Channel Myanmar

Kathy Bates

Primary Colors (1998) 6.7
Primary Colors (1998) Primary Colors (1998)~ IMDb - 6.7/10, Rotten Tomatoes - 80% ~70s, 80s ခုနှစ်ပိုင်းက Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ထရာဗိုတာအပြင် Emma Thompson နဲ့ Kathy Bates တို့လို ဝါရင့်သမ္ဘာရင့်မင်းသမီးကြီးတွေလည်း ပါ၀င်ထားပြီး အော်စကာဆုအတွက်ပါ ဆန်ခါတင် ဆုနှစ်ခု၀င်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ထွက် Comedy, Drama အမျိုးအစား အဟောင်းအကောင်းဇာတ်ကားတစ်ကားပါ။အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြောင်းနဲ့ မဲဆွယ်ပုံတွေအကြောင်းကို အသားပေးပြီး ရိုက်ကူးထားတာပါ။ 1996 မှာထွက်ခဲ့တဲ့ အမည်မသိဆောင်းပါးရှင်ရဲ့ နိုင်ငံရေး၀တ္ထုဖြစ်တဲ့ "Primary Colours: A Novel of Politics" ကို ပြန်ရိုက်ထားတာဖြစ်ပြီး အဲဒီ၀တ္ထုကလည်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မှုအကြောင်းရေးသားထားတယ်လို့ဆိုကြပါတယ်။ဇာတ်ကားထဲမှာတော့ ရွေးကောက်ခံအမတ်လောင်းတွေကြားက ညစ်ပတ်တဲ့ကစားကွက်တွေ၊ အချင်းချင်းချောက်ချတာတွေ ပါဝင်ပြီး နိုင်ငံရေးဆိုတာ ...
movie

Primary Colors (1998)

1998
The Blind Side (2009) 7.7
The Blind Side (2009) The Blind Side (2009)IMDb Rating (7.7) / Rotten Tomatoes (66%)မင်းသမီး ဆန်ဒရာဘူးလော့ခ် (Sandra Bullock ) အော်စကာဆု ရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပြီးတော့ရိုက်ကူးစဉ်က Budget $29 million သာကုန်ကျခဲ့ပေမယ့် Box Office ဝင်ငွေ $309.2 million ထိရရှိခဲ့တာကြောင့်အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတာကြောင့် ပိုပြီးထိရှခဲ့ရတဲ့ဇာတ်ကားလဲ ဖြစ်ပါတယ်။American football ကစားသမား Michael Oher ရဲ့ဇာတ်ကြောင်းဖြစ်ပြီးတော့အိမ်ခြေမဲ့ လူမည်းကလေးတစ်ယောက် နာမည်ကျော်အားကစားသမားဖြစ်လာဖို့ဘယ်လောက်ထိ ရုန်းကန်လှုပ်ရှားခဲ့ရတယ်ဆိုတာကို တင်ဆက်ထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ကြည့်ဖူးသူတိုင်း အကြိုက်ဆုံးရုပ်ရှင်စာရင်းထဲ ထည့်လိုက်ရတဲ့ထိ ကောင်းမွန်ပြည့်စုံတဲ့ရုပ်ရှင်ဖြစ်တာကြောင့်မကြည့်ရသေးရင် လက်လွတ်မခံသင့်ပါကြောင်း။ File size…(3.2 GB)/ (1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….02:08:33 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by HaDes
movie

The Blind Side (2009)

