Channel Myanmar

Kentarô Sakaguchi

Color Me True(2018) 7.2
Color Me True(2018) Color Me True(2018) IMDb....7.2 ဂျပန်ရုပ်ရှင်တွေတော်တော်များများဟာ ဆုတွေလည်း တသီကြီးရ မှတ်တမ်းကောင်းများစွာလည်း စိုက်ထူထားခဲ့ပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ဂျပန်ကားတွေကို နှစ်ခြိုက်သဘောကျတဲ့ ပရိသတ်က အခြားရုပ်ရှင်များထက်စာလျှင် အတော်ပင်နည်းပါတယ်.......သို့ပေမယ့် သူတို့ရဲ့ ရုပ်ရှင်အဆင့်အတန်းက မနိမ့်ကျကြောင်းကို သက်သေပြလို့ရတဲ့ ကားပေါင်းများစွာရှိပါတယ်.. ကျွန်တော့်အထင်ပြောရရင် ဂျပန်ရုပ်ရှင်တွေဟာ တခြားရုပ်ရှင်ကားများထက်စာရင် ဖျော်ဖြေရေးသိပ်မဆန်ဘူးဟုသာပြောချင်ပါသည်... ယ္ခု Color Me True(2018)ကျတော့ တခြားကားတွေထက်စာရင် မြူးမြူးကြွကြွလေးနဲ့ စထားပြီးကြည့်ရှုသူကို မပျင်းမရိအောင် ဆွဲခေါ်နိုင်စွမ်းရှိတယ်...ဇာတ်လမ်းအမျိုးအစားကလည်း  Fantasy, Romance ဖြစ်နေတာကလည်း တစ်ပိုင်းပေါ့လေ... ဇာတ်လမ်းအကြောင်းကိုသွားလိုက်ရအောင်.... ကောင်လေးတစ်ယောက်ရှိတယ်...သူက လက်​​ထောက်​ဒါရိုက်​တာတစ်ယောက် .... လက်ထောက်ဒါရိုက်တာဆိုပေမယ့် သူလုပ်ရတာအများဆုံးက ..မီးထိုး..မှန်ထိုး .. ..ထိုင်ခုံခင်း ..လိုတဲ့ပစ္စည်းလေးတွေဝယ်ပေးရပေါ့... ဘယ်လောက်ပဲအလုပ်တွေများများ သူမပျက်မကွက်လုပ်တဲ့ ကိစ္စတစ်ခုရှိတယ်...အဲ့ဒါကတော့ ရုပ်ရှင်ရုံမှာ တစ်ယောက်ထဲ ဘယ်သူမှမကြည့်တော့တဲ့ အဖြူအမဲခေတ်က ဇာတ်ကားတစ်ကားကို ကြည့်တာပါပဲ... သူ့ကြည့်ရတာ ဒီကားထဲက မင်းသမီးလေးကို အတော်သဘောကျပုံပဲ... သူ့ဘ၀က ရိုးရှင်းပါတယ်.. ရိုက်ကူးရေးမှာအလုပ်လုပ်လိုက်...တစ်ယောက်ထဲ ရုပ်ရှင်ရုံမှာ အဖြူအမဲခေတ်က မင်းသမီးလေးကို သွားငေးလိုက်ပေါ့... တစ်နေ့တော့ သူ့ဘ၀ပျက်မတတ်ခံစားလိုက်ရတဲ့သတင်းတစ်ခုကြားလိုက်ရတယ်.. အဲ့ဒါက သူကြိုက်တဲ့မင်းသမီးပါတဲ့ ရုပ်ရှင်ကားကို ရောင်းလိုက်တော့မယ်ဆိုတာပါပဲ ....နောက်ဆုံးအနေနဲ့  သူတစ်ယောက်ထဲ မင်းသမီးလေးပါတဲ့ရုပ်ရှင်ကိုကြည့်နေတယ်.. ပါးစပ်ကလည်း ဒီညက မင်းသမီးလေးကိုကြည့်ရတာနောက်ဆုံးပါ့လားလို့ရေရွတ်နေတယ်..မျက်ရည်တွေလည်းကျလို့ပေါ့... အဲ့ဒီအချိန်မှာပဲ မီးတွေပြတ်ပြီးရုပ်ရှင်ရုံတစ်ခုလုံးအမှောင် အတိကျသွားတယ်... မီးပြန်လာတဲ့အချိန်မှာ ထူးဆန်းစွာပဲ မင်းသမီးလေးဟာ ကောင်လေးရှေ့ကိုရောက်လာတယ်.... ကိုင်းဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျ... စကားမစပ် ဂျပန်မင်းသမီးက နင်းကန် လှလွန်းတယ်.... File Size ...
7.2
IMDB: 7.2/10 388 votes
movie

Color Me True(2018)

