Channel Myanmar

Kim Min-seok

Shark: The Beginning (2021) 6.5
Shark: The Beginning (2021) Shark The Beginning (2021)အခုတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ Action ကားကတော့ Shark ဆိုတဲ့ ကိုရီးယား Webcomic ကိုအခြေခံရိုက်ကူးထားတဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ် Cast တွေအနေနဲ့ Racket Boys စီးရီးထဲကKim Min-suk ၊ 18 Again ထဲက Wi Ha-Joon ၊The Uncanny Counter,Her Private Lifeစီးရီးတွေထဲက သရုပ်ဆောင် Jung Won-Chang တို့ကပါဝင်ထားကြလို့ အချောတွေစုနေတဲ့ကားကောင်းလေးတစ်ကားပါပဲ ဇာတ်လမ်းအကျဉ်းကတော့ ချာဝူဆွန်းဆိုတဲ့ကောင်လေးက ကျောင်းမှာအမြဲအနိုင်ကျင့်ခံနေရတဲ့ စာကြမ်းပိုး ကောင်လေးတစ်ယောက်ပါ သူ့ကို ငယ်ငယ်ထဲက အမြဲအနိုင်ကျင့်တတ်တဲ့ ဘယ်ဆော့ချန်းဆိုတဲ့ အငယ်တန်း တက်သစ်စ လက်ဝှေ့သမား ကောင်ဆိုးလေး တစ်ယောက်ရှိပါတယ် ဘယ်ဆော့ချန်းကချာဝူဆွန်းကို မြင်လိုက်တာနဲ့ အမြဲ ရန်သူတစ်ယောက်လို အနိုင်ကျင့် ဆက်ဆံနေတဲ့သူပါ အဲ့နောက်မှာ ...
movie

Shark: The Beginning (2021)

2021
Jesters: The Game Changers(2019) 6.5
Jesters: The Game Changers(2019) Jesters: The Game Changers(2019)ဒီတစ်ခေါက်မှာလည်း Historical တစ်ကား ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်...ပုံမှန်ကြည့်နေကျ နန်းတွင်းဇာတ်လမ်းတွေနဲ့တော့ နည်းနည်းကွဲထွက်ပြီး ဇာတ်လမ်းလေးဆန်းပါတယ်.......  ဂျိုဆွန်းခေတ် ဘုရင်ဆယ်ဂျို လက်ထက်မှာတော့ သမိုင်းမှတ်တမ်းတွေကို အမှန်တိုင်း​ မဖြစ်အောင် လိမ်လည်ဖို့ ကြံစည်ခဲ့ကြပါတယ်..ဘုရင် ဆယ်ဂျိုဟာ သစ္စာဖောက် အမတ်တွေနဲ့ အတူ အစ်ကိုနဲ့ တူတော်ဘုရင်ငယ်လေးကို သတ်ပြီး နန်းတက်ခဲ့ပါတယ်...ပြည်သူတွေကလည်း ပုန်ကန်ပြီး ဘုရင်ဖြစ်လာတဲ့ ဘုရင်ဆယ်ဂျိုကို အသိမှတ်မပြုခဲ့ကြပါဘူး ...အဲ့နောက် ၁၀ နှစ်အကြာ ဆယ်ဂျိုဘုရင်မှာ အနာကြီးရောဂါတွေဖြစ်လာခဲ့တယ် ...ဘုရင်ဟာ နတ်ရွာစံကာနီးကျမှ သမိုင်းမှာ ဘုရင်ဆိုးအဖြစ် မှတ်တမ်းတင်ခံရမှာ​ကိုကြောက်လာခဲ့တယ်...ဒါ​ကြောင့် အမတ်ချုပ်က စျေးတွေမှာ ပုံပြော ဇာတ်ကပြီး ဖျော်ဖြေတဲ့ လူရွှင်တော် အဖွဲ့ကိုငှားပြီး ဘုရင်ကို ပြည်သူတွေ အမြင်ကြည်ဖို့ဇာတ်လမ်းမျိုးစုံထွင်ပါတော့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size : (900 MB) and ...
movie

Jesters: The Game Changers(2019)

