Channel Myanmar

Ken'ichi Matsuyama

Lost Care (2023) 6.4
Lost Care (2023) Lost Care aka Do Unto Others (2023)~ IMDb – 6.4/10, MyDramaList – 7.7/10 ~“သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။” - ရှင်မဿဲခရစ်ဝင် ၇:၁၂ယာဂါဘိုးဘွားကူညီစောင့်ရှောက်ရေးစင်တာ (Yaga Care Center) မှာ အလုပ်လုပ်နေတဲ့ ရှီဘမူနဲနိုရီ (Shiba Munenori) က ဘိုးဘွားတွေကို အိမ်တိုင်ရာရောက် ကူညီစောင့်ရှောက်ပေးနေတဲ့သူ။ ဘိုးဘွားတိုင်းအပေါ် သူ့မိဘလိုသဘောထားပြီး ကြင်ကြင်နာနာ နွေးနွေးထွေးထွေး ဆက်ဆံပေးနေလို့ တစ်စင်တာလုံးက လေးစားအားကျနေရတဲ့သူ။ တစ်နေ့ သူတို့စင်တာက ကူညီစောင့်ရှောက်ပေးနေရတဲ့ အုမဲဒါကန်တာရို (Umeda Kantaro) ဆိုတဲ့ အဘိုးတစ်ယောက်ရဲ့အိမ်မှာ စင်တာမှူးဖြစ်တဲ့ ဒန်မိုတိုဟာရု (Dan Motoharu) ကို သေဆုံးလျက်သား ရှာတွေ့ခဲ့တဲ့အပြင် အုမဲဒါကန်တာရိုလည်း သေဆုံးနေပါတယ်။ သူတို့သေဆုံးမှုက လူသတ်မှုလား မတော်တဆသေဆုံးမှုလား ...
movie

Lost Care (2023)

2023
Bunny Drop (2011) 7.2
Bunny Drop (2011) Bunny Drop (2011)~ IMDb – 7.2/10, RT - 68%, MyDramaList – 8.2/10 ~ကလေးတစ်ယောက်ကို ကျွေးမွေးပြုစုစောင့်ရှောက်ရတာက လွယ်တယ်လို့ထင်ပါသလား။ အဲဒီကလေးက ကိုယ့်ကလေးမဟုတ်ဘဲ တစ်ခြားသူရဲ့ကလေးဖြစ်နေတဲ့အပြင် ပြောစကားနားမထောင်တဲ့ကလေးဖြစ်နေပြန်ရင်လည်း ပြုစုစောင့်ရှောက်ရပိုခက်မှာမလား။ဒိုင်းကီချိ (Daikichi) တစ်ယောက် သူ့အဘိုးစျာပနအခမ်းအနားကြောင့် အဘိုးဖြစ်သူရဲ့အိမ်ကို ပြန်လာရင်း အသက် ၆ နှစ်အရွယ် ရင်း (Rin) လို့ခေါ်တဲ့ကလေးမလေးတစ်ယောက်ကို တွေ့သွားပြီး ဘယ်သူ့ကလေးလဲဆိုတာမေးတော့ သူ့အဘိုးရဲ့တိတ်တိတ်ပုန်းကလေးဖြစ်နေတယ်။ ဒိုင်းကီချိရဲ့မိဘကအစ သူ့ဆွေမျိုးတွေက ရင်းကို သူတို့မိသားစုမျိုးရိုးရဲ့ အရှက်ရစရာတစ်ခုလို့ သတ်မှတ်ကြပြီး ဘယ်သူမှခေါ်ထားပြီး မစောင့်ရှောက်ချင်ကြဘူး။ အဲဒီမှာ ဒိုင်းကီချိက ချစ်ဖို့‌ကောင်းပြီး အပြစ်မရှိတဲ့ ရင်းကို သနားသွားလို့ ခေါ်ယူကျွေးမွေးစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်တာကို သူ့မိဘတွေရော သူ့ဆွေမျိုးတွေရော အသည်းအသန် တားကြပေမဲ့ ဒိုင်းကီချိကတော့ သူ့ဆုံးဖြတ်ချက်ကိုမပြင်ဘဲ ရင်းကို ခေါ်ယူစောင့်ရှောက်ပါတော့တယ်။ စစချင်းတော့ ကိုယ့်ကလေးမဟုတ်တဲ့သူကို ...
movie

