Channel Myanmar

Kiyohiko Shibukawa

The Hound of the Baskervilles: Sherlock the Movie (2022) 6.2
The Hound of the Baskervilles: Sherlock the Movie (2022) The Hound of Baskervilles: Sherlock the Movie (2022)~ IMDb – 6.2/10, MyDramaList – 7.7/10 ~အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်တဲ့ The Hound of Baskervilles ဆိုတာ ဆာအာသာကိုနင်ဒွိုင်း Sir Arthur Conan Doyle (1859~1930) ရဲ့ ရှားလော့ဟုမ်းဝတ္ထုရှည်လေးပုဒ်ထဲက ၁၉၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ တတိယမြောက်ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပါတယ်။မူရင်းဇာတ်ကြောင်းကတော့ ၁၈၈၉ ခုနှစ် အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်း၊ ဒီဗွန် (Devon) က ဒတ်မိုးတောင်ပေါ်ဒေသ (Dartmoor) ကိုနောက်ခံထားပြီး ဘတ်စကာဗျီလ်မိသားစုမျိုးဆက် (Baskerville Family) က အဲဒီဒေသမှာ ဒဏ္ဍာရီလာငရဲခွေးကြီးတစ်ကောင်ကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြတာမို့လို့ လူသေဆုံးမှုထပ်မရှိရလေအောင် ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝပ်ဆန်တို့ကို လာရောက်အကူအညီတောင်းရာကနေ တကယ်ပဲ ဖြစ်ရပ်ဆန်းကြယ်ကြောင့် လူသေဆုံးသွားကြတာလား... ဒဏ္ဍာရီလိုလို ကျိန်စာလိုလိုကို အကြောင်းပြပြီး ...
movie

The Hound of the Baskervilles: Sherlock the Movie (2022)

2022
Just Remembering (2021) 6.9
Just Remembering (2021) Just Remembering (2021)~ IMDb – 6.9/10, MyDramaList – 7.5/10 ~ဒီရုပ်ရှင်အစအဆုံးမှာ ထူးထူးခြားခြား ရက်စွဲတစ်ခုပဲ ပါမယ်။ ဒါပေမဲ့ အဲ့ဒီ့ရက်စွဲတစ်ခုတည်းကိုပဲ နှစ်တွေ နှစ်တွေချီလို့… လူ့ဘဝဆိုတာကိုက အမှတ်တရနဲ့ ယှဉ်တွဲနေထိုင်ခြင်းပါပဲ...“Just Remembering“‘ယို’ ဆိုတဲ့ အမျိုးသမီးတက္ကစီယာဉ်မောင်းတစ်ဦးနဲ့ စတိတ်စင်မီးထိုးရတဲ့ တဲရူအိုဆိုတဲ့ အကသမားဟောင်းတစ်ဦးရဲ့ ကြားက အမှတ်တရတွေ။ အမှတ်တရထဲ ထားခဲ့ပြီဆိုကတည်းကိုက သိသာပါတယ်။ ကြည်နူးစရာတွေလာမယ်၊ ပြီးရင် ကြေကွဲစရာတွေလာမယ်၊ ပြီးတော့ တသသဖြစ်မယ်ပေါ့။ဒါပေမဲ့ ဒီကားက အဲဒီလိုမဟုတ်ခဲ့ဘူး။ “အမှတ်တရတွေကို ရုပ်ရှင်ကြည့်သလို နောက်ပြန်ရစ်ကြည့်ရင်း ရှက်ဖို့ကောင်းလွန်းလို့ ရှေ့ကို ပြန်ကျော်ပစ်ချင်လာတယ်” တဲ့။အပေါ်မှာ ပြောခဲ့တဲ့ ရက်စွဲတစ်ခု (သူတို့၂ယောက်ကြားမှာ အမှတ်တရအဖြစ်ဆုံး နေ့တစ်ခု) ကိုပဲ နှစ်တွေ ပြန်ရစ်ကြည့်သလိုပုံစံမျိုးနဲ့ တွေ့ရမှာပါ။ လက်ရှိကာလရဲ့ အဲဒီရက်စွဲလေးမှာပဲ တစ်ယောက်ကိုတစ်ယောက် တစ်ဘက်လူမသိဘဲ မတော်တဆတွေ့မိလိုက်ကြရင်း အမှတ်တရ ...
movie

