Channel Myanmar

Kevin James

I Now Pronounce You Chuck & Larry (2007) 5.9
I Now Pronounce You Chuck & Larry (2007) I Now Pronounce You Chuck & Larry (2007)ဒီတစ်ခါ မိတ်ဆက်​​ပေးမှာက​တော့ နာမည်ကြီး ဟာသသရုပ်​ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်​​ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကား​​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထား​​ပေးရင်​တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်​ဖော်ကိုင်ဖက်​တွေက​ပြောရ​လောက်​အောင် ဖွန်​ကြောင်တတ်တဲ့ ချာ့ တစ်​ယောက် အိမ်​ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ​ငွေ​ကြေးပြသနာ​ကြောင့် နှစ်​ယောက်အတူ ​ဂေးစုံတွဲအဖြစ် ​နေကြဖို့ သ​ဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာ​ရောက်စစ်​ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့​လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွား​လောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်​တွေ​ရွေ့မလဲ... ဘယ်လို​တွေလွဲကုန်မလဲ... ဆိုတာကို ရယ်ရင်း​မောရင်းကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။ ​ဂေး​တွေကို အရမ်းလက်သင့်ခံထားခြင်းမရှိ​သေးတဲ့ ...
movie

I Now Pronounce You Chuck & Larry (2007)

2007
{21+} Babyface 2 (1986) 5.7
{21+} Babyface 2 (1986) အနောက်တိုင်းသူ စင်းလုံးချောလေးတွေရဲ့ ပကတိ အလှတရားကို အတစ်လိုက် ခံစားရမည့် ဇာတ်လမ်းလေး တစ်ပုဒ် ကာရန်နဲ့ ဂျယ်ရီ တို့ လက်ထပ်မထပ်ခင် တညအလိုမှာ တစ်မြို့လုံး အုတ်အော်သောင်းနင်းဖြစ်သွားခဲ့တဲ့ ဖြစ်ပျက်လေးတစ်ခု မိန်းကလေးသူငယ်ချင်းတွေ အိမ်ထောင်သည်ဖြစ်တော့မယ်ဆိုတဲ့ အထိမ်းမှတ်အနေနဲ့ ပါတီပွဲတစ်ခု ဆင်နွှဲကြပါတယ်ပါတီလက်ဆောင်က လူတစ်ယောက်ဖြစ်ပါတယ် သူတို့ဆန္ဒကတော့ ကာရန်ကို ပျော်စေဖို့ ပိုက်ဆံပေးပြီး ငှားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ သူတို့ ငှားခဲ့တဲ့သူက အချစ်မှော်ဆရာတစ်ယောက်ဖြစ်နေသောအခါ မိန်းကလေးတွေ အရောင်စုံနဲ့ မှော်ဆရာနဲ့ ဇာတ်လမ်းကို ရှင်းလင်းပြတ်သားစွာ ရိုက်ကူးထားတာဖြစ်လို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ် File size…4.6GB  / 1.2GB Quality…1080p BluRay / 720p Format…mp4 Duration….1h 20m Subtitle….Myanmar Subtitle(Hard Sub) Encoder….XCross Translated by Ki Mu Chi
movie

{21+} Babyface 2 (1986)

