Channel Myanmar

Lucas Jaye

The Sleepover(2020) 6.0
The Sleepover(2020) The Sleepover(2020)အညွှန်း**************************((ဇာတ်ကားအလန်းမို့ 1080P5.1CH,720Pတို့ဖြင့်တင်ဆက်ပေးထားပါသည်...))အဖေရယ် အမေရယ် သားလေးရယ် သမီးလေးရယ်နဲ့ပျော်ပျော်နေတတ်တဲ့ မိသားစု(၄)ဉီးရှိတယ်....သာမန်လူတန်းစားဖြစ်ကြသလို သိပ်ချစ်ကြတဲ့မိသားစုလေးပေါ့...တစ်နေ့တော့ မိခင်နဲ့ဖခင်ကို လူဆိုးဂိုဏ်းက ဖမ်းခေါ်သွားတယ်...ကြည့်ရတာ ဒီလင်မယား(၂)ဉီးဟာတစ်ချိန်က လူဆိုးတွေနဲ့ပတ်သက်မှုရှိတဲ့ ကြေးစားတွေဖြစ်ပုံရတယ်....အိမ်ထောင်ပြုပြီးကလေးတွေနဲ့ ဇာတ်မြှုတ်နေပုံပါပဲ...ရုတ်တရက်ကြီးအဖမ်းခံလိုက်ရတော့အိမ်မှာ သဲလွန်စလေးတွေပဲချိန်ထားနိုင်တော့တယ်...သား၊သမီးတွေပြန်ရောက်တော့အဖေ၊အမေရဲ့သွေးပါတဲ့သူတွေပီပီ ချန်ခဲ့တဲ့သဲလွန်စတွေကိုလေ့လာရင်းမိဘ(၂)ပါးဒုက္ခရောက်နေပြီကိုသိတဲ့နောက် လိုက်လံကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်...မိဘတွေက အတိတ်မှာ ဘာတွေလုပ်ခဲ့လို့လဲ..လူဆိုးဂိုဏ်းကရော ပြန်ပေးဆွဲပြီး ဘာတွေခိုင်းဖို့ကြိုးစားတာလဲ...သားသမီးတွေကလည်း ကယ်ဆယ်ဖို့ကြိုးစားတာ အဆင်ပြေနိုင်ကြပါ့မလား...ဒီကားက အတော်လည်းစိတ်ဝင်စားဖို့ကောင်းသလိုရယ်လည်းရယ်ရပါတယ်...အက်ရှင်ခန်းတွေဆိုလည်း တော်တော်ကြီးကိုအားရစရာကောင်းတာပါ..ကြည့်ကြည့်ပါ ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်...File Size :(1.82GB) (900 MB) and (395 MB) Quality : WEB-DL1080P5.1CH, 720p Format…mp4 Duration…01:40:00 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung Encoded by Phyo Pyae
movie

The Sleepover(2020)

Driveways(2019) 6.9
Driveways(2019) Driveways(2019)ဒီတစ်ခါမှာ​တော့ Drama ကြိုက်တဲ့ ပရိသတ်​တွေအတွက် Driveways ဆိုတဲ့အ​မေရိကန် ဇာတ်ကား​​​ကောင်း​လေး တစ်ကားနဲ့မိတ်ဆက်​ပေးပါရ​စေ။ IMDb rating 6.9ထိ ရရှိထားတဲ့ ဒီကားဟာဆိုရင်​တော့ ၅၂၈ ​မေ တ္တာကို အဓိက​ဖော်ကျူးထားတဲ့ ဇာတ်ကား​လေးဖြစ်ပါတယ်။ ကိုဒီ ဟာ ထိလွယ် ရှလွယ် ခံစားလွယ်တတ်တဲ့ချာတိတ်​လေးတစ်​ယောက် ဖြစ်ပါတယ်။ တစ်ရက်မှာ​တော့ သူ့ရဲ့အ​ဒေါ် ​အေပရယ် ဆုံးပါးသွားတဲ့​နောက်မှာ​တော့ အ​ဒေါ်ဖြစ်သူရဲ့ ​နေအိမ်ကို အ​ရောင်းတင်ရဖို့ ဖြစ်လာပါတယ်။ ဒါနဲ့ပဲ ကိုဒီနဲ့ သူ့အ​မေဖြစ်သူတို့ဟာ ဒီအိမ်ကြီးကိုရှင်းလင်းဖို့ လုပ်​ဆောင်ရပါ​တော့တယ်။သူတို့ရဲ့ ​ဘေးကပ်ရပ်အိမ်မှာ​တော့ အ​မေရိကန်စစ်သား​ဟောင်း အဘိုးအိုကြီး တစ်ဦး​နေထိုင်ပါတယ်။ဘ၀ရဲ့​နေ၀င်ချိန်ကို ​ရောက်​နေပြီဖြစ်တဲ့ အဘိုးအိုနဲ့ ချာတိတ်​ပေါက်စတို့ဟာ အသက်အရွယ်မတူ တွေးခေါ်ပုံချင်းမတူပေမဲ့ စကားတွေပြောဖြစ်ကြတယ်... သူတို့ဘာတွေပြောဖြစ်ကြလဲ...ပြီးတော့ ဒီကားက ဆုပေါင်း (၇)ဆုအတွက် ဆန်ကာတင်ရွေးချယ်ခံခဲ့ရတယ်...ဘာကြောင့်ဆုကြီးတွေအတွက်ဆန်ကာတင်ခံခဲ့ရသလဲဆိုတာတော့ ကိုယ်တိုင်ခံစားကြည့်ကြပါဗျို့....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ K ပဲဖြစ်ပါတယ်...File Size : (800 MB) ...
movie

Driveways(2019)