Just Remembering (2021)

2021
[18+] Hirugao (2017) 6
[18+] Hirugao (2017) Hirugao (2017)Hirugao: Love Affairs in the Afternoon ဆိုတဲ့ ဇာတ်လမ်းတွဲ အောင်မြင်ပြီးနောက်မှာ Hirugao The Movie ဆိုပြီး ထွက်လာတဲ့ကားပါပဲ။ စီးရီးထဲက သရုပ်ဆောင်တွေကိုပဲ သုံးပြီး ရုပ်ရှင်အနေနဲ့ ရိုက်ထားတာပါ။ Shin Ultraman ရဲ့မင်းသား Takumi Saito က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသမီးကတော့ နာမည်ကျော် Azumi ကားတွေရဲ့ မင်းသမီး Aya Ueto ပါ။ မင်းသားချောချော မင်းသမီးချောချောနဲ့ ၁၈ပလပ်ဆန်ဆန်ရိုက်ထားပေမဲ့ တကယ်ကြည့်ကောင်း လှပတဲ့ကားလေးပါပဲ။ဇာတ်လမ်းကတော့ အိမ်ထောင်သည်စုံတွဲ၂ခုက ယောက်ျားနဲ့ မိန်းမက ဖောက်ပြန်ကြတယ်။ သူတို့အိမ်ထောင်ဖက်တွေသိသွားတော့ မိန်းကလေးရဲ့ယောက်ျားက မိန်းကလေးကိုကွာရှင်းပြီး ယောက်ျားလေးရဲ့မိန်းမက အဲဒီမိန်းကလေးကို သူ့ယောက်ျားနဲ့ အဆက်အသွယ်ထပ်မလုပ်ဖို့ စာချုပ်ချုပ်ခိုင်းထားခဲ့တယ်။ ဒီလိုနဲ့ ကောင်မလေးဟာတစ်ရပ်တကျေးမှာ ဘဝသစ်ထူထောင်ခဲ့တယ်။ တစ်နေ့ သူတို့ပြန်တွေ့ကြတဲ့အခါမှာတော့ မဖြစ်သင့်မှန်း သိသိလျက်ကြားကနေ ...
movie

[18+] Hirugao (2017)

2017
Yakuza Apocalypse (2015) 5.5
Yakuza Apocalypse (2015)  ယခုတစ်ခါမိတ်ဆက်ပေးချင်တာကတော့ နာမည်ကျော် Audition, Ichi the killer, Visitor Q ရုပ်ရှင်တို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Takashi Miikeရဲ့လက်ရာလေးပဲ ဖြစ်ပါတယ် ၂၀၁၅မှာ ထွက်ရှိခဲ့တဲ့ ယာကူဇာ(လူဆိုးဂိုဏ်းဝင်)ကားလေးပါ ထူးဆန်းတာက ပုံမှန် vampire တွေလိုမဟုတ်ပဲ Yakuza Vampire ဖြစ်နေတာပါပဲ သွေးစုပ်ခံရတဲ့အခါ မြို့သားတွေဟာ vampire ဖြစ်တဲ့အပြင် ယာကူဆာပါဖြစ်သွားတာပါပဲ ဒီလိုကြောင်တောင်တောင် ဘာမှန်းမသိတဲ့ ရသလေးတွေ ခံစားချင်တဲ့အခါတိုင်း စာရေးသူကတော့ Takashi Miike ကိုပဲ ပြေးမြင်မိပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ကာဂဲယာမာဆိုတဲ့ ယောက်ျားတစ်ယောက်ဟာ စီးပွားပျက်ကပ်မှာ လတ်လျားလတ်လျားနေရင်း သူတို့ရပ်ကွက်လေးကို ကြည့်ရှုစောင့်ရှောက်ပေးတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် ဆရာကြီးကို အားကျမိပါတော့တယ် ဆရာကြီးဟာ မြို့သားတွေကို စောင့်ရှောက်ပေးတာမို့ ယာကူဇာဆိုပေမယ့် ဟီးရိုးသဖွယ် လူတွေကချစ်ခင်ကြတယ် ကာဂဲယာမာကလည်း ဆရာကြီးနောက်လိုက်လုပ်ရင်း ယာကူဇာတစ်ယောက်ဖြစ်သွားတယ် တစ်နေ့မှာတော့ ဆရာကြီးရဲ့ အရင်အဖွဲ့က လူတွေက ဆရာကြီးကို ပြန်လာခေါ်ပေမယ့် မလိုက်တာမို့ ဆရာကြီးဟာ အသတ်ခံလိုက်ရတဲ့အဆင့်ထိရောက်ရှိသွားပါတယ် ဒါကို မြင်တွေ့လိုက်ရတဲ့ ...
movie

