Channel Myanmar

Lee Sung-wook

MAL·MO·E: The Secret Mission(2019) 6.5
MAL·MO·E: The Secret Mission(2019) MAL·MO·E: The Secret Mission(2019)အရင်ဆုံး ဇာတ်ကားထဲကသရုပ်ဆောင်တွေအကြောင်းပြောရရင် ယောင်္ကျားလေးပရိသတ်တွေ အရမ်းကြွေတဲ့ The Outlaws ထဲက ဆံရှည်ဘဲကြီးက အဓိကသရုပ်ဆောင်တစ်ဦးအနေနဲ့ပါဝင်ထားပါတယ် ဒီထဲမှာတော့ တာဝန်ယူမှုအပြည့်နဲ့ ထက်မြက်တဲ့ စာပေအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် မြင်တွေ့ရမှာပါ..... တခြားဇာတ်ဆောင်နဲ့ဇာတ်ပို့တွေကလည်း ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တဲ့ ခပ်မိုက်မိုက် သရုပ်ဆောင်တွေဖြစ်တာမလို့ ဇာတ်ကောင်အတွက် နောက်ဆံတင်းစရာမလိုဘဲ စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်...ဇာတ်ကားနောက်ခံကတော့ ဂျပန်ကိုလိုနီခေတ်ကို အခြေတည်ပြီးရိုက်ထားတယ် ငါတို့အမိန့်အတိုင်းလိုက်နာရမယ် ဂျပန်ဘာသာစကားကိုပဲသုံးရမယ် မလုပ်ရင်ဖမ်းပြီးထောင်ချမယ် ဒီလိုကျွန်ပြုမှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ဘာသာစာပေမပျောက်ကွယ်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပုံကို ကွင်းကွင်းကွက်ကွက်မြင်အောင်ရိုက်ပြထားတယ် ဂျပန်ခေတ်ဖိနှိပ်ချုပ်ခြယ်မှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့စိတ်ဝိဉာဉ်မပျောက်ကွယ်အောင် တကယ်တမ်းလုပ်ဆောင်ကြတဲ့အခါ ဘယ်လောက်ထိခက်ခဲခဲ့တယ် ဘယ်လိုတွေပေးဆပ်ပြီး ဘာသာစာပေကို ဘယ်လိုပုံစံနဲ့ကာကွယ်ခဲ့ရတယ်ဆိုတာတွေ ရင်ထဲထိအောင် ကြည့်နေရင်းနားလည်ပေးနိုင်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံသင့်ကြောင်းပြောချင်ပါတယ် ( ကိုရီးယားလူမျိုးတွေ ဂျပန်ကိုလိုနီနဲ့ပတ်သတ်ရင် ဘာကြောင့်ဆတ်ဆတ်ထိမခံဖြစ်ရလဲ ဒီဇာတ်ကားထဲမှာ အသေအချာမြင်နိုင်ပါလိမ့်မယ် )ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်.....File Size :(1.04 GB) and (321 MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre :  Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

MAL·MO·E: The Secret Mission(2019)

Hit-and-Run Squad (2019) 5.7
Hit-and-Run Squad (2019) ၂၀၁၉ ခုနှစ်ထဲမှာ ထွက်ရှိထားတဲ့ Hit-and-Run Squad ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် အွန်းစီယွန်းဟာ ရဲမှူးကြီးပတ်ခ်ရဲ့ လာဘ်စားမှုကို လိုက်လံဖော်ထုတ်ရင်းနဲ့သက်သေမခိုင်လုံတာကြောင့်တိုက်ပြေးအမှုတွေကိုင်တဲ့ဌာနကိုရာထူးချရွှေ့ပြောင်းခံခဲ့ရပါတယ်..` ထိုဌာနမှာအရမ်းတော်တဲ့ရဲတပ်သား ဆူမင်ဂျေးနဲ့တွေ့ဆုံခဲ့ပြီးတော့တိုက်ပြေးအမှုတွေကို အတူတူဖြေရှင်းခဲ့ရင်းနဲ့ ပဟေဠိဆန်တဲ့အမှုတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်သူတို့စုံစမ်းစစ်ဆေးရင်းနဲ့ အဲဒီတိုက်ပြေးမှူှူ့သေးသေးလေးဟာ အကြီးကြီးလာဘ်ပေးသူဖော်မြူလာဝမ်းပြိုင်ကားကွင်းပိုင်ရှင် ဂျန်ဂျယ်ချောင်းနဲ့ပတ်သက်နေတယ်ဆိုတာကို ရှာဖွေတွေ့ရှိလာပါတယ် အွန်းစီယွန်းအနေနဲ့ သူ့နဂိုမိခင်ဌာနရဲ့တာဝန်ကိုထမ်းဆောင်ရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတွေတွေ့ကြုံလာရချိန်မှာတော့ အရာအားလုံးဟာ ရှု့ပ်ထွေးကုန်ပါတော့တယ် အရှောင်အတိမ်းတော်လွန်း အဆက်အသွယ်ကောင်းလွန်းကားမောင်းပြိုင်တာတော်လွန်းတဲ့ဂျန်ဂျယ်ချောင်းကို ဘယ်လိုတွေ ဇာတ်လမ်းဇာတ်ကွက်ဆင်ပြီးဖမ်းဆီးကြမလဲဆိုတာကို ဒီကားမှာကြည့်ရှုရမှာပဲဖြစ်ပါတယ် ကားမောင်းပြိုင်တဲ့အခန်းမှာလည်းတိုက်လိုက်တဲ့ကားတွေမှ သောက်သောက်လဲပါပဲ :3 ကားမောင်းပြိုင်တာတွေရော ချတာတွေရော ရယ်စရာရောဝမ်းနည်းစရာရောပါတဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဆိုတော့ အာမခံပါတယ် File Size : (1 GB) & ( 258 MB)Quality : 720p HDRipRunning Time : 2 hr 13 minFormat : Mp4Genre :  Action , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by ...
movie

Hit-and-Run Squad (2019)

2019