Channel Myanmar

Maggie Cheung

Twin Dragons (1992) 6.5
Twin Dragons (1992)  ဂျက်ကီရဲ့အကောင်းဆုံးဇတ်ကားတွေထဲကတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ပရိတ်သတ်တွေရင်းနှီးပြီးသားဇတ်ကားလေးတစ်ကားပါပဲ ငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ကြတဲ့အမွှာညီအစ်ကိုနှစ်ယောက် တစ်ဦးကဂီတပညာရှင်ကြီး ကျန်တစ်ဦးကခပ်ဆိုးဆိုးဖိုက်တာလေးညီအစ်ကိုနှစ်ယောက် မတော်တဆပြန်ဆုံတွေ့မိကြပြီးတိုင်ပတ်ကြပုံအရူပ်တော် ပုံတွေကိုဟာသဆန်ဆန်မြင်တွေ့ကြရမှာပါဂျက်ကီရဲ့နှစ်ကိုယ်ခွဲအိုင်တင်အက်ရှင်အကြမ်းအရမ်းတွေကိုလည်းမြင်တွေ့ရမှာပါ ပြန်ကြည့်ချင်ပြီးသိမ်းထားချင်သူ တွေအတွက်ပြန်လည်တင်ဆက် ပေးလိုက်ပါတယ် File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by ….Garfield
movie

Twin Dragons (1992)

1992
Police Story (1985) 7.5
Police Story (1985)   ကယ်ဗင် တဖြစ်လည်း ဂျက်ကီချမ်း ဟာ အထူးရဲဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တစ်ယောက်ပါ။ တစ်နေ့မှာ သူတို့ဟာ မူးယစ်ဆေးကုန်သည်အကောင်ကြီးဖြစ်တဲ့ ချူထောင်ကို ဖမ်းဆီးဖို့ စစ်ဆင်ရေးစကြပါတယ်။ စစ်ဆင်ရေး အောင်မြင်ပြီး ကယ်ဗင်တစ်ယောက် ချူထောင်ကို ဖမ်းမိလိုက်နိုင်ပေမယ့် သူ့ကိုထောင်ချဖို့အထိ သက်သေမလုံလောက်တဲ့အတွက် ချူထောင်ရဲ့အတွင်းရေးမှူးဖြစ်တဲ့ မစ္စဖောင်ကို အမှုကကွင်းလုံးကျွတ်လွှတ်ပေးမည် ဖြစ်ပြီး တရားခွင်မှာ မျက်မြင်သက်သေအဖြစ် ချူထောင်ရဲ့ဒုစရိုက်မှုတွေကို ဝန်ခံထုတ်ပြောစေဖို့ ရဲဌာနဘက်က ကမ်းလှမ်းခဲ့ပါတယ်။ကမ်းလှမ်းချက်ကိုလက်ခံလိုက်တဲ့ မျက်မြင်သက်သေမစ္စဖောင်ကို ကာကွယ်ဖို့အတွက် ကယ်ဗင်ကို တာဝန်ပေးလိုက်ပါတော့တယ်။ ချူထောင်ဟာ တရားခွင်မှာ မစ္စဖောင်တစ်ယောက် ဝန်ခံထုတ်ပြောမှာစိုးတဲ့အတွက် မစ္စဖောင်ကိုရော ကယ်ဗင်ကိုပါ နှုတ်ပိတ်ပစ်ဖို့အတွက် သူ့လူတွေကို စေခိုင်းလိုက်ပါတော့တယ်။ ချူထောင်ဟာ ရဲဌာနအတွင်းမှာပါ သူလျှိုတွေထည့်ထားတဲ့အတွက် ကယ်ဗင့်ခမျာ သူ့အားသူကိုးပြီး မစ္စဖောင်ကို ဘယ်လိုကာကွယ်မလဲ၊ ချူထောင်ကို ထောင်ထဲထည့်နိုင်ဖို့အရေးကို ဘယ်လိုကြိုးပမ်းမလဲဆိုတာကို ထုံးစံအတိုင်း တမိုးအောက်ဂျက်ကီချန်း ဖြစ်တဲ့အတွက် တိုက်ရည်ခိုက်ရည် အက်ရှင်ခန်းကောင်းကောင်းနဲ့ ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ File ...
movie

Police Story (1985)

