Channel Myanmar

Ko Chia-yen

Someday or One Day ( 2022 ) 6.2
Someday or One Day ( 2022 ) "အတိတ်ကို ပြန်လည်သွားနိုင်ပေမဲ့ အတိတ်ကဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ပြင်ဆင်နိုင်ပါ့မလား"အရာအားလုံးရဲ့ ဇာတ်လမ်းဖြစ်တည်မှု အစက "၂၀၀၉" ခုနှစ်...! အသက် ၂၈ နှစ်အရွယ်လီဇီဝေဟာ အအေးအဖျော်ဆိုင်လေးတစ်ခုမှာ အလုပ်လုပ်တဲ့ အသက် ၁၇ နှစ်အရွယ် ဟွမ်ယွီရွှမ်း နဲ့တွေ့ဆုံခဲ့ပါတယ် ။ တွေ့ဆုံတဲ့ အချိန်မှာလဲ တစ်ဦး နဲ့ တစ်ဦးဟာ ဟိုးအရင်ကတည်းက သိကျွမ်းခဲ့ဖူးတယ်ဆိုတဲ့ ခံစားချက်က ထူးဆန်းစွာနဲ့ ရလို့နေပါတယ် ။ဒီလိုနဲ့ပဲ နှစ်ဦးသား ဆက်ဆံရေးတွေဟာ ကောင်းမွန်လာခဲ့ပြီး ၂၀၁၀ ခုနှစ်ရဲ့ နောက်ဆုံးရက် နှစ်သစ်ကူးညလေးမှာ သူတို့ရဲ့ချစ်ခြင်းခရီးစဥ်ကို စတင်ခဲ့ပါတော့တယ် ။ ဒီလိုနဲ့ အရာအားလုံး အဆင်ပြေချောမွေ့ခဲ့ပြီး ၂၀၁၇ ခုနှစ်အရောက်မှာတော့ အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်လို့ လာခဲ့ပါတယ် ။ဟွမ်ယွီရွှမ်းတစ်ယောက် လက်ရှိပစ္စုပန်က ချစ်ရသူ လီဇီဝေကို ဆုံ းရှုံးလိုက်ရပြီးတဲ့နောက် ထူးဆန်းစွာနဲ့ပဲ သူမဟာ အတိတ်ကို ပြောင်းလဲနိုင်ဖို့ အခွင့်အရေးကြုံလာတဲ့အခါမှာ...?❏ လီဇီဝေကို ကယ်တင်ဖို့ အတိတ်ကိုတစ်ဖန်​ပြန်ရောက်သွားပေမဲ့ ❏ အနာဂတ် နဲ့ အတိတ် ကြားက ရောယှက်ရိုက်ခတ်မှုဒဏ်တွေ ကြုံတွေလာရတဲ့အခါမှာတော့ ဟွမ်ယွီရွှမ်းတစ်ယောက် ဘယ်လိုရင်ဆိုင်မှာလဲ?❏ အတိတ်ဆိုးကြီးကိုရော ...
movie

Someday or One Day ( 2022 )