Bunny Drop (2011)

2011
Buddha 2: The Endless Journey (2014) 6.2
Buddha 2: The Endless Journey (2014) Buddha 2 : The Endless Journey မြတ်ဗုဒ္ဓ ၂ - ဘဝသံသရာခရီး ........................................................IMDb 6.2/10 MyAnimeList 6.9/10ဒီကာတွန်း​လေးက​တော့ ၂၀၁၁ထွက် Buddha : the great departureရဲ့​နောက်ဆက်တွဲကာတွန်းပါ။ (ပထမကား Buddha : The Great Departureရဲ့ download linkပါ Click Hereပထမကား​အပြီး တောထွက်ရာက​နေ သဗ္ဗညုတဥာဏ်ဆိုက်​​ရောက်ပြီး ဗုဒ္ဓမဖြစ်ခင်စပ်ကြား ဒုက္ကရစရိယာကို ပြင်းပြင်းထန်ထန်ကျင့်ကြံခဲ့ပုံ၊ ​ ဂင်္ဂါမြစ်စစ်ပွဲ၊ ​ကောသလနဲ့သကျသာကီတို့ရဲ့ စစ်ပွဲ၊ ဗိမ္မသာရမင်းကြီးနဲ့​တွေ့ဆုံခန်း၊ သာကီဝင်​တွေကျဆုံးခန်း​တွေကို​ဝေ​​ဝေဆာဆာမြင်​တွေ့ရမှာပါ။ တစ်ခု​တော့ရှိပါတယ်။ဗုဒ္ဓဖြစ်စဥ်ကို​ကျောရိုး​လောက်ပဲယူထားတာမလို့ ​ထေရဝါဒရဲ့ဗုဒ္ဓဝင်နဲ့​တော်​တော်ကိုကွဲပါတယ်။ တချို့ဇာတ်လမ်း​တွေဆိုရင် အသစ်ထည့်တာ​တွေ၊ အချိန်ကွဲတာ​တွေပါပါတယ်။ ဥပမာ ​ကောသလက သကျသာကီ​တွေကိုဝင်တိုက်တဲ့ကာလဟာ အရမ်း​စော​နေတာတို့ပါ။ အပျင်း​ပြေကြည့်မယ်ဆိုမှပဲ ကြည့်ရအဆင်​ပြေမှာပါ။ နို့မို့ဆိုရင် ကျမ်းစာနဲ့မကိုက်ဘူး ဘာဘူးညာဘူးဖြစ်ပြီး စိတ်ညစ်ရပါလိမ့်မယ်။မှတ်ချက် - နာမည်​တွေကိုတတ်နိုင်သမျှ ကျမ်းစာပါအတိုင်း ​​ရေး​ပေးထားပါတယ် File size…1.4GB/ 565MB Quality…1080p / 720p Format…mp4 Duration….1h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Dr Nyan
movie

Buddha 2: The Endless Journey (2014)

