Channel Myanmar

Ludacris

End of the Road (2022) 5
End of the Road (2022) End of the Road ( 2022 )Fast and Furiousကားတွေနဲ့ လူသိများတဲ့ Ludacrisရဲ့ action , thrillerကားအသစ်ပါ။ အကြွေးတွေပိနေလို့ အိမ်ရောင်းဆပ်ပြီး အဘွားအိမ်ကိုပြောင်းဖို့ နှစ်ညအိပ်သုံးရက်ခရီးရှည်ကြီးကို အိမ်စီးကားလေးနဲ့သွားကြတဲ့ မိသားစုတစ်စုရဲ့ လမ်းတစ်လျှောက်က အခက်အခဲတွေအကြောင်းပါ။မတည့်မရှု့ဖြစ်နေတဲ့ သူတို့မိသားစုဟာ ဘုနဲ့ဘောက်နဲ့ ခရီးထွက်ကြရင်း လမ်းမှာ မိုတယ်တစ်ခုမှာ တစ်ညဝင်အိပ်ကြပါတယ်။ ဘေးခန်းက အသံတွေကြားလို့ သွားကြည့်တော့ လူတစ်ယောက်သေနတ်မှန်ထားလို့ ကယ်ဖို့လုပ်ရင်း သူထားခဲ့တဲ့ပိုက်ဆံလက်ဆွဲအိတ်လိုက်ကြီးကို တွေ့သွားကြတယ်။ ကယ်ဖို့လုပ်ကြပေမဲ့ မမီတော့ပါဘူး။ ငွေတွေယူပြီးပဲထွက်လာလိုက်ကြတယ်။ လမ်းခုလတ်ကျတော့ ငွေတွေရဲ့ပိုင်ရှင် မူးယစ်ရာဇာကြီးက သူ့ငွေတွေကိုပြန်တောင်းပါတယ်။ မူးယစ်ရာဇာကြီးက သူ့ကလေးတွေကိုပါပြန်ပေးဆွဲပြီးငွေတွေပြန်ရအောင်ကြံပါတယ်။ ဒီလိုနဲ့ အမေနဲ့ဦးလေးဟာ ကလေးနှစ်ယောက်အတွက် အဲဒီနယ်တစ်ခွင်က ဘယ်သူမှမော်မကြည့်ရဲတဲ့လူဆိုးကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့..File Size__(1.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:29:00 Type__Action, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie

End of the Road (2022)

Gamer (2009) 5.7
Gamer (2009) Gamer (2009) ===================== အင်မတန်ချမ်းသာပြီး နာမည်ကြီးရုံသာမက အာဏာပါကြီးလွန်းတဲ့ ကန်ကာဆယ် ဆိုတဲ့ လူတစ်ယောက်ဟာ စိတ်ကိုထိန်းချုပ်ရတဲ့ဂိမ်းတစ်ခုကို တီထွင်ခဲ့ပြီး လူတွေပါ၀င်ကစားလာဖို့ ဆွဲဆောင်ခဲ့ပါတယ်။ ဒီဂိမ်းဟာ သာမာန်ဂိမ်းမျိုးမဟုတ်ပဲ လူတစ်ယောက်ရဲ့လှုပ်ရှားမှုမှန်သမျှကို ကစားသမားကထိန်းချုပ်လို့ရတဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ အထိန်းချုပ်ခံတဲ့သူက ပိုက်ဆံရမှာဖြစ်ပြီး ကစားတဲ့သူက ပိုက်ဆံပေးပြီး ကစားရတာပါ။ ဒါထက်အဆင့်မြင့်သွားတဲ့ စလေယာစ် ဆိုတဲ့ ဂိမ်းမှာတော့ သေဒဏ်ကျပြီးသားလူတွေဟာ သူတို့စိတ်ကိုထိန်းချုပ်ခံထားရပြီးတော့ အချင်းချင်းပစ်သတ်နေတဲ့ကြားကနေ အသက်ရှင်ဖို့ကြိုးစားရတာပါ။ အဆင့်၃၀လုံးအောင်တဲ့သူက သေဒဏ်ကနေလွတ်ကင်းပြီး အိမ်ကိုပြန်ခွင့်ရှိမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတာကတော့ ဂျွန်ကေဘယ်ဆိုတဲ့ လူဖြစ်ပါတယ်။ ဂျွန်ကေဘယ် ကို ဆိုင်မွန်ဆိုတဲ့ကစားသမားက ထိန်းချုပ်ကစားနေတာဖြစ်ပြီး သူတို့နှစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ အဆင့်အားလုံးကိုရော အောင်မြင်အောင်ကျော်ဖြတ်နိုင်မလားဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ ဒီကားရဲ့ တချို့အသုံးအနှုန်းလေးတွေကြမ်းပေမယ့် ဇာတ်ကားကိုက science fiction action အမျိုးအစားဖြစ်တာမို့ စိတ်ကူးယဉ်ဆန်ပြီး ကြမ်းတာမှကြိုက်တဲ့ကိုယ့်လူတို့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားလို့ညွှန်းလိုက်ပါရစေ။ File size…6.2GB/ 2.26GB / 1.12GB Quality…4k HEVC Bluray / 1080p BluRa Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Jaka
movie