2009
1080p HEVC
Titanic (1997) 7.8
Titanic (1997) Titanic (1997) IMDb - 7.8/10_____Rotten - 89% Won 11 Oscars. Another 113 wins & 83 nominations.  ရူးသွပ်ခဲ့ဖူးတဲ့မင်းသားနဲ့မင်းသမီးတို့ရဲ့ အမိုက်စား ဇာတ်ကား...ရင်နင့်ဖွယ်..အံ့အားသင့်ဖွယ် ရသအဖုံဖုံကိုခံစားခဲ့ဖူးတာပဲမလား..အခုအချိန်မှာတော့ 1080P 5.1 CH နဲ့ တိုက်တန်းနစ်ဇာတ်ကား လေးကို ကြည်ကြည်လင်လင် အသံကွာလတီ ရှယ်ကောင်းကောင်းနဲ့ ပြန်လည်ခံစားဖို့အချိန်တန်ပါပြီ ဒီဇာတ်ကားက မသိတဲ့လူမရှိသလောက်မို့ Movie Review ကိုမရေးတော့ဘဲထူးခြားချက်လေးတွေကို သာဗဟုသုတအလို့ငှာ တင်ဆက်လိုက်ပါတယ်။ Titanic ဇာတ်ကားမှ ထူးခြားအချက်အလက်များ -ဇာတ်ကားထုတ်လုပ်သူ 20th Century Fox နဲ့ Paramount Pictures တို့ကမင်းသားနေရာမှာ Matthew McConaughey ကို သရုပ်ဆောင်စေချင်ပေမယ့်ဒါရိုက်တာ James Cameron က Leonardo DiCaprio ကိုပဲ ဇွတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။-ဇာတ်ကားထဲမှာ အဖြစ်အပျက် အစအဆုံးကို ပြန်ပြောပြသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အဘွားအိုGloria Stuart ဟာ သင်္ဘောမြုပ်တာကို ကိုယ်တွေ့ကြုံခဲ့သူပါ။-Titanic သင်္ဘောကို တည်ဆောက်ခဲ့စဉ်က $7.5 million ကုန်ကျခဲ့ပါတယ်။၁၉၉၇ ခုနှစ်က ...
movie

Titanic (1997)

1997
4K HEVC
The Day the Earth Stood Still (2008) 5.5
The Day the Earth Stood Still (2008) Keanu Reeves ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံအက်ရှင် ရုပ်ရှင်ဇတ်ကားကောင်း တစ်ကားဖြစ်ပါတယ်ဇတ်လမ်း ပုံစံကတော့ နောဧ ရဲ့ လှေကြီးနဲ့ ခပ်ဆင်ဆင်တူမလား ပဲ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းပေးတယ်ဒါပေမယ့် တစ်ချိန်ချိန်မှာ လူသားတွေ အတ္တကြီးလာမယ် အချင်းချင်းတိုက်ခိုက်ကြမယ်ဆိုရင်တော့ရေကြီးမှု တွေ မုန်တိုင်းတွေ မီးလောင်တိုက်တွင်းမှုတွေ ငလျင်တွေ ရောဂါ တွေ ပို့လွှတ်ပြီး ပြန်ဖျက်စီးမှာ ဖြစ်ပြီးတာဝန်ပေးအပ်ချက်အရ အသက်ရှင်မယ့် လူသား ၂ ဦး နဲ့ သတ္တဝါအစုံ ဖိုမ ၂ ကောင်ဆီ ပြန်လည်ယူဆောင်သွားပြီးကမ္ဘာအသစ် ပြန်လည်ဖန်ဆင်းပေးမှာ ဖြစ်ပါတယ်...ဒီရုပ်ရှင်ကားမှာတော့ ကမ္ဘာကို သိမ်းယူဖို့ ဖျက်စီးမရနိုင်တဲ့ အကောင်ကြီး တစ်ကောင် အရင်ပို့လိုက်ပါတယ်ပြီးနောက် သတ္တဝါပေါင်းစုံကို သိမ်းယူမယ့် အလင်းရောင် အလုံးကြီးတွေ ကမ္ဘာအနှံ့က နေရာအစုံကို ပစ်ချလိုက်ပါတယ်ပင်လယ်ထဲကိုလဲ ပစ်ချပါတယ် ဘယ် သတ္တဝါ တစ်မျိုးစီမှ မကျန်ရအောင် အကုန်ယူဆောင်သွားပါတယ်ဒီလို ယူဆောင်လို့ ပြီးသွားရင်တော့ ဖျက်ဆီးရေး လုပ်ငန်းစတင်မှာ ဖြစ်ပြီး ဘယ်သက်ရှိမှ ကမ္ဘာပေါ်မှာ ကျန်မနေခဲ့ရတော့ပါဘူး...ဒီလို ဖျက်စီးဖို့ အတွက်ကို ကမ္ဘာဖျက်ဖို့ ရောက်ရှိလာတဲ့သူက Klaatu လို့ နာမည်တွင်တဲ့ လူသားအသွင်ယူထားတဲ့ ...
movie

The Day the Earth Stood Still (2008)