2014
Noise (2023) 6.3
Noise (2023) Death Note ကား ထဲက L နဲ့ Light Yagami မင်းသား 2ယောက်ကို အတူတူတွေ့ရမှာပါရှီရှီခါရီ ဆိုတဲ့ ကျွန်းလေးဟာ လူဦးရေခေါင်းပါလာပြီး အေးချမ်းသာယာတဲ့ကျွန်းလေးပါ ကျွန်းရဲ့အဓိကထွက်ကုန်ကတော့ အနက်ရောဂ်သဖန်းသီးတွေပါဒီကျွန်းပေါ်မှာ သဖန်းပင်စိုက်ပျိုးပြီး ကျွန်းလေးကိုအကျိုးပြုနတောကြောင့် လူအများချစ်ခြင်းမေတ္တာရရှိကာ ကျွန်းရဲ့ကယ်တင်ရှင်လို့ တင်စားခံရတဲ့ ကီတာ... အမဲလိုက်ခြင်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ပြီး အမဲလိုက်ရာသီမဟုတ်ရင် သဖန်းခြံမှာ လာရောက်ကူညီလေ့ရှိတဲ့ ဂျွန်... ဒီကျွန်းအတွက် အဘက်ဘက်က အကာအကွယ်ပေးမယ့်ဆို့တဲ့ အ်ယူကို လက်ခံထားတဲ့ ရဲဝန်ထမ်းလေး ရှင်း...ဒီလို အေးချမ်းစွာ နေနေရင်းကနေ တစ်နေ့တော့ Life Changing event တစ်ခုဖြစ်ပွားခဲ့ပါတယ် ပြည်မကြီးအကျဉ်းထောင်ကနေ ပြန်လည်ထူထောင်ရေးစခန်းမှ အကျဉ်းသား အိုမီဆာကာ ဟာဒီကျွန်းကိုအလုပ်လုပ်ဖို့လာရောက်ခဲ့ပေမယ့် လူတစ်ယောက်သတ်ပြီး ထွက်ပြေးနေခဲ့ပါတယ် ဒီလိုအန္တရာယ်များတဲ့လူတစ်ယောက်ကျွန်းပေါ်ရောက်နေတာကြောင့် ဟို3ယောက်ဟာ သူ့ကိုသတ်ရမယ့်အကြောင်းအရာပေါ်ပေါက်လာခဲ့ပါတယ် ပထမတော့ စိတ်မနှံ့တဲ့အကျဉ်းသားမို့လို့ ဘယ်သူမှလာမရှာဘူးလို့ထင်ထားပေမယ့် ကြိုးစားပန်းစားလာရှာတဲ့ရဲတွေကြောင့် သူတို့၃ယောရ် ဒီကိစ္စကိုဘယ်လိုဖြေရှင်းကြမလဲ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ဘယ်သူတွေပါပါဝင်နေသေးလဲဆိုတာကို ကြည့်ရှုခံစားရမှာပါ Plot ...
movie

Noise (2023)

The Taste of Tea (2004) 7.6
The Taste of Tea (2004) Taste of Tea (2004)IMDb rating 7.6/10ထိ ရရှိထားတဲ့ ၂၀၀၄ခုနှစ်ထွက် ဂျပန် မိသားစု ဒရာမာဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။တိုကျိုမြောက်ပိုင်း တိုချိဂိစီရင်စုမှာရှိတဲ့ ကျေးလက်ရွာလေးမှာနေထိုင်ကြတဲ့မိသားစုတစ်စုရှိပါတယ်။ အဖေဖြစ်သူ နိုဘုအိုက အိပ်မွေ့ချနည်းနဲ့ကုသပေးတဲ့ဆရာဝန်တစ်ယောက်ပါ။ အမေဖြစ်သူကတော့ အိမ်ရှင်မဖြစ်ရုံတင်မကဘဲ animatorအလုပ်တွေကို အိမ်ကိုယူပြီး လုပ်တဲ့မိခင်တစ်ယောက်ပါ။သူတို့ရဲ့သားဖြစ်သူ "ဟာဂျိမဲ"ကတော့ အဖေ့ထံကနေ ကျားကွက်ထိုးနည်းသင်ခံရပြီး တော်လည်းတော်ပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေနဲ့ အချစ်ရေးနဲ့ပတ်သက်လာရင်တော့ ဒုက္ခရောက်နေတဲ့ ကောင်ကလေးပါပဲ။သူတို့ရဲ့သမီးဖြစ်သူ စချိကိုကတော့ သူ့ရဲ့ကိုယ်ပွားအကြီးကြီးက သူ့ကိုအမြဲစောင့်ကြည့်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေပါတယ်။ သူ့ဦးလေးပြောပြခဲ့တဲ့ပုံပြင်ကြောင့် ဒီလိုမြင်ရတဲ့အခြေအနေက အစပျိုးခဲ့တာပါ။ ဒီပုံပြင်နဲ့ဆက်စပ်တဲ့အကြောင်းအရာတွေနဲ့ သူတို့ ကျေးလက်မိသားစုလေးရဲ့ နိစ္စဓူဝလှုပ်ရှားသက်ဝင်ပုံတွေကို ရိုက်ကူးထားတဲ့ရုပ်ရှင်ဟောင်း ရုပ်ရှင်ကောင်းတစ်ကားပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(3.5GB) / (1.6GB) Quality__BluRay_1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__02:24:00 Type__Comedy, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin ...
movie