Gamer (2009)

2009
4K HEVC
The Fate of the Furious (2017) Fast and Furious 8 6.8
The Fate of the Furious (2017) Fast and Furious 8       Fast & Furious ပရိသတ်တွေအတွက် USD 250 million အကုန်အကျခံပြီး အကောင်းဆုံးတင်ဆက်ထားတဲ့အတွက် Box officie မှာ USD 1 Billion ကျော် ဝင်ငွေရပြန်ရခဲ့ပြီး IMDb 7.2 ထိ Rating ရထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး “ဒွန်မနစ်တိုရက်စ်တို” တစ်ယောက် သူရဲ့ ချစ်ဦးသူ “လတ်တီ” တို့ ကျူးဘားကျွန်းလေးမှာ ဟန်နီးမွန်းထွက်နေကြပါတယ်။ဒီအချိန်မှာ အမေရိကန်အစိုးရရဲ့  Electromegnatic Pulse –EMP လို့ခေါ်တဲ့စွမ်းအားမြင့်ဗုံးကို အခိုးခံလိုက်ရပြီးဘာလင်က လက်နက်ကုန်သည်တွေ လက်ထဲမှာရောက်နေပါတယ်လို့ သတင်းရထားပါတယ်။ဒီဗုံးနဲ့သာတိုက်ခိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်မြို့ကြီးမဆို စွမ်းအင်တွေပြတ်ပြီးကျောက်ခတ်ကလို ပြန်ဖြစ်သွားနိုင်တဲ့အတွက် အမေရိကန်အစိုးရ ကိုယ်လုပ်ထားတဲ့ဗုံးအတွက်ကိုယ်ပြန်ပူပန်နေရပါပြီ။တစ်ခြားနိုင်ငံတစ်ခု ပိုင်နက်မှာဆိုတာ့ အစိုးရအနေနဲ့ တရားဝင်အဖွဲ့အစည်းတွေလွတ်လို့မရတဲ့အတွက် “လုခ်ဟော့ခ်” ကိုပဲ ဦးဆောင်ခိုင်းပြီး ပြန်ခိုးခိုင်းလိုက်ပါတယ်။ဒီ EMP ဗုံးကို Furious အဖွဲ့သားတွေ အောင်မြင်အောင်ခိုးလာနိုင်ပေမယ့် ဇာတ်လိုက်ကျော်ကြီးဒွန်က သစ္စာဖောက်ပြီး ...
movie

