Channel Myanmar

Kim Roberts

Zombies (2018) 6.5
Zombies (2018) Zombies(2018)IMDb...6.5ဒီဇာတ်ကားလေးကတော့ Disneyက 2018မှာ အသစ်ထွက်ရှိထားတဲ့ကားလေးပါ  .....ဇွန်ဘီ(zombie)ဇာတ်ကားဆိုပေမယ့် စိုးရိမ်ထိတ်လန့်သွေးပျက်စရာအခန်းတွေနဲ့ကားမျိုးတော့မဟုတ်ပါဘူး....မတော်တဆမှုတစ်ခုကနေ လူသားမျိုးနွယ်အတော်များများဟာ ဇွန်ဘီတွေဖြစ်ကုန်ကြတယ်...အစိုးရကနေ ဇွန်ဘီတွေနဲ့ လူသားစင်စစ်တွေကြားမှာ တံတိုင်းကြီးခတ်လိုက်တယ်...နောက်ပိုင်းတိုးတက်လာတဲ့ခေတ်ကြီးမှာ ဇွန်ဘီတွေဟာ ထိန်းချုပ်စရာ ကိရိယာတွေတီထွင်ပြီး ပုံမှန်လူသားတစ်ဦးလိုနေထိုင်လာကြတယ်...ဇွန်ဘီတွေဟာ သာမန်လူတွေလို ပညာတွေသင်ကြတယ်..အလုပ်တွေလုပ်ကြတယ်...သီချင်းတွေဆိုကြတယ်...သို့ပေမယ့်လည်း ဇွန်ဘီတွေဟာ ပုံမှန်လူသားတွေအတွက် ထိတ်လန့်ကြောက်ရွံ့စရာအဖြစ်ရှိနေဆဲပါ...ဒီလိုအခြေအနေမျိုးမှာ ဇွန်ဘီ ကောင်လေးတစ်ယောက်ကို လူသားကောင်မလေးတစ်ယောက်က ကြွေသွားတယ်.. Disneyဇာတ်ကားလေးတွေအတိုင်း ကျောင်းသားကျောင်းသူတွေနဲ့ဇာတ်အိမ်တည်ပြီး သီချင်းလေးတွေမြိုင်ဆိုင်နဲ့ သက်ဝင်လှုပ်ရှားစွာရိုက်ပြထားပါတယ်...ကိုင်း ဖြေဖျော်ရေးဆန်ဆန် ပျော်ပျော်ပါးပါးကားမျိုးလေးတွေမှ သဘောကျနှစ်ခြိုက်တဲ့ သူတွေအတွက်အချစ်ဇာတ်လမ်းကောင်းလေးအဖြစ်ညွှန်းဆိုပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Inzali Than Htike ဖြစ်ပါတယ်...File Size : (850 MB) Quality : Blu-Ray 720p Format…mp4 Duration…01:34:00 Genre : Musical, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Inzali Than Htike Encoded by Phyo Pyae
movie

Zombies (2018)

2018