The Taste of Tea (2004)

Hotel Royal (2020) 5.6
Hotel Royal (2020) Hotel Royal 2020လူ့သဘာဝ သရုပ်ဖော်ကားလေးတွေဟာ အေးအေးငြိမ့်ငြိမ့်လေးနဲ့ရှယ်ဆွေးလို့ကောင်းလှပါတယ်။ ဒါကို The pursuit of happyness လိုကားမျိုးလေးတွေက သက်သေပြလို့နေပါတယ်။၂၀၂၀ ခုနှစ်ရဲ့ အဲလိုကားမျိုးလေးတွေရှာကြည့်ရင်းနဲ့ ကျွန်တော့်မျက်စိရှေ့ရောက်လာတာကတော့ Hotel Royal ဆိုတဲ့ဂျပန်ကားလေးပါ။ Rating က 5.6 သာရထားပြီး ဂျပန်ကားတွေရဲ့ထုံးစံအတိုင်း စကားပြောကဖောင်းပွနေတတ်တာမို့ ဒီကားလေးမို့ တစ်ခြားလေးတွေထက် နောက်ဆုံးမှကြည့်မယ်လုပ်ထားခဲ့ပါတယ်။ အမျိုးအစားက Family အမျိုးအစားမလို့ လူ့သရုပ်ဖော်ကိုက၊ မိသားစုချစ်ခြင်းတွေဖက်ကို ဦးစားပေးမယ့်ကားမျိုးလေးလို့တော့ တွေးထားလိုက်ပါတယ်။တကယ်ဒီကားလေးကို ကြည့်ဖြစ်သွားတဲ့အချိန်မှာတော့ အထင်နဲ့အမြင်ဟာ တက်တက်စင်အောင်လွဲရပါတော့တယ်။ စကားပြောကျစ်လျစ်မှုမရှိဘဲ ဖောင်းပွနေတာမျိုးမရှိသလို၊ မလိုတဲ့အပိုသရုပ်ဆောင်မှုတွေလည်းမတွေ့ရပါဘူး။ ပြောရမယ်ဆို ကျွန်တော် ၃ ခါကျော်ကျော်လောက်ကို မျက်ရည်ဝဲရတဲ့အထိပါပဲ။ ဘာကြောင့် IMDb နည်းနေရလဲကတော့ Lucy လိုရသင့်သလောက် rating ထိမတက်လာတာမျိုးဘဲဖြစ်လိမ့်မယ်လို့ပဲတွေးလိုက်ရတဲ့အထိပါ။ ဘာသာပြန်ဖို့ကြည့်ကြည့်နေရင်း မျက်ရည်တွေထထဝဲရသလို ဇာတ်ကားကြည့်ပြီးသွားတဲ့အခါ ရင်ထဲတစ်မျိုးကြီးကျန်ခဲ့စေတဲ့ ကားကောင်းလေးပါပဲ။ဇာတ်လမ်းအကျဉ်လေးပြောရမယ်ဆိုရင် မီဆာယိုဆိုတဲ့ ကောင်မလေးဟာ Hotel Royal ဆိုတဲ့ စုံတွဲတွေလာလာတွဲလေ့ရှိတဲ့ဟိုတယ်ကြီးမှာ ခံစားချက်မဲ့နေတာကနေပဲစ‌တယ်ပေါ့ဗျာ။ ဒီတော့ ဒီကောင်မလေး ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ၊ ...
movie

Hotel Royal (2020)