The Fate of the Furious (2017) Fast and Furious 8

2017
Furious 7 (2015) Fast and Furious 7 7.2
Furious 7 (2015) Fast and Furious 7       Review မလုပ်ခင် တစ်ခုပြောချင်တာက ဒီကားက ၂ပတ်အတွင်းမှာတင် US မှာ သန်း ၂၆၀ ကျော်သွားပြီဖြစ်သလို၊ World Wide မှာ အပို သန်း ၇၀၀ နဲ့ စုစုပေါင်း သန်း ၁ထောင်ကျော်သွားပါပြီ။ ၂ပတ်အတွင်းမှာ မှာတင် All Time ဝင်ငွေအကောင်းဆုံးစာရင်းမှာ နံပါတ် ၂၀ ဖြစ်သွားပြီး၊ ဒီအတိုင်း ဆက်သွားရင် ထိပ်ဆုံး ၅ ကားစာရင်းဝင်မှာဖြစ်ပါတယ်။ ဒီကားက မင်းသား Paul Walker ရဲ့ နောက်ဆုံး ဇာတ်ကား ဖြစ်ပြီး၊ Fast & Furious ဇာတ်လမ်းတွဲရဲ့ ၇ကားမြောက်ဖြစ်ပါတယ်။ ဒီစီးရီးက Fast 5 ကနေစပြီး ဇာတ်လမ်း ပုံစံပြောင်းလိုက် ပြီးတဲ့နောက်မှာမှ လူတွေပိုစိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ပထမသုံးကားက ကားပြိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပြီး နံပါတ်လေးမှာ Tokyo Drift ဒါရိုက်တာ ...
movie

Furious 7 (2015) Fast and Furious 7

2015
Fast Five (2011) Fast and Furious 5 7.3
Fast Five (2011) Fast and Furious 5      ရုပ်ရှင်မိတ်ဆက်ဒီတစ်ခါတော့ လူငယ်တွေကို ပြိုင်ကားတွေနဲ့ ရင်းနှီးစေခဲ့တဲ့ Fast & Furious ဇာတ်လမ်းတွဲတွေထဲက အကောင်းဆုံးလို့ ပြောလို့ရတဲ့ Fast Five နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီတစ်ခါ Review ကတော့ ထူးထူးခြားခြား ပရိတ်သတ်အားလုံးကို အမှတ်တရဖြစ်နေမှာပါ။ Fast & Furious ဇာတ်ကားတွေရဲ့ အဓိကမင်းသားအဖြစ် Vin Diesel နဲ့အတူ တွဲဖက်သရုပ်ဆောင် ခဲ့တဲ့ Paul Walker (Brian O'Conner) က နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၁၃ ခုနှစ်မှာ Santa Clarita, California မှာ ကား အက်ဆီးဒင့် ဖြစ်ပြီး သေဆုံးသွားပြီဖြစ်ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၄၀ ပဲရှိသေးပြီး သူငယ်ချင်းနဲ့ အတူ ဖီလစ်ပိုင်မုန်တိုင်း အတွက် Charity Event ကနေပြန်အလာမှာ ကားအက်ဆီးဒင့် ဖြစ်တာဖြစ်ပါတယ်။ ...
movie

Fast Five (2011) Fast and Furious 5

2011
2Fast 2 Furious (2003)Fast and Furious 2 5.9
2Fast 2 Furious (2003)Fast and Furious 2   F1 ကပြဿနာမျိုးစုံပြီးတဲ့နေက် ဘရိုင်ယန်တစ်ယောက် ရဲအလုပ်ကထွက်ပြီးအရပ်သားဘဝနဲ့ တရားမဝင်ကားပြိုင်ပွဲတွေမောင်းလိုက်ငွေဝင်မဲ့ အလုပ်ကိစ္စမျိုးစုံကို ငပွေးတစ်ကောင်လို လုပ်နေတယ်...အမှုငယ်ပေါင်းများစွာနဲ့ပေါ့...ဒီချိန်မှာပဲ မိုင်ယာမီမှာ သွင်းကုန်ထုတ်ကုန်နဲ့ပတ်သက်ပြီး လုပ်ငန်းရှင်ကြီးတစ်ယောက်က မူးယစ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီးသတင်းအရမ်းထွက်နေတယ်...သူ့ဆီမှာ မူးယစ်ဆေးများစွာသိုလှောင်ထားတယ်လို့သံသယရှိနေသလို ငွေမဲတွေကိုလည်းငွေဖြူအချီကြီးလုပ်ဖို့စီစဉ်နေတယ်လို့သတင်းရနေတယ်..ဒါကြောင့် ရဲတပ်ဖွဲ့ဟာ အမှုတွေပယ်ဖျက်ပေးမယ်ဆိုတဲ့မက်လုံးနဲ့ ဘရိုင်ယန်ကိုကမ်းလှမ်းပြီး မိုင်ယာမီက လူဆိုးကြီးကိုလိုက်ဖို့အသုံးချပါတော့တယ်.... File Size :(2.05GB), (0.99 GB)Quality : Blu-Ray1080P5.1CH 720pRunning Time : 1hr 46minFormat : Mp4Genre :Action, Crime, ThrillerSubtitle : Myanmar Subtitle (Hard Sub)Source : 1080p BluRay x264-SPARKSTranslated by Thura Zarni AungEncoded by Thanhtike Zaw
movie