1985
Center Stage (1991) 7.5
Center Stage (1991) Center Stage( 1991 ) ------------------------တရုတ်အကယ်ဒီမီကစာရင်းလုပ်ခဲ့တဲ့ တရုတ်ပြည်သုံးခြမ်းလုံးမှာ ထွက်ခဲ့တဲ့သမျှ အကောင်းဆုံးကားတစ်ရာထဲ နံပါတ်၄၄နေရာယူထားတဲ့ ရုပ်ရှင်ပါ။ ဒါရိုက်တာကတော့ Rouge (1987)ကားကို ရိုက်ခဲ့တဲ့ Stanley Kwanပါပဲ။ Center Stage ဟာ ၁၉၃၀ပြည့်နှစ်တွေတုန်းက နာမည်ကျော်ခဲ့တဲ့ မင်းသမီးရွမ်လင်းယုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး။ ဒိုကူမန်ထရီလိုလိုတစ်ခြမ်း ဇာတ်အိမ်ဆင်ရိုက်ပြတာတစ်ခြမ်း နှစ်ခြမ်းကို တစ်လှည့်စီပြနေတဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ ပါဝင်နေသမျှ ဒါရိုက်တာအဆုံး မင်းသားမင်းသမီးတွေအကုန်လုံးဟာ ၁၉၆၀နဲ့ အနီးတစ်ဝိုက်မှာ မွေးခဲ့တဲ့သူတွေဖြစ်ပြီး သူတို့မမွေးခင် နှစ်၃၀လောက်က နာမည်ကျော်ခဲ့တဲ့ မင်းသမီးအကြောင်းကို ၁၉၉၀လောက်မှာ ခြေရာပြန်ကောက်ကြ ဆွေးနွေးကြတာကိုလည်း တစ်လှည့်ရိုက်ပြထားပါတယ်။ဒီရုပ်ရှင်ထဲ သူတို့ရိုက်ပြထားတဲ့ မင်းသမီးက ၁၉၃၀ဝန်းကျင် အသံတိတ်ခေတ်လောက်က မင်းသမီး ရွမ်လင်းယုပါ။ သူဟာ အသက်၂၄နှစ်မှာတင် အောင်မြင်နေတုန်းမှာတင် သက်သေခဲ့ပေမဲ့ တရုတ်ရုပ်ရှင်လောကရဲ့ အမှတ်သညာတစ်ခု ဖြစ်လာခဲ့တဲ့သူပါ။ သူဟာ ၁၉၂၇မှာ မင်းသမီးစလုပ်ခဲ့ပြီး ၁၉၃၅မှာ ...
movie

Center Stage (1991)

Last Romance (1988) 6.4
Last Romance (1988) Last Romance ( 1988 )ဟောင်ကောင်ဖန်တိုင်း ချစ်ကြတဲ့ မမမက်ဂီချောင်နဲ့ Cherie Chungတို့ အဓိကဇာတ်ကောင်၂ကောင်အဖြစ် တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသမီးအသားပေး ရုပ်ရှင်ပါပဲ။ ခုနေတော့ မက်ဂီချောင်က နာမည်ပိုကြီးပေမဲ့ ဒီကားထွက်တုန်းကတော့ သူ့မှာ လောက်လောက်လားလား ဘာကားမှမရှိသေးသလို Cherie Chungကလည်း အဲဒီအရင်နှစ်တင် An Autumn's Taleနဲ့ နာမည်ရနေတဲ့ကာလဆိုတော့ သူ့ဇာတ်ကောင်ကိုတော့ နည်းနည်းပိုအသားပေးထားပါတယ်။ဇာတ်လမ်းကတော့ အသက်၁၇မှာ စသိပြီး အခင်ဆုံးတွေဖြစ်ခဲ့ကြတဲ့ သူငယ်ချင်း၂ယောက် ဆယ်ကျော်သက်ဘဝကနေ သက်လတ်ပိုင်းအထိ ရောက်ရှိလာပုံလို့ ပြောရပါမယ်။ ဟောင်ကောင်လူနေမှုစနစ်ထဲက သူတို့ ဒုက္ခတွေကိုရောပေါ့။ သူတို့၂ယောက်ဟာ ကောင်လေးတစ်ယောက်တည်းကို အတူလိုက်တဲ့အထိခင်ခဲ့ကြတယ်။ Cherie Chungရဲ့ဇာတ်ကောင်ဟာ အဲဒီနောက်သိပ်မကြာခင်မှာပဲ သူ့အဖေကို ဆုံးသွားပြီး တစ်ကောင်ကြွက်ဖြစ်သွားရာက နိုက်ကလပ်မှာ အပျော်မယ်လုပ်ရတဲ့ဘဝကိုရောက်သွားခဲ့တယ်။ မက်ဂီကတော့ သူ့သူငယ်ချင်းကို ချစ်မြဲပါပဲ။ ဒီလိုနဲ့ သူတို့အသက်တွေကြီးလာ ကိုယ်စီဘဝတွေမှာ အောင်မြင်လာရင်း တစ်နေ့ သူတို့အတူကြိုက်ခဲ့တဲ့ ...
movie