L: change the WorLd(2008) 6.1
L: change the WorLd(2008) Death Note: L Change the World (2008) --------------------------------------- ဒီရုပ်ရှင်ကတော့ သေမင်းတမန်စာအုပ်ရဲ့ နောက်ဆုံးရုပ်ရှင်ပဲဖြစ်ပါတယ်.အရှေ့ရုပ်ရှင်နှစ်ခုဖြစ်တဲ့ Deat Noteနဲ့ L is the last nameတို့ရဲ့Spin-out sequelဖြစ်ပြီး ဒီရုပ်ရှင်မှာတော့ L ရဲ့တကိုယ်တော်စွန့်စားခန်းဖွင့်တာကိုမြင်တွေ့ရမှာပါ....ဇာတ်လမ်းအကျဉ်း --------------- Lတစ်ယောက်ကီရာ့အမှုကို လိုက်နေရင်းထိုင်းနယ်စပ်က သူ့အဖွဲ့ဝင်တစ်ယောက်လွှတ်လိုက်တဲ့ ညဏ်ကြီးရှင်ကလေးတစ်ယောက်ကိုကယ်ဆယ်ခဲ့ရတယ်.အဲ့ဒီကလေးက အဲ့ဒီထိုင်းနယ်စပ်ရွာလေးအပေါ် ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ မှောင်ခိုဂိုဏ်းတခုရဲ့ ရက်စက်တဲ့အမှုရဲ့ နောက်ဆုံးမျက်မြင်သက်သေပေါ့...ဒီထဲမှာ Lရင်ဆိုင်ရမှာကတော့ သူတို့ရဲ့အဖွဲ့ထဲကအဖွဲ့ဝင််ဖြစ်တဲ့ Kဆိုတဲ့ ညဏ်ကြီးရှင်မိန်းမတစ်ယောက်ပါပဲ...ပညာလွန်သော်ကောက်ကျစ်ရာ၏ဆိုသလို အစွန်းရောက်သွားတဲ့မိန်းမတစ်ယောက်ပါပဲ...ဒီပွဲမှာရော Lတစ်ယောက် အနိုင်ရမှာလားသူဘာတွေစတေးရခဲ့လဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားပါခင်ဗျာ  File size…2.1Gb / 1.2Gb Quality…1080p Blu Ray 5.1CH / 720p Format…Mp4 Duration….2h 9mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Reviewed by YK Translated by Aung Tay Za   
movie

L: change the WorLd(2008)

2008
Death Note (2006) 7.6
Death Note (2006) Death Note 2006 -----------------------2006ခုနှစ်က ထွက်ခဲ့တဲ့ Animationကို adaption ပြန်လုပ်ပြီးရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ လူငယ်တွေကြားအတော်လေးရေပန်းစားခဲ့ပြီး ဆု၄ဆုနဲ့ စကာတင်ဆုတချို့လဲရခဲ့ပါတယ်.Ratingပိုင်းမှာလဲ ပြောစရာမရှိအောင်ကောင်းတာကြောင့်ကျွန်တော်တို့ Channel MyanmarကနေQuality အကောင်းဆုံးနဲ့ တင်ဆက်ပေးလိုက်ရပါတယ်.ဇာတ်လမ်းအညွန်း -------------------တိုကျိုရဲ့သာမန်မနက်ခင်းတခုရဲ့ သတင်းစာမှာ ရာဇဝတတ်သားတွေရဲ့နာရေးသတင်းတွေ တန်းစီတက်နေတာကြောင့်် ပြည်သူလူထုတချို့ရဲ့အံ့ဩတုန့်လှုပ်မှုက အတော်လေးမြင့်တက်နေပါတယ်. သေဆုံးပုံကလဲတပုံစံတည်းဆိုတော့ ထင်ကြေးအမျိုးမျိုးနဲ့ ဝေဖန်နေကြပါတယ်..သူတို့ရဲ့သေဆုံးပုံကတော့ နှလုံးရပ်ပြီး ရုတ်တရက်ပဟေဌိဆန်ဆန်သေဆုံးကြတာပါပဲ. လူသတ်မှုနဲ့အကျဉ်းကျနေသူတွေ မုဒိန်းကောင်တွေလာဘ်လာဘ်ယူလုပ်ခဲ့တဲ့ ဝန်ကြီးတွေ ခရိုနီတွေနဲ့သူတို့ရဲထင်တိုင်းကြဲနေတဲ့သားသမီးတွေပါ သေဆုံးနေတာကြောင့်် တချို့သောလူတွေကလဲ ဒါကမှတရားမျှတမှု တချို့လူတွေကတော့ ဒါက အစွန်းရောက်မှုဆိုတဲ့ငြင်းခုန်မှုတွေနဲ့ ပွက်လောရိုက်နေကြပါတယ်. ဒါတွေက သမားရိုးကျတိုက်ဆိုင်မှုလေလား လူတစ်ဦးတစ်ယောက်ရဲ့ ပယောဂလားဆိုတာကိုတော့ဇာတ်အိမ်ခိုင်ခိုင်အပေါ် သရုပ်ဆောင်တွေရဲ့လေးနက်တဲ့သရုပ်ဆောင်မှုနဲ့ကြည့်ရှုခံစားသွားရမှာပါ…..File size…1.98GB / 1.15GB Quality…1080p Blu Ray Remux DTS 5.1CH Format…Mp4 Duration….2h 6mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Reviewed by YK Translated by Aung TayZa
movie