2023
Hubie Halloween 2020 5.4
Hubie Halloween 2020 မင်းသားကြီး အဒမ် ဆမ်ဒလာရဲ့ ဟောလိုးဝင်း ဟာသ ကားအသစ် ထွက်ပါပြီ။ ဒီရုပ်ရှင်မှာတော့ အဒမ်ဟာ ဟျူဘီ ဒူဘွား ဆိုတဲ့ သဘောကောင်းပြီး ရိုးအတဲ့လူကြီး၊ တစ်မြို့လုံးက အနိုင်ကျင့်ခံရတဲ့သူ အဖြစ် ပါဝင်ထားပါတယ်။ ဟျူဘီဟာ အင်မတင် ရိုးအပြီး ကြီးမားတဲ့ ယုံကြည်ချက်ကြီး တစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ ဟောလိုးဝင်း ညတိုင်းမှာ မြို့သူမြို့သားတွေ ဘေးကင်းဖို့ဟာ သူ့တာဝန်ပဲ ဖြစ်တယ်လို့ပါပဲ။ ဒါကြောင့် ဟောလိုးဝင်းညတိုင်းမှာ တစ်မြို့လုံးကို ကင်းလှည့်ပြီး အမြင်မတော်တာတွေ မသင်္ကာတာတွေကို ရဲကို သတင်းပြေးပြေးပို့တတ်ပါတယ်။ ဒါကြောင့် တစ်မြို့လုံးက လူတွေရော၊ ရဲတွေရောက ဟျူဘီကို အမြင်ကတ်ပြီး ပတ်ရှောင်နေကြရတာပါ။ ဒီလိုနဲ့ အခုရောက်လာတဲ့ ဟောလိုးဝင်းညမှာတော့ အရင်က ဟောလိုးဝင်း ညတွေလို မဟုတ်ဘဲ ထူးခြားတဲ့ ကိစ္စတွေ၊ လူပျောက်ဆုံးမှုတွေစတင်ဖြစ်လာပြီး ဟျူဘီက ရဲတွေကို သတင်းပေးပေမယ့် ...
movie

Hubie Halloween 2020

Grown Ups (2010) 6.0
Grown Ups (2010) Grown Ups ဆိုတဲ့ကား​လေးက ၂၀၁၀ ခုနှစ်​က ထွက်​ခဲ့တဲ့ အ​မေရိကန်​ comedy ရုပ်​ရှင်​ကား​လေးတစ်​ကားဖြစ်​ပါတယ်​။ဇာတ်​လမ်​းအညွှန်​းအ​နေနဲ့က​တော့ အလယ်​တန်​းတုန်​းက အတူ​ဘတ်​စကတ်​​ဘောကစားခဲ့ကြတဲ့သူငယ်​ချင်​း ၅ ​ယောက်​ သူတို့ရဲ့ နည်​းပြဖြစ်​သူ ဆုံးသွား​ကြောင်​းကို ကြားသိပြီး​နောက်​ ပြန်​လည်​ဆုံစည်​းဖြစ်​ခဲ့ကြပုံ​လေးပါ။သူငယ်​ချင်​း ၅ ​ယောက်​ဆို​ပေမယ်​့ မတူကွဲပြားတဲ့ စရိုက်​ကိုယ်​စီ ရှိကြသူ​တွေဖြစ်​ပြီး လက်​ရှိမှာလည်​း ကိုယ်​ပိုင်​ မတူညီတဲ့ ဘဝအသီးသီးကို ပိုင်​ဆိုင်​ထားကြပါတယ်​။ဒါ​ပေမယ်​့ဒီလိုစရိုက်​မတူသူ ၅ ဦးကပဲ ​ငယ်​စဉ်​က ကျောင်​းဘတ်​စကတ်​​ဘော ပြိုင်​ပွဲမှာ ချန်​ပီယံဆုကို ရရှိိခဲ့ကြသူ​တွေ ဖြစ်​ကြပါတယ်​။ဘတ်​စကတ်​​ဘောလို အားကစားတစ်​ခုကစားရာမှာ တစ်​ဦးတစ်​​ယောက်​တည်​း ​ကောင်​း​နေရုံနဲ့ နိုင်​ဖို့ဆိုတာ မဖြစ်​နိုင်​ပါဘူး။တစ်​သင်​းလုံး တက်​ညီလက်​ညီ စိတ်​တူကိုယ်​တူနဲ့ အ​ပေးအယူမျှမျှှ ကစားရတာမျိုး ဖြစ်​ပါတယ်​။ဒါ​ပေမယ်​့ဒီလို စရိုက်​ချင်​းမတူညီကြတဲ့ သူငယ်​ချင်​း ၅ ​ယောက်​က​ရော ဘယ်​လို​ကြောင်​့ ပြိုင်​ပွဲမှာအနိုင်​ရရှိခဲ့ကြတာလဲ?သူတို့ ၅ ​ယောက်​ရဲ့ တူညီတဲ့ အချက်​က​ရော ဘာဖြစ်​နိုင်​မလဲ?နှစ်​​​တွေအကြာကြီး ​ကွဲကွာ​နေတဲ့ ငယ်​သူငယ်​ချင်​း​တွေ ပြန်​​တွေ့တဲ့အခါမှာ​ရော ...
movie

