Channel Myanmar

Kim Young-ae

The Attorney(2013) 7.7
The Attorney(2013) The Attorney(2013)IMDb...7.7,,,Rotten...73%ကိုရီးယားရဲ့ နာမည်ကျော်သရုပ်ဆောင်ဖြစ်တဲ့ Song Kang-ho ကို မသိရင်သာနေမယ်..သူသရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးကားတွေဖြစ်တဲ့A Taxi driver,Memories of Murder ,The Host ,The Good, The Bad, the Weird  ,Thirst  စတဲ့ ဇာတ်ကားတွေကိုတော့မြန်မာ ပရိတ်သတ်တွေအနေနဲ့ သိကြမယ်ထင်ပါတယ်..  နှုတ်ခမ်းနီမလေးတွေ စွဲမက်လောက်စရာရုပ်ရည်မျိုးမရှိပေမယ့် ကျရာစရိုက်ကိုသူမတူအောင်အပီအပြင်ဆုံးသရုပ်ဆောင်နိုင်စွမ်းရှိလေတော့ သဘာဝမင်းသားကြီးလို့တောင် တင်စားကြပါတယ်...အခုလည်းThe Attorney(2013) မှာ ရှေ့နေတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတယ်....Rating တွေကလည်းမြင့် ဇာတ်လမ်းကလည်း ကောင်းတဲ့အပြင် သရုပ်ဆောင်ကလည်းမင်းသားကြီး Song Kang-ho  ဆိုတော့ ထွေထွေထူးထူးတော့ညွှန်းစရာမလိုတော့ဘူးထင်ပါတယ်...အထက်တန်းကျောင်းသာ အောင်တဲ့ ဆုန်းဝူရှစ် ဟာ တစ်ဆင့်ချင်းကြိုးစားပြီးနောက် ဝတ်လုံတော်ရ ရှေ့နေဖြစ်လာခဲ့ပါတယ် လက်ရှိမှာတော့ဘူဆန်မြို့မှာ အခွန်ဥပဒေနဲ့ပတ်သက်တာကို အဓိကထားလုပ်ဆောင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်လာခဲ့ပါတယ် သူရှေ့နေဖြစ်လာရတဲ့ တစ်ခုတည်းသော အကြောင်းက မိသားစုအတွက်ဝမ်းစာရှာနိုင်ဖို့ ငွေရဖို့ပါ ....ဒါကြောင့် သူဟာ ငွေရဖို့ဆို ဘာမဆိုလုပ်ပြီး သူ့ရုံးခန်းလူသိဖို့ လုပ်ငန်းလိပ်စာကဒ်တွေ လိုက်ဝေခဲ့ပါတယ်....သူ့ပုံစံက ရှေ့နေဆိုတာထက် စီးပွားရေးသမားတစ်ယောက်နဲ့ ...
movie

The Attorney(2013)

2013