2008
HEVC 1080p 5.1
Richard Jewell (2019) 7.5
Richard Jewell (2019) unicodeဖစ်ရပ်မှန်ရုပ်ရှင်ကားတစ်ကား ထပ်ပြီး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။၁၉၉၆ ဇူလိုင်လမှာ အမေရိကန် ဆန်တန်နီရယ်အိုလံပစ်ပန်းခြံမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူ ၂ ယောက်သေ၊ ၁၀၀ ကျော်ဒဏ်ရရခဲ့ပါတယ်။ဒီဗုံးရဲ့ပြင်းအားနဲ့ လူဦးရေအရ ဒီထက်ပိုသေပြီးထိခိုက်နိုင်ပေမယ့် ကယ်တင်ရှင်တစ်ယောက်ကြောင့် သက်သာခဲ့တာပါ။အဲဒီလူကတော့ အဆိုပါဗုံးကို တွေ့ပြီးလူတွေကို ဖယ်ရှားခိုင်းခဲ့တဲ့ လုံခြုံရေးဝန်ထမ်း ရစ်ချက် ဂျူဝယ်ပါပဲ။နေ့ချင်းညချင်းပဲ ရစ်ချက်ဟာနိုင်ငံတော် သူရဲကောင်းဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် ဒီဂုဏ်ယူမှုဟာ ရက်ပိုင်းပဲ ခံပါတယ်။အက်ဖ်ဘီအိုင်က သူ့ကို သူရဲကောင်းလုပ်ချင်စိတ်၊နာမည်ကျော်ကြားလိုစိတ်ကြောင့် ဗုံးခွဲသူလို့ သံသယဖြစ်ပြီး၊သတင်းတွေမှာလည်း ပါလာတဲ့အခါရစ်ချက်ရဲ့ ဘဝ ကပြောင်းကပြန်တွေ ဖြစ်လာပါတော့တယ်။အဲဒီအက်ဖ်ဘီအိုင်နဲ့ မီဒီယာတွေကို တွန်းလှန်ပြီး အမှန်တရားကိုသက်သေပြဖို့ ရစ်ချက်ရယ် သူ့ရဲ့ မိတ်ဆွေဟောင်းဒေါသအိုးရှေ့နေကြီး ဝက်ဆန်ဘရိုင်းယန့်ရယ် ကြိုးစားကြတဲ့အခါ….File Size : (1 GB , 235 MB ) Quality : WEB-DL 720p Running Time : 2 hr 11 min Format : ...
movie

Richard Jewell (2019)

Bee Movie(2007) 6.1
Bee Movie(2007) Bee Movie(2007)IMDb....6.1ပျော်စရာကာတွန်းကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ် Bee Movie ဆိုတဲ့၂၀၀၇ ခုနှစ်ကထွက်ရှိထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်  Animationပရိသတ်တွေနဲ့ ကလေးတွေအကြိုက်တွေ့စေမယ့်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် …ဇာတ်ကားလေးထဲမှာပျားကလေးတွေ ဘယ်လိုအလုပ်လုပ်ကြတယ်ဆိုတာကိုဗဟုသုတအနေနဲ့မြင်တွေ့ရမှာဖြစ်ပြီးပျားတွေနဲ့လူတွေသာစကားပြောဖြစ်ကြရင် ဘယ်လိုတွေဖြစ်လာမလဲဆိုပြီးစိတ်ကူးယဉ်ဇာတ်လမ်းလေးဖွဲ့ထားတာပဲဖြစ်ပါတယ်...ပျားတွေဟာ နှစ်သန်းပေါင်း ၂၇နှစ်ကြာအောင် ကမ္ဘာပေါ်မှာတစ်ရက်မနားဘဲအလုပ်လုပ်နေကြတဲ့ အကောင်လေးတွေဖြစ်ပါတယ်…တစ်ရက်မှာဘယ်ရီဆိုတဲ့ ပျားကလေးတစ်ကောင်ဟာကျောင်းပြီးဘွဲ့ရလို့ အလုပ်ခွင်ဝင်ရမယ့် အချိန်ရောက်လာခဲ့ပေမယ့်ပျားတွေလုပ်ရမယ့် သာမန်အလုပ်ကိုမလုပ်ချင်ဘဲစူးစမ်းချင်စိတ်ရှိတဲ့ ဘယ်ရီဟာပျားအုံရဲ့အပြင်ကိုထွက်သွားမိရာကနေ …လူသားတွေနဲ့ တွေ့ဆုံမိတဲ့အခါမှာဘယ်လိုစွန့်စားမှုမျိုးတွေ ကြုံရမှာလဲ ကိုယ်တိုင်ကြည့်ရှုခံစားနေတော်မူကြပါ…။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်...... File Size : (850 MB) and (350 MB) Quality : Blu-Ray 720p Format…mp4 Duration…01:31:00 Genre :  Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by Phyo Pyae
movie