Grown Ups (2010)

2010
Hotel Transylvania 3: Summer Vacation (2018) Blu-Ray 1080p 5.1 CH x264 6.3
Hotel Transylvania 3: Summer Vacation (2018) Blu-Ray 1080p 5.1 CH x264 Blu-Ray 1080p 5.1 CH x264 Hotel Transylvania 3: Summer Vacation (2018) IMDb - 6.3/10_____Rotten - 62%   သွေးစုပ်ဖုတ်ကောင်ကြီး ဒရက်ကူလာခေါ် ဒရက်ဟာ မုဆိုးဖို ဖြစ်ပြီး နောက်ပိုင်းမှာ အထီးကျန်  ဝေဒနာ ခံစားနေရတာကြောင့် သူ့ သမီးမေးဗစ္စက သူ့အတွက် ချစ်သူအသစ် ရှာပေးရင်း ပင်လယ်ကူး အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ပေးပါတယ်။ဒရက်၊မေးဗစ္စနဲ့ သူမခင်ပွန်းဂျော်နီတို့ ဦးဆောင်ပြီး ဒရက်မိသားစုပိုင် ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေအားလုံး ဂယ်လက်ဇီသင်္ဘောကြီးနဲ့ ခရီးထွက်ကြတော့  ချောမောလှပတဲ့ လူသားရေယာဉ်မှူး အဲရစ်ကာကို ဒရက်က မြင်မြင်ချင်း ချစ်မိသွားတယ်။ဒရက်အလစ်မှာ  အဲရစ်ကာက သင်္ဘောအောက်ထပ်မှ ာ ပုန်းပြီး လိုက်ပါလာတဲ့ သူမအဘိုး ဗင်ဟဲလ်ဆင်းနဲ့ သွားတွေ့တယ်။ဗင်ဟာ သွေးစုပ်ဖုတ်ကောင်နဲ့ တ ခြား ကြောက်စရာ သတ္တဝါကောင်တွေ အားလုံးကို မျိုးဖြုတ်သုတ် ...
movie

Hotel Transylvania 3: Summer Vacation (2018) Blu-Ray 1080p 5.1 CH x264

2018
Hotel Transylvania 3: Summer Vacation (2018) 6.3
Hotel Transylvania 3: Summer Vacation (2018) Hotel Transylvania 3: Summer Vacation (2018) IMDb - 6.3/10_____Rotten - 62%   သွေးစုပ်ဖုတ်ကောင်ကြီး ဒရက်ကူလာခေါ် ဒရက်ဟာ မုဆိုးဖို ဖြစ်ပြီး နောက်ပိုင်းမှာ အထီးကျန်  ဝေဒနာ ခံစားနေရတာကြောင့် သူ့ သမီးမေးဗစ္စက သူ့အတွက် ချစ်သူအသစ် ရှာပေးရင်း ပင်လယ်ကူး အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ပေးပါတယ်။ဒရက်၊မေးဗစ္စနဲ့ သူမခင်ပွန်းဂျော်နီတို့ ဦးဆောင်ပြီး ဒရက်မိသားစုပိုင် ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေအားလုံး ဂယ်လက်ဇီသင်္ဘောကြီးနဲ့ ခရီးထွက်ကြတော့  ချောမောလှပတဲ့ လူသားရေယာဉ်မှူး အဲရစ်ကာကို ဒရက်က မြင်မြင်ချင်း ချစ်မိသွားတယ်။ဒရက်အလစ်မှာ  အဲရစ်ကာက သင်္ဘောအောက်ထပ်မှ ာ ပုန်းပြီး လိုက်ပါလာတဲ့ သူမအဘိုး ဗင်ဟဲလ်ဆင်းနဲ့ သွားတွေ့တယ်။ဗင်ဟာ သွေးစုပ်ဖုတ်ကောင်နဲ့ တ ခြား ကြောက်စရာ သတ္တဝါကောင်တွေ အားလုံးကို မျိုးဖြုတ်သုတ် သင်ဖို့ အမြဲကြိုးစားနေသူ ဖြစ်တယ်။သည်တစ်ခါတော့ ရှေးဟောင်းရေ ...
movie

