Channel Myanmar

Lee Kyu-bok

Monstrum (2018) 6.0
Monstrum (2018) Monstrum ဟာ ဘုရင်ဂျောင်ဂျုံလက်ထပ် ၁၅၇၂ ခုနှစ်မှာ တော်ဝင်နန်းတော်ကိုခြိမ်းခြောက်ခဲ့တဲ့  ထူးဆန်းတဲ့သတ္တ၀ါဆိုးကြီးအကြောင်းကိုမှတ်တမ်းမှတ်ရာတွေကို ပြန်လည်ရိုက်ကူးတင်ပြထားတဲ့ ကိုရီးယားနန်းတွင်းရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်...ဘုရင်က အဲဒီသတ္တ၀ါကြီးကို အမဲလိုက်ဖို့သူ့လူယုံတွေကိုစေခိုင်းခဲ့တဲ့အကြောင်း သမိုင်းမှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်...ရုပ်ရှင်ဒါရိုက်တာ Heo Jang-ho က ''ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ်သတ္တ၀ါအကြောင်းကို ပုံဖော်ထားပါတယ်....ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်စိတ်ကူးယဉ်ပုံစံကို အခြေခံထားတဲ့ သတ္တ၀ါတစ်ကောင်ကို ဖန်တီးခဲ့ပါတယ်...ဒါပေမယ့် ကွဲပြားချက်ရှိနေတာက ကျွန်တော်တို့က သမိုင်းမှတ်တမ်းတွေကနေအိုင်ဒီယာယူထားတာလည်း ဖြစ်ပါတယ် '' လို့ သြဂုတ်လ ၁၆ ရက်နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်...၀ါရင့်သရုပ်ဆောင် ကင်မြောင်မင်းက ဘုရင်ကိုထီးနန်းကနေဖယ်ရှားဖို့နဲ့ အန္တရာယ်ပေးနေတဲ့ သတ္တ၀ါဆိုးကြီး နောက်ကိုထပ်ကြပ်မကွာလိုက်သွားခဲ့တဲ့ ဘုရင့်ရဲ့လူယုံတော် Yoon Gyeom အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်....မင်းသား Kim In-kwon ကတော့ရှာဖွေရေးအဖွဲ့ထဲကYoon ရဲ့ညာလက်ရုံး Seong-han အဖြစ်သရုပ်ဆောင်ထားပါတယ်...နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Girl - Day မှအဆိုတော် သရုပ်ဆောင်Hyeri က Yoon ရဲ့သမီး Myeong အဖြစ်လည်းကောင်းမင်းသား Choi Woo-Sik ကဘုရင့်အမိန့်တော်ကို လာရောက်ပေးအပ်တဲ့တပ်မှူးအဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်... မင်းသား Kim ...
movie

Monstrum (2018)

2016