Yakuza Apocalypse (2015)

[18+]Bitter Honey (2016) 5.8
[18+]Bitter Honey (2016)  အကာဂိုက စာရေးဆရာကြီးနဲ့ တူတူနေနေတဲ့ အနီရောင်ရွှေငါးမလေးတစ်ကောင်ပဲဖြစ်ပါတယ်သာမန်ငါးနီလေးမဟုတ်ဘဲ လူယောင်ဖန်ဆင်းနိုင်ပြီး စာရေးဆရာကြီးကိုပဲ တွာ်ငြိနေတဲ့ ဖြူစင်တဲ့ငါးမလေးတစ်ကောင်ပေါ့တစ်ရက် စာရေးဆရာကြီးရဲ့အသိမိတ်ဆွေဟောင်း ယူရီကိုရဲ့ဝိဥာဥ်ပြန်ပေါ်လာတဲ့အခါ သူတို့သုံးဦးကြားဘာတွေဖြစ်လာမလဲယူရီကိုနဲ့စာရေးဆရာကြီးကြားကရော ဘာတွေရှိနေခဲ့လို့ ခုလိုပြန်ပေါ်ထွက်လာရတာလဲစာ​ရေးဆရာကြီးကိုအပိုင်လိုချင်ပြီး မိသားစုဘဝထူထောင်ချင်နေတဲ့ ငါးနီမလေးကရော ဘယ်လိုဖြစ်သွားမလဲ ကြည့်ရမှာဖြစ်ပါတယ်File Size__(1GB) Quality__720p IMDb Rating__5.8/10 Format__mp4 Duration__01:45:00 Type__Adult, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Butterfly Encoded by Dark Devil
movie

[18+]Bitter Honey (2016)