Hotel Transylvania 3: Summer Vacation (2018)

2018
Hotel Transylvania 2 (2015) 6.7
Hotel Transylvania 2 (2015) Hotel Transylvania 2 (2015)IMDb - 6.7/10_____Rotten - 56%   2012 က အောင်မြင်ကျော်ကြားလူကြိုက်များခဲ့လို့ အခုသူ့ရဲ့နောက်ဆက်2015မှာ Part 2အနေနဲ့ထပ်ထွက်လာတဲ့ Animation ကားလေးတစ်ခုကိုတင်ပေးပါရစေ။IMDb Rating 7 အထိရရှိထားပြီးတဲ့  ဒီကားလေးကိုအားလုံးပဲမျှော်လင့်နေကြမှာပါ။ဒီဇာတ်ကားလေးဟာမကောင်းဆိုးဝါးလေးတွေနဲ့ဇာတ်လမ်းစထားခဲ့ပြီး . Draculaဘုရင်တစ်ပါးရဲ့သမီးလေးနဲ့ချစ်ကြိုက်ခဲ့တဲ့ လူသားတစ်ဦးတို့ရဲ့ အချစ်မေတ္တာနဲ့ပေါင်းစပ်လက်တွဲမှုကို အချက်ကျကျသဘောကျဖွယ် ဖန်တီးထားပါတယ်။Part 1 မှာ ချစ်ကြိုက်ခဲ့တဲ့ Dracula မလေး Mavis နဲ့လူသားလေး Jonathan တို့ရဲ့ လက်ထပ် မင်္ဂလာဆောင်ပွဲကနေစထားပါတယ်။Mavis နဲ့ Jonတို့ဟာ လက်ထပ်ပြီးကာလတစ်ခုမှာသားလေး တစ်ယောက်မွေးဖွားခဲ့ပါတယ်။အထူးသဖြင့်ဒီဇာတ်ကားမှာတွေ့ရမှာက အဘိုးဖြစ်သူ Count Dracula ရဲ့သူ့ မြေးလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို လှလှပပဖွဲ့နွဲ့သွားခဲ့ပြီးသူ့လိုပဲမြေးလေးကိုမှော်အတတ်တွေကျွမ်းကျင်တဲ့Dracular လေးတစ်ဦးဖြစ်စေချင်တာကိုလည်းတွေ့ရပါမယ်။Spoiler  ဖြစ်သွားမှာစိုးလို့ ဇာတ်ကားအကြောင်းကို ဆက်လက်မပြောပြတော့ပါဘူးMovie သာဆက်လက်ကြည့်ရှုကြပါ။  ခေတ်နဲ့လျော်ညီအောင် တင်ဆက်ထားပြီး . Sony Entertainmentကထုတ်လုပ်ထားတဲ့အတွက် Sony Product များကိုပါသုံးနှုန်းသွားတာဟာ ကြော်ငြာတဲ့ဘက်ကိုမသိသာစေဘဲ ...
movie

Hotel Transylvania 2 (2015)

