Channel Myanmar

Karen Mok

So Close (2002) 6.7
So Close (2002) So Close (2002)IMDb Rating (6.6) / Rotten Tomatoes (82%)မင်းသမီး ရှုကျီနဲ့ Shaolin Soccer ထဲကမင်းသမီး ကျိုးဝေတို့ရဲ့  So Close ရုပ်ရှင်ကို ၉၀ဖွားတွေ မကြည့်ဖူးတဲ့သူမရှိသလောက်ပါပဲ။ အက်ရှင်လန်းလန်းတွေရယ် ဆော်လန်းလန်းတွေရယ်ကို တိတ်ခွေပျက်တဲ့အထိ ခဏခဏ ငှားကြည့်ခဲ့ရတာပါ။ မင်းသမီးတွေလှလို့ အက်ရှင်တွေကြမ်းလို့ အငမ်းမရထိုင်ကြည့်ရင်း ထိရှသွားတဲ့ဇာတ်အလှည့်အပြောင်းတွေကြောင့် မျက်ရည်ကျလုလု ရင်ကိုထိသွားတဲ့ အခိုက်အတန့်လေးတွေကိုလဲ သတိရမိကြမှာပါ။ဒီကားထဲမှာ ဂျွန်စောလို့ လူသိများတဲ့ ကိုရီးယားမင်းသား Song Seung-heon လည်း ပါဝင်ထားပါသေးတယ်။အက်ရှင်ကားတွေထဲမှာ Rating မြင့်ပြီး အမြဲမရိုးနိုင်တဲ့ ဒီဇာတ်ကားလေးကို တဖန်ပြန်ခံစားရင်း သိမ်းထားလို့ရအောင် အကောင်းဆုံး Quality နဲ့ တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့...အားလုံ နဲ့ အားခွမ် ဟာ ကြေးစားလူသတ်သမား ညီအစ်မနှစ်ယောက်ပါ။ သူတို့ဟာ အဆင့်မြင့် ကွန်ပြူတာနည်းပညာတွေနဲ့ ပစ္စည်းတွေသုံးပြီး လုပ်ကြံဖို့မဖြစ်နိုင်တဲ့ ဆရာကြီးတွေကိုမှ ...
movie

So Close (2002)