2Fast 2 Furious (2003)Fast and Furious 2

2003
The Ride (2018) 6.6
The Ride (2018) The Ride (2018)==============IMDb Rating - 6.6/10 2018 ပေမယ့် 13 November 2020 (USA)  မှထွက်လာတဲ့ ဇာတ်ကားကောင်းလေးပါ။ဒီဇာတ်ကားလေးကတော့ BMX စက်ဘီးစီးဖို့ စိတ်ဝင်စားတဲ့သူတွေနဲ့ ရသခံစားချင်သူတွေ ကြည့်သင့်တဲ့ IMDb 6.6 ရရှိထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပါ။ ငယ်စဥ်ကတည်းက လူငယ်ထိန်းသိမ်းရေး‌ကျောင်းသို့ရောက်ခဲ့ရတဲ့ ဂျွန်မက်ကော့ဟာ ကျောင်းမှလူမည်းကလေးများနှိပ်စက်တာကို အလူးအလဲခံခဲ့ရရှာပါတယ်။ ဆယ်ကျော်သက်အရွယ်ကိုရောက်လာတဲ့အခါမှာ သူ့ကိုမွေးစားဖို့လာကြည့်ကြတဲ့မိဘတွေမှာယောက်ျားဖြစ်သူ အယ်လ်ဒရစ်ဂျ် (Ludacris) က လူမည်းတစ်ယောက်ဖြစ်နေလို့သူစိတ်ညစ်ခဲ့ရပါတယ်။ လူငယ်ထိန်းသိမ်းရေးကျောင်းမှစွန့်ခွာနိုင်မယ့် အခွင့်အရေးကိုလက်လွှတ်မခံနိုင်လို့သာ သူဟာလိုက်သွားဖြစ်ပေမယ့် စိတ်ထဲတော့သိပ်မကြည်လှပါဘူး။ဂျစ်ကန်ကန်နိုင်တဲ့ ဂျွန့်ကို အယ်လ်ဒရစ်ဂျ်တစ်ယောက် နည်းလမ်းမျိုးစုံနဲ့ ရင်းနှီးမှုရယူဖို့ကြိုးစားရာမှ သူစိတ်ဝင်စားနေတဲ့ BMX စက်ဘီးလေးဝယ်ပေးပြီး စက်ဘီးစီးသင်ပေးရာက မိသားစုတွင်းအဆင်ပြေသွားပါတယ်။ BMX ကို ဝါသနာအရ လေ့လာပြီး စီးကြည့်ရာကနေ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာဖို့အတွက် ကြိုးစားအားထုတ်မှုတွေနဲ့ သူ့ရဲ့စတန့်ကွတ်လှလှလေးတွေကို ခံစားကြည့်ရှုရမှာဖြစ်ပြီးတော့ မိသားစုဆိုတဲ့နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ရသကို အပြည့်အဝခံစားရပြီး Heart ...
movie

The Ride (2018)

