Channel Myanmar

Lin Fengye

Sinkhole Hunting Dragon ( 2023 ) 5.9
Sinkhole Hunting Dragon ( 2023 ) သဲထိတ်ရင်ဖို့ အက်ရှင်ကားလေးတွေကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် ဇာတ်လမ်းကောင်းလေး တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -စွန့်စားမှုခရီးမှာ ကံဆိုးမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ သမိုင်းလေ့လာရေးပညာရှင် ကျန်းရှောက်ထျန်းရဲ့သားဖြစ်သူ ကျန်းဖုန်းဟာ သူငယ်ချင်းဖြစ်သူ အိုက်ကျား ယောင်းကျီတို့နဲ့အတူ ရှေးဟောင်းပစ္စည်းဆိုင်လေးတစ်ဆိုင် ဖွင့်ထားပါတယ်။တစ်နေ့မှာ ရှေးဟောင်းပစ္စည်းဆိုင်ကို လီကျုံးရှန်းက ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့က ဖူကျဲဘုရင်သင်္ချိုင်းရဲ့သော့ဖြစ်တဲ့ "နဂါးဘုရင်ကျောက်ခေါင်း" ကိုယူလာခဲ့ပါတယ်။ ကျန်းဖုန်းကလည်း သူ့အဖေအကြောင်းကို စုံစမ်းဖို့အတွက် တွင်းထဲသို့ဆင်းရန် ဆုံးဖြတ်လိုက်ပါတယ်။တွင်းထဲမှာ နဂါးအော်သံထွက်တဲ့ ပုတ်သင်ညိုကြီးရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဖူကျဲဘုရင်ရဲ့ နှစ်ပေါင်းထောင်ချီဖုံးကွယ်ထားတဲ့ နဂါးဘုရင်ယဇ်ပူဇော်ခြင်းရဲ့ အမှန်တရားတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ကျန်းဖုန်းတို့အဖွဲ့ တွင်းကြီးထဲမှာ ဘယ်လို အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲ...... အန္တရာယ်တွေကို ကျော်ဖြတ်နိုင်ပြီး အသက်ရှင်နိုင်ပါ့မလား ..... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါ ခံစားကြည့်ရှုရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 10 min Subtitle : Myanmar ...
movie

Sinkhole Hunting Dragon ( 2023 )

River God: The Strange Story ( 2023 ) 6
River God: The Strange Story ( 2023 ) သည်းထိတ်ရင်ဖိုကားတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တွေအတွက် River God ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -မင်ကော်ခေတ်မှာ ထျန်းကျင်းဝေ့မြို့မှာ ရေဘေးအန္တရာယ်တွေ အကြိမ်ကြိမ်ကြုံတွေ့နေရပြီး သဘာဝလွန် ဖြစ်ရပ်သတင်းတွေ မပျက်ကြားနေရပါတယ်။ ရေပေါ်ရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ကောသယ်ယိုဟာ သူ့ဆရာရဲ့ ပညာတွေကို ဆက်ခံထားပြီး မြစ်နတ်အဖြစ် နာမည်ကြီးနေပါတယ်။တစ်နေ့မှာ ကောသယ်ယိုတစ်ယောက် မြစ်ထဲကနေ အလောင်း ၂ ခုကို ဆယ်ခဲ့ပြီးနောက်မှာတော့ ပုံရိပ်ယောင်တွေကို မြင်လာခဲ့ပါတယ်။ ပုံရိပ်ယောင်တွေက တစ်ဆင့် သူ့အစ်ကို သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ကလေးပျောက်ဆုံးမှုနဲ့ ပတ်သက်နေတာ သိခဲ့ရပါတယ်ကောသယ်ယို၊ တင်းမောင်နဲ့ လီတာ့လန့်တို့ ၃ ယောက်ဟာ အမှန်တရားကို ရှာဖွေဖို့အတွက် စွန်စားခန်း စတင်ခဲ့ပါတယ်။ စာကြည့်တိုက်မီးလောင်မှု၊ ဝက်ခေါင်းလူကြီးရဲ့တိုက်ခိုက်မှုတွေ၊ ယင်းရန်မြစ်နတ်ရဲ့ လမ်းညွှန်မှု၊ ဝေမိသားစုသင်္ချိုင်းက သရဲအိမ်ကြီး စတဲ့ နေရာတွေကို တစ်ယောက်ယောက်က တမင်လမ်းညွှန်ပြနေပါတယ်။ကောသယ်ယိုတစ်ယောက် လွန်ခဲ့တဲ့ နှစ် ၂၀ က အမှန်တရားကို ဖော်ထုတ်နိုင်ပါ့မလား...... ပုံရိပ်ယောင်တွေနဲ့ သူ့ကို တိုက်ခိုက်နေသူကရော ဘယ်သူဖြစ်မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ...
movie

River God: The Strange Story ( 2023 )