Wheel of Fortune and Fantasy (2021) 7.6
Wheel of Fortune and Fantasy (2021)   Wheel of Fortune and Fantasy (2021 ) ---------------------- Directed By Ryusuke Hamaguchiအားလုံးသောချစ်ခြင်းများဟာ ချစ်ခြင်းနဲ့ ကံကြမ္မာကြားက မှတ်တိုင်ကလေးမှာ မိုးခိုကြရင်း စစ်ကိုင်းလမ်းလို ရူးသွပ်ကြရင်း "မိုးခိုသူတို့ ဘာသာသဘာဝ မိုးတိတ်ရင် ခွဲခွာ"ကြရင်း....တစ်ခါတလေတော့လည်း နဖူးစာမင်ရည်ကျဲခဲ့တဲ့ ချစ်ခြင်းတွေဟာ "လွမ်းသည်ထပ်ဆင့် ဖူးချိန်သင့်ကို မျှော်လင့်ခိုးရှာ"ရင်း ..... ကံစီမံရာကိုသာ "မျှော်ရည်ယုံကြည်တောင့်တ"ရင်း တစ်ခါတလေတော့လည်း "မိုးတွေတိတ်တာတောင် ကိုယ်ကရွာ"နေရင်း "အချိန်တွေကုန်ဆုံးလို့ အရွယ်လွန်လာ"ကြတာပါပဲ။ကဗျာဟောင်းကလေးထဲကလို " အသဲမကွဲတဲ့ အသက်ရှင်ခြင်းဟာ တရားမျှတပါ့မလား"ဆိုဆို ဒီရုပ်ရှင်ဟာ "ကံမဆုံသော အချစ်များ"အကြောင်းပေါ့။ ရှောင်လွှဲလို့မရတဲ့ချစ်ခြင်းနဲ့ သွေဖီလို့မရတဲ့ ကံကြမ္မာကြားက ဘဝတွေကို ဒါရိုက်တာ ရူဆုခဲ ဟမဂုချိ ကိုယ်တိုင်ရေးထားတဲ့ ဇာတ်လမ်းတို သုံးခုနဲ့ ပုံဖော်ပြသွားတယ်။ဟမဂုချိဟာ Cannes Film Festival 2021မှာ Drive My Car နဲ့ အကောင်းဆုံး ဇာတ်ညွှန်းဆုရထားတဲ့သူ ဖြစ်တဲ့အပြင် ...
movie

Wheel of Fortune and Fantasy (2021)

Last of the Wolves (2021) 6.1
Last of the Wolves (2021) ခပ်မိုက်မိုက် အက်ရှင်ကားကောင်းတွေကိုမှ တောင့်တနေပါတယ်ဆိုတဲ့ CM ပရိတ်သတ်တွေအတွက် အကြမ်းစားနဲ့ အလန်းကြီးလန်းမဲ့ ဂျပန်ယာခူဇာ ကားလေး တင်ဆက်ပေးလိုက်ပါတယ်နော်ဒီဇာတ်ကားလေးဟာ ရုပ်ရှင် နှစ်ကားထွက်ထားတာဖြစ်ပြီး ပထမတွဲမှာတော့ ဟီအိုခါနဲ့အိချီနိုစဲတို့ အတူ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်း ကြားက ရန်ပွဲတွေကို ငြိမ်းချမ်းအောင်လုပ်ပေးခဲ့ပါတယ်အခု ဒုတိယတွဲမှာတော့ ဟီအိုခါတစ်ယောက် ငြိမ်းချမ်းရေးကို မလိုလားတဲ့ ဂိုဏ်းအကြွင်းအကျန်တွေလက်ထဲကနေ ငြိမ်းချမ်းရေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာပါ ဇာတ်ကြောင်းလေးကတော့...ခုရဲဟာရမြို့ရဲ့ အိုဒါနီ ဂိုဏ်းနဲ့ ဟီရိုရှီးမားမြို့ရဲ့ ဂျင်စေးခိုင်ဆိုတဲ့ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက ပဋိပခတွေကို ဂျင်စေးခိုင်ရဲ့ ခေါင်းဆောင်ရှိုဟေး သေဆုံးပြီးတဲ့နောက်ပိုင်းမှာ နှစ်ဖက်လုံးက အာဃာတတရားတွေ အငြှိုးအတေးတွေကို ဖယ်ရှားပြီး ယာယီစစ်ပြေငြိမ်းမှုရယူခဲ့ကြပါတယ်စစ်ပြေငြိမ်းမှုရယူပြီး နှစ်ဖက်လုံး ကိုယ့်စီးပွားရေးကိုသာအဓိက အားထားပြီးလုပ်နေချိန်မှာ ဟီအိုခါဆိုတဲ့ စုံထောက်က အဖွဲ့နှစ်ဖွဲ့ကြားမှာ ငြိမ်းချမ်းအောင် ဖျန်ဖြေရေး အကျိုးဆောင်လုပ်ပေးနေခဲ့ပါတယ်ဒီလိုနဲ့ သုံးနှစ်ကြာမြင့်ပြီးချိန်မှာတော့ သေသွားတဲ့ ဂျင်စေးခေါင်းဆောင် ရဲ့ ညာလက်ရုံး အူအဲဘာယရှီဟာ ထောင်ထဲမှ လွတ်မြောက်လာခဲ့ပါတယ်သူဟာ အရင်ကတည်းက သူ့ခေါင်းဆောင်အပေါ်သစ္စာရှိပြီး ...
movie

