Channel Myanmar

Kevin Rankin

Wild (2014) 7.1
Wild (2014) (Unicode)2014 ကတည်းကထွက်ခဲ့တဲ့ Wild ဆိုတဲ့ဇာတ်ကားလေးဟာ American Biographical Adventure Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး၂၀၁၂တုန်းက Cheryl Strayed ရေးသားခဲ့တဲ့ Wild: From Lost to Found on the Pacific Crest Trail(PCT) ဆိုတဲ့ကိုယ်တိုင်ဖြစ်ရပ်မှန်ကိုရေးသားထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်ကားထဲမှာ Cheryl နဲ့ Bobbi အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Reese Witherspoon နဲ့ Laura Dern တို့ နှစ်ယောက်လုံးဟာလည်းအော်စကာဆုအတွက် Best Actress နဲ့ Best Supporting Actress အဖြစ်စကာတင်အရွေးခံခဲ့ရပြီး အခြားသောဆုတွေမှာလည်း စကာတင်အရွေးခံရတာတွေရှိခဲ့ပါတယ်။Rating တွေအနေနဲ့လည်း Rotten Tomatos မှာ 89%....IMDb rating 7.1/10 အထိရရှိထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဘဝမှာအချစ်ရဆုံးအတွယ်တာရဆုံး မိခင်ဖြစ်သူသေဆုံးသွားပြီးနောက်ပူဆွေးသောကတွေရောက်ပြီး ကိုယ့်ကိုကိုယ်မထိန်းနိုင်မသိမ်းနိုင်အောင်ပျက်ဆီးသွားပြီကိုယ့်အိမ်ထောင်ရေးကိုပါဖျက်ဆီးမိခဲ့တဲ့ Cheryl Strayed ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ....ကိုယ်လမ်းမှားရောက်နေတာကိုသတိထားမိပြီးနောက် ကိုယ့်ကိုကိုယ်ပြန်ထူထောင်ဖို့နဲ့ စိတ်ဓာတ်တွေပြန်စုစည်းဖို့အတွက်ဆိုပြီးအမေရိကန်နိုင်ငံမှာအရှည်လျားဆုံးခရီးကြမ်းရှည် ...
movie

Wild (2014)

2014
Skyscraper (2018) 6.1
Skyscraper (2018) အက်ဖ်ဘီအိုင်အေးဂျင့် ဟောင်းလည်းဖြစ်၊ အမေရိကန် စစ်ပြန်တစ်ယောက်လည်းဖြစ်တဲ့ ဝီလ်ဆောယားဟာ စစ်ဆင်ရေး တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပြီး ခြေ ထောက်တစ်ဖက်ဆုံးရှုံးခဲ့ရကာ ခြေတုနဲ့ လှုပ်ရှားနေသူပါ။နောက်တော့ ဝီလ်ဟာ ဟောင်ကောင်မှာရှိတဲ့ အမြင့်ဆုံး မိုးထိတိုက်ကို လုံခြုံရေးကြီးကြပ် ဖို့ အလုပ်ခန့်အပ်ခံရပြီး သူတာဝန် ယူရမယ့် အမြင့်ဆုံးနဲ့ လုံခြုံရေး စနစ် အကောင်းဆုံး မိုးထိတိုက် ကြီးမှာ သူ့မိသားစုနဲ့အတူ ပြောင်း ရွှေ့နေထိုင်ခဲ့ပါတယ်။The Pearl လို့ အမည်ရတဲ့ အဲဒီမိုးထိတိုက်ကြီးရဲ့ အလွှာတိုင်းမှာ ကိုယ်ပိုင်လုံခြုံရေးစနစ်ရှိပြီး ဝီလ်က အဆောက်အအုံတစ်ခု လုံးရဲ့ လုံခြုံရေးပိုင်းကို အဓိက တာဝန်ယူရတာ ဖြစ်ပါတယ်။တစ်ရက်မှာတော့ The Pearlမိုးထိတိုက်ဟာ အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်ခြင်းခံရ ပြီး ဝီလ်တစ်ယောက် အဆောက် အအုံ လုံခြုံရေးပိုင်းဆိုင်ရာကို သေချာ သိထားသော်ငြားလည်းအခြေအနေတွေ ပိုပြီးရှုပ်ထွေး လာကာ သူကိုယ်တိုင်တောင် ပစ်မှတ်တစ်ခုလိုဖြစ်ခဲ့ပြီး အဖမ်းခံခဲ့ ...
movie

Skyscraper (2018)

2018
Dallas Buyers Club (2013) 8.0
Dallas Buyers Club (2013) Dallas Buyers Club (2013) IMDb - 8.0 /10___________Rotten - 93% Won 3 Oscars. Another 82 wins & 82 nominations.1984ခုနှစ်ကျော်ကာလက ရောဂါဆန်းတွေ ကမ္ဘာကြီးထဲကို ထဲထဲဝင်ဝင် ရောက်ရှိလာသည့် နှစ်ကာလတွေဟု ပြောရမည်။အမေရိကလို အထူးလွတ်လပ်စွာနေထိုင်ခွင့်ရနိုင်သည့် လူတန်းစားတွေကြားမှာ လူတွေပဲ သတ်မှတ်ထားသည့် ကောင်းမှု ။မကောင်းမှု တွေအား အလွယ်တကူ ရရှိခံစားနိုင်သော အချိန်ကာလမှာ အေ့အိုင်ဒီအက်စ်ရောဂါကို ဖြစ်စေသည့် အိတ်ချ်အိုင်ဗွီ ဗိုင်းစ်ရပ်ပိုးကလေးတွေကလည်း လူသားတွေကြားကို တိုးဝင်ရောက်ရှိလာသည်။ယခုနှစ်ကာလများသည် အေအိုင်ဒီအက်စ် ခေတ်ဦးလို့ ဆိုရမည်။လူတန်းစားအကြား ဖြစ်ပွားလာချိန်မှာ ဆေးသိပ္ပံအဖွဲ့အစည်းတွေအတွက် အထူးခေါင်းခဲရသော အချိန်ကာလများဖြစ်နိုင်သည်။လိင် အပျော်အပါး။မူးယစ်ဆေးဝါးစတဲ့ စိတ်လွတ်လပ်မှု ကို အထောက်အကူပြု သော ယင်းအချက်အလက်များနှင့် လွတ်ကင်းနိုင်ဖွယ်မရှိသည့် လူတန်းစားတွေကြားကို ချက်ချင်းပျံ့နှံ့လာသည်။ထဲထဲဝင်ဝင် ထိန်းချု ပ်တားဆီးလို့ရမည့် ဆေးတွေလည်း မရှိသေး။လူတွေလည်း တစ်ဖြု တ်ဖြုတ်သေကုန်သည်။ဆေးရုံအများစုတွင်လည်း ...
movie

Dallas Buyers Club (2013)

2013