Channel Myanmar

Lucy Russell

Following (1998) 7.5
Following (1998) [Unicode]Following (1998)IMDB .========== 7.5/10 Rotten Tomatoes = 81%" ခင်ဗျား ကားပေါ်မှာ တခြားလူတွေစကားပြော‌နေတာကို နားထောင်ဖူးလား။ ဒါမှမဟုတ်ဗျာ မြေအောက်ရထားလမ်းမှာ တွေ့တဲ့လူတွေကိုဖြစ်ဖြစ် လမ်းပေါ်ကတစ်‌ယောက်ယောက်ကိုပဲဖြစ်ဖြစ် စိတ်ဝင်စားစရာကောင်းတဲ့ပုံစံ နည်းနည်းလေး ထူးဆန်းတဲ့ပုံစံရှိတဲ့လူကိုဖြစ်ဖြစ် ဒီလိုတစ်ခုခုကိုပေါ့ သူတို့ဘဝက ဘယ်လိုရှင်သန်နေလဲ သူတို့ ဘာလုပ်သလဲ သူတို့ ဘယ်ကလာလဲ သူတို့ဘယ်ကိုသွားမလဲဆိုတာ ခင်ဗျား သိချင်စိတ်မဖြစ်ဖူးဘူးလား။ လူတစ်ယောက်ယောက်ရဲ့ ပြုမူကျင့်ကြံပုံကို ခင်ဗျား သတိထားကြည့်မယ်ဆိုရင် စောင့်ကြည့်နေရင်း မေးခွန်းတွေ ထောင်ပေါင်းများစွာ ထွက်လာမယ်။ ကျုပ်က အဲ့ဒီမေးခွန်းတွေကို မေးချင်ခဲ့တာ။ အဖြေတွေက ဘာတွေလဲဆိုတာ သိချင်ခဲ့တာ။ ဒီတော့ ကျုပ် လူတွေကို နောက်ယောင်ခံလိုက်ပြီး သိရအောင်လုပ်ခဲ့တယ်။"ဒါတွေက ကျွန်တော့် အညွှန်းမဟုတ်ပါဘူး။ Followingထဲက စကားတွေပါပဲ။။ Followingဟာ ခင်ဗျား ဘာတစ်ခုမှမသိဘဲ ကြည့်သွားရင် ပိုအရသာရှိမယ့် ရုပ်ရှင်ပါပဲ။ ခံစားမှုကို။လမ်းကြောင်းပေးစရာမလိုပါဘူး။ ဇာတ်လမ်းအကျဉ်းလည်း။ရေးစရာမလိုပါဘူး။ ရေးလည်းမရေးတတ်ပါဘူး။ဒီရုပ်ရှင်ကို ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ပြီး ကိုယ်တိုင် Cinematographyပိုင်းပါလုပ်ခဲ့တဲ့ သူက ခရစ္စတိုဖာနိုလန်ပါ။ဒီဘက်ခေတ် ဟောလိဝုဒ် ရုပ်ရှင်လောကမှာ ရုပ်ရှင်အရေအတွက်နည်းနည်းနဲ့ မှော်ဝင်အောင်ရိုက်တဲ့လူတွေကို လက်ချိုးရေလို့ရပါတယ်။ အဲ့ဒီထဲက ...
movie

Following (1998)

Brexit: The Uncivil War(2019) 7.0
Brexit: The Uncivil War(2019) Brexit: The Uncivil War(2019)IMDb...7.0,,,,,,Rotten...79%(unicode)2019 ဒီဇင်ဘာထဲမှာ ပူပူနွေးနွေးထွက်ရှိထားတဲ့ Brexit: The Uncivil War ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် နိုင်ငံရေးဇာတ်ကားတစ်ခုဖြစ်ပြီးတော့ Benedict Cumberbatch ကိုဒီဇာတ်ကားထဲမှာ နိုင်ငံရေးပါတီတွေကို လူထုစည်းရုံးရေးဗျူဟာတွေ ချမှတ်ပေးတဲ့ ထိပ်ပြောင်ပြောင် နိုင်ငံရေးသမားအသွင်မြင်ရမှာဖြစ်ပါတယ် ဗြိတိန်နိုင်ငံရေးဖြစ်ရပ်မှန်ကို အခြေပြုရိုက်ကူးထားတဲ့ဒီရုပ်ရှင်ဟာ လွန်ခဲ့တဲ့ လများက Channel Myanmar မှာတင်ခဲ့တဲ့ the Great Hack ဇာတ်ကားမှာပါဝင်တဲ့ အချက်အလက်များနဲ့ဆက်စပ်မှုတွေရှိပါတယ် … ၂၀၁၆ ခုနှစ်မှာ ပွဲဆူစေခဲ့တဲ့ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲမှာ ငှားရမ်းခဲ့တဲ့ နည်းပညာကုမ္ပဏီ Cambridge Analytica နဲ့ ဆက်စပ်ပတ်သက်မှုတွေ Brexit ဖြစ်လာအောင် အွန်လိုင်းပေါ်ကနေ လှုံ့ဆော်ပေးမှုတွေ ကနေ ပါလီမန်လွှတ်တော်ကိုယ်စားလှယ်တွေ အသတ်ခံရတဲ့အထိဖြစ်လာတဲ့အကြောင်းတွေကို ဖော်ပြရိုက်ကူးထားပါတယ် … ဒီဇာတ်ကားကို နိုင်ငံရေးစိတ်ဝင်စားသူတွေ နည်းပညာစိတ်ဝင်စားသူတွေ နဲ့ လူမှုကွန်ယက် အသုံးပြုသူတွေ ကြည့်သင့်ပါတယ်…မိမိတို့နိုင်ငံလည်း မကြာခင် ရွေးကောက်ပွဲနီးလာပြီဖြစ်တဲ့အတွက် ...
movie

Brexit: The Uncivil War(2019)