Channel Myanmar

Lisa Haydon

Queen (2013) 8.3
Queen (2013) IMDB....8.3 ဒီဇာတ်​ကား​လေးက​တော့ ၂၀၁၃တုန်းကထွက်​ခဲ့တဲ့ အိန္ဒိယဇာတ်​ကား​တစ်ကားဖြစ်ပါတယ်.... ဒီဇာတ်​ကားမှာ ရာနီဆိုတဲ့ ​ကောင်​မ​လေးက အ​နေထိုင်​သိမ်​​မွေ့ပြီး ယဉ်​​ကျေးတဲ့​ကောင်​မ​လေးပါ.. သူမ မှာချစ်​သူလဲဖြစ်​သလို အိမ်​ကလဲသ​ဘောတူတဲ့ ဗီ​ဂျေဆိုတဲ့​ကောင်​​လေးနဲ့ လက်​ထပ်​ပွဲအတွက်​ အရမ်းကိုရင်​ခုန်​စိတ်​လှုပ်​ရှား​နေပါတယ်... ဒါပေမဲ့ချစ်​သူက လက်​ထပ်​ပွဲကို ငြင်းဆန်​လိုက်​တဲ့အခါ ရာနီအတွက်​ အရမ်းကိုစိတ်​ထိခိုက်​တုန်​လှုပ်​သွားခဲ့ပါတယ်​.... သူမတိုးဝှေ့ခဲ့တဲ့ပခုံးကျယ်တစ်ခုက အနားမှာမရှိတော့အရာရာဟာ အဓိပ္ပါယ်မဲ့သွားတယ် ပန်းတွေလည်းရနံမဲ့ကုန်တယ် မိဘတွေရဲ့နှစ်သိမ့်မှု ဆွေမျိုးအသိုင်းအ၀န်း သူငယ်ချင်းမိတ်ဆွေကြားမှာ မွန်းကြတ်နေတယ်....ဖြစ်နိုင်ရင် အငွေပျံပျောက်လွင့်သွားချင်တဲ့အချိန် ...ဒါပေမဲ့ ဟန်းနီးမွန်းအတွက် သွားဖို့စီစဉ်ထားတဲ့ပဲရစ်မြို့လေးရှိတယ်...ဒီတော့ အားလုံးနဲ့ဝေးရာလည်းဖြစ် သွားဖို့စီစဉ်ထားတဲ့ပဲရစ်မြို့ကို ချစ်သူမပါဘဲ တစ်ယောက်ထဲထွက်လာတယ်.... မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် တစ်ဘ၀လုံးပုံအောပြီး ချစ်ခဲ့ ပြီးလက်ထပ်ဖို့ လက်တစ်ကမ်းအလိုမှ ပျက်စီးသွားရရင် တော်ရုံခံနိုင်ရည်မရှိကြပါဘူး...အထူးသဖြင့် မိန်းကလေးအဖို့ ပိုခံစားရပါတယ်..ဒီလိုပြောလို့ ဖိုမဝါဒီဆန်တယ်လို့မပြောလိုက်ပါနဲ့.... ကဲ ရာနီဆိုတဲ့ကောင်မလေးတစ်ယောက် ပဲရစ်မြို့မှာ အသိမိတ်ဆွေလည်း မရှိ ဘာသာစကားလည်းမကျွမ်းကျင် ဓလေ့စရိုက်တွေလည်းကွဲပြားဆိုတေ့ သူမအတွက် ဒုက္ခတွေအတော်ရောက်ပါတယ်.... ဒီကားလေးကအမျိုးသမီးတွေ အတွက်အထူးပညာပေးကားလေးမို့ ခံစားကြည့်လိုက်ပါဦး... ဘာသာပြန်သူနဲ့အညွှန်းရေးသူကတော့ မ Mie Mieပါ File ...
movie

Queen (2013)

2013
Housefull 3 (2016) 5.3
Housefull 3 (2016) Housefull 3 ဇာတ်ကားသည် အိန္ဒိယတွင် အောင်မြင်ခဲ့သည့် Housefull နှင့် Housefull 2 ဇာတ်ကားတို့၏ နောက်ဆက်တွဲဖြစ်ပြီး ဒါရိုက်တာ Sajid-Farhad က ရိုက်ကူးထားသည်။ Housefull 3 ဇာတ်ကားသည် ဖခင်တစ်ဦး၏ သမီးသုံးဦးအပေါ်ထားရှိသည့် လွန်ကဲ သည့်မေတ္တာကြောင့် သမီးသုံးယောက်ကို အိမ်ထောင်ဖက်မပေးစားလိုဘဲ ကလေးငယ်များကဲ့ သို့ ရင်ဝယ်သားလိုစောင့်ရှောက်လိုသည့် ဖခင်နှင့် သမီးသုံးယောက်အား ချစ်ကြိုက်နေသည့် အမျိုးသားသုံးယောက်တို့အကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားသော ဘောလိဝုဒ်အချစ် ဟာသဇာတ်မြူးကားတစ်ကားဖြစ်သည်။ ဇာတ်လမ်းအနေဖြင့် ချောမောလှပသည့် သမီးသုံးယောက်ပိုင်ဆိုင်ထားသည့် ဖခင် တစ်ဦးမှာ သမီးငယ်များအား အိမ်ထောင်ဖက်ပေးစားလိုခြင်းမရှိပေ။ သမီးများ၏ ရည်းစား ဖြစ်သူ အမျိုးသားသုံးယောက်မှာ နည်းလမ်းမျိုးစုံဖြင့် ၄င်းတို့၏အိမ်တွင်းသို့ဝင်ရောက်ကာ သမီးများ၏ အသင့်တော်ဆုံးဖြစ်သည့် သတို့သားများဖြစ်ကြောင်း သက်သေပြကြရသည်။ နောက်ဆုံးမှာ ဖခင်၏ စိတ်ရှုပ်ထွေးမှုများနှင့် သတို့သားလောင်းများ၏ လိမ်လည်မှုများကို ဟာသနှောကာ ရိုက်ကူးထားသည့် အိန္ဒိယဘောလိဝုဒ် အချစ်ဟာသဇာတ်ကားတစ်ကား ဖြစ်သည်။ (Review credit to The Mirror ...
movie

Housefull 3 (2016)

2016