Bee Movie(2007)

2007
Misery (1990) 7.8
Misery (1990) စာရေးဆရာကြီး Stephen Kingရဲ့ Miseryဝတ္ထုကိုပြန်ရိုက်ထားတဒီရုပ်ရှင်ဟာ Horrorရုပ်ရှင်တွေထဲမှာတော့ပြောစမှတ်တွင်ခဲ့တဲ့ရုပ်ရှင်ပါ။ဒီဇာတ်ကားထဲက စိတ္တဇအမျိုးသမီးကြီးနေရာကသရုပ်ဆောင်တဲ့မင်းသမီးကြီး Kathy Batesလဲ ဒီဇာတ်ကားနဲ့ပဲ အော်စကာဆု၊ရွှေကမ္ဘာလုံးဆုတွေ ရခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်း >>>>စာရေးဆရာ ပေါလ်ရှယ်ဒန်က မစ္စရီဆိုတဲ့အမျိုးသမီးဇာတ်ကောင်အကြောင်း အသားပေးရေးထားတဲ့လုံးချင်းဝတ္ထုတွဲတွေနဲ့ လူကြိုက်များအောင်မြင်တဲ့စာရေးဆရာကြီးတစ်ယောက်ပေါ့။ဒါပေမယ့် ကြာလာတော့ မစ္စရီအကြောင်းရေးရတာငြီးငွေ့လာလို့ ပေါလ်ရှယ်ဒန်က သူ့ရဲ့နောက်ဆုံးထွက်မစ္စရီဝတ္ထုမှာ မစ္စရီဇာတ်ကောင်ကို သတ်ပစ်လိုက်တယ်။ပြီးတော့သူ့ရဲ့ ဝတ္ထုအသစ်ကို လူသူမနီးတဲ့ဟိုတယ်လေးမှာသွားရေးနေတုန်း သူ့သမီးလေးမွေးနေ့အတွက်နယူးယောက်ကိုပြန်အလာမှာ နှင်းမုန်တိုင်းမိပြီးကားမှောက်သွားခဲ့တယ်။ခြေတွေလက်တွေနံရိုးတွေကျိုးပြီး နှင်းမုန်တိုင်းထဲမှာသတိလစ်ပြီးသေစစဖြစ်နေတဲ့ သူ့ကို အန်နီဝစ်ဆိုတဲ့မိန်းမကြီးကကယ်ဆယ်ပေးခဲ့ပါတယ်။သတိရလာတော့ သူ့ကိုကယ်ခဲ့တဲ့အန်နီဝစ်ကသူနာပြုဟောင်းတစ်ယောက်ဖြစ်တဲ့အပြင်သူ့ရဲ့မစ္စရီဝတ္ထုတွေကိုအရူးအမူးစွဲလမ်းအားပေးတဲ့အကြီးစားပရိတ်သတ်တစ်ယောက် ဖြစ်နေတာကြောင့်စိတ်သက်သာရာရခဲ့ပေမယ့်လဲ....စာရေးဆရာဟာ တဖြေးဖြေးနဲ့ဆိုသလိုအန်နီဝစ်ရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူတွေကိုသတိထားမိလာပါတယ်။ဒါ့အပြင် အန်နီဝစ်ဟာ မစ္စရီဇာတ်ကောင်ကိုပုံမှန်ထက်ပိုပြီးချစ်ခင်စွဲလမ်းနေတာကိုလဲသတိထားမိလာပြီး...နောက်ဆုံးထွက်မစ္စရီစာအုပ်မှာမစ္စရီသေသွားတာကို အန်နီဝစ်တစ်ယောက်သိသွားချိန်မှာ...ဒီဇာတ်ကားဟာ သွေးသံရဲရဲအခန်းတွေကြမ်းတမ်းတဲ့အသုံးအနှုံးတွေ ပါဝင်တာကြောင့်R ratedသတ်မှတ်ထားပါတယ်။Horrorရုပ်ရှင်တွေ မကြိုက်ရင်တောင်ဒီကားက Horror,Drama,psycho thrillerအချိုးကျကျပေါင်းစပ်ထားပြီး Kathy Batesရဲ့လက်ဖျားခါလောက်တဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ကြည့်ကိုကြည့်သင့်ပါတယ်။ယုတ္တိမရှိ ပေါပေါပဲပဲ jump scareတွေတစ်ကွက်မှမပါပဲကြည့်ရတဲ့သူကို ရင်တလှပ်လှပ်ဖြစ်စေမှာပါ။ဒါကြောင့် Horrorရုပ်ရှင်တွေကိုမြတ်နိူးသူတွေအဖို့Miseryဟာလုံးဝစိတ်ပျက်စေရမှာမဟုတ်ကြောင်း ကတိပေးလိုက်ရပါတယ်ဒီရုပ်ရှင်ကားကို Kaung Khant Win က ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲကိုယ်တိုင်ရေးပေးထားပါတယ်
movie