2002
Man of Tai Chi (2013) 6.1
Man of Tai Chi (2013)  ကျွန်တော်တို့ရဲ့ ကိုကျော်ဝင်းတစ်ယောက် John Wick မလုပ်ခင် တရုတ်ပြည်မှာကောင်လေးတွေ မွေးမွေးပြီး စားတဲ့အကြောင်းပါ။နောက်နေတာပါ ဒီသိုင်းကားကဆိုရင် မင်းသား ကီနူးရိဗ်တစ်ယောက်သူ့ရဲ့ Matrix ဇာတ်ကားထဲက ကွန်ဖူးဆရာကိုမြေတောင်မြှောက်ပေးတဲ့ကားဆိုရင် မမှားပါဘူးဘာလို့လဲဆိုတော့ သူကိုယ်တိုင် ဒါရိုက်တာလုပ်ထားတာ ဖြစ်ပြီးသူကိုယ်တိုင် ဗီလိန်အဖြစ် ပါထားလို့ပဲ ဖြစ်ပါတယ်။တခြားနာမည်ကြီး တရုတ်သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါသေးတယ်။ဇာတ်လမ်းက အဓိက အခြေခံထားတာကတော့ကျွန်တော်တို့ ထိုက်ချိသိုင်းအကြောင်းပဲ ဖြစ်ပါတယ်သူကပြောရမယ်ဆို ရေနဲ့မီး အလင်းနဲ့အမှောင်စတဲ့ဆန့်ကျင်ဖက်တွေ အတူတည်ရှိနေသလိုမျိုးမာကျောတဲ့အရာကို ပျော့ပျောင်းမှုနဲ့ သိမ်းသွင်းတဲ့ကိုယ်ခံပညာတစ်ခုပါ(နာမည်ကြီးဆို မင်းသားကြီး ဂျက်လီချတာတွေ ရှိပါမယ်)။ ဇာတ်လမ်းအကျဉ်းကတော့ကိုကျော်ဝင်းဟာ ဟောင်ကောင်မှာ လုံခြုံရေးကုမ္ပဏီဟန်ပြလုပ်ပြီး မြေအောက်တိုက်ခိုက်ပွဲတွေ ကျင်းပနေတဲ့လူတစ်ဦး၊တစ်နေ့ သူ့ဖိုက်တာကောင် အားမရလို့ သတ်ပစ်ပြီးလူသစ်ရှာနေတဲ့အချိန်ပေါ့။မင်းသား တိုက်ဂါးဆိုတာကျ ထိုက်ချိပညာအမွေယူနေတဲ့လူတစ်ယောက် လမ်းကြောင်းမှန်မရောက်သေးပဲကြိုးစားနေရဆဲပေါ့။တစ်ဖက်မှာလည်း ကိုကျော်ဝင်းကို ဖမ်းချင်နေကြတဲ့ရဲမေတစ်သိုက်တို့က ရှိကြပါသေးတယ်။တစ်ရက်ကျ တိုက်ဂါးအရည်အချင်းတွေကို ကိုကျော်ဝင်းသဘောကျပြီး သူ့ဖိုက်တာလုပ်ဖို့ ဖိတ်ခေါ်ပါတယ်ဒါပေမဲ့ ကိုယ်ခံပညာဟာ ပိုက်ဆံရှာစရာမဟုတ်ဘူးဆိုပြီး ငြင်းခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ သူ့ဆရာနေတဲ့ ဘုရားကျောင်းအတွက်ပိုက်ဆံတွေ အများကြီး လိုအပ်လာတဲ့အချိန်မှာတော့ တိုက်ဂါးတစ်ယောက်….ဒီလောကထဲ ...
movie

Man of Tai Chi (2013)

The God of Cookery (1996) 7.3
The God of Cookery (1996) The God of Cookery (1996)~ IMDb - 7.3/10, Rotten Tomatoes - 86% ~ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ ...
movie

The God of Cookery (1996)

1996
The Twins Effect (Vampire Effect) (2003) 6.0
The Twins Effect (Vampire Effect) (2003)  ၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တဲ့ ​ဟောင်​ကောင်အက်ရှင်ဟာသကား​လေး တင်ဆက်​​ပေးချင်ပါတယ်။ Initial Dနဲ့ Internal Affairs ဇာတ်ကား​တွေမှာ ပါဝင်ဖူးတဲ့ Edison Chenက ​ခေါင်း​ဆောင်ပါဝင်ထားသလို Jackie Chanနဲ့ Karen Mokတို့လည်း cameoအ​နေနဲ့ ပါဝင်ထားပါ​​သေးတယ်။အနာဂတ်ကာလမှာ သွေးစုပ်ဖုတ်​ကောင်မျိုးနွယ်​တွေ ကမ္ဘာတစ်ဝန်းကြီးစိုးလာသလို ​သွေးစုပ်ကောင်နှိမ်နင်း​ရေး အဖွဲ့​အစည်းတွေလည်း အများအပြား​ ပေါ်ထွက်လာပါတယ်။ ရိဗ်၊ ညီမဖြစ်သူ ဟယ်လန်နဲ့ပါတနာ ဂျစ်ပစီတို့ကလည်း ​သွေးစုပ်​ကောင်မုဆိုး​တွေ​ပေါ့။ဒီလိုနဲ့ သူတို့​နေထိုင်ရာ ​ဟောင်​ကောင်ကို ဥ​ရောပနွယ်သွေးစုပ်ကောင်​တွေ ရုတ်တရက်​ရောက်လာကြပါတယ်။ သူတို့​​တွေ ရောက်လာရတဲ့အ​ကြောင်းရင်းက သွေးစုပ်ကောင်သမ္မာကျမ်းစာအုပ်လို့ ​​ပြောနိုင်တဲ့ "Day For Night"စာအုပ်ကို ဂိုဏ်း​တွေလုရာမှ စတင်ခဲ့တာပါ။ဒီစာအုပ်ရဲ့အစွမ်းကို ပိုင်ဆိုင်ဖို့လိုအပ်တဲ့အရာက မူလပိုင်ရှင်​ဖြစ်တဲ့ ​တော်ဝင်မိသားစု မင်းသား၆ပါးရဲ့ ​သွေးပါ။ ဒီထဲကမှ ပဥ္စမမင်းသားဖြစ်တဲ့ ကာဇမ်က ​ဟောင်​ကောင်ကို ​ရောက်လာပြီး ရိဗ်ရဲ့ ညီမ​လေးဟယ်လန်နဲ့ ​ရေစက်သွားဆုံပါတယ်။ဒီလိုနဲ့ စာအုပ်အစွမ်းကို ပိုင်ဆိုင်ချင်တဲ့ ဥ​ရောပမျိုးသွေးစုပ်ကောင်တသိုက်နဲ့ တစ်ဖက်က ​​တော်ဝင်မင်းသားနဲ့ သွေးစုပ်​ကောင်မုဆိုးတို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဟာသအက်ရှင်ဆန်ဆန် ...
movie

