Channel Myanmar

Kitarô

A Man (2022) 7
A Man (2022) A Man (2022)~ IMDb – 7/10, RT - 100%, MyDramaList – 7.9/10 ~ဘယ်သူဘယ်ဝါဆိုတာ အမှန်မသိရတဲ့ ယောက်ျားတစ်ယောက်အကြောင်း စုံစမ်းထောက်လှမ်းရင်းနဲ့ သူ့ရဲ့ ရှုပ်ထွေးတဲ့ဘဝအတိတ်အကြောင်းတွေကို တစ်ဆင့်ချင်း သိလာရမယ့် Mystery ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းကိုရီးယားလူမျိုးတွေအပေါ် လူမျိုးရေးခွဲခြားမှုတွေ၊ ဒီလိုဖိအားကြောင့် ဖြစ်လာရတဲ့ အမှုတွေကိုလည်း ဒီရုပ်ရှင်ထဲမှာ မြင်ရမှာပါ။ရိအဲလို့ခေါ်တဲ့အမျိုးသမီးက ယောက်ျားဖြစ်သူနဲ့ ကွာရှင်းပြီးနောက် သားအကြီးနဲ့အတူ နယ်မြို့လေးဆီ ပြောင်းလာခဲ့ပါတယ်။ စာရေးကိရိယာဆိုင်လေးဖွင့်ထားရင်းနဲ့ ဒိုင်ဆုကဲဆိုတဲ့ အမျိုးသားနဲ့ ဆုံတွေ့ခဲ့ပါတယ်။ဒိုင်ဆုကဲက တည်းခိုခန်းကြီးပိုင်ရှင်ရဲ့ သားဖြစ်ပေမဲ့ မိသားစုဆီကနေ ထွက်လာခဲ့ပြီး တောင်ပေါ်မှာ သစ်ခုတ်လုပ်ငန်းလုပ်ရင်း ဇာတ်မြှုပ်နေတာပါ။ ကြင်နာတတ်ပြီး ရိုးသားတဲ့ ဒိုင်ဆုကဲကို ရိအဲလည်း သဘောကျသွားပြီး နောက်အိမ်ထောင်ပြုခဲ့ပါတယ်။ ၄နှစ်ကြာပြီးနောက်မှာတော့ သမီးလေးတစ်ယောက်လည်းထပ်ရနေပြီး ပျော်ရွှင်တဲ့မိသားစုလေးဖြစ်နေပါပြီ။တစ်နေ့မှာတော့ သစ်ခုတ်သွားရင်းနဲ့ ဒိုင်ဆုကဲတစ်ယောက် သစ်ပင်ပိပြီး ဆုံးပါးသွားရပါတယ်။ တစ်နှစ်ပြည့် ...
movie

A Man (2022)

2022
Inumo Kuwanedo Charlie Wa Warau (2022) 6.0
Inumo Kuwanedo Charlie Wa Warau (2022) Inumo Kuwanedo Charlie Wa Warau (2022) ---------------------------------------------------------------------- စတိုးဆိုင်တစ်ခုမှာ ကာစတန်မာနဲ့ အရောင်းဝန်ထမ်းအနေနဲ့ စတင်တွေ့ဆုံခဲ့ပြီး မေတ္တာမျှလို့လက်ထပ်ဖြစ်ခဲ့တဲ့ ယူးဂျီရိုနဲ့ ဟီရိုရိတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်း ၄ နှစ်အကြာမှာတော့ တစ်ယောက်ကိုတစ်ယောက် ပြစ်ချက်တွေမြင်လာပြီး အရင်လို ကြင်နာမယုယနိုင်တော့ဘဲ ရင်ထဲမှာကျိတ်ပြီးစိတ်ကုန်နေကြတာပေါ့။လုပ်ငန်းခွင်မှာပင်ပန်းတဲ့အပြင် အိမ်မှာလည်းယောက်ျားဖြစ်သူက ကူဖောင်လောက်ဖက်မရလို့ စိတ်ထွက်ပေါက်ပိတ်နေတဲ့ အိမ်ရှင်မဟီရိုရိဟာတစ်နေ့မှာတော့ "ခင်ပွန်းသည်သေမင်းမှတ်တမ်း" ဆိုတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုကိုရှာတွေ့သွားပြီး အဲဒီမှာချာလီဆိုတဲ့ နာမည်ဝှက်နဲ့ သူ့ယောက်ျားအပေါ် မကျေနပ်ချက်တွေကိုရဲ့ စာအဖြစ်ပယ်ပယ်နှယ်နှယ်ရေးချပြီး ပေါက်ကွဲ ဘဝတူအိမ်ထောင်ရှင်မတွေကလည်းသူ့ကိုထောက်ခံကြနဲ့ အဲဒီဝက်ဘ်ဆိုဒ်စိတ်ထွက်ပေါက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ယောက်ျားအလုပ်ထဲကအိမ်ရှင်မတစ်ယောက်က သူရေးထားတဲ့စာတွေကို သူ့ယောက်ျားဖြစ်သူ ယူးဂျီရိုကိုသွားပြမိတဲ့အခါမှာတော့ အက်ကွဲကြောင်းပေါ်နေတဲ့ ဒီအိမ်ထောင်ရေးပြဿနာကို သူတို့လင်မယားနှစ်ယောက် ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ File size…1.8GB / 665MB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….1h 58mins Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Moe Pwint Phyu
movie