2015
Hitch (2005) 6.6
Hitch (2005) Hitch (2005) IMDb - 6.6/10_____Rotten - 69%   (Warning - FA များ၊ ရည်းစားမရှိသူများ စိတ်မခိုင်လျှင် မကြည့်သင့်ပါ။ အခန့်မသင့်လျှင် ဤကားကြည့်ပြီး မကြာခင် ရည်းစားရသွားနိုင်ပါသည် :P ရည်းစားရှိသော်လည်း မိန်းကလေးတွေအကြောင်း အထာမနပ်သူများ ကြည့်သင့်ကြည့်ထိုက်သော ကားကောင်းတစ်ကားဖြစ်သည်)ဒီကားလေးကို ကြည့်ပြီးသွားကြရင်တော့... ယောက်ျားလေး အများစု မိန်းကလေးတွေနဲ့ ပတ်သတ်ပြီး "ငါမဖြစ်နိုင်ပါဘူးကွာ၊ ငါ့ပုံစံကြီးက သူနဲ့မကိုက်လောက်ပါဘူးကွာ" ဆိုတဲ့ ခံယူချက်၊ ခံစားချက်တွေ လျော့ပါးသွားမှာတော့အသေအချာပါပဲ ဒီကားထဲမှာ ကျွန်တော်တို့ ယောက်ျားလေးအများစုအတွက် ကိုယ်ချစ်ကြိုက်နေတဲ့ ခွက်နေတဲ့ မိန်းကလေးတစ်ယောက်ကို ရည်းစားစကားပြောဖို့ဆိုတာ ဘယ်လောက်တောင်မလွယ်လိုက်လဲဆိုတာ တွေ့ရပါလိမ့်မယ်...(လွယ်လွယ်ကြိုက် လွယ်လွယ်ပြတ် ခေတ်ကြီးထဲမှာ ဒီစကားက ရယ်စရာလဲ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်)ဒီဇာတ်ကားလေးထဲမှာ... * မိန်းကလေးတစ်ယောက်ကိုတကယ်ချစ်ကြိုက်မိသွားရင် မိန်းမကျမ်းကျေပါတယ်ဆိုတဲ့သူတောင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်တတ်ပုံတွေ... >>> မိန်းကလေးတွေ ဘယ်လိုပြုမူပြီ ဘယ်လိုပြောဆိုပြီဆို အဲ့တာဘာကိုဆိုလိုချင်တာ... >>> ပထမဆုံးအနမ်းတစ်ခုအပေါ်မှာ မိန်းကလေးအများစုရဲ့သဘောထား... >>> အချစ်တစ်ခုဖြစ်ပေါ်လာဖို့ဆိုတာ မလွယ်ကြောင်းတွေ အစုံအလင်တွေ့ရပါလိမ့်မယ်* ဇာတ်လမ်းအကျဉ်းလေး ပြောရရင်...>>> အဲလပ်စ်ဟစ်ရှ်(Will Smith)ဆိုတာ Date doctor တစ်ယောက်ပါ(ဖူးစာရေးနတ် ...
movie

Hitch (2005)