Misery (1990)

1990
The Highwaymen(2019) 7.1
The Highwaymen(2019) The Highwaymen(2019)IMDb...7.1တောအုပ်တစ်ခုရဲ့ နေရာတစ်ခုတွင် ထောင်သားတွေအလုပ်လုပ်နေကြသည်....မြင်းကိုယ်စီ ဖြင့် လက်နက်ကိုင် ထောင်စောင့်အဖွဲ့တွေလည်း အသီးသီးစောင့်ကြတ်နေကြသည်...သို့ပေမယ့် ကြိုတင်စီစဉ်မှုတွေကြောင့် ထောင်သားတစ်ချို့ဟာ ဝှက်ထားတဲ့ လက်နက်များဖြင့်ထောင်စောင့်များကို သတ်ဖြတ်ကာ  သူတို့အား လာခေါ်သည့် ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားကြသည်...ပြေးနိုင်သည့် လမ်းများကိုလိုက်လံပိတ်ဆို့ထားသော်လည်း အစအနပင်ရှာမရချေ....ဒါတွေအားလုံးရဲ့အဓိက တရားခံက ဝရမ်းပြေးလင်မယား(၂)ယောက်ဖြစ်သည်..တကယ်တော့ သူတို့ကိုဖမ်းမမိသည်မှာ (၂)နှစ်ခန့်ပင်ရှိနေသည့်အပြင် ယ္ခုအခါ တခြားရာဇဝတ်သားအပေါင်းအပါတွေပါ ထောင်ကလာခေါ်ထုတ်သည့်အတွက် သတင်းစာခေါင်းကြီးပိုင်းမှာခမ်းခမ်းနားနားကြီးကိုပါလာခဲ့လေသည်..ဒီ့အတွက်ကြောင့် အုပ်ချုပ်ရေးပိုင်းက လူကြီးတွေ ခေါင်းမီးတောက်နေသည်...နောက်ဆုံးတော့ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ယခင်ကဖျက်သိမ်းခဲ့သည့် ရန်းဂျားတပ်ဖွဲ့ဝင်(၂)ဦးကို ပြန်လည်တာဝန်ပေးအပ်ဖို့ဖြစ်သည်...ရှေးယခင်က ရိန်းဂျိန်းတွေဟာဖမ်းမမိတဲ့သူတွေကို တရားဝင်သတ်ဖြတ်ပိုင်ခွင့်ရှိသည်..အုပ်ချုပ်ရခက်သည့်ရိန်းဂျားတွေဟု ယူဆက အဖွဲ့ကိုဖျက်သိမ်းခဲ့ခြင်းဖြစ်သည်..ယ္ခုအခြေအနေမှာတော့ ကျန်ရှိနေသေးသည့် အတော်ဆုံး(၂)ယောက်ကိုခေါ်သုံးဖို့ဖြစ်လာသည်...ကိုင်း သူတို့ ဖမ်းမိနိုင်မလား....ဒီရာဇဝတ်သားတွေကရော ဘယ်လိုမကောင်းမှုတွေဆက်ကျူးလွန်ဦးမလဲ...ခံစားကြည့်လိုက်ပါဦး...မင်းသားကြီး Kevin Costnerနဲ့ Woody Harrelsonတို့အဓိကပါဝင်ထားသည့်အပြင် IMDbလည်းအကောင်းဆုံးအနေအထားမှာရှိနေသည့် မှုခင်းဇာတ်ကားမို့ကားကောင်းတစ်ကားဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်...File Size : (1GB) and (357MB)Quality : ...
movie

The Highwaymen(2019)