Inumo Kuwanedo Charlie Wa Warau (2022)

2022
MUMON: The Land of Stealth(2018) 9.3
MUMON: The Land of Stealth(2018) ဟိုးရှေးရှေးကအိဂနဲ့အိုဒဆိုတဲ့လူမျိူးစုနှစ်စုရှိကြတယ် အိဂမျိူးနွယ်တွေကတော့ရှိနိုဘီဆိုတဲ့နင်ဂျာမျိူးရိုးနဲ့အိုဒကတော့ဆာမူရိုင်းမျိူးနွယ်တွေပါအိုဒကတော့ပိုပြီးအင် အားကြီးမားပါတယ်အိဂတွေကတော့နင်ဂျာပီပီအသတ် အပုတ်ကျွမ်းကျင်ပြီးစစ်ရေးပရိယာယ်လည်းကြွယ်ဝပါတယ်နင်ဂျာတွေဟာအခကြေးငွေသာရမယ်ဆိုရင်ကိုယ့်အချင်းချင်းတောင်ပြန်သတ်ဖို့ဝန်မလေးတဲ့သူတွေပါ ကြေးစားတွေပေါ့အိဂတွေထဲမှာနာမည်ကြီးနင်ဂျာကတော့ကျွန်တော်တို့ရဲ့ဇတ်ကောင်မုမွန်းပါပဲမုမွန်းရဲ့အဓိပ္ပါယ်ကတော့တံခါးမရှိလို့အနက်ရပါတယ်ဘယ်နေရာမဆိုဝင်ထွက်သွားလာနိုင်ပြီးတိုက်ရေးခိုက်ရေးလည်းအကျွမ်းကျင်ဆုံးပါပဲနင်ဂျာတွေထဲမှာမုမွန်းကနံပါတ်၁အတော်ဆုံးတိုက်ခိုက်ရေးသမားပါဒါပေမဲ့မုမွန်းမှာအားနည်းချက်တစ်ခုရှိပါတယ်cm ကလူတွေလိုပါပဲမုမွန်းဟာမိန်းမကြောက်ရသူပါမိန်းမခိုင်းတာဆိုအကုန်လုပ်ပါတယ်သူတလွဲလုပ်လာရင်ညစာငတ်ပြီသာမှတ်ပေရော့(ညစာကိုတော့သိကြမှာပါခ်ခ်)တိုက်ခိုက်ရေးကျွမ်းကျင်ပေမဲ့မယားကြောက်မုမွန်းကိုတွေ့မြင်ရမှာပါအိုဒတိုင်းပြည်ဘက်မှာတော့ယောက္ခထီးကိုသတ်ပြီးနိုဘုကစုကခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်အိဂတွေနဲ့ငြိမ်းချမ်းရေးလုပ်ဖို့ကြိုးစားခဲ့ပေမဲ့အိဂခေါင်းဆောင်၁၂ယောက်ရဲ့မကောင်းတဲ့အကြံအစည်ကြောင့်ဆာမူရိုင်းတွေနဲ့နင်ဂျာတွေအကြားစစ်ပွဲဖြစ်ဖို့ဖန်လာတဲ့အခါအခကြေးငွေရမှအလုပ်လုပ်တတ်တဲ့မုမွန်းတစ်ယောက်မိန်းမကိုခေါ်ပြီးခရောတိုမြို့ကိုထွက်ပြေးဖို့ကြံပါတော့တယ်ဒါပေမဲ့လည်းမိန်းမရဲ့အမိန့်ကိုမလွန်ဆန်နိုင်တဲ့မုမွန်းတစ်ယောက်ဆာမူရိုင်းတွေကိုပြန်တိုက်မှာလားတိုက်ခိုက်ရင်ကောအင်အား၂ဆ၃ဆလောက်ကွာတဲ့ဆာမူရိုင်းတွေကိုဘယ်လိုဗျူဟာနဲ့အနိုင်ယူမလဲစိတ်ဝင်စားစရာအလွန်ကောင်းပါတယ်နင်ဂျာတွေဆာမုူရိုင်းတွေ(မယကတွေ)အကုန်ဒီကားမှာမြင်ရမှာပါဟာသအချစ်အက်ရှင်အလွမ်းအဆွေးတွေရောပြွမ်းထားတဲ့ဒီကားကိုကျွန်တော်ကြိုက်နှစ်သက်မိသလိုrating ကလည်းအလန်းကြီးပါဂျပန်သရုပ်ဆောင်တွေရဲ့ကြိုးပမ်းအားထုတ်မှုတွေကလည်းအားရစရာပါစဉ်းစားမနေပါနဲ့ဒေါင်းလော့ဆွဲကြပါလို့ပဲပြောကြားရင်းအတူတူကြည့်လိုက်ကြရအောင်နော် Qty - 720P BlurayDuration - 1hr 55minGern - Martial / warSubtitle - MyanmarTranslator - Soe htweEncoder - Kyaw Ye Aung 
movie

MUMON: The Land of Stealth(2018)

2017