Death Note (2006)

2006Shûsuke Kaneko
Gantz: Perfect Answer(2011) 6.2
Gantz: Perfect Answer(2011) Gantz :Perfect Answer (2011)--------------------------၂၀၀၄ခုနှစ်မှာ Animeအဖြစ်ထွက်ရှိထားခဲ့တဲ့ ဂန့်ဇ်ဆိုတဲ့စီးရီးဟာ လူငယ်တွေကြား အတော်လေးကြိုက်နှစ်သက်ခဲ့ကြပါတယ်.၂၀၁၀ခုနှစ်မှာတော့ ဂန့်ဇ်ဟာ ပထမဆုံး ရုပ်ရှင်အဖြစ် ထွက်ရှိလာခဲ့ပါတယ်..အဲ့ဒီနောက်မှာတော့ ၂၀၁၁မှာ ဂန့်ဇ်ရဲ့နောက်ဆက်တွဲရုပ်ရှင်အဖြစ်Perfect Answerကို ပြသခဲ့တဲ့အပြင် Another Gantzဆိုတဲ့ ရုပ်ရှင်တခုကိုပါဆက်စပ်ထုတ်ဝေပေးခဲ့ပြီး ၂၀၁၆မှာတော့ GantZ Oဆိုတဲ့ Animationရုပ်ရှင်တခုကိုပါရိုက်ကူးတင်ဆက်ခဲ့ပါတယ် .............ဇာတ်လမ်းအကျဉ်း ---------------------- ကာတိုက တနေ့ ရထားဘူတာမှာ လူတစ်ယောက်ရထားလမ်းပေါ်ကို ပြုတ်ကျနေတာကြောင့်ဝင်ရောက်ကယ်ဆယ်ရင်း ကာ့တိုကို ကူညီတဲ့သူငယ်ချင်းဖြစ်သူ ခဲအိပါ ရထားတိုက်ခံခဲ့ရပါတယ်......ပုံမှန်ဆို သူတို့နှစ်ဦးဟာ သေဆုံးရမှာဆိုပေမယ့်သေရမယ့်အစား အခန်းငယ်တခုထဲကို ရောက်ရှိသွားခဲ့ပါတယ်...အခန်းထဲမှာလဲ သူတို့လိုဘဝတူလူတချို့ရှိနေပြီး ထူးဆန်းတဲ့စက်ဝန်းပုံ အလုံးတလုံးပါ အတူရှိနေပါတယ်....သိပ်မကြာခင်မှာပဲ အဲ့ဒီစက်လုံးကနေ သူတို့ကို မစ်ရှင်တခုခိုင်းခဲ့ပါတယ်..အဲ့ဒီမစ်ရှင်ကတော့ သူတို့ကို ကမ္ဘာပေါ်ရဲ့နေရာတခုက ဂြိုလ်သားတကောင်ကိုသတ်ခိုင်းတာဖြစ်ပြီး သတ်နိုင်တဲ့လူကို အမှတ်ပေးမှာဖြစ်ပါတယ်...သူတို့တွေ ဘာမှန်းမသိတဲ့ မစ်ရှင်တခုကို တူတူလုပ်ကြရင်းဘာတွေဆက်ဖြစ်မယ်ဆိုတာကို အတော်လေးစိတ်ဝင်စားဖို့ကောင်းအောင်လဲ ဇာတ်အိမ်ဆောက်ထားပြီး ဂျပန်နိုင်ငံရဲ့၂၀၁၀လောက်က Effectတွေဟာလဲ မညံ့ကြောင်းမြင်ရမှာပါ...ဒါကြောင့်မို့ ကျွန်တော်တို့ Channel MyanmarကနေGantzရဲ့ ရုပ်ရှင်လေးကားလုံးကို Qualityအကောင်းဆုံးနဲ့ ...
movie