The Twins Effect (Vampire Effect) (2003)

The Great Hypnotist (2014) 7.0
The Great Hypnotist (2014) [Unicode]ဇာတ်လမ်းအမျိုးအစားကတော့ အားလုံးစိတ်ဝင်စားကြမယ့် Mystery - Thriller ပဲဖြစ်ပါတယ်အိပ်မွေ့ချကုထုံးမှာ အရမ်းတော်တဲ့စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာရွှီယွေနင်ဆီကို ထူးခြားတဲ့ case အနေနဲ့ သရဲတွေကိုမြင်နိုင်တယ်လို့ပြောလာတဲ့ လျန်ရှောင်ရန်ဆိုတဲ့မိန်းမတစ်ယောက် ကုသခံဖို့ရောက်လာခဲ့တာကနေ အစပြုဇာတ်ကြောင်းဆင်ထားပါတယ်သူ့ပညာကို အတော်လေးယုံကြည်မှုရှိပြီး မာနကြီးတဲ့ ဒေါက်တာရွှီယွေနင်တစ်ယောက် အချက်အလက်ကျစွာနဲ့ သူ့ကိုတန်ပြန်တုန့်ပြန်လာတဲ့ လူနာနဲ့တွေ့ကြုံလာရတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ အဲဒီအချက်အလက်ဆိုတာတွေကရော အမှန်တကယ်ပဲလား နောက်ကွယ်မှာ ဘာလျှို့ဝှက်ချက်တွေဆက်ရှိနေမလဲဆိုတာ ရင်သပ်ရှုမောရင်းကြည့်ရှုရပါလိမ့်မယ်အဓိကဇာတ်ကောင်နေရာတွေကတော့ Forbes China Celebrity 2020 ရဲ့ နံပါတ်၂နေရာမှာရှိနေတဲ့ နာမည်ကြီးအနုပညာပါရမီရှင် Xu Zheng ဖြစ်ပြီး တွဲဖက်အားဖြည့်ထားသူကတော့ So Close ဇာတ်ကားရဲ့ရဲမေဆိုရင် ရုပ်ရှင်ပရိသတ်အားလုံးသိနိုင်ကြမှာဖြစ်ပါတယ်ဆရာဝန်နဲ့လူနာ ဆွေးနွေးကုသနေတဲ့ဟောခန်းထဲမှာ ဇာတ်ကားပြီးသွားတာဖြစ်ပေမယ့် အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းပြီး ပြီးလို့ပြီးလိုက်မှန်းတောင်မသိဖြစ်သွားမယ်ဆိုတာ လုံးဝအာမခံပါတယ် ။( အညွှန်းရေးသားထားသူကတော့ Phu Nge Nge Thein ဖြစ်ပါတယ် ) [Zawgyi]ဇာတ်လမ်းအမျိုးအစားကတော့ အားလုံးစိတ်ဝင်စားကြမယ့် Mystery - Thriller ပဲဖြစ်ပါတယ်အိပ်မွေ့ချကုထုံးမှာ အရမ်းတော်တဲ့စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာရွှီယွေနင်ဆီကို ထူးခြားတဲ့ case အနေနဲ့ သရဲတွေကိုမြင်နိုင်တယ်လို့ပြောလာတဲ့ ...
movie