Last of the Wolves (2021)

37 Seconds (2019) 7.4
37 Seconds (2019) unicode၃၇စက္ကန့်အတွင်းမှာ သူမအသက်ရှုခဲ့မယ်ဆိုရင်...တစ်စက္ကန့်လေးပဲဖြစ်ဖြစ် သူမစောပြီးအသက်ရှူခဲ့မယ်ဆိုရင်...ယူမာတာကာဒါဆိုတဲ့ ကောင်မလေးဟာမွေးမွေးချင်း၃၇စက္ကန့်လေးမှာ အသက်မရှုခဲ့တဲ့အတွက်မွေးရာပါအာရုံကြောထိခိုက်သွားပြီးcerebral palsyဆိုတဲ့ရောဂါဖြစ်ပွားခဲ့ကာမသန်စွမ်းဘဝနဲ့ရှင်သန်လာခဲ့ရသူလေးပါ။manga ကာတွန်းရေးဆွဲတဲ့နေရာမှာပါရမီပါခဲ့ပေမယ့်မသန်စွမ်းဆိုတဲ့ခေါင်းစဉ်အောက်မှာအဖိနှိပ်ခံခေါင်းပုံဖြတ်ခံနေရတဲ့ပါရမီရှင်လေးတစ်ယောက်ပေါ့။မိခင်ဖြစ်သူနဲ့ နှစ်ယောက်တည်းနေထိုင်ရင်း အသက်၂၃နှစ်ပြည့်လာခဲ့ပါတယ်။တစ်နေ့မှာတော့လိင်အသားပေးကာတွန်းမဂ္ဂဇင်းမှာအလုပ်ဝင်လျှောက်ခဲ့ပါတော့တယ်။ဒါပေမယ့်စာအုပ်တိုက်ကလိင်အတွေ့အကြုံရှိမှပြန်လာခဲ့ပါလို့ပြောလိုက်တဲ့အခါ...ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက်37seconds (2019)ဆိုတဲ့ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။Imdb Rating 7.4/10 Rotten Tomatoes 80%တောင်ရရှိထားတာမလို့အထွေအထူးမညွှန်းရင်တောင် ကားကောင်းလေးမှန်းအားလုံးသိကြမှာပါ။69ကြိမ်မြောက်ဘာလင်ရုပ်ရှင်ပွဲတော်မှာပြသခဲ့ပြီး ဆုတွေလဲဆွတ်ခူးနိုင်ခဲ့တဲ့ကားလေးပါ။Drama ကားကောင်းလေးတွေမျှော်လင့်နေတဲ့ပရိသတ်ကြီးအတွက်တော့အကြိုက်တွေ့စေမှာပါ။ဇာတ်ကားလေးနာမည်ကတော့ 37seconds(2019)ပါ။File Size : ( 1 GB , 395MB ) Quality : WEB-DL 720p Running Time : 1 hr 55 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Moe Myint Lwinzawgyi၃၇စက္ကန့်အတွင်းမှာ သူမအသက်ရှုခဲ့မယ်ဆိုရင်...တစ်စက္ကန့်လေးပဲဖြစ်ဖြစ် သူမစောပြီးအသက်ရှူခဲ့မယ်ဆိုရင်...ယူမာတာကာဒါဆိုတဲ့ ကောင်မလေးဟာမွေးမွေးချင်း...
movie

37 Seconds (2019)