[18+] A Special Lady (2017) 5.6
[18+] A Special Lady (2017) ကိုရီးယားအက်ရှင်ဒရာမာကားလေးတစ်ကားပါ။ကိုရီးယား Gang တစ်ခုအပေါ်အမှီပြုပြီးဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။အခက်အခဲတွေအများကြီးကြားထဲကနေ နောက်ဆုံးလူမိုက်ဂိုဏ်းတွေရဲ့ထုံးစံအတိုင်း ဂိုဏ်းကြီးမားတာနဲ့အမျှ တရားဝင်စီးပွားရေးလုပ်ငန်းလုပ်ဖို့ တာဆူလာကြတာပါပဲ။ဒီလိုနဲ့စီမံကိန်းအကောင်အထည်ဖော်ဖို့ရန်အတွက် သေချာစီစဉ်အကွက်ချလုပ်ခဲ့ကြပေမယ့် ကံတရားကတော့မျက်နှာသာမပေးဘဲ လွဲချော်မှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ကိုယ်မွေးတဲ့မျောက်ကကိုယ့်ပြန်ခြောက်တဲ့အခါမှာတော့ အားလုံးခဲလေသမျှသဲရေကျဖြစ်သွားရတော့တာပါပဲ။ဒီလိုနဲ့ ဒုစရိုက်ဂိုဏ်းနဲ့ပတ်သက်ဆက်စပ်မိပြီးနောက် ပြန်လည်ရုန်းထွက်နိုင်ပါ့မလား။ဘယ်လိုကြောင့်ဒီလိုဖြစ်သွားရတာလဲ။ကိုယ်ချစ်တဲ့တဲသူနဲ့အတူနေနိုင်ဖို့လူတိုင်းကြိုးစားကြပေမယ့် နှစ်ဖက်ပြိုင်ဆွဲကြတဲ့အခါ ဘယ်လိုဖြစ်ကုန်ကြမလဲ ဆိုတာတော့ ကိုရီးယားလူမိုက်ဂိုဏ်းအချင်းချင်းကြားကပက်ပက်စက်စက် တိုက်ခိုက်မှုအလန်းစားတွေနဲ့အတူ ကြည့်လိုက်ကြပါဦးဗျာ။   ၁၈+ အခန်းတွေဖောဖောသီသီ ပါဝင်တဲ့အတွက်မိသားစုနဲ့တော့မကြည့်သင့်ပါဘူးလို့..    File Size : (800 MB) Quality : WEB-DL 720p Running Time : 1hr 31min Format : Mp4 Genre :Action, Crime Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.AAC.x264 Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie

[18+] A Special Lady (2017)

2017
[18+] Moebius (2013) 6.3
[18+] Moebius (2013)   ဒီကိုရီးယားဇာတ်ကားက ထူးဆန်းပါတယ်။ ဘာစကားမှ မပြောပါဘူး။18+ သီးသန့် ဇာတ်ကားလဲ မဟုတ်တာ အသေအချာပါ။ဇာတ်လမ်းကတော့ ကြက်သီးထစရာဖြစ်ပြီးဇာတ်လမ်းလို့ပြောရမလား အတွေးတစ်စလို့ပြောရမလား တကယ့်အဖြစ်အပျက်ကိုဒီတိုင်းထိုင်ကြည့်နေရတာလို့ ပြောရမလားအတော်ပဲ ဇဝေဇဝါဖြစ်ရတဲ့ဇာတ်ကားပါ။ဒါရိုက်တာ Kim Ki-duk က ရိုက်ကူးထားပြီး သူ့အကြောင်းနဲ့ သူ့အနုပညာကိုတော့ သူရိုက်ခဲ့တဲ့ 3‑Iron (2004), Spring Summer(2003), Bad Guy(2001), The Isle(2000) စတဲ့ဇာတ်ကားတွေမယ် အထင်အရှားမြင်ရပြီးသား ဖြစ်မှာပါ။ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ ကောင်းမွန်တဲ့မှတ်ချက်တွေရရှိထားတဲ့ ဒီဇာတ်ကားဟာ ပြသစဉ်တုန်းကတော့ ပရိတ်သတ်တွေရဲ့ အုတ်အော်သောင်းနင်းဖြစ်မှုကိုရရှိခဲ့ပြီး ဘာလိုကြောင့်များလဲဆိုတာ သိချင်ရင် ကြည့်ကြပါဦး။IMDB Rating(6.4)Rotten Tomatoes(78%)  File Size…(700MB)Quality…BluRay 720p Format…mp4 Duration…01:28:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung  
movie

[18+] Moebius (2013)

2013