Snake: Fall of a City ( 2020 ) 6
Snake: Fall of a City ( 2020 ) လင်ချွမ်ဟာကားပြိုင်သမားတစ်ယောက်ဖြစ်ပြီး ပြိုင်ဘက်ဖြစ်တဲ့လျန်ဇီကိုတိတ်တခိုးသဘောကျနေသူပါ။ သူဟာပြိုင်ပွဲတစ်ခုမှာလျန်ဇီနောက်လိုက်ရင်းနဲ့ သဲကန္တာရထဲကိုရောက်ရှိလာခဲ့ပါတယ်။သူတို့စခန်းချနားတဲ့နေရာကိုညနက်မှာ သတ္တဝါကြီးတစ်ကောင်ရဲ့ တိုက်ခိုက်ခံရပြီး လင်ချွမ်တို့အဖွဲ့ဟာမနည်းအသက်လုပြေးလာကြရပါတယ်။ ဒါပေမဲ့ လျန်ဇီကတော့ဘယ်ရောက်သွားမှန်းမသိပါဘူး။ လျန်ဇီကိုရှာဖို့ခရီးဆက်လာရင်းနဲ့စွန့်ပစ်စက်ရုံတစ်ခုနားရောက်လာခဲ့ပါတယ်။အဲ့ဒီစက်ရုံပျက်နားမှာ ရှားပါးတွင်းထွက်ပစ္စည်းတွေကို တူးယူချင်တဲ့စီးပွားရေးသမား စုန်းကွမ်တို့အုပ်စုလည်းရှိနေပါတယ်။ သူတို့နှစ်အုပ်စုဟာ ညအချိန်ရောက်လာတဲ့အခါမှာတော့ သေလောက်ဖွယ်ရာ ကြောက်မက်ဖွယ်မြွေဆိုးကြီးနဲ့ရင်ဆိုင်ရပါတော့တယ်။​မြွေဆိုးအန္တရာယ်ကြောင့် စက်ရုံထဲပိတ်မိနေကြတဲ့အခါ ၊ ဝေးလံခေါင်ဖျားတဲ့လူသူမဲ့စွန့်ပစ်နေရာမှာရောက်နေကြတဲ့သူတို့ မြွေအန္တရာယ်ကိုဘယ်လိုရင်ဆိုင်ပြီးရှင်သန်ဖို့ကြိုးစားကြမလဲ။ လွတ်မြောက်ဖို့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြရအောင်။ [ Reviewed By Yin Wai Phyo ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Snake: Fall of a City ( 2020 )

Demon Catcher 2 ( 2022 ) 6.1
Demon Catcher 2 ( 2022 ) တရုတ်ပြည်သူ့ သမ္မတနိုင်ငံအချိန်ကာလမှာ ထူးဆန်းတဲ့ မျိုးနွယ်ကနေပြီးတော့ မွေးဖွားလာခဲ့တဲ့ သူရဲကောင်းဆရာကြီးကွမ်း ဆိုတဲ့သူတစ်ယောက်ရှိခဲ့ပါတယ် သူဟာ ရက်စက်ယုတ်မာလှတဲ့ အပြစ်လုပ်သူတွေကို ရွံရှာမုန်းတီးနေသူတစ်ဦးပါတရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၁၇ နှစ်အချိန် စစ်ပွဲတွေကလဲ မရပ်မနားတမ်းဖြစ်ပေါ်နေပြီးတော့ ပြည်သူတွေအများစုကလဲ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါတယ် အဲဒီအချိန်မှာ ဆရာကွမ်းရဲ့ တပည့်ဖြစ်သူ ယဲ့ဖေးဟာ ခေါင်းတလားဆိုင်ဖွင့်ထားပြီး ဒုက္ခသည်စခန်းက ပြည်သူ့အလောင်းတွေကို ကောက်ပေး သိမ်းပေးတဲ့ အလုပ်ကိုလဲ လုပ်ပေးပါသေးတယ် ဒါပေမဲ့လို့ ကံကြမ္မာကသူ့ကို မျက်နှာသာမပေးခဲ့ပါဘူးတစ်နေ့မှာတော့ သူရောင်းတဲ့ ခေါင်းတလားအတွင်းမှာ လူသေအလောင်းတွေ့တာကြောင့် လူသတ်ပြီး အလောင်းဖျောက်မှုနဲ့ အဖမ်းခံလိုက်ရပါတော့တယ် အဲဒီအချိန်ကနေစပြီး တပည့်ဖြစ်သူရဲ့ လုပ်ကြံခံရမှု အမှန်တရားကို ရှာဖွေဖို့အတွက် ဆရာကြီးကွမ်းဟာ အစွမ်းကုန်ကြိုးစားလာခဲ့တဲ့ အချိန်မှာတော့ ...?❏ ဒီလုပ်ကြံခံရမှု နောက်ကွယ်မှာ ဘယ်လိုထူးဆန်း ထိန့်လန့်ဖွယ်ရာတွေနဲ့ တွေ့ရှိရမလဲ ? ❏ ခေါင်းတလားအတွင်းက အလောင်းရဲ့ ဇာတ်ကြောင်းတွေကရော ဘာတွေများဖြစ်နေမလဲ ❏ ဆရာကြီးကွမ်းတစ်ယောက် တပည့်ဖြစ်သူရဲ့ အမှန်တရားကို ရှာဖွေပေးနိုင်ပါ့မလား ❏ ဒီအမှုအပြင် တစ်ခြားသော ထူးဆန်း ထိန့်လန့်ဖွယ်ရာ အမှုတွေကိုရော ရင်ဆိုင်လာရတဲ့အခါ သူတို့တွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ရအောင်လားရှင် [Reviewed By ...
movie

