Channel Myanmar

Ken Mitsuishi

April Story (1998) 7.1
April Story (1998) April Story (1998)~ IMDb - 7.1/10, Rotten Tomatoes - 81% ~Directed by "Shunji Iwai"ဂျပန်စီနီမာရဲ့ အားသာချက်က ဘာမှမဟုတ်တဲ့ တစ်နေ့တာအဖြစ်လေးတွေမှာ အလှတရားထင်ဟင်အောင် အလှဆုံးပြနိုင်တာလို့ ဆိုကြတယ်။ ဂျပန်ရုပ်ရှင်တွေကို ကြိုက်တတ်တဲ့ အိုဇုကို သိပ်ချစ်တဲ့ Wim Wenders တောင် Perfect Days ကို အဲဒီဘောင်ထဲ ဝင်အောင် ရိုက်ပြသွားနိုင်ခဲ့တယ်။ အင်တာနေရှင်နယ်ရုပ်ရှင်လောကမှာ အီတလီတို့ ပိုလန်တို့ ပြင်သစ်တို့ ဟောင်ကောင်တို့ ထိုင်ဝမ်တို့က ဘဲတွေ ဟောလိဝုဒ်တက်ရိုက်လိုက်၊ ဂျပန်က ဘဲတွေ ကိုရီးယားကားရိုက်လိုက်၊ ဂျာမန်ကဘဲက ဂျပန်တက်ရိုက်လိုက်ဖြစ်တာက ဆန်းတော့မဆန်းပါဘူး။ ပြဿနာက အဲဒီလိုရိုက်လိုက်တဲ့အခါတိုင်း သူတို့အငွေ့အသက်တွေကျန်ရင်တောင် အပြည့်အဝမရတော့တာပဲ။ ဂျွန်ဝူးတို့ ဝေါင်ကာဝေးတို့ အန်းလီတို့တက်ရိုက်လိုက်တဲ့ ဟောလိဝုဒ်ကားတွေ၊ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားနဲ့ အီဝေကိုယ်တိုင် ရိုက်ထားတဲ့ ...
movie

April Story (1998)

1998
The Forest of Wool and Steel (2018) 6.2
The Forest of Wool and Steel (2018) The Forest of Wool and Steel (2018)~ IMDb – 6.2/10, MyDramaList – 7.6/10 ~ဟော့ကိုင်းဒိုး (Hokkaido) မှာရှိတဲ့ နယ်မြို့လေးတစ်မြို့က အထက်တန်းကျောင်းသားလေးတစ်ယောက်က အထက်တန်းကျောင်းအောင်ပြီးရင် ဒီအတိုင်းလေးပဲ ဘဝကို ဆက်ရှင်သန်မယ်လို့တွေးနေတဲ့အခိုက် သူ့ကျောင်းက တစ်ခုသောစန္ဒရားကို ပြင်(အသံညှိ) ပေးဖို့ လာခဲ့တဲ့ စန္ဒရားအသံညှိဆရာ (Piano Tuner) တစ်ယောက်ကို လိုက်ပြပေးရတယ်။ အဲဒီဆရာအသံညှိပြီး တီးခတ်လိုက်တဲ့ စန္ဒရားသံစဉ်ကို ကြားသွားတဲ့ ကျောင်းသားလေးက ရုတ်တရက် သာယာငြိမ့်ညောင်းတဲ့တောအုပ်ထဲ ရောက်ရှိသွားသလို ခံစားရပြီး စန္ဒရားအသံညှိဆရာဖြစ်ချင်တဲ့ဆန္ဒ တဖွားဖွားဖြစ်လာလို့ ကျောင်းပြီးတာနဲ့ တိုကျိုမှာ စန္ဒရားအသံညှိကျောင်းကို ၂ နှစ်သွားတက်ခဲ့တယ်။ ၂ နှစ်တက်ပြီး သူ့ဇာတိမြို့မှာပဲ သူဆုံခဲ့တဲ့စန္ဒရားအသံညှိဆရာရဲ့ အဲတိုတူရိယာပစ္စည်းဆိုင် (Eto Musical Instrument Shop) မှာပဲ စန္ဒရားအသံညှိဆရာအဖြစ် ဝင်လုပ်ခဲ့တယ်။ ...
movie