Last Romance (1988)

Comrades, Almost a Love Story (1996) 8.1
Comrades, Almost a Love Story (1996) Comrades, Almost A Love Story (1996) ~ IMDb - 8.1/10, Rotten Tomatoes - 89% ~Directed By Bunny Chanအချစ်ဇာတ်လမ်းတွေဟာ သိပ်ခမ်းနားပါတယ်။ အထူးသဖြင့် ဘာမှခမ်းနားမနေတဲ့ အချစ်ဇာတ်လမ်းတွပေါ့။ Comrades ဟာ ဘာမှ မထူးဆန်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို အလှပဆုံးသီချင်းတွေ၊ အလှပဆုံးစီနီမာတိုဂရပ်ဖီတွေ သုံးပြီး အလိုက်ဖက်ဆုံး ဇာတ်ကောင်တွေနဲ့ ပုံဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။၉၀ပြည့်နှစ် အလယ်ပိုင်းတွေမှာ ပြည်မကလူတွေဟာ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ စီးပွားရေးအခွင့်အလမ်းကောင်းတဲ့ ဟောင်ကောင်ကို အိပ်မက်တွေအလီလီနဲ့ ပြောင်းလာခဲ့ကြတယ်။ အဲဒီပြောင်းလာခဲ့တဲ့ထဲ နှစ်ယောက်က လီယွန်လိုင်နဲ့ မက်ဂီချောင်တို့ရဲ့ ဇာတ်ကောင်၂ကောင်လည်းပါတယ်။ လီယွန်လိုင်ရဲ့ ဇာတ်ကောင်ကတော့ သူ့ရည်းစားကို ဟောင်ကောင်ခေါ်ပြီး လက်ထပ်ဖို့ လုံလောက်အောင် ငွေရှာချင်ရုံပါပဲ။ မက်ဂီချောင်ရဲ့ ဇာတ်ကောင်ကတော့ အိပ်မက်တွေ ဟိုးအမြင့်ကြီးနဲ့။ သူတို့ဇာတ်ကောင်၂ကောင်ဟာ အဲဒီခေတ်က ပြည်မကနေ ...
movie

Comrades, Almost a Love Story (1996)

1996
As Tears Go By (1988) 7.0
As Tears Go By (1988) [Unicode]As Tears Go By(1988) =============== IMDb Rating - 7 out of 10 Directed by Wong Kar Waiပလေတိုကြီးပြောပြီး အနုပညာသမား အတော်များများလက်မခံနိုင်ကြတဲ့ စကားတစ်ခုကြားဖူးတယ် မို့လား။ Art Is Immitation. အနုပညာဆိုတာ ပုံတူကူးခြင်းတဲ့။ ကျွန်တော်တော့ လက်ခံတယ်။ အနည်းဆုံးတော့ ကိုယ့်ခံစားချက်ကိုကိုယ် ပုံတူကူးမှပဲ အနုပညာကထွက်လာမှာ မဟုတ်လား။ဝေါင်ကာဝေးရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ ဒီရုပ်ရှင်ထဲက ဂိုဏ်းစတားဇာတ်ကောင်ဟာ မာတင် စကောဆေးစိရဲ့ Mean Streets ထဲက ဒီနီးရိုးရဲ့ဇာတ်ကောင်ကို အခြေခံထားတယ်လို့ ဆိုတယ်။ နောက်တစ်ခုသူ့ကိုလွှမ်းမိုးမှုရှိတာကတော့ နိုက်ကလပ်မန်နေဂျာသူ့အဖေတဲ့။ ဒီလောက်ဆို ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကို မှန်းလို့ရပြီမို့လား။ ညတွေ ၊ ဂိုဏ်းစတားတွေ၊ သေနတ်တွေနဲ့ ဒီရုပ်ရှင်ကို ကျွန်တော်သာဆို Crime,Dramaလို့သတ်မှတ်ချင်ပေမဲ့ ဘာကြောင့်လဲတော့မသိ ဝေါင်ရဲ့ကားအများစုလိုပဲ ROMANCE,Dramaဆိုပြီးပဲ သတ်မှတ်ထားတယ်။ ဝေါင်ကာဝေးရဲ့ ပွဲဦးထွက်ကားပေမဲ