Shaolin Soccer (2001) 7.3
Shaolin Soccer (2001) Shaolin Soccer (2001)IMDB Rating(7.3) / Rotten Tomatoes (90%)++++++++++++++++++++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.org/category/stephen-chow/   မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ...ဟာသကားတွေပေါပါတယ်...ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်...စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ...စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး...လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး...လွဲတော့လဲ ပျော်ပျော်ကြီး...ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား...ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ...
movie

Shaolin Soccer (2001)

Go Lala Go! ( 2010 ) 5.1
Go Lala Go! ( 2010 ) Zawgyi*******ဒီတစ်ခေါက်တော့ အလုပ်ခွင်မှာ ဆရာမကြိုးစားရင်း အချစ်ရေးမှာသွေးအေးလာတယ်ဆိုတဲ့ လုပ်ငန်းခွင်က မမတို့ရဲ့ ဘဝကိုမျိုးစုံ ကြိုးခုန်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးနာမည်က GO LALA တဲ့...လာလာဆိုတဲ့ကောင်မလေး အကြောင်းကို ပုံဖော်ထားတာပါဒီကားလေးထဲမှာ အလုပ်ရဖို့ အလုပ်မှာ ရာထူးတက်ဖို့ အလုပ်မှာအောင်မြင်ဖို့ ကြိုးစားနေတဲ့ လာလာတစ်ယောက် သွေးအေးလာတဲ့အချစ်ရေးကို ဘယ်လိုဆက်လုပ်မယ်ဆိုတာရယ်...လာလာရဲ့ ကြိုးစားမှုတွေကို နားလည်ရခက်နေတဲ့ လာလာချစ်သူဒေးဗစ်ကရော ဘယ်လိုတွေ ဆုံးဖြတ်မယ်ဆိုတာကြည့်ရင်းကိုယ်ဆိုဘယ်လိုလုပ်မှာဆိုပြီး စိတ်ကူးယဉ်နိုင်ကြပါစေ...ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးပါပဲ Unicode*******ဒီတစ်ခေါက်တော့ အလုပ်ခွင်မှာ ဆရာမကြိုးစားရင်း အချစ်ရေးမှာသွေးအေးလာတယ်ဆိုတဲ့ လုပ်ငန်းခွင်က မမတို့ရဲ့ ဘဝကိုမျိုးစုံ ကြိုးခုန်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးနာမည်က GO LALA တဲ့...လာလာဆိုတဲ့ကောင်မလေး အကြောင်းကို ပုံဖော်ထားတာပါဒီကားလေးထဲမှာ အလုပ်ရဖို့ အလုပ်မှာ ရာထူးတက်ဖို့ အလုပ်မှာအောင်မြင်ဖို့ ကြိုးစားနေတဲ့ လာလာတစ်ယောက် သွေးအေးလာတဲ့အချစ်ရေးကို ဘယ်လိုဆက်လုပ်မယ်ဆိုတာရယ်...လာလာရဲ့ ကြိုးစားမှုတွေကို နားလည်ရခက်နေတဲ့ လာလာချစ်သူဒေးဗစ်ကရော ဘယ်လိုတွေ ဆုံးဖြတ်မယ်ဆိုတာကြည့်ရင်းကိုယ်ဆိုဘယ်လိုလုပ်မှာဆိုပြီး စိတ်ကူးယဉ်နိုင်ကြပါစေ...ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးပါပဲ Translated & ...
movie