Abyssal Spider ( 2020 ) 5.4
Abyssal Spider ( 2020 ) ကဲ... စွန့်စားခန်းပါမှ ကြည့်ချင်တယ်ဆိုသူတို့ရေ ဒီကားလေးကတော့ အကြိုက်တွေ့မှာပါဇာတ်လမ်းလေးက အားကျယ်ဆိုသူကို အစပျိုးတည်ထားတယ်ဆိုရမယ်။သူက တံငှါရွာက ကယ်ဆယ်ရေးအဖွဲ့ ဝင်တစ်ယောက်ပေါ့။အလုပ်ကို ဘယ်လောက် ချစ်လဲဆိုရင် မိန်းမက မွေးခါနီး ဖွားခါနီး သေမလိုဖြစ်နေတာတောင်သူက လူသွားကယ်တာနော်။ ဘယ်လို ကယ်နိုင်ခဲ့လဲဆိုရင် သွားကယ်တဲ့ခေါင်းဆောင် ပါ သေသွားလောက်အောင် အကယ်ကျွမ်းသူကြီးပါ။ဘယ်လိုဖြစ်တယ်ကတော့ မပြောပြတော့ပါဘူး..spoil ဖြစ်မှာဆိုးလို့ပါဒီလိုနဲ့ သူ့မိန်းမနဲ့ ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်ကသူ့ကြောင့်သေတယ်ပဲဆိုရမယ်ပေါ့။ ဒီတော့ အားကျယ်တစ်ယောက်ကအရက်လေးသောက်လိုက် လောင်းကစားမှာသာယာ မိန်းမကိစ္စလိုက်စားရင်း သမီးလေးကို စောင့်ရှောက်လေရဲ့။ ရုတ်တရက်ကြီး သင်္ဘောပြန်တက်ပြီးငါးဖမ်းပိုက်ဆံ ရှာချင်တယ်ဆိုပဲ... အဲ့မှာ စပြီ တကယ့် ဇာတ်လမ်းက...သင်္ဘောပေါ်မှာ ရှုပ်လိုက်တဲ့ ဇာတ်ဆိုတာ ပြောပြလို့မကုန်ဘူး။အတိုပြောရရင်တော့ ကံဆိုးကောင် အားကျယ်သွားရာ ပြဿနာလိုက်လို့ပါဆိုသလို အဏ္ဏဝါ ပင့်ကူတွေနဲ့ကြုံရော... အဲ့လိုနဲ့ ပင့်ကူကြီးနဲ့ ပင်လယ်ပျော်ငါးဖမ်းသမားတွေ ဖိုက်ကြတာကို စိတ်လှုပ်ရှားရမှာမို့ ဆက်လက်ကြည့်လိုက်ပါတော့Translated & Review By Chu ChuEncoded By ...
movie

Abyssal Spider ( 2020 )

Who Killed Cock Robin (2017) 7.5
Who Killed Cock Robin (2017)  မှုခင်းကားကြည့်ချင်သူများအတွက် သဲထိတ် ရင်ဖို စွာနဲ့ကြည့်ရမယ့်ဇာတ်ကားကောင်းတခုပါဇာတ်အိမ်ဆောက်ထားတာအတော်ခိုင်တဲ့ဇာတ်ကားတစ်ကားပါဇာတ်ကားရဲ့နာမည်အတိုင်း အမေဖြစ်သူက သမီးရဲ့အမှုအမှန်တရားကို ဖော်ထုတ်ပြတာကိုကြည့်ရမှာပါဇာတ်လမ်းပြီးသွားချိန်မှာတော့ "အော်အဲ့လိုမျိုးလား" ဆိုပြီးဖြစ်သွားစေတဲ့ဇာတ်ကားမျိုးပါ ဇာတ်သိမ်းလုံးဝ မှန်းလို့မရပါဘူးဇာတ်လမ်းကြည့်ရတာမပေါ့ရအောင် နည်းနည်းလေးပဲပြောတော့မယ်ဗျာဇာတ်လမ်းကတော့ ဂျိုချန် ဆိုတဲ့လူတယောက်က မြို့တော်ဝန်ဖြစ်ဖို့ရွေးကောက်ပွဲဝင်ထားတာပေါ့ သူ့မှာ မိန်းမရယ် သမီးရယ်ရှိတယ်ဗျာသူပထမဆုံးမဲဆွယ်ပွဲစတဲ့နေ့မှာ သူ့သမီးပျောက်သွားခဲ့တယ် မိန်းမက လိုက်ရှာချင်ပေမဲ့ သူကတားပြီး မဲဆွယ်ပွဲကို ဆက်လုပ်ခဲ့တယ်ရဲတွေကလည်း သမီးပျောက်တာကို သေချာမလုပ်ပေးကြဘူး ဒီတော့ အမေဖြစ်သူက သမီးအမှုကို ကိုယ်တိုင်လိုက်စုံစမ်းတော့တယ်ဗျာသူမ စုံစမ်းတာ ဘာတွေတွေ့မလဲ?သူမ သမီးလေးကိုရော ပြန်ရှာတွေ့မလား ?သူမ ဒီအမှုကို အဖြေရှာနိုင်မလား?တကယ့် တကယ်ကောင်းတဲ့ဇာတ်လမ်းလေးပါကျွန်တော်ကတော့ ဇာတ်ကားထဲမျောသွားတာ ပြီးလို့ပြီးသွားမှန်းကိုမသိလိုက်ဘူးဗျာကြည့်မဲ့သူများ နောင်တမရဖို့ လုံးဝအာမခံပါတယ်  (ဘာသာပြန်သူကတော့ မေသရဖီလွင်ပါ)  File Size : (900 MB) and (300 MB) Quality : 720pBluray Running ...
movie


2017