Gantz: Perfect Answer(2011)

2011
HEVC 1080p 5.1
Brave: Gunjyo Senki (2021) 6.3
Brave: Gunjyo Senki (2021) ဒီတစ်ခါမှာတော့ လောလောလတ်လတ်ကထွက်ခဲ့တဲ့ Rurouni Kenshin: Final Chapter မှာလည်းပါဝင်ခဲ့တဲ့ ဂျပန်နာမည်ကြီးမင်းသား Mackenyu ရဲ့ အချိန်ခရီးသွားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ။သူပဲလားဆိုတော့ မဟုတ်ပါဘူး လူတိုင်းနီးပါးသိတဲ့ Death Note ထဲ့မှာ "L" လို့သိကြတဲ့ Ken'ichi Matsuyama လည်း ပါဝင်ထားပါသေးတယ် ။ ဇာတ်ကြောင်းလေးကတော့...စဲအိတိုခု အားကစားအထက်တန်းကျောင်းလေးမှာ ဆန်းကျယ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သူတို့တစ်ကျောင်းလုံး ၁၅၆၀ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအချိန်ကို ရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီအချိန်ဟာဆိုရင် စစ်ပွဲကာလဖြစ်တဲ့အတွက် ရုတ်ချည်းဆိုသလို အေးချမ်းနေတဲ့ သူတို့ကျောင်းလေးထဲကို အရင်ခေတ်က စစ်သည်တွေဝင်ရောက်လာပြီး အကြမ်းဖက်ပါတော့တယ်တချို့သူငယ်ချင်းတွေလည်း အသတ်ခံရ တချို့တွေလည်း အဖမ်းခံ နှိပ်စက်ခံရတဲ့အခါမှာတော့အားကစားထူးချွန်ကျောင်းသားတွေပူးပေါင်းပြီး ရှေးခေတ်စစ်သည်တော်တွေကို ညီညွှတ်ခြင်းအင်အား ခေတ်သစ်နည်းပညာတွေနဲ့ ဘယ်လိုရဲရဲဝင့်ဝင့် ရင်ဆိုင် တိုက်ခိုက်ကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ဆက်လက် ကြည့်ရှုကြရမှာပါ ။( အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ )File Size_2.1 ...
movie

Brave: Gunjyo Senki (2021)

Promare (2019) 7.2
Promare (2019) Japan Anime ကားတစ်ကားပါ။ Rating 7.2 တောင် ရထားတာဆိုတော့တော်တော်လေးမိုက်တဲ့Animeထဲမှာပါပါတယ်။ခန္ဓာကိုယ်ကနေ မီးထလောင်တတ်တဲ့ mutant တွေကြောင့်The Great Burning လို့ခေါ်တဲ့ အဖြစ်အပျက်ကြီး ဖြစ်လာခဲ့ပါတယ်။နှစ် ၃၀ ကြာပြီးတဲ့နောက်မှာ Burnish လို့ခေါ်တဲ့သူတွေ ပေါ်လာပြန်ပါတယ်။ဒီတစ်ခါမှာတော့ သူတို့က မီးကို ပိုပြီးထိန်းချုပ်နိုင်သွားကြပါပြီ။ဒီလူတွေမှာ မီးတွေအကြောင်းပြချက်မရှိဘဲ လိုက်ရှို့နေတယ်။ဒါပေမဲ့ ဘာကြောင့် ဒီလိုလုပ်ရတာလဲ။Galo Thymos ဆိုတဲ့ မီးသတ်တပ်သားသစ်လေးတွေကမီးလောင်မှုကို ကယ်ဆယ်ဖို့သွားရင်း Burnish တွေနဲ့ကြုံလာရတဲ့အခါမှာတော့ပွဲကြီးပွဲကောင်းတွေ ဖြစ်ပါတော့တယ်။Animation ဖန်တီးထားပုံတွေကလည်း တော်တော်လေးစွဲဆောင်မှုရှိလွန်းတာကြောင့် ကြည့်နေရင်းနဲ့အချိန်ဘယ်လိုကုန်လို့ကုန်သွားမှန်းတောင်မသိရမယ့်Animeမျိုးဖို့ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ File Size : ( 1 GB , 303 MB) Quality : ...
movie