2019
P.S. I Love You (2007) 7.1
P.S. I Love You (2007)  စိတ်တွေမှာ ဆုံးဖြတ်ချက်တွေမှာ ဘဝတွေမှာ ရွေးစရာ လမ်းနှစ်ခုအမြဲရှိတတ်ပါတယ်။ အသိညဏ်ရဲ့လမ်းနဲ့ ခံစားချက်ရဲ့လမ်းပါ။ ခံစားချက်လမ်းပေါ်လျှောက်ရင်း ဘဝမှာ မမြင်ရတဲ့ကြိုးတွေနဲ့ ဘယ်ရွေ့ဘယ်မျှအထိ ချည်နှောင်ဖူးကြပါသလဲ.. ကျွန်တော်တို့ချစ်ပါတယ်ဆိုတဲ့ တစ်ဦးတစ်ယောက်အတွက်ရော ကိုယ့်ကိုယ်ကိုယ်ပါ မေ့သွားတဲ့အထိရော ဖြစ်ဖူးကြပါသလား။ ရှင်သန်နေတုန်းမှာ ရယူလိုမှုတစ်စုံတစ်ရာအတွက်ပဲဖြစ်ဖြစ် နတ္ထိဖြစ်တည်မှုတို့ရဲ့ဖြည့်ဆည်းရာအတွက်ပဲဖြစ်ဖြစ် လူတစ်ယောက်ကိုချစ်ရတာ သိပ်ကိုလွယ်ပါတယ်... သို့ပေမဲ့ ကိုယ်ဆိုတာ ဒီကမ္ဘာမြေမှာမရှိတော့တဲ့နောက် လူတစ်ယောက်ကိုဆက်ချစ်နိုင်ဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီပုံပြင်လေးကတော့ ကိုယ်ဆိုတာမရှိတော့တဲ့အလွန်မှာတောင် ဆက်ပြီးချစ်နိုင်ခဲ့သေးတဲ့လူတစ်ယောက်အကြောင်းပါ။ ဒီအချစ်ဇာတ်လမ်းကလေးရဲ့ မြစ်ဖျားခံရာကတော့ အိုင်ယာလန်က ကျယ်ပြောလှတဲ့ပန်းခြံတစ်ခုမှာပါပဲ။ ဂယ်ရီဆိုတဲ့ အိုင်ယာလန်သားလေးနဲ့ ဟော်လီဆိုတဲ့ လမ်းပျောက်နေတဲ့အမရိကသူလေးရဲ့ မြင်မြင်ချင်းအချစ်တစ်ခုကနေစခဲ့တယ်ပေါ့။သူတို့ရဲ့ အတူတူဘဝကလေးကတော့ အိပ်မက်ခဲ့သလောက်တော့ မခမ်းနားခဲ့ပါဘူး။ အခမ်းနားဆုံးတွေမရခဲ့ရတဲ့ဒေါသတွေနဲ့တောင် သူတို့ရဲ့အချစ်က လှပနေသေးတယ်ဆိုရင် အဲ့ဒီလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ရူးသွပ်ညဏ်ကင်းစွာ ချစ်ခဲ့ကြလို့လို့ဆိုပါမယ်။ သူတို့နှစ်ယောက်ဟာ ဒီလိုတစ်ယောက်ကိုတစ်ယောက် ရူးသွပ်ခဲ့ကြတဲ့ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့...ဂယ်ရီပြောသလိုပဲ အမြဲပြောင်းလဲနေတတ်တဲ့ ဘဝမှာ အပြောင်းအလဲတစ်ခုဖြစ်လာပြီး ဂယ်ရီမရှိတော့တဲ့အခါ.... ဟော်လီရှေ့မဆက်နိုင်တော့တဲ့အခါ... ဟော်လီရှေ့ဆက်နိုင်ဖို့ ဂယ်ရီဘာတွေများ လုပ်ပေးခဲ့သလဲဆိုတာကိုတော့.........။စာကြွင်း... အချစ်တတ်ကြဆုံး လူတွေအကြောင်း သင်ယူပြီး ပိုချစ်တတ်လာနိုင်ကြပါစေ။(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 1 GB ) and ( 450 MB) Quality__BR-Rip 720p IMDb Rating - 7.1/10 Goodreads - 4/5 Format__mp4 Duration__02:05:56 Type__Drama , Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung ...
movie

P.S. I Love You (2007)