2018
Crash 2004 7.1
Crash 2004 Crash ဆိုတဲ့ ဇာတ်​ကား​က​တော့ ​လော့စ်​အန်​ဂျလိစ်​မြို့​တော်​တွင်​း လူမျိုး​ရေးခွဲခြားမှု​တွေ လူ့အသိုင်​းအဝိုင်​းကြားတင်​းမာမှု​တွေကို ရိုက်​ကူးပုံ​ဖော်​ထားတဲ့ ဇာတ်​ကားပဲဖြစ်​ပါတယ်​လူဖြူ လူမည်​းခွဲခြားမှု​တွေကြားမှာ လူဖြူ​တွေကို မုန်​းတီးပြီး အနုကြမ်​းစီးတတ်​တဲ့ Anthnoy ဟာ သူ့အ​ဖော်​နဲ့အတူ လူဖြူ​ရှေ့​နေ Rick နဲ့ သူ့ဇနီး Jean တို့ရဲ့ကားကို လုခဲ့ပါတယ်​။ဒီဇာတ်​ကား​လေးထဲမှာို​သေနတ်​နဲ့ခြိမ်​း​ခြောက်​ခံခဲ့ရတဲ့အတွက်​ လူမည်​း​တွေကို ​ကြောက်​ရွံ့​သွားပြီး သူ့အိမ်​မှာအလုပ်​လာလုပ်​တဲ့ လူမည်​း​​တွေကို မယုံကြည်​နိုင်​​တော့တဲ့ Jeanကျည်​ဆံသံ​တွေ​ကြား အိမ်​ခဏခဏ​ပြောင်​းခဲ့တဲ့ ​သော့ပြင်​ဆရာ Daniel​သော့ပြင်​ဆရာနဲ့အ​ခြေအတင်​စကားများပြီး​နောက်​ လူမည်​း​သော့ပြင်​ဆရာ​ကြောင်​့ သူ့ဆိုင်​​ဖောက်​ထွင်​းခံရတယ်​ ယူဆထားသူ Farhandလူမည်​းတစ်​​ယောက်​ဖြစ်​တဲ့အတွက်​ ဇနီးဖြစ်​သူကို ရဲတစ်​ဦး လက်​သရမ်​းတာကို ကြည်​့​နေခဲ့ရတဲ့ လူမည်​းရုပ်​ရှင်​ဒါရိုက်​တာ Cameronဖခင်​ရဲ့​ရောဂါ​ကြောင်​့ ​ဆေးရုံမှတာဝန်​ရှိသူ လူမည်​းအမျိုးသမီးကို မ​ကျေမနပ်​ဖြစ်​​နေသူ ရဲအရာရှိ Ryanလူမျိုး​ရေးခွဲခြားမှု​ကြောင်​့ ဖြစ်​​ပေါ်လာတဲ့ လူသတ်​မှုတစ်​ခုကို စုံစမ်​း​နေသူ လူမည်​းစုံ​ထောက်​တစ်​​ယောက်​ဦး Graham watersစတဲ့ဇာတ်​​ကောင်​​တွေရဲ့ လှုပ်​ရှားမှု​တွေနဲ့ ​အ​မေရိကန်​လူ့အသိုင်​းအဝိုင်​းကြား ဖြစ်​ရပ်​​တွေကို ပုံ​ဖော်​ထားတာ​တွေ့ရမှာပါ။ပါဝင်​ထားတဲ့ သရုပ်​​ဆောင်​​တွေက​တော့ခရိုင်​​ရှေ့​နေ Rick အဖြစ်​ Brendan ...
movie

Crash 2004

Show Dogs (2018) 3.0
Show Dogs (2018) CM က တိရစ္ဆာန်ချစ်သူတွေအတွက် တိရစ္ဆာန်စကားပြောဇာတ်ကားတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။Show Dog(2018) ပါတဲ့။ခွေးချစ်တတ်သူများသဘောကျမယ့်ကားမျိုးပါ။အဓိကဇာတ်ကောင်ကတော့ Rottweiler အမျိုးအစား ဒေါသကြီးပြီး တစ်ကိုယ်တော် အလုပ်လုပ်တတ်တဲ့ ရဲခွေး Max ပါ။သူကအခိုးခံလိုက်ရတဲ့ Panda လေးတစ်ကောင်ရဲ့ အမှုကိုစုံစမ်းနေရင်း ဥပဒေဘက်တော်သား အဖွဲ့မတူတဲ့ FBI က အေးဂျင့် Frank ရဲ့စစ်ဆင်ရေးကိုဖျက်စီးလိုက်သလိုဖြစ်သွားပါတယ်။သူတို့နောက်ထပ်ရတဲ့သဲလွန်စက ခွေးပြပွဲတစ်ခုမှာဖြစ်လို့ ပြိုင်ပွဲဝင်အဖြစ်အသွင်ယူဖို့ နှစ်ယောက်သားပူးပေါင်းပြီး ပန်ဒါလေးကို ရှာဖွေရင်း Max နဲ့ Frank တို့ ဘယ်လို မိတ်ဆွေသစ်တွေရပြီး ဘယ်လိုအချစ်ကိုတွေရှိကြတယ်ဘယ်လို အမြင်တွေပြောင်းလဲသွားတယ်ဆိုတာကို ဟာသအလွဲလေးတွေနဲ့ပြထားပြီးပန်ဒါလေးကိုကယ်နိုင်သွားမလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။စကားမစပ်ပန်ဒါလေးကအသေချစ်ဖို့ကောင်းတယ်ဗျာ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)Quality : Blu-Ray 720p Running Time : 1hr 32min Format : Mp4 Genre : Adventure, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SAPHiRE Translated by d3mon Encoded by Thanhtike ...
movie

