Channel Myanmar
Lee Evans
Mousehunt (1997) 6.4
movie
Mousehunt (1997)
1997
There’s Something About Mary (1998) 7.1
There’s Something About Mary (1998) There's Something About Mary (1998)IMDb....7.1,,,,Rotten..83%အချစ်ဝတ္ထုစာအုပ်တွေ တော်တော်များများဖတ်ကြပေမယ့် လူငယ်တွေကြားမှာဆိုရင်စာရေးဆရာ နီကိုရဲတို့ ဆရာမင်းလူတို့ရေးတဲ့အချစ်ဝတ္ထုတွေကို ကျွန်တော်တို့ ပိုသဘောကျကြတယ်... သူတို့ရဲ့ဇာတ်ကောင်ဖြစ်တဲ့ ကောင်လေးတွေဟာ အများအားဖြင့် ဖြူစင်ရိုးသားကြပြီး လုပ်သမျှအလုပ်တိုင်းနီးပါး အလွဲတွေများနေသလိုကောင်မလေးတွေကျတော့လှပပြီး အနည်းနဲ့အများတော့ ထက်မြက်တဲ့အထဲပါကြတယ်....ကျွန်တော်တို့ဟာ ရိုးသားတာကိုပဲတန်းဘိုးထားကြလို့လား ထက်မြက်တဲ့မိန်းကလေးတွေကိုပဲသဘောကျလို့လားတော့မသိ...သူတို့ရေးတဲ့စာအုပ်တွေကိုတော့ တကယ့်ကိုစွဲလမ်းခဲ့ကြပါသည်...ဒီကားထဲမှလဲ တက်ဒ်ဆိုတဲ့ ရိုးသားပြီးအူကြောင်ကြောင်နိုင်တဲ့ကောင်လေးတစ်ယောက်ဟာကျောင်းရဲ့အထင်ကရ မေရီဆိုတဲ့ကောင်မလေးကို သဘောကျသွားမိတာပါပဲ....ကံကောင်းတာက အထက်တန်းကျောင်းကပွဲအတွက်မေရီနဲ့တွဲတက်ခွင့်ရပေမယ့်  သွားမယ့်နေ့မှာတကယ့် မဟာအလွဲကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်..အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်ပိုင်းတော့ တက်ဒ်နဲ့ မေရီတို့တို့ထပ်မတွေ့ဖြစ်ကြတော့ဘူး....သို့ပေမယ့် ရိုးသားပြီးအချစ်ကိုတန်ဘိုးထားတဲ့ တက်ဒ်အဖို့ မေရီကိုမေ့ဖျောက်လို့မရနိုင်ခဲ့ဘူး....နှစ်တွေကြာလာမှ သူဟာ မေရီရဲ့အချစ်ကို ပြန်ရယူဖို့ကြိုးစားတဲ့အခါမှာတော့....ဒီကားထဲက အဓိက မင်းသားကြီးဖြစ်တဲ့  Ben Stiller နဲ့  မင်းသမီးချောကြီး Cameron Diaz ကိုတော့ အားလုံးပဲသိကြပါလိမ့်မယ်..Rating လေးတွေကလည်းကောင်းသလို ရယ်မောပျော်ရွှင်စရာကောင်းတဲ့ကားလေးမို့ကြည့်သင့်ပါကြောင်း ပြောကြားပါရစေ....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်.... File Size : (1.1GB)  Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre :  Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by ...
movie
There’s Something About Mary (1998)
1998
The Medallion (2003) 5.3
The Medallion (2003) The Medallion (2003)ဒီဇတ်ကားလေးကတော့ကျွန်တော်ရဲ့ စတုတ္ထမြောက်ဘာသာပြန်ကားလေးဖြစ် သလိုကျွန်တော့်ဘဝအတွက်အမှတ်တရ ကားလေးဆိုရင်လည်းမမှားပါဘူး အဲကားစထွက်တုန်း ကမှတ်မိပါသေးတယ်ဒီဗီဒီစက်တွေကလည်းပေါ်ခါစ အစ်မကထိုင်းကနေဝယ်ပို့လာခဲ့တာကလေးပဲရှိသေးတာ အရမ်းကြိုက်တာပေါ့ဂျက်ကီချမ်းဆိုတာလည်းငယ်ငယ်တည်းကနေ ခုထိခိုက်နေဆဲမင်းသားဒီဇတ်ကားကို ကျွန်တော်မြန်မာစာတန်းထိုးနဲ့တစ်ခါမှမကြည့်ဖူးပါဘူး အဲဒါနဲ့ပဲလုပ်ဖြစ်သွားတာပါကျွန်တော်က translatorသမားအစစ်မဟုတ်တော့ တခါတလေဘာသာပြန်တဲ့နေရာမှာလွဲကောင်းလွဲနေနိင်ပါတယ် ဒါပေမဲ့ဘာသာပြန်တဲ့နေရာမှာတချိုူ့စကားလုံးတွေကမြန်မာ လိုပြန်စီရာမှာအရမ်းခက်တဲ့အတွက်မြန်မာစာတန်းထိုး ပရိတ်သတ်တွေနားလည်လွယ်အောင်ဖော်ပြထားပေးပါတယ်၁၀၀% မှန်တယ်လို့မဆိုနိင်ပေမဲ့လည်း ၉၀တော့ကျော်မှာပါကျွန်တော်တို့ကျောင်းတက်နေတုန်း ကတောင်၇၅%ဆိုစာမေးပွဲဖြေ လို့ရတယ်ဆိုတော့၉၀ဆိုတော့မဆိုးပါဘူးနော် ပရိတ်သတ်တကဲအညွန်းလေးစလိုက်ကြရအောင် ရှေးရှေးတုန်းကပုံပြင်လိုလို တကယ်လိုလိုနဲ့လူပြောများခဲ့တဲ့သေဆုံးပြီးသား လူသားတွေကိုထာဝရအသက်ရှင်စေနိင်တဲ့လည်ဆွဲပြားလေး အဲဒီလည်ဆွဲပြားကိုပြန်အသက်ဝင်လာအောင်လုပ်ဆောင်ပေးမည့် ကလေးငယ်တစ်ဉီးကလေးငယ်နဲ့လည်ဆွဲပြားလေးက ိုပိုင်ဆိုင်နိင်အောင်နည်းအမျိူ းမျိူ းနှင့်ကြိူ းစားမည့်မြွေခေါင်း ဆိုသောရာဇဝင်လူဆိုးတစ်ဦးကလေးငယ်နဲ့လည်ဆွဲပြားလေးကို မြွေခေါင်းရဲ့လက်ထဲကိုမရောက်အောင် အက်ဒီဆိုတဲ့ရဲစုံထောက်ကဘယ်လိုကာကွယ်မလဲ တကယ်ပဲလည်ဆွဲပြားလေးကအစွမ်းရှိသလား စသဖြင့်ရသစုံလင်ကြည့်ရှုရပါမည် ဂျက်ကီချမ်းရဲ့အက်ရှင်အလန်းများနဲ့ဟာသ ဇတ်ကွက်များကြောင့်ပရိတ်သတ်တွေအကြိူ က်တွေ့စေရမယ်လို့အာမခံပါတယ် (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ကို Soe Htwe ပဲဖြစ်ပါတယ်)File Size         : 697 MB Quality           : Blu ray 720P Running Time : 1hr 28 minute Format           : Mp4 Genre             : Action, Comedy, Fantasy Encoder         : Joker.phs
movie
The Medallion (2003)