Channel Myanmar

Lucas Lavoie

Pet Sematary (2019) 6.2
Pet Sematary (2019) စတီဖန်ကင်းရဲ့ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။၁၉၈၉ တုန်းက တစ်ခေါက်ရိုက်ကူးဖူးခဲ့ပြီး အခုကတော့ ဇာတ်ညွှန်းအနည်းငယ်ပြောင်းပြီး ထပ်မံရိုက်ကူးထားတာမို့ အရသာအသစ်ခံစားရမှာပါပဲ။ဒီဝတ္ထုဟာ စာရေးဆရာကိုယ်တိုင်ကြောက်မိတယ်လို့ ဝန်ခံခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။စာရေးဆရာကိုယ်တိုင်က ဇာတ်လမ်းထဲက အိမ်မျိုးမှာနေမိပြီး သူ့ရဲ့ ကလေးတွေသာ ဒီလိုဖြစ်သွားရင်ဆိုတဲ့ အတွေးနဲ့ ရေးခဲ့တာမို့ တွေးကြည့်ပြီး စိမ့်ကြောက်ရမယ့် ဇာတ်လမ်းမျိုးပါပဲ။ဇာတ်လမ်းခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သချႋုင်း လို့ ဖြစ်ပါတယ်။စာလုံးပေါင်းအမှန်ကတော့ (Pet Cemetery) ပါ။ဒါပေမယ့် အဲဒီသချႋုင်းကို ပြုလုပ်ခဲ့တဲ့သူတွေက စာလုံးပေါင်းအမှန်ကို မပေါင်းတတ်ဘဲ အသံထွက်အတိုင်း အမှားကြီးရေးခဲ့လို့ ခေါင်းစဉ်မှာကို စာလုံးပေါင်းအမှားဖြစ်နေတာပါ။(မြန်မာလူမျိုးအများစု ပဲ နဲ့ ဘဲ၊ လဲ နဲ့ လည်း၊ ကျ နဲ့ ကြ၊ တတ် နဲ့ တက်လောက်ကို မကွဲသလို သူတို့တွေလည်း C နဲ့ S မှားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ...
movie

Pet Sematary (2019)

2019