Show Dogs (2018)

2018
No Strings Attached (2011) 6.2
No Strings Attached (2011) No Strings Attached (2011)_____IMDb - 6.2/10 မင်းသမီး နာတလီပေါ့တ်မန်းနဲ့ မင်းသား Ashton Kutcher တို့ရဲ့ Comedy, Romance အမျိုးအစား နာမည်ကြီးဇာတ်ကားဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ လိင်မှုကိစ္စနဲ့ပတ်သတ်ပြီး အတွေးအမြင်ပြောင်းလဲနိုင်တဲ့ဇာတ်ကားပါ။ သာမန်အားဖြင့်တော့ အမျိုးသမီးနဲ့ လိင်မှုကိစ္စဟာ ပွင့်လင်းမှုအားနည်းတဲ့သဘောရှိပါတယ်။ (အရှေ့တိုင်းယဉ်ကျေးမှုမှာတော့ ပိုမိုအားနည်းပါတယ်။) ဒီဇာတ်ကားမှာတော့ လိင်မှုကိစ္စကို ဦးဆောင်သူက အမျိုးသမီးလဲဖြစ်ချင်ဖြစ်မယ်...အမျိုးသားလဲဖြစ်ချင်ဖြစ်မယ်... ဒါ လူသားတွေရဲ့ သဘာဝပါလို့ မက်စေ့ပေးထားပါတယ်။ လိင်မှုကိစ္စနဲ့ အိမ်ထောင်ပြုခြင်းကို ခွဲခြားပြထားပါတယ်။နာတလီပေါ့တ်မန်းနဲ့မင်းသားတို့က စိတ်ရဲ့စေရာအတိုင်း နေနေတဲ့ အတူနေသူငယ်ချင်း....(အတူနေချစ်သူမဟုတ်ပါ...) အဲ့လို Sex သက်သက်ဘဝထဲ Love ဝင်လာတဲ့အခါ........။နာတလီပေါ့တ်မန်းရဲ့သူငယ်ချင်းကောင်လေးက မင်းသားကိုပြောတဲ့စကားတစ်ခွန်းကလဲ အတော်လေးရိုက်ခတ်နိုင်ပါတယ်....သူပြောတဲ့ စကားက "မင်းကို သူမက လိင်ဆက်ဆံချင်ဆက်ဆံမယ်..ဒါပေမယ့်သူမက ငါနဲ့ပဲလက်ထပ်မှာပါ" တဲ့။ လက်ထပ်ခြင်းနဲ့ လိင်ဆက်ဆံခြင်းကို သီးခြားဆီ ခွဲခြားရှုမြင်ထားသလို အဲ့လိုရှုမြင်ထားတာကိုလဲ အနောက်တိုင်းလူနေမှုပုံစံမှာ လက်ခံထားတဲ့သဘောကိုပြသနေပါတယ်။သုံးသပ်ချက်တွေကိုနားပြီး ဇာတ်လမ်းအကြောင်းပဲပြောရရင်တော့......Sex နဲ့ Love မှာဘယ်ဟာတွေက အရေးကြီးပြီး ဘယ်ဟာတွေက ကိုယ့်အတွက်အရေးပါလဲဆိုတာ ပြသသွားတဲ့ အချစ်ဇာတ်ကားကောင်းလေးပါ။ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါ။  File size...(804 MB) Quality...Blu-ray Rip ...
movie

No Strings Attached (2011)

2011