2005
Grown Ups 2 (2013) 5.4
Grown Ups 2 (2013) ဒီGrown ups 2 2013 ကားလေးကတော့ဟာသ မင်းသားကြီးAdam Sandlerရဲ့ 2010ကGrown ups ကားလေးရဲ့အဆက်ပါ Adam Sandlerဆိုရင်တော့ ဟာသကြိုက်ပရိသတ်ကြီးတို့မသိဘဲနေမှာမဟုတ်ပါဘူး နာမည်မသိရင်တောင်မှသူ့ကားတွေကိုတော့ရင်းရင်းနှီးနှီး တွေ့ဖူးမှာပါ ကဲအညွှန်းလေးကိုဆက်သွားရအောင် ဒီကားလေးမှာတော့Adam Sandlerဖြစ်တဲ့လန်နီဟာ သူရဲ့ဇာတိမြို့လေးမှာပြန်ပြီးနေထိုင်နေပါတယ် Grown Ups 1 မှာအသက်ကြီးကြီးအဘွားကြီးနဲ့ ယူထားတဲ့ရော့ကတော့ဒီကားမှာ သူ့မိန်းမနဲ့ကွဲပြီး ကျောင်းကားမောင်းနေပါတယ် ရော့ကို ဒီ2မှာတော့ အခန်းနည်းနည်းပဲတွေ့ရမှာပါ တခြားသူငယ်ချင်းတွေ ဖြစ်တဲ့ လန်မွန်ဆော့နဲ့မက်ကင်ဇီတို့ကလည်းကလေးတွေ လည်းကြီးပြင်းလာပြီးတော့ ဟစ်ဂင်ကတော့သူ့ရဲ့သား ဆိုပြီးတော့ ရထားနဲ့ရောက်လာခဲ့ပါတယ် တစ်နေ့မှာ လန်မွန်ဆော့ကို သူတို့ငယ်ငယ်ကခုန်ချနေကျ ချောက်ကမ်းပါးမှာခုန်ချခိုင်းဖို့သွားရင်းနဲ့ Twilightထဲက ဝံပုလွေမင်းသားဂျက်ကော့ ဖြစ်တဲ့အန်ဒီတို့အဖွဲ့နဲ့တွေ့ပြီးအရှက်တွေကွဲခဲ့ရပါတယ် ဂျက်ကော့ Taylor Launterကိုတော့ဒီထဲမှာ ပေါတော တော ကောလိပ်ကျောင်းသားအဖြစ်တွေ့ရမှာပါ အန်ဒီတို့အဖွဲ့ကိုဟစ်ဂင်ရဲ့သားဖြစ်သူကမကျေနပ် ဘဲအန်ဒီတို့နေတဲ့နေရာကိုဖျက်ဆီးခဲ့ပါတယ် အန်ဒီတို့ကလန်နီတို့လုပ်တယ်ထင်ပြီး လန်နီတို့ပါတီကို လာရောက်ဖျက်ဆီးပြီး နှစ်ဖွဲ့ချကြပုံများကို ပရိသတ်ကြီး သွားမစိဘဲကြည့်ရမှာပါ လန်နီအတွက် သတင်းဆိုးလား သတင်းကောင်းလားလို့ ပြောရမဲ့နေ့ရောက်လာပါတယ် သူ့မိန်းမမှာကိုယ်ဝန်ရှိနေ ...
movie

Grown Ups 2 (2013)

2013
Little Boy ( 2015 ) 7.4
Little Boy ( 2015 ) IMDb Rate 7.4 ရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့လည်းမိတ်ဆက်ပေးချင်ပါတယ်2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Little Boy ဇာတ်ကားဟာ ကလေးငယ်တစ်ယောက်ရဲ့ဖခင်အပေါ်မှာထားရှိတဲ့မေတ္တာတရားကိုဖော်ကျူးတဲ့ကားကောင်းလေးဖြစ်ပါတယ်အကျဉ်းချုဉ်းပြောရရင်တော့ အသက် ၈ နှစ်အရွယ်သာရှိတဲ့သားငယ်ဟာ အဖေနဲ့ဝေးကွာနေတဲ့အတွက် ဖခင်ဖြစ်သူအိမ်ပြန်လာစေဖို့ ကြိုးပမ်းခြင်းပါ..ဒါဟာလည်းဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပဲဖြစ်နိုင်ပါလိမ့်မယ်..ဒီတော့ ဒီစစ်ကြီးပြီးမှ ဖခင်အိမ်ပြန်ရောက်လာမှာဖြစ်တဲ့အတွက် ဘာမဆိုလုပ်ရလုပ်ရ လုပ်မယ့် သားငယ်ရဲ့ မဖြစ်နိုင်တာကိုယုံကြည်မှုတွေနဲ့အတူ ဒီဇာတ်လမ်းလေးဟာဖခင်တစ်ယောက်က သားအပေါ်ထားတဲ့မေတ္တာ..သားငယ်ရဲ့ဖခင်အပေါ်ချစ်ခြင်းတွေကိုဖေါ်ကျူးတင်ဆက်သွားမှာပါ   Download With Pcloud Link ( 680 MB )
movie

Little Boy ( 2015 )

2015