Channel Myanmar

Khalil Everage

Beats (2019) 6.4
Beats (2019) (Unicode)Rap ဂီတကိုကြိုက်တဲ့သူတွေအတွက် Rap ဂီတနဲ့ပတ်သက်တဲ့ဇာတ်ကားသစ်လေးတစ်ကားပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ခဏခဏ သေနတ်ပစ်ခတ်မှုတွေ လူငယ်တွေကြားရာဇဝတ်မှုတွေနဲ့ မလုံခြုံတဲ့အနေအထားမှာဩဂတ်စ်ဆိုတဲ့လူငယ်လေးတစ်ယောက် ငယ်ငယ်ရွယ်ရွယ်နဲ့စိတ်ခြောက်ခြားစရာကိစ္စတစ်ခုကြုံခဲ့ရပြီးနောက်အပြင်တောင်မထွက်ရဲလောက်အောင် စိတ်ဒဏ်ရာရသွားခဲ့ပါတယ်။ဒီလိုနဲ့ အိမ်မှာပဲနေရင်း သူစိတ်ဝင်စားနဲ့ ရက်ပ်သံစဉ်တွေဖန်တီးတာကို အားအားရှိလုပ်နေပါတော့တယ်။အဲလိုအချိန် တချိန်ကဂီတလောကမှာ မန်နေဂျာအနေနဲ့ နာမည်တစ်ခုရှိခဲ့တဲ့ ရိုမယ်လိုတစ်ယောက်ကလည်း ပြသနာတွေကြောင့်ကျောင်းလုံခြုံရေးဝန်းထမ်းဘဝရောက်ပြီး တစ်နေ့ဩဂတ်စ်ရဲ့အရည်အချင်းကို သတိထားမိစေတဲ့နေ့ကိုရောက်လာပါတယ်။ဒီလိုနဲ့ ကောင်လေးကိုတွဲခေါ်ရင်း သူတို့နှစ်ယောက်ရဲ့ဒဏ်ရာကိုယ်စီဘယ်လိုဖြေဖျောက်မလဲနောက်ကွယ်ကဘာဇာတ်လမ်းတွေရှိလဲဆိုတာကိုသိရမှာပါ။သီချင်းတွေဟာလည်း ရက်ပ်ကြိုက်တဲ့သူတွေအတွက် တကယ်နားထောင်လို့ကောင်းတဲ့အတွက် ကျေနပ်မှုဂစေမှာပါRating အနေနဲ့ 6.4/10 အထိရထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။(ရှပ်ရှင်အညွှန်း နဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung ပါ)(Zawgyi)Rap ဂီတကိုႀကိဳက္တဲ့သူေတြအတြက္ Rap ဂီတနဲ႔ပတ္သက္တဲ့ဇာတ္ကားသစ္ေလးတစ္ကားပဲျဖစ္ပါတယ္။အေမရိကန္ႏိုင္ငံ ခ်ီကာဂိုၿမိဳ႕ရဲ႕ဆင္ေျခဖုံးရပ္ကြက္တစ္ခုမွာ ခဏခဏ ေသနတ္ပစ္ခတ္မႈေတြ လူငယ္ေတြၾကားရာဇဝတ္မႈေတြနဲ႔ မလုံၿခဳံတဲ့အေနအထားမွာဩဂတ္စ္ဆိုတဲ့လူငယ္ေလးတစ္ေယာက္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔စိတ္ေျခာက္ျခားစရာကိစၥတစ္ခုႀကဳံခဲ့ရၿပီးေနာက္အျပင္ေတာင္မထြက္ရဲေလာက္ေအာင္ စိတ္ဒဏ္ရာရသြားခဲ့ပါတယ္။ဒီလိုနဲ႔ အိမ္မွာပဲေနရင္း သူစိတ္ဝင္စားနဲ႔ ရက္ပ္သံစဥ္ေတြဖန္တီးတာကို အားအားရွိလုပ္ေနပါေတာ့တယ္။အဲလိုအခ်ိန္ ...
movie

Beats (2019)