2007
Charlotte’s Web (2016) 6.3
Charlotte’s Web (2016)  ကျွန်တော်တို့ ငယ်ငယ်က စကားပြောတက်တဲ့ တိရိစ္ဆာန်လေးတွေ ရုပ်ရှင်ကားတွေ စကြည့်ရတုန်းက အတော်သဘောကျတာပါ အပြင်မှာပါ အဲ့ဒီလို လိုက်ပြောမလား ဆိုပြီး နားထောင်မိတဲ့ အထိပဲ အဲ့ဒီ သတ္တ၀ါလေးတွေ စကားပြောတဲ့ ရုပ်ရှင်လေးတွေကို ပြန်တင်ဆက်ပေးမယ် စိတ်ကူးပြီး ဟိုးအရင်က ကလေးတွေ အသဲစွဲ ခဲ့တဲ့ ၀ီလ်ဘာ ဆိုတဲ့ ၀က်ကလေး အကြောင်း ပြန်တင်ပေးလိုက်ပါတယ် ငယ်ငယ်ကဆိုရင် Video တိပ်ခွေဆိုင်တွေမှာ ၀က်လိမ္မာကား ဆိုပြီး နာမည်ကြီးခဲ့သေးတာ မှတ်မိတဲ့သူတွေလဲ မှတ်မိမှာပါ တစ်ရက်သော နေ့မှာ လယ်သမားကြီး တစ်ဦးရဲ့ စပါးကျီထဲမှာ ၀က်မကြီး တစ်ကောင်ဟာ ကလေးလေးတွေ မွေးခဲ့တယ်ပေါ့ အဲ့ဒီထဲမှာ နို့မစို့ နိုင်တဲ့ ကလေး အသေးဆုံး တစ်ကောင်ကို သတ်ပြီး စွပ်ပြုတ် လုပ်သောက်ဖို့ စိတ်ကူးခဲ့ပေမယ့် လယ်သမားကြီးရဲ့ သမီးအငယ်ဆုံး ဖန်း ဟာ ၀က်ကလေးကို သူမ အသက်ရှင်အောင် တာဝန်ယူပါ့မယ်ဆိုပြီး မွေးခဲ့တယ်.... တစ်ဖြေးဖြေး ၀က်ကလေး ကြီးလာတော့ အိမ်ထဲမှာ ထားလို့မဖြစ်တော့ဘူး ဒီတော့ကာ အိမ်နဲ့ တစ်လမ်းကျော်က ဖန်း ရဲ့ ဦးလေး ဂိုဒေါင်မှာ ဘဲတွေ သိုးတွေ မြင်းတွေ နဲ့ ...
movie

Charlotte’s Web (2016)

2006
Revolutionary Road (2008) 7.3
Revolutionary Road (2008) Revolutionary Road (2008)IMDb - 7.3/10_____Rotten - 67%   Titanic စုံတွဲ လီယိုနာဒိုနဲ့ကိတ်ဝင်းစလတ်တို့ကို ပူးတွဲပြီး ထပ်မံမြင်တွေ့ရမယ့်ဇာတ်ကားပါ။ ဒီဇာတ်ကားနဲ့ မင်းသမီးကိတ်ဝင်းစလတ်ဟာ Golden Globe Awards ဆုကိုရရှိခဲ့ပါတယ်...ရုပ်ရှင်အညွှန်းကိုတော့ ကိုဝဏ္ဏသန်းထွန်းရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။-------------------------------------------Revolutionary Road အား ဆင့်ပွားခံစားခြင်း==============================ပထမဆုံး မိတ်ဆက်ပေးချင်တာတော့ ဒီ ဇာတ်လမ်းကို ရေးသားခဲ့သူ စာရေးဆရာ Richard Yates နဲ့ သူ့ ဝတ္တုအကြောင်းပါ။ ဒီ ဝတ္တုဟာ ရစ်ချက် ရဲ့ ပထမဆုံး ဖန်တီးမှု တစ်ခုဖြစ်ခဲ့ပြီး (၁၉၆၂) ခုနှစ်ရဲ့ National Book Award မှာ နောက်ဆုံး စကာတင် သုံးဆုထဲ ပါခဲ့ပါတယ်။ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး (၂၀၀၅) ခုနှစ်မှာ Time မဂ္ဂဇင်းက ရွေးချယ်တဲ့ (၁၉၂၃) ခုနှစ်ကနေ လက်ရှိအချိန်ထိ အကောင်းဆုံး ...
movie

Revolutionary Road (2008)

2008