Promare (2019)

Death Note: Light Up the New World (2016) 6.3
Death Note: Light Up the New World (2016) Death Noteဆိုရင်တော့မသိသူမရှိပါဘူး။ သေမင်းရဲ့စာအုပ်ထဲမှာကိုယ်သတ်ချင်တဲ့သူရဲ့နာမည်နဲ့သေရတဲ့အကြောင်းအရင်းကိုရေးလိုက်ရုံနဲ့ ထိုသူရုတ်တရတ်သေဆုံးသွားရတဲ့စာအုပ်လေးကိုအခြေခံထားတဲ့ဇာတ်ကားလေးပါ။ ယခင်ထွက်ခဲ့ပြီးတဲ့ကားတွေရဲ့နောက်ဆယ်နှစ်ကိုအစပြုပြီးဒီကားလေးကိုဇာတ်အိမ်ဖွဲ့ထားတာပါ။ လူ့လောကကိုအနောက်ထပ်Death note၆အုပ်ပို့ပြီးတော့Shinigami ကကီရာရဲ့စာအုပ်ကိုကိုင်ဆိုင်သူကိုရှာဖို့အမိန့်ပေးခဲ့ပါတယ်။ ၂၀၁၆ခုနှစ်လူ့လောကမှာဆိုင်ဘာတိုက်ခိုက်မှုတွေကြီးစိုးနေချိန်မှာပဲကမ္ဘာတ၀န်းမှာကီရာအသစ်ပေါ်ထွက်လာတယ်ဆိုတဲ့ ကောလဟာလတွေနဲ့အတူလူသတ်မှုတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ်။လူသတ်မှုတွေကိုခြေရာခံရင်း Death Note Task Forceဆိုတဲ့ဆုကုရာမိရှိမာဦးဆောင်တဲ့အဖွဲ့ထွက်ပေါ်လာပါတယ်။ အဲဒီအဖွဲ့ကိုအယ်လ်(L)ရဲ့အမွေဆက်ခံသူယုဇာကီကထောက်ပံပေးထားတာပါ။အဖွဲ့ဟာလူသတ်မှုတွေကိုလိုက်လံစုံစမ်းရင်း ဆာကုရာအိုင်ဆိုသူပိုင်ဆိုင်တဲ့Death Noteစာအုပ်တခုကိုရရှိခဲ့ပါတယ်။ အဲဒီစာအုပ်ပိုင်ရှင်ကိုနောက်ထပ်DeathNoteyပိုင်ရှင်တဦးဖြစ်တဲ့ဆိုင်ဘာအကြမ်းဖက်သမားယုကီရှိန်းကသတ်ခဲ့တာပါ။ ယုဇာကီနဲ့အဖွဲ့ဟာသူတို့ရရှိခဲ့တဲ့စာအုပ်ကိုပိုင်ဆိုင်သူသေမင်းဘီပိုကိုစစ်မေးတဲ့အခါမှာတော့ လူ့လောကမှာDeathNoteစာအုပ်၆အုပ်ရှိကြောင်းသိခဲ့ရတာပါ။ ရှိန်းကလည်းတဖက်မှာမီဆာအာမန်နဲ့ဆက်သွယ်ပြီးသူ့ရဲ့မှတ်ဥာဏ်တွေကိုပြန်ဖော်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာဆိုင်ဘာတိုက်ခိုက်မှုတွေနဲ့ပဲရှိန်းတယောက်ဘယ်လိုတွေလုပ်သွားမလဲ။ ယုဇာကီနဲ့အဖွဲ့ကရောဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကြည့်လိုက်ရအောင်ဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Fridays မှရေးပေးခဲ့တာဖြစ်ပြီး ဘာသာပြန်သူကတော့ ကိုစိုးထွေးဖြစ်ပါတယ်)File Size : 900 MB/370MB Quality : Bluray 720P Running Time : 2hr 15minutes Format : Mp4 Genre : Crime, Drama, Horror Translator : Soe Htwe Encoder :Thanhtike Zaw
movie


2016