Go Lala Go! ( 2010 )

2010
Lawyer Lawyer (1997) 6.2
Lawyer Lawyer (1997) Lawyer Lawyer (1997)စတီဗင်ချောင်ရဲ့ကားဆိုတာနဲ့ အများကြီးညွှန်းစရာတော့ မလိုပါဘူး။ မြန်မာပရိသတ်နဲ့ မစိမ်းတဲ့ တရုတ်ဟာသမင်းသားကြီး စတီဗင်ချောင်က ဒီကားထဲမှာတော့ ရှေ့နေတစ်ယောက်ပါ။ ရှေ့နေဆိုပေမယ့် ရှေ့နေစစ်စစ်လားဆိုတော့ မဟုတ်ပြန်ပါဘူး။ စိုင်ကော်လို့ ချုံပေါ်ရောက်ဆိုသလို ရှေ့နေဘဝကို ရောက်ခဲ့ရတာပါ။ တရုတ်ပြည်ကြီး ဗြိတိသျှတွေ လက်အောက်မှာ ကျရောက်တုန်းက တရားဥပဒေစိုးမိုးရေးဆိုတာ ဗြိတိသျှတွေရဲ့ ဥပဒေပညာရပ်နဲ့ပဲ ဆုံးဖြတ်ပါတယ်။ နယ်မြို့လေးမှာနေတဲ့ ချန်မိုဂတ်ဆိုတဲ့ လူတစ်ယောက်ဟာ အင်မတန် လူရည်လည်ပါတယ်။ စကားအပြောအဆို အင်မတန်ပါးနပ််ပါတယ်။ သူ့မှာ "ဖုန်း" ဆိုတဲ့ တပည့်တစ်ယောက်ရှိပါတယ်။ တစ်နေ့တော့ 'ဖုန်း'တစ်ယောက် ဆရာနဲ့ စကားများရန်ဖြစ်ပြီး မြို့ပေါ်ကို တက်သွားပါတော့တယ်။ အဲ့ဒီမှာ ပြဿနာက စတာပါပဲ။ 'ဖုန်း' ကို လူသတ်မှုနဲ့ အစွပ်စွဲခံရပါတော့တယ်။ ဒီတော့ သူက သူ့ဆရာကို အားကိုးပြီး သူ့ဆရာကို ရှေ့နေလိုက်ခိုင်းပါတော့တယ်။ ချန်မိုဂတ် ကတော့ သူ့ကို စွန့်ပစ်ထားခဲ့တဲ့ တပည့်မို့ သူက စွန့်ပစ်ချင်နေပါတယ်။ ဒါပေမယ့် မလွှဲသာမရှောင်သာတဲ့ အကြောင်းတရားတွေကြောင့် 'ချန်မိုဂတ်' တစ်ယောက် ဒီလူသတ်မှုကို ရှေ့နေလိုက်ရပါတော့တယ်။ ရှေ့နေဆိုတာ အပြောအဆိုလိမ္မာပါးနပ်ဖို့ လိုပါတယ်။ ဒီ့အပြင် ...
movie

Lawyer Lawyer (1997)

