Channel Myanmar

Kenneth Choi

Hotel Artemis (2018) 6.3
Hotel Artemis (2018) သောက်ရေရှားပါးမှုကြောင့် ရေသန့်ကိုထိန်းချုပ်ထားတဲ့ သူတွေကို ဆန္ဒပြနေတဲ့ပြည်သူတွေနဲ့ မီးခိုးတလူလူဖြစ်နေတဲ့ Los Angeles မြို့မှာ တရားဥပဒေနဲ့မလွတ်ကင်းသူတွေရဲ့ ဆေးရုံလို့ခေါ်လို့ရတဲ့ ပုံပြင်ဆန်ဆန် တည်ရှိနေတဲ့ Hotel Artimis မှာ ဖြစ်ပျက်ခဲ့တဲ့တစ်ညတာအကြောင်းပါ။၂၂ နှစ်လုံး Hotel ထဲကမထွက်တဲ့ Nurse ဖြစ်သူ Genie Thomas က Hotel ကိုဦးစီးနေပါတယ်။သူ့ရဲ့ Hotel ရဲ့တည်းခိုသူတွေကတော့ လက်နက်ကုန်သည်တစ်ယောက်ဖြစ်တဲ့ Acapulco ၊Honolulu လို့ခေါ်တဲ့ အလုပ်လုပ်ရာမှာ ကျွမ်းကျင်တဲ့ဓားပြတစ်ဦးပေမယ့် ညီဖြစ်သူကြောင့် ဒုက္ခအမြဲရောက်ရတတ်တဲ့ Sharman ၊လှသလောက်အဆိပ်ပြင်းတဲ့ Nice ခေါ် Niragra ဆိုတဲ့ ကြေးစားလူသတ်သမားမလေး၊LA မြို့တစ်ဝက်လောက်ကို ပိုင်ဆိုင်ထားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင် ဝံပုလွေဘုရင် နဲ့ တခြား မမျှော်လင့်ထားခဲ့တဲ့တည်းခိုသူ ရဲမေတစ်ယောက်ဖြစ်ပါတယ်။သူတို့တွေ လူထုအုံကြွမှုအဆိုးဆုံးဖြစ်နေတဲ့ ညတစ်ညထဲမှာ အတူတူလာစုံစည်းကြပြီးဘာတွေဖြစ်ကြမလဲဆိုတာတော့IMDB Rating 6.1 ရရှိထားတဲ့ Hotel Artemis(2018) ဇာတ်ကားထဲမှာကြည့်လိုက်ကြပါတော့ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ) File ...
movie

Hotel Artemis (2018)

2018
Gringo (2018) 6.0
Gringo (2018) Gringo ဆိုတာ စပိန်တွေက ဒါမှမဟုတ် စပိန်စကားပြောနိုင်ငံတွေက အမေရိကန်တွေကိုခေါ်တဲ့အသုံးအနှုန်းလို့ဆိုပါတယ် (ကိုးကား- ဘာဘာညာညာ)..ဒီဇာတ်လမ်းလေးက ရိုးရိုးအအ အမေရိကန်လူမည်းတစ်ယောက်အကြောင်းကို ရိုက်ထားတဲ့ ဒရာမာဇာတ်မြူး မှုခင်းကားတစ်ကားဖြစ်ပါတယ်…ဟာရိုးဆိုတဲ့ အမေရိကန်လူမည်းတစ်ယောက်ဟာ သူငယ်ချင်းတစ်ယောက်ဖြစ်သူရဲ့ဆေးကုမ္ပဏီမှာ ရိုးသားကြိုးစားစွာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ပေါ့…သူ့သူငယ်ချင်းကသူ့ကို သူပိုင်တဲ့ဆေးကုမ္ပဏီမှာ အလုပ်သွင်းပေးထားရုံမက သူ့မိန်းမ အိမ်တွင်းဒီဇိုင်နာကိုလည်း သူ့အိမ်ပြင်ဆင်ဖို့ အလုပ်အပ်ထားတဲ့အတွက် ကျေးဇူးတင်နေသူတစ်ယောက်ပေါ့….သူတို့ဆေးကုမ္ပဏီက အမှန်တကယ်တော့ ဟန်ပြသက်သက်ပဲဖြစ်ပြီး တကယ်တမ်းမှာ မက္ကဆီကိုက မူးယစ်ရာဇာတွေနဲ့ဆက်သွယ်ပြီး တားမြစ်ဆေးဝါးတွေထုတ်လုပ်နေတာပါ…ဒါကို စာရင်းကိစ္စတွေပဲလုပ်ပေးရတဲ့ဟာရိုးကမသိပါဘူး….ဒီလိုနဲ့ကုမ္ပဏီအရှုံးပေါ်လာတဲ့အချိန်မှာ ဟာရိုး ဟာ အလုပ်ပြုတ်မယ့်အရေးတွေးပူနေရာကနေ ကြံရာမရဖြစ်ပြီး…သူ့သူငယ်ချင်းကုမ္ပဏီပိုင်ရှင် နောက်ကျောဓားနဲ့ထိုးမယ့်အဖြစ်တွေပါသိပြီးတော့ ပြန်ပေးဆွဲခံရတယ်ဆိုပြီး..လုပ်ကြံဖန်တီးခဲ့ပါတယ်..ဒါပေမယ့် မက္ကဆီကိုမူးယစ်ရာဇာတွေ သူ့ကိုတကယ်ပြန်ပေးဆွဲတဲ့အခါမှာတော့…..၂၀၁၈ ထွက်ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်လေးကို မြူးမြူးလေးရိုက်ပြထားပါတယ်နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းကို အဆုံးထိဆွဲဆောင်ခေါ်ယူသွားမှာဖြစ်ပြီး ၁၈+ဒိုင်ယာလော့တွေပါတယ်ဆိုတာကိုလည်း ပြောပြထားပါရစေRatings IMDb – 6, Rotten tomatoes – 41%, Google users – 70% (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File ...
movie

Gringo (2018)

2018