည်းစနည်းများစွာကို ရိုက်ကူးပြထားတယ်...Documentary ကြီးဆိုပြီးပျင်းစရာကြီးလို့မထင်လိုက်နဲ့...ကျွန်တော်တို့နဲ့အနီးဆုံးမှာရှိတဲ့ အရာတွေဖြစ်သလိုရိုက်ပြထားတာတွေကလည်း ဗဟုသုတမျိုးစုံရတဲ့အပြင် ပါးစပ်အဟောင်းသားနဲ့ဖြစ်စေတဲ့ကျွန်တော်တို့မသိတဲ့ ကိစ္စများစွာလည်းပါတယ်...ပြီးတော့ "မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ...Coronavirus အကြောင်းနဲ့ .. တစ်ကမ္ဘာလုံးက ...
movie

The Social Dilemma(2020)