1997
Out of the Dark(1995) 7.0
Out of the Dark(1995)  1995 ခုနှစ်ကထွက်ရှိခဲ့ပြီး သေးထွက်မတတ်ရီ ရမဲ့ဟာသမင်းသားကြီး စတီဗင် ချောင် ရဲ့ ဟာသကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးက တော့ မစ္စတာလီ နဲ့သူ့ဇနီးတို့ဟာ တိုက်ခန်းအသစ်ငှားပြီးပြောင်းရွေ့နေထိုင်ကြပါတယ်ဒါပေမဲ့ ကံဆိုးတာတစ်ခုက တိုက်ခန်းမှာအဖွားကြီး ဟာသေဆုံးထားပြီး သူသေဆုံးမှုကို မကျေနပ်နိုင်ပဲ လိုက်လံ အပြစ်တင်နေပါတော့တယ် မစ္စတာလီ တို့ လင်မယားကို ဂျင်းထည့်ခံခဲ့ရပြီး အဖွားကြီးရဲ့ ခြောက်လန့်မှုကြောင့် မစ္စတာလီတို့ လင်မယားဟာ သည်းညည်းမခံနိုင်တော့ပဲ တိုက်ခန်းကလုံခြုံရေး နဲ့ ပူးပေါင်းပြီး ဒီပုံမှန်မဟုတ်တဲ့ဖြစ်စဉ်တွေကို ဖော်ထုတ်ဖို့ လုပ်ဆောင်ပါတော့တယ်ဒါပေမဲ့ အရင်က တိုက်ခန်းမှာ စိတ်နောက်နေတဲ့ ကောင်မလေး ကို ကုသပေးဖူးတဲ့ စိတ်ကျန်းမာရေး ဆရာဝန် တစ်ဖြစ်လဲ စတီဗင်ချောင်ပါ ပါဝင်ပတ်သက်လာတဲ့အခါမှာတော့ ကဲ ဘယ်လို သောက်ပေါက်ကရတွေများလုပ်မလဲဆိုတာကိုတော့ တ၀ကြီး ကြည့်လိုက်ကြပါတော့ဗျာ :Pဘာသာပြန်ကတော့ ကိုကွန်ပိုက်ပါဗျ  
movie

Out of the Dark(1995)

1995
A Chinese Odyssey: Part 3 (2016) 3.5
A Chinese Odyssey: Part 3 (2016) A Chinese Odyssey Part 3 (2016)_____IMDb - 3.5/10  ဒီဇာတ်ကားဟာ စွန်းဝူခုန်းရဲ့ အနောက်သို့ခရီးသွားမှတ်တမ်းကို ဇာတ်လမ်းဆန်းသစ်ပြီး ဟာသတစ်ပိုင်းနဲ့ ရိုက်ခဲ့တဲ့ စတီဗင်ချောင်ရဲ့ A Chinese Odyssey အပိုင်း ၁ နဲ့ ၂ ရဲ့ အဆက်ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ စွန်းဝူခုန်းဖြစ်လာမယ့် Joke(ကျိစန်းပေါင်)ဟာ အနှစ် ၅၀၀ နောက်ကျပြီးမှ မွေးဖွားလာခဲ့ပြီး သူ စွန်းဝူခုန်းဖြစ်လာရမယ့် ကံကြမ္မာဟာ သူ့ရဲ့ချစ်သူနတ်သမီး စီရှား သေဆုံးမှဖြစ်လာမယ်လို့ ကောင်းကင်ဘုံကျမ်းမှာ ကံကြမ္မာအဖြစ်ရေးသားထားခဲ့ပါတယ်။ ဒါကို အချိန်ခရီးသွားခဲ့ပြီး ကြိုသိလာတဲ့ နတ်သမီးဟာ ကျိစန်းပေါင်နဲ့ မချစ်မိစေဖို့ သူမသေရဖို့ ရှောင်လွှဲဖို့ကြိုးစားစဉ် နွားမိစ္ဆာမောင်နှမကိုပါ ဆွဲထည့်မိပြီး ရှုပ်ထွေးလာပုံကို လှည့်ကွက်လေးတွေနဲ့ မထင်မှတ်တာလေးဖြစ်လာအောင် ပြသထားတာပါ။ သတ်မှတ်ထားပါတယ်ဆိုတဲ့ ကံကြမ္မာနဲ့ ကိုယ်ပိုင်ရွေးချယ်မှု ယှဉ်လာတဲ့အခါ ကံကြမ္မာကို လူကဖန်တီးမလား၊ ကံကြမ္မာက လူကိုဖန်တီးမလားဆိုတာတော့.....     File Size     :   669 MB Duration    :   1 hr 33 min Quality   ...
movie