The Forest of Wool and Steel (2018)

2018
A Cappella (2016) 6.2
A Cappella (2016) A cappella 2016၁၉၆၉ခုနှစ် ဂျပန်နိုင်ငံအခြေအနေတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအဝှမ်း တော်လှန်ရေးဆင်နွှဲနေပြီး စစ်ဆန့်ကျင်ရေးဆန္ဒပြမှုဆက်တိုက်ဖြစ်ပွားနေတဲ့အချိန်ဖြစ်ပါတယ်။ကျိုကို ဆိုတဲ့အထက်တန်းကျောင်းသူလေးက ကျောင်းယူနီဖောင်းပုံစံပြောင်းလဲရေးအတွက် ဆန့်ကျင်ရေးကော်မတီဖွဲ့ပြီး လှုပ်ရှားနေတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေမှာပါဝင်ရင်း A cappellaဆိုတဲ့ ကဖီးဆိုင်လေးမှာ ဝါတရုဆိုတဲ့ ကောလိပ်ကျောင်းသားနဲ့တွေ့ဆုံခဲ့ပါတယ်။ ဝါတရုရဲ့သူငယ်ချင်း ယုနိုဆုကဲနဲ့ သူ့ရည်းစား အန်မာတို့လည်းရှိနေပြီး ဝါသနာတူရာတွေပြောကြရင်း ခင်မင်သွားခဲ့ကြပါတယ်။အဲဒီနောက်တော့ ကျိုကိုနဲ့ ဝါတရုလည်း ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ ဖြစ်ရပ်စုံတဲ့ကာလအတွင်းမှာ ချစ်ခဲ့ကြတဲ့သူတို့က အစပိုင်းမှာ သာမန်အတွဲတွေလိုပဲ နေထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့နှစ်ယောက်ကြားကဆက်ဆံရေးက တီးလုံးသံစဉ်မပါတဲ့ သီဆိုမှုတွေလိုဖြစ်နေခဲ့တဲ့အခါမှာတော့ သူချစ်တဲ့သူရဲ့အရှိတရားကိုလက်ခံမပေးနိုင်ဘဲ ဆွဲခေါ်ထားဖို့ကြိုးစားခဲ့တဲ့ကောင်မလေးတစ်ယောက်အကြောင်းကို ကြည့်ရှုရမဲ့ရုပ်ရှင်ပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(2GB) / (800MB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__02:00:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Lattv
movie

A Cappella (2016)

(21+)Nude(2010) 4.9
(21+)Nude(2010) ဒီဇာတ်ကားလေးက ထူးခြားတယ်ဗျ AV မော်ဒယ်တွေ ရဲ့ ဇာတ်ကြောင်းကို စိတ်ဝင်စားအောင်ရိုက်ပြထားတယ် ပိုစိတ်ဝင်စားဖို့ကောင်းတာက မင်းသမီးလေးက နင်းကန်ချောတာပဲ သတင်းအတိုအထွာလေးတွေထဲမှာတွေ့မိမှာပါ ဂျပန်မလေးတွေ ဘယ်လိုလုပ်ပြီး AV မင်းသမီးတွေဖြစ်ကုန်တာလဲ AV မင်းသမီးတွေ ဘာလို့ဒီလောက်များနေတာလဲ စသဖြင့်ပေါ့ စိတ်ဝင်စားစရာတော့ အတော်ကောင်းတယ်ဗျ ကျွန်တော်တို့ ကြည့်နေရတာက သူတို့ရဲ့ ကင်မရာရှေ့က သရုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ် အခုဇာတ်လမ်းလေးက သူတို့ရဲ့နောက်ကွယ်က ခံစားချက်တွေ ဆန္ဒတွေကို ပါးပါးလေး လှစ်ဟ ပြထားတာပဲဖြစ်ပါတယ်.... ဇာတ်ကြောင်းလေးကတော့ သိပ်ပြီးချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ် အိပ်မက်ကိုယ်စီနဲ့ တက်ကြွနေတဲ့အရွယ် တစ်ယောက်ကတော့ ရည်မှန်းချက် အတော်ကြီးသလို အကောင်ထည်ဖေါ်ဖို့လည်း ဝန်မလေးပါဘူး... သူမရဲ့ ရည်မှန်းချက်က အနုပညာသမားတစ်ယောက်ဖြစ်ဖို့ပါပဲ...... ရည်ရွယ်ချက် ကြီးစွာနဲ့ တိုကျိုကိုသူတက်ခဲ့တယ် အထဲမှာစောင့်ကြိုနေတဲ့ ဝိသမလောဘသားတွေ... မိန်းကလေးမြင်ရင် AV လောကထဲ ဆွဲသွင်းနေကြတဲ့ စီးပွါးရေးသမားတွေ.... ဖေါ်ချွတ်ဓာတ်ပုံ မော်ဒယ်ပဲလုပ်မယ်ဆိုတဲ့ မိန်းကလေးတွေကို လိမ္မာပါးနပ်စွာ သူတို့အကွက်ထဲဝင်အောင် ဘယ်လို ဖန်တီးကြလဲ မိန်းကလေးကရော ရုန်းထွက်နိုင်မှာလား ဆိုတာ AV လောကကို ပါးပါးလေးထိုးပြထားတာဖြစ်လို့ လက်မလွတ်တမ်း ပညာယူရင်း ဂလုဖို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်ဒါရိုက်တာကြီးပြောသွားတဲ့စကားလုံးလေးလှတယ် ဒါအချစ်ခန်းမဟုတ်ဘူး အလုပ်ခန်း တဲ့ File size…1.4GB  /  620MB Quality…1080p BluRay  / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard ...
movie

