Channel Myanmar

Kiara Advani

Bharat Ane Nenu (2018) 8.8
Bharat Ane Nenu (2018) ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ် ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . . သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ် ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ် မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . . ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူး ပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ် သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ် လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . . အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . . လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ် သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ၀န်ကြီးချုပ်ပါ။   သူပြောတဲ့စကားက"စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ"တဲ့ မည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် ...
8.8
IMDB: 8.8/10 8,847 votes
movie

Bharat Ane Nenu (2018)

2018
[18+] Lust Stories (2018) 7.0
[18+] Lust Stories (2018) 18+လို့ခေါင်းစဉ်တပ်ထားလို့ လိင်အသားပေးသီးသန့်ချည်းပါတယ် မထင်လိုက်ပါနဲ့ ဒါပေမဲ့ ရုပ်ရှင်ရဲ့အလိုသဘောအရတော့ အသုံးအနှုန်းတွေ၊ တချို့ပြကွက်တွေက အရွယ်ရောက်ပြီးသားလူတွေနဲ့ပဲသင့်တော်မယ့် အနေအထားမို့လို့ပါ ဒီဇာတ်ကားကို Netflixကဖြန့်ချီပြီး အိန္ဒိယရဲ့နာမည်ကြီး ဒါရိုက်တာလေးဦးဖြစ်တဲ့ Karan Johar Anurag Kasyap Zoya Akhtar Dibakar Banerjee တို့ကရိုက်ကူးထားတာပါ။ ဇာတ်လမ်းတိုလေးခုနဲ့ဖွဲ့စည်းထားပြီး ဒိတ်ဒိတ်ကျဲသရုပ်ဆောင်များနဲ့ အကောင်းဆုံးပုံဖေါ်ထားတာပဲဖြစ်ပါတယ် Love & Sex, Sex & Lust ကို အမျိုးသမီးတွေဘက်မှ အကောင်းဆုံး ရိုက်ပြထားတာပါ။ အမျိုးသမီးတစ်ယောက်ရဲ့ဆန္ဒ၊ ယောက်ျားတွေ သတိမထားမိတဲ့ သူတို့လိုအပ်ချက်တွေ အမျိုးသမီးအချင်းချင်းတောင် မသိနိုင်တဲ့ တချို့တချို့ကိစ္စတွေကို ပညာသားပါပါနဲ့ အမိုက်ဆုံးဖြစ်အောင် ပြသ,သွားခဲ့တာပါ။ " အမျိုးသမီးတစ်ယောက်ရဲ့ဆန္ဒက ကလေးရရုံသက်သက်ပဲ မဟုတ်ပါဘူး " " ကိုယ်ချစ်တဲ့သူကို နစ်နာအောင်မလုပ်ကြဘူး မှန်တယ်လို့ပဲပြောရမှာာပေါ့ ရည်ရွယ်ရွယ်ချက်ရှိရှိနဲ့တော့မဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ ကိုယ်ချစ်တဲ့လူတွေကိုပဲ အမြဲနစ်နာစေတာကြောင့်ပဲ ကိုယ်မချစ်တဲ့သူကို နစ်နာအောင်လုပ်လို့မရဘူးလေ " ဇာတ်လမ်းတိုတွေဆိုပေမယ့် တကယ့်ကို Epicဖြစ်အောင်တင်ဆက်ထားလို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြဖို့ လက်တို့လိုက်ပါရစေ #LustStories   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူး ဖြစ်ပါတယ်)   File Size : (950 MB) and (400 MB) Quality : NF WEB-DL 720p Running Time ...
7.0
IMDB: 7.0/10 1,876 votes
movie

[18+] Lust Stories (2018)

2018

Genres