A Chinese Odyssey: Part 3 (2016)

2016
A Chinese Odyssey Part 1 & 2 [Pandora Box & Cindrella] (1995) 7.9
A Chinese Odyssey Part 1 & 2 [Pandora Box & Cindrella] (1995) A Chinese Odyssey: Part 1 - Pandora's Box (1995)_____IMDb - 7.9/10 A Chinese Odyssey: Part 2 - Cinderella (1995)_____IMDb - 8.0/10   ဟုတ်ပါတယ် ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအားလုံးနှစ်သက်ကြရတဲ့ နာမည်ကျော်မင်းသားကြီး Stephen Chow က Journey to the west ဆိုတဲ့ တရုတ်ရိုးရာဇာတ်တော်ကြီးကို ပြန်လည်ဆန်းသစ်ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ မတူတာကတော့ ဇာတ်လမ်းကျောရိုးက အနောက်အရပ်သို့ ကျမ်းဂန်တွေသွားရောက်ပင့်ဆောင်ခြင်းမပြုမှီ စွန်းဝူခုန်းရဲ့ အရိုင်းစိုင်းမျောက်ဘ၀ ထိုမှတစ်ဖန် လူဘဝပြန်ဝင်စားပြီး လူဘဝနဲ့ကျင်လည်ကျက်စားပုံတွေ မိစ္ဆာမလေးတစ်ယောက် နဲ့ ဘုံကြိုးပြတ်နတ်သမီးတစ်ယောက်ရဲ့ကြားမှာယောက်ယတ်ခပ်အောင် ဗျာများနေရပြီး ရသစုံအချစ်ဇာတ်လမ်းလေးတွေပေါက်ဖွားလာပုံတွေကို တွေ့ရမှာပါ ထို့အပြင်ပဲ ဆရာတော်ဟာလည်း ပါရမီမရင့်သန်မီမှာ စကားအလွန်များပစိပစပ်အလွန်နိုင်တဲ့ ဘုန်းကြီးတစ်ပါးအဖြစ်ကျင်လည်ခဲ့ရပုံ တွေကို မင်းသားကြီး Stephen Chow ရဲ့ထုံးစံအတိုင်း ခပ်တည်တည်နဲ့ ဟာသလေးတွေနှောကာရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။  စွန်းဝူခုန်း တစ်ဖြစ်လဲ ကျင်းရှောင်လင် တစ်ယောက် သူရဲ့အချစ်ရဆုံးမိန်းကလေးဟာဘယ်သူဆိုတာနဲ့ လောကကြီးရဲ့အကျိုးသယ်ပိုးဖို့အတွက် စွန်းဝူခုန်း ဘဝကိုပြန်လည် ရွေးချယ်ရင် သူနဲ့ပတ်သက်တဲ့မိန်းကလေးနဲ့လည်းကွဲရမှာဖြစ်တာကြောင့် သူဘာကိုရွေးချယ်မှာလဲ ဆိုတာကိုလည်း ရင်တမမနဲ့ကြည့်ရမယ့်အပြင် စိတ်ကိုလည်း အားမလိုအားမရဖြစ်ကာမရိုးမရွဖြစ်စေတဲ့ရသကိုလည်း ပေးနိုင်စွမ်းရှိတဲ့ ...
movie

A Chinese Odyssey Part 1 & 2 [Pandora Box & Cindrella] (1995)

1995