Demon Catcher 2 ( 2022 )

Executioner’s Strange Talk ( 2022 ) 6.5
Executioner’s Strange Talk ( 2022 ) သေဒဏ်ကျခံရတဲ့ အပြစ်သားတွေကိုခေါင်းဖြတ်ကွပ်မျက်ဖို့တာဝန်ယူရတဲ့ အာဏာပါးကွက်သားတွေမှာ စည်းမျဥ်းတစ်ခုရှိပါတယ်။ မွန်းတည့်မကျော်ခင်မှာ အပြစ်သားကို စီရင်ရတာပါပဲ။ စီရင်ချိန်ကျော်သွားခဲ့ရင် စည်းမျဥ်းကိုဖောက်ဖျက်မိသလိုဖြစ်ပြီး သရဲဝိဉာဥ်တွေက လက်စားချေဖို့ပြန်လာတတ်ကြပါတယ်တဲ့။အာဏာပါးကွက်သားတစ်ယောက်ဖြစ်တဲ့ရှဲ့ချီဟာ ပြစ်ဒဏ်စီရင်ရာမှာ အချိန်ကျော်လွန်သွားရာကနေ စည်းမျဥ်းကိုဖောက်ဖျက်မိသွားပါတယ်။ သူကွပ်မျက်ခဲ့တဲ့သရဲမဟာ သူ့ကိုပြန်လာရှာရာကနေ ၊ သူတင်မက တစ်မြို့လုံးကို ကံဆိုးမှုတွေစတင်လွှမ်းခြုံလာတဲ့အခါ ၊ ခြောက်ခြားဖွယ်ရာဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာတဲ့မခါမှာ.. မြို့ထဲကလူတွေကလည်း ရှဲ့ချီကိုဝိုင်းပြီးအပြစ်တင်ကြပါတော့တယ်။သရဲတွေ မိစ္ဆာတွေ ကျိန်စာတွေပါဝင်နေတဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Fantasy , Thriller Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Executioner’s Strange Talk ( 2022 )

Legend of Hunter (2021) 6.5
Legend of Hunter (2021)  ဝေးလံလှတဲ့ တောင်ပေါ်ရွာလေးမှာနေထိုင်တဲ့ လီချန်ဖူတို့ မိသားစုဟာ ဆန်းကြယ်တဲ့သေဆုံးခြင်းတွေကို ရင်ဆိုင် ကြုံတွေ့နေရတဲ့အတွက် ပြဿနာရဲ့ အဖြေကို ရှာဖွေရန်အမဲလိုက်သူလျှိုကို ပင့်ခေါ်ခဲ့ပါတယ်ဒါပေမဲ့လည်း အမဲလိုက်သူလျှိုရောက်လာချိန်မှာတော့ လီချန်ဖူရဲ့အသက်ကို မမှီလိုက်တော့ပါဘူးလူအများအပြားကတော့ လီချန်ဖူတို့ အိမ်တော်သေဆုံးမှုအကြောင်းကို အမျိုးမျိုးသော ပုံပြင်ဒဏ္ဍာရီတွေဖန်တီးပြောဆိုနေပေမဲ့လည်း အဝေးကရောက်လာတဲ့ လီချန်ဖူရဲ့ တူကတော့ ဒီဆန်းကြယ်မှုတွေနောက်ကွယ်က အဖြေကိုရှင်းရှင်းလင်းလင်း ရှာဖွေချင်ခဲ့ပါတယ်အဲ့ဒါကြောင့် အမဲလိုက်သူလျှိုနဲ့အတူ တောနက်ထဲမှာ အဖြေရှာဖို့ အတူလိုက်ပါသွားပါလာခဲ့တဲ့နောက်.... တောနက်ထဲမှာ သူတို့နှစ်ယောက်လိုချင်တဲ့အဖြေကို ဘယ်လိုမျိုးတွေ ရှာဖွေဖော်ထုတ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ရှုကြရမှာပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ ) File Size__1.4 GB, 780 MB Quality__1080p, 720p IMDb Rating__6.5/10 Format__mp4 Duration__01:25:00 Type__Action , Adventure , Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt
movie

Legend of Hunter (2021)