Channel Myanmar

Keene McRae

Wild (2014) 7.1
Wild (2014) (Unicode)2014 ကတည်းကထွက်ခဲ့တဲ့ Wild ဆိုတဲ့ဇာတ်ကားလေးဟာ American Biographical Adventure Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး၂၀၁၂တုန်းက Cheryl Strayed ရေးသားခဲ့တဲ့ Wild: From Lost to Found on the Pacific Crest Trail(PCT) ဆိုတဲ့ကိုယ်တိုင်ဖြစ်ရပ်မှန်ကိုရေးသားထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်ကားထဲမှာ Cheryl နဲ့ Bobbi အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Reese Witherspoon နဲ့ Laura Dern တို့ နှစ်ယောက်လုံးဟာလည်းအော်စကာဆုအတွက် Best Actress နဲ့ Best Supporting Actress အဖြစ်စကာတင်အရွေးခံခဲ့ရပြီး အခြားသောဆုတွေမှာလည်း စကာတင်အရွေးခံရတာတွေရှိခဲ့ပါတယ်။Rating တွေအနေနဲ့လည်း Rotten Tomatos မှာ 89%....IMDb rating 7.1/10 အထိရရှိထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဘဝမှာအချစ်ရဆုံးအတွယ်တာရဆုံး မိခင်ဖြစ်သူသေဆုံးသွားပြီးနောက်ပူဆွေးသောကတွေရောက်ပြီး ကိုယ့်ကိုကိုယ်မထိန်းနိုင်မသိမ်းနိုင်အောင်ပျက်ဆီးသွားပြီကိုယ့်အိမ်ထောင်ရေးကိုပါဖျက်ဆီးမိခဲ့တဲ့ Cheryl Strayed ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ....ကိုယ်လမ်းမှားရောက်နေတာကိုသတိထားမိပြီးနောက် ကိုယ့်ကိုကိုယ်ပြန်ထူထောင်ဖို့နဲ့ စိတ်ဓာတ်တွေပြန်စုစည်းဖို့အတွက်ဆိုပြီးအမေရိကန်နိုင်ငံမှာအရှည်လျားဆုံးခရီးကြမ်းရှည် ...
movie

Wild (2014)

2014