2018
Narratage(2017) 5.4
Narratage(2017) Narratage(2017) ဒီကားကတော့ ဂျပန်နိုင်ငံရဲ့ အရောင်းရဆုံးအချစ်ဝတ္ထုကိုအခြေခံပြီးရိုက်ကူးထားတာပါ.... ကျောင်းတစ်ကျောင်းမှာ ခပ်လှလှကျောင်းသူလေးတစ်ယောက်ရှိတယ်...ငယ်ငယ်ထဲက တစ်ယောက်ထဲနေတတ်သလိုဖြစ်နေတတ်တဲ့သူမအဖို့ ကျောင်းတော်ကြီးရောက်တော့ တခြားသူတွေနဲ့ယှဉ်ရင် အထီးကျန်ဆန်သလိုဖြစ်နေတယ်... ကိုယ့်ဘ၀ကိုယ် ဘယ်လောက်တောင်မကျေမနပ် ဖြစ်နေသလဲဆိုတော့ သတ်သေတဲ့အထိတောင်လုပ်ခဲ့ပါတယ်...သို့ပေမယ့် ဆရာတစ်ယောက်က သူမကို ကယ်တင်ခဲ့တယ်.... အားငယ်အထီးကျန်နေတဲ့ ခပ်လှလှကျောင်းသူမလေးကို ဆရာက အကြင်နာတွေပိုခဲ့ စေတနာတွေပိုခဲ့မိတယ်... .ကျောင်းရဲ့ သရုပ်ဆောင်သင်တန်းထဲကို ဆရာက ထည့်ပေးခဲ့ပြန်တယ်...ကျောင်းသူလေးဟာ ဆရာအပေါ်လေးစားအထင်ကြီးစိတ်တွေအပြင် ၅၂၈ထက် အပေါင်း၁ ပိုခဲ့ပုံရပါတယ်... ကျောင်းသူလေးအတွက်တော့ တစ်ဖက်သတ်ခိုးဖတ်ခဲ့ရတဲ့ ကဗျာတစ်ပုဒ်ဖြစ်ခဲ့ပါတယ်...ဆရာကတော့ အိနြေ္ဒကြီးတစ်ခွဲသားနဲ့ပေါ့... ကံကောင်းတာလား ကံဆိုးတာလားမသိ....သူမကို ချစ်နေတဲ့ကောင်လေးတစ်ယောက်ကလည်းပေါ်လာပြန်တယ်...ကိုင်း ဂျပန်အချစ်ဇာတ်လမ်းလှလှလေးတွေကြိုက်တဲ့သူတွေအဖို့ ခံစားကြည့်လိုက်ပါဦးဗျို့... ၁၈+ အခန်းတစ်ချို့ပါလို့ မိသားစုနဲ့ကြည့်ရင် ကျော်ပြီးကြည့်ကြပါလို့ အားနာနာနဲ့ပြောပါရစေ... File Size : (980 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…02:20:00 Genre :  Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Nay Chi Encoded by Phyo Pyae
5.4
IMDB: 5.4/10 10000 votes
movie

Narratage(2017)

2017
Heroine Disqualified(2015) 6.7
Heroine Disqualified(2015) ဒီကားလေးကတော့ကျွန်တော်(စိုးထွေး)ရဲ့၁၇ကား မြောက်ဘာသာပြန်ကားလေးပါ။ ဒီဇာတ်ကားဟာ IMDb rating 6.8/10 ထိရရှိထားတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအစမှာအမေဖြစ်သူ ကပြစ်သွားပြီးအထီးကျန်နေတဲ့ ကောင်လေးတစ်ယောက်နဲ့အစပြုထားပါတယ်။ ငယ်ငယ်လေးကတည်းက အဲဒီကောင်လေးအပေါ်အသနားပိုပြီး သံယောဇဉ်ဖြစ်နေမိတဲ့ကောင်မလေး . . . တစ်ယောက်အသက် အရွယ်လေးတွေရလာတဲ့အခါ ထိုကောင်လေးက စော်ကြည်ဘဲ SKBဖြစ်နေတဲ့အခါ ထိုကောင်မလေး ဘာတွေလုပ်မလဲ၊ ထိုကောင်လေးနဲ့ကောင်မလေး ကြားဝင်လာတဲ့ ခပ်ချောချောကောင်လေးတစ်ယောက်နဲ့ ရိုးသားအေးဆေးတဲ့ကောင်မလေးတစ်ယောက် ၊ ကာင်လေးနဲ့ထိုရိုးရိုးသားသားပုံတုံးမလေး ကြိုက်သွားတဲ့အခါ ကျန်နေခဲ့တဲ့ကောင်မလေးဘာလုပ်မလဲ၊ ဘာဆက်ဖြစ်မလဲ၊ ဇတ်ကားတစ်ကားလုံး မချင့်မရဲမှုတွေ၊ အသနားပိုမှုတွေ၊ သံယောဇဉ်တွေ ချစ်ခြင်းမေတ္တာတွေ အပြည့်အဝဖော်ဆောင်ထားတဲ့ ဇတ်ကားကောင်းလေးတစ်ကားပါပဲ။ Attack on Titans ဂျပန်ကားလေးကို ဝင်ငွေစံချိန်ချိုးထားနိုင်ခဲ့တဲ့ ဒီဇာတ်ကားလေးကို အခု CM ပရိတ်သတ်တွေဆီပို့ပေးလိုက်ပါပြီ။ စိတ်ကျေနပ်မှုရပြီးအချိန်ပေးကြည့်ရကျိုးနပ်မယ့် ဇာတ်ကားကောင်းလေးတစ်ကားလို့ညွန်းချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ Ko Soe Htwe ဖြစ်ပါတယ်။) Download and Direct Watch HD720P   Download and Direct Watch small file 360P
6.7
IMDB: 6.7/10 319 votes
movie

Heroine Disqualified(2015)

2015
HD-Rip 720p