(21+)Nude(2010)

2010
One Day, You Will Reach the Sea (2022) 6.2
One Day, You Will Reach the Sea (2022) One Day, You Will Reach the Sea (2022) လွမ်းမောဖွယ် ဂျပန် drama ဇာတ်ကားလေး တစ်ကားပါ။မနကိုတနိဆိုတဲ့ အရမ်းအေးဆေးရှက်ရွံ့ပြီး လူတွေနဲ့သိပ်အဆက်အဆံလုပ်လေ့မရှိတဲ့ မိန်းကလေးတစ်ယောက်မှာ အရမ်းရင်းနှီးချစ်ခင်တဲ့သူငယ်ချင်းဆိုလို့ တက္ကသိုလ်စတက်ကတည်းက မိန်းကလေးလေးအချင်းချင်းတောင် ကြိတ်ပြီးအားကျရလောက်အောင်ချစ်စရာကောင်းပြီး၊ လူတကာနဲ့ဝင်ဆန့်တဲ့ ဆုမိရဲဆိုတဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ပဲရှိခဲ့ပါတယ်။ဆုမိရဲတစ်ယောက်သေဆုံးသွားချိန်မှာတော့ ကိုတနိဟာ ဖြေမဆည်နိုင်အောင်ဖြစ်ခဲ့ပြီး အတိတ်တွေထဲမှာပဲပိတ်မိနေခဲ့ပါတယ်။လက်ရှိဘဝကို အဆင်ပြေအောင်ရှေ့ဆက်နေပေမဲ့လည်း အတိတ်ကသူငယ်ချင်းမလေးဟာဘယ်လိုထူးခြားတဲ့မိန်းကလေးမျိုးဖြစ်ခဲ့တာတွေ၊ နှစ်ဦးကြားက သံယောဇဉ်တွေ၊ အတူပျော်ခဲ့ဖူးတဲ့အမှတ်တရ၊ ဖြစ်ရပ်တွေကို ပြန်ပြောင်းသတိရရင်း လွမ်းဆွတ်ရပုံတွေကို လွမ်းမောဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Moe Lay ပါ။) File Size : 1.7GB, 784MB & 382MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 2hr & 6mins Genre : Drama Translated by Moe ...
movie

One Day, You Will Reach the Sea (2022)

2022
[18+]Side Job (2017) 6.1
[18+]Side Job (2017)  [18+]Side Job (2017)"Kanojo no Jinsei wa Machigai ja Nai" ဝတ္ထုစာအုပ်ကို အခြေခံရိုက်ကူးထားပြီး ဝတ္ထုရေးဆရာပဲ ပြန်လည်ရိုက်ကူးထားတာပါဆူနာမီကြောင့် အမေဆုံးရှုံးသွားပြီးနောက်ပိုင်း မီယူကီဆိုတဲ့ ကောင်မလေးက ဖူကူရှီမာမြို့မှာ သူ့အဖေနဲ့အတူ နေထိုင်ပါတယ် အရင်တုန်းက လယ်သမားဖြစ်တဲ့ အဖေက နေ့တိုင်းအရက်သောက်ပြီး ငလျင်ဒဏ်ကြောင့် ပြန်လည်ရရှိခဲ့တဲ့ ထောက်ပံ့ငွေတွေကို ဂိမ်းကစားပစ်ပါတယ်...မီယူကီတစ်ယောက် အိမ်စရိတ်ကာမိဖို့အတွက် တိုကျိုမြို့မှာ ပြည့်တန်ဆာအဖြစ် ရုန်းကန်ရင်း ဘဝကို ရှေ့ဆက်ရပါတယ်... မီယူကီတစ်ယောက် ဘဝကို ရှေ့ဆက်ဘယ်လိုဖြတ်သန်းမလဲ ဆက်လက်ကြည့်ရှုကြပါအုန်း ။File Size__(2.1GB) / (1GB) Quality__1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__02:00:00 Type__Adult, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Parris99 Encoded by Dark Devil
movie

[18+]Side Job (2017)

Audition (1999) 7.2
Audition (1999)  Audition ဇာတ်ကားကတော့ Ryu Murakamiရဲ့ဝတ္တုကို Director : Takashi Miike က ပုံဖော်ရိုက်ကူးထားတဲ့ Drama , Horror , Mystery ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating - 7.2/10 Rotten Tomatoes - 81%Psycho Killer ကားတွေ ကြိုက်တဲ့ ပရိတ်သတ်တွေအတွက် အထူးသင့်တော်တဲ့ကားပါ။ တစ်ချိန်လုံးသတ်နေတဲ့လူသတ်ကားတွေနဲ့ ပုံစံကွဲထွက်နေပါတယ်။***ဇာတ်လမ်းအညွှန်း***Yoshikawa လို့ခေါ်တဲ့ သက်လတ်ပိုင်းအရွယ် single father တစ်ယောက်ဟာ သူ့သားဖြစ်သူရဲ့အကြံပေးချက်ကြောင့် နောက်အိမ်ထောင်ပြုဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့စိတ်တိုင်းကျ မိ်န်းမတစ်ယောက်ကို သူ့သူငယ်ချင်းဖြစ်သူရဲ့အကူအညီနဲ့ လူရွေးပွဲလုပ်ပြီးရှာပြီးနောက် မထင်မှတ်ဘဲ သူသဘောကျတဲ့အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူမနာမည်ကတော့ Asami ပါ။Asami ကို သူလက်ထပ်ထပ်ခွင့် တောင်းလိုက်တဲ့အခါမှာတော့ လုံးဝမထင်မှတ်ထားတဲ့ အလှည့်အပြောင်းကြီးတစ်ခုကို ကြုံတွေ့လိုက်ရပါတော့တယ်။ အဲ့ဒါကတော့......ဒီလူသတ်ကားလေးကတော့ 1999ဆိုပေမယ့် Old but Gold ဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။မကြည့်ခင် Trailerအရင်ရှာကြည့်လိုက်ပါ ဘယ်လောက်ကြမ်းတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ Ye Man Aung  ဖြစ်ပါတယ်) File size __(999 MB) and (450 MB) Quality__BR-Rip 720p IMDb Rating__7.2 /10 Format__mp4 Duration__01:55:35 Type__Drama , Horror , Mystery Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie

Audition (1999)

1999
Before We Vanish (2017) 6.0
Before We Vanish (2017) ဆန်းဆန်းပြားပြားကားလေးတွေကိုကြိုက်တတ်တဲ့ CMပရိသတ်ကြီးအတွက် Before we vanish (2017)ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ ဂျပန်ကားလေးပါ။Ratingတွေလဲ တော်တော်လေးကောင်းထားတယ်ပြောရမယ်ဗျ။လူသားတွေရဲ ့သဘောသဘာဝကျကို ဂြိုဟ်သားတွေနဲ့ အထောက်အပံ့ပေးပြီးပုံဖော်ထားတဲ့ကားမျိုးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂြိုဟ်သားသုံးယောက်ဟာ ကမ္ဘာပေါ်ကိုရောက်လာပြီး ကျူးကျော်ဖို့ကြိုးစားတာပါ။အဲ့ဒီအတွက် လူသားသုံးယောက်ရဲ ့ခန္ဓာကိုယ်ထဲမှာဝင်ရောက်နေထိုင်ပါတော့တယ်။လူမှုအသိုင်းအဝိုင်း ထုံးစံတွေ အစဉ်အလာတွေနဲ့ သူတို့တွေဘယ်လိုရှေ့ဆက်မလဲ။ဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့ဇာတ်လမ်းထဲမှာကြည့်ရှုပါလို့ပဲညွှန်းလိုက်ပါရစေ။Rating ပေးတာ တွန့်တိုတတ်တဲ့ Rotten Tomatoesကတောင် 76%ပေးထားတာမို့လက်မလွတ်တမ်းကြည့်ရှုသင့်တယ်လို့ပဲညွှန်းလိုက်ပါတော့မယ်။Qty - 720p Web DLDuration - 1hr 56minGern - Thrill / Sci-FiTranslator - Yamin Thawdar MaungReview - Aye Mon KyawEncoder - Kyaw Ye Aung
movie

Before We Vanish (2017)

2017
Outrage Coda (2017) 5.2
Outrage Coda (2017) ဒီဇာတ်ကားလေးကတော့ ဂျပန်ရာကူဇာဂိုဏ်းတွေကြားကအကွဲအပြဲတွေကိုရိုက်ူးပြထားတဲ့ ဇာတ်ကားလေးပါ။ဆန်နိုရာကူဇာဂိုဏ်းနဲ့ ဟာနာဘူရှီရာကူဇာဂိုဏ်းတို့ကြား စစ်ပွဲတွေဖြစ်ပွားပြီး ၅နှစ်အကြာမှာပဲ ယခင်ရာကူဇာလူမိုက်ကြီးဖြစ်တဲ့ အိုတိုမိုဟာ ဂျပန်မှာရောကိုရီးယားမှာပါသြဇာရှိတဲ့ မစ္စတာချန်ဆီမှာ ခိုလုံအလုပ်လုပ်နေခဲ့ပါတယ်။ဖြစ်ချင်တော့ သူရှိတဲ့ဂျုယ်ဂျူကျွန်းကို ဟာနာဘူရှီဂိုဏ်းကလူတစ်ယောက်လာသောင်းကျန်းရာကစပြီး မစ္စတာချန်တို့ချက်ကလူတစ်ယောက်ဆုံးရှုံးသွားပါတယ်။အဲဒီပြဿနာကစပြီး နဂိုကမှ အတွင်းပိုင်းမှာ အကွဲအပြဲဖြစ်ချင်နေတဲ့ ဟာနာဘူရှီဂိုဏ်းဟာ မစ္စတာချန်နဲဲ့ပြဿနာကိုအရင်းပြပြီး အချင်းချင်းချောက်ချကြတော့တာပါပဲ။ရာကူဇာတွေကြား စီးပွားရေးလက်ဝါးအုပ်မှုတွေ၊ ရာကူဇာတွေဘယ်လိုသြဇာကြီးတယ် စီးပွားရေးဘယ်လိုလုပ်တယ်ဆိုတာတွေကိုတွေ့ရမယ့်အပြင် အချင်းချင်းဂိုဏ်းတွေကြား ပြဿနာတွေကိုလည်းတွေ့ရမှာပါ။အိုမိုတိုကတော့ တကယ်လက်စားချေနိုင်မလား။လူမိုက်ဟောင်းကြီး ဘယ်လိုအဆုံးသတ်မလဲ။ဇာတ်သိမ်းပိုင်းလေးကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)File Size : (850 MB) Quality : Blu-Ray 720p Running Time : 1hr 44min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264 DTS-REGRET Translated by Thura Zarni Aung Encoded by Thanhtike ...
movie

Outrage Coda (2017)

2017