Channel Myanmar

Kimmy Tong Fei

The Pretty Official ( 2024 ) 5.8
The Pretty Official ( 2024 ) ပေါ့ပေါ့ပါးပါးဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်။ အိမ်တော်ထိန်းတစ်ယောက်ဟာ သူ့သစ္စာသခင်ကြီးအပေါ် သစ္စာရှိခဲ့တဲ့အတွက် သခင်ကြီးက ခရိုင်မှူးအရာရှိအဖြစ် သခင်ကြီးကိုယ်စားသွားပေးဖို့စေလွှတ်ခဲ့တယ်။ သူ့ကိုယ်သူ အရာရှိတစ်ယောက်ဖြစ်ပြီ ချမ်းသာပြီးတော့ သူ့ရဲ့အဖေအရင်းကိုလဲရှာနိုင်ပြီပေါ့ ကံကောင်းလှပြီလို့ထင်ခဲ့တယ်။တကယ်တော့ တက်တက်စင်အောင်လွဲတာပါပဲ။ တကယ်တော့ သူရောက်နေတဲ့ခရိုင်မြို့ကို စီးပွားရှင်တစ်ဦးက လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားပြီးတော့ အရာရာကိုထိန်းချုပ်နေတာဖြစ်နေတယ်။ ခရိုင်မှူးကိုလဲ လာဘ်ထိုးပြီးတော့ သူ့ဘက်တော်သားဖြစ်အောင်သိမ်းသွင်းတယ်။အကြပ်ကိုင်ခြိမ်းခြောက်တယ်။ ပြည်သူတွေကိုဒုက္ခပေးနေတဲ့ ဒီသူဌေးကြီးကို တွန်းလှန်ချင်ပေမယ့်လဲ မစွမ်းသာဘူးဖြစ်နေပါတယ်။ကြီးပွားချမ်းသာချင်လို့ခရိုင်မှူးလာလုပ်တဲ့သူတစ်ယောက် သူဌေးကြီးရဲ့ဖျားယောင်းမှုအောက်ကလွတ်နိုင်ပါ့မလား...... တရားတဲ့ဘက်မှာပဲရပ်တည်ပြီးတော့ မြို့လေးကို ကယ်တင်သွားနိုင်ပါ့မလားဆိုတာကို ဟာသဇာတ်ကွက်တွေဝေဝေစာစာနဲ့ကြည့်လိုက်ပါဦးနော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Pretty Official ( 2024 )

Drug Stamp 5 ( 2024 ) 5.9
Drug Stamp 5 ( 2024 ) မူးယစ်ရာဇာတွေကြားထဲကတိုက်ပွဲတစ်ခုအကြောင်းရိုက်ထားတဲ့ အက်ရှင်ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ပထမဆုံးမူးယစ်ဆေးဘုရင်က ဘိန်းဖြူဆိုတာအားလုံးသိကြမှာပါ။ခေတ်ပြောင်းလဲလာတာနဲ့အမျှ ဘိန်းဖြူနောက်မှာ ဒုတိယမျိုးဆက် သစ်မူးယစ်ဆေးဖြစ်တဲ့ မက်သမ်ဖီတာမင်း စိတ်ကြွဆေးက ကြီးစိုးခဲ့ပြန်တယ်။ အဲဒီအချိန်မှာ တတိယမျိုးဆက်မူးယစ်ဆေးသစ်ကိုဖော်စပ်ဖို့ ကြိုးစားလာတယ်။ အဲဒါတတိယမျိုးဆက်မူးယစ်ဆေးက ပိုပြီးအာနိသင်ပြင်းပြီး ဖုံးကွယ်ထားဖို့လဲပိုလွယ်တယ်။ အဲဒါကိုမရှုစိမ့်နိုင်တဲ့ စိတ်ကြွဆေးရာဇာက တတိယမျိုးဆက်ကိုပြန်ဖိနှပ်ဖို့ကြံစည်ပြီး သူလျှိုလွှတ်ခဲ့တယ်။မူးယစ်ရာဇာနှစ်ယောက် အားပြိုင်နေတုန်း သူတို့နောက်မှာ ရဲတွေကတိတ်တဆိတ်လိုက်နေတယ်ဆိုတာကို မရိပ်မိပါဘူး။ ဓာတုဗေဒပါရမီရှင်ဖြစ်ပေမယ့် မတရားတဲ့နည်းလမ်းမှာအသုံးချတော့ မသမာသူတွေရဲ့အဆုံးသတ်ကဘယ်လိုဖြစ်မလဲ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Drug Stamp 5 ( 2024 )

Kung Fu Boys (2016) 5
Kung Fu Boys (2016) ဆင်းဆင်းရဲရဲမွေးလာရတာနဲ့ အနိင်ကျင့်ခံနေရတော့မှာလား...... အကြားအာရုံချို့ယွင်းတာနဲ့ လှောင်ပြောင်ခံရတော့မှာလား..... လူငယ်လေးရဲ့သူရဲကောင်းအိပ်မက်က မဖြစ်နိုင်တဲ့တောင်းဆုတစ်ခုပဲလား...... နိဒါန်းမှာစုတ်ပြတ်နေလဲ နိဂုံးမှာဘုရင်အဖြစ်နဲ့ အဆုံးသတ်အောင်လုပ်နိုင်ပါတယ်။ ဆင်းရဲနုံချာပြီး အကြားအာရုံချို့ယွင်းနေတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ထိပ်ဆုံးကိုရောက်ဖို့ကြိုးစားပြီ တိုက်ပွဲဝင်ပုံလေးကို နွေးထွေးတဲ့အချစ်တွေနဲ့ သတ္တိအစွမ်းတွေကိုဖော်ကျူးထားတဲ့ Kung Fu Boys ဒုတိယကား လူငယ်ကွန်ဖူးကားလေးဖြစ်ပါတယ်။Quality - WEB DL 1080p,720p Format - mp4 Genres - Action, Drama Runtime - 1 hr 35 min Subtitle - Myanmar Subtitile (Hardsub) Translated by CM Team Reviewed by Nu Mon Encoded by LK
movie

Kung Fu Boys (2016)

Super Daddy ( 2023 ) 5.9
Super Daddy ( 2023 ) ဝမ်ပေါင်ဆိုတဲ့ တီထွင်ပညာရှင်တစ်ဦးဟာ လမ်းမလျှောက်နိုင်တဲ့လူနာတွေအတွက် ရည်ရွယ်ပြီး အရိုးတုဝတ်စုံတစ်ခုထီထွင်ထားခဲ့ပါတယ်၊ ကံမကောင်းစွာနဲ့ သူရဲ့ဝတ်စုံအခိုးခံလိုက်ရလို ပြန်လိုက်ယူရင်း ဝမ်ကျစ်၊ မီရှီးတိုလင်မယားနဲ့ဆုံတွေ့ခဲ့ပါတယ်--------- သမီးလေး ရှောင်ခယ်ကိုအုပ်ထိန်းခွင့်ရဖို စတန့်အစားထိုးမင်းသားလုပ်ရင်း ငွေရှာနိုင်သမျှရှာနေတဲ့ -"ဝမ်ကျစ်" ဝမ်ကျစ်နဲ့ကွာရှင်းပြီးတဲ့နောက်မှာ ကျန်းရန်ဆိုတဲ့တီထွင်ပညာရှင် တစ်ယောက်နဲ့ယူထားပြီး သမီးလေးရှောင်ခယ်ရဲ့အုပ်ထိန်းခွင့်ကိုရထားတဲ့-"မီရှီး"ဝမ်ပေါင်တစ်ယောက်ဝတ်စုံပြန်ယူဖိုလာရင်း မတော်တဆ ဝမ်ကျစ်၊ မီရှီးတိုနဲ့ဆုံတွေ့မိတဲ့အခါ ဝတ်စုံကိုပြန်ယူလာနိုင်ပါ့မလား ဆိုတာကို ဟာသလေးတွေ‌နဲ့အတူ တင်ဆက်ပေးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Kyawt Encoded by LK
movie

Super Daddy ( 2023 )

The Rise of a Tomboy ( 2016 ) 5.9
The Rise of a Tomboy ( 2016 ) အခု မိတ်ဆက်ပေးမှာကတော့ မင်းသား Zhang Hanက ရဲ့စေးယိ အနေနဲ့ မင်းသမီး Zhao Li Ying ကဟယ်ရှိုးဝူအနေနဲ့ အဓိကသရုပ်ဆောင်ထားတဲ့ The Rise Of A Tomboy(2016) Movieလေးကိုမိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ မိဘနှစ်ပါးကွာရှင်းပြီးဖခင်နဲ့ ကြီးပြင်းလာတဲ့ ဟယ်ရှိုးဝူက ငယ်ငယ်ကတည်းက တစ်ခြားသူတွေနဲ့ မတူပဲသင်္ချာဘာသာမှ အရမ်းထူချွန်ခဲ့ပြီး ဆစ်ဒနီတက္ကသိုလ်မှာ သင်္ချာအထူးပြုမေဂျာဘွဲ့လွန်ကျောင်းသူတစ်ယောက်ဖြစ်တယ်...မိဘနှစ်ပါးကွဲသွားတဲ့ အတိတ်ဆိုးဟာ သူ့ကိုလွှမ်းမိုးနေတယ် ...ဒါကြောင့်သူကဘွဲ့ယူဖို့ စာတမ်းရေးတဲ့အခါမှာ အချစ်စစ်ကိုတွက်ချက်ပြီးရှာတွေ့နိုင်ဖို့ဆိုတဲ့ True Loveပုံသေနည်းခေါင်းစဉ်နဲ့စာတမ်းထပ်ခဲ့ရာမှာ ပယ်ချခံခဲ့ရပါတယ်... သင်္ချာကိုရူးသွပ်လွန်းတဲ့သူဟာသူ့ပုံသေနည်းမှန်ကန်ကြောင်းသက်သေပြဖို့ သူ့အချစ်စစ်ကိုရှာဖွေရာမှာတော့.........တစ်ဖက်မှာလည်း တေးရေးဆရာလေးရဲ့စေးယိဟာလည်း ဆစ်ဒနီလာပြီး ကမ်းခြေမှာ ဟယ်ရှိုးဝူရဲ့သူငယ်ချင်း လိလိ ရေနစ်တာကိုကယ်တဲ့အခါ ဘယ်လိုရယ်စရာလေးတွေဆက်ဖြစ်မလဲ ....အမိမြေပြန်ရောက်တော့ သူ့ရဲ့နတ်သမီးကိုချစ်ခွင့်ပန်တဲ့ အခါဘယ်လိုလွဲချော်တာတွေဖြစ်ဦးမလဲ......ယောကျ်ားဆန်တဲ့ သင်္ချာပညာရှင်မလေး ဟယ်ရှိုးဝူနဲ့ နူးညံ့သိမ်မွေ့တဲ့ ရဲ့စေးယိတို့တွေ့တဲ့အခါဘယ်လိုတွေဆက်ဖြစ်ကြမလဲ...... သူတို့ နှစ်ယောက် တစ်မိုးအောက်တူတူနေဖြစ်သွားတဲ့ နောက်မှာတော့........စရိုက်လုံးဝကွဲပြားတဲ့ သူတို့နှစ်ယောက်ကြားမှာ အချစ်စစ်လေးတွေများ ...
movie

The Rise of a Tomboy ( 2016 )

Hong Kong Ghost Stories ( 2011 ) 5
Hong Kong Ghost Stories ( 2011 ) Horror Movie ကြိုက်နှစ်သက်သူတွေအတွက်ပါဒီဇာတ်ကားဟာ 3AM လိုမျိုးပဲ အပိုင်းလေးတွေ ခွဲပြီးဇာတ်လမ်း၂ မျိုးနဲ့တင်ဆက်ထားခြင်းဖြစ်ပါတယ်..ဒီဇာတ်ကားမှာတော့၂ မျိုး ၂ပိုင်းပါပါတယ်..ပထမဇာတ်လမ်းအပိုင်းအညွှန်းလေးကတော့အိမ်ထောင်ရေးအခက်အခဲတွေကြောင့်ဆရာလောကနဲ့၃နှစ်ကျော် ကင်းကွာခဲ့ရတဲ့ဆရာမလေးရီ...နှစ်တွေကြာပြီးတော့မှကျောင်းတစ်ကျောင်းမှာအစားဝင်ဆရာမ တစ်ဦးအနေနဲ့ပြန်လည်လုပ်ကိုင်ဖို့အကြောင်းဖန်လာခဲ့တယ်F4E ဆိုတဲ့အတန်းကိုအနည်းငယ်ကြာအောင်သင်ပြီးတဲ့အခါမှာတော့ကျောင်းရဲ့ထူးဆန်းတဲ့ လျို့ဝှက်ချက်တခုကိုသိလာရတဲ့အခါမှာ....................ဒုတိယ ဇာတ်လမ်းရဲ့အညွှ့န်းကတော့ထိုင်းခရီးစဉ် တခုမှာ သေဆုံးသွားတဲ့မိန်းကလေးတစ်ယောက်ရဲ့နောက်ကြောင်းမှာ ရှုပ်ထွေးတဲ့ လျို့ဝှက်ချက်တွေကိုဘယ်လိုပေါ်ပေါက်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်.. Translated & Review By Nu MonEncoded By LK
movie


2011
[18+] Mr. & Mrs. Player (2013) 5.3
[18+] Mr. & Mrs. Player (2013) အတည်တကျ အချစ်တစ်ခုကိုဘယ်တော့မှ မဆောက်တည်ဘဲ နာမည်ယူ အသည်းခွဲလုပ်နေတဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မင်းသားကာဆန်ဟာ တိရစ္ဆာန်ဆေးကုဆရာဝန်မလေးချီလင်းကို မြင်မြင်ချင်းပဲ ကြွေကျမြေခသွားပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်နဲ့ အနေအထိုင်အမူအကျင့်တွေမတူညီကြတဲ့အခါမှာ အချစ်က မစရသေးဘူး..အဆုံးသတ်ရမလိုတွေဖြစ်လာတဲ့အခါ...။ချီလင်းဟာ ကာဆန်ကိုသူနဲ့အတူလာနေဖို့ခေါ်ပါတယ်။ဒါပေမယ့် ဒီအတိုင်းတော့မဟုတ်ပါဘူး...ရက်တစ်ရာတိတိ ဘယ်မိန်းမနဲ့မှ ဘာညာ ဘာညာတွေ မလုပ်ပါဘူးဆိုတဲ့ ကတိနဲ့ပါ။ဒီကတိကို ကာဆန်တစ်ယောက်တည်နိုင်မလား သူတို့ရဲ့ အချစ်လမ်းခရီးဟာဘာတွေဖြစ်လာမလဲဆိုတာကိုတော့....။ဇာတ်ကားထဲက မင်းသမီးတွေက ပေါက်စီတွေချည်းလှိမ့်ပိတ်ရောင်းနေလို့ မိသားစုနဲ့တော့မကြည့်သင့်တဲ့ဇာတ်ကားပါ ညီကိုတို့။(ရုပ်ရှင်အညွှန်းကို Han Htoo Zaw မှတင်ဆက်ပါသည်။)  File Size…(800MB) and (310MB) Quality…BluRay 720p Format…mp4 Duration…01:39:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung Translated by Missy Win   
movie

[18+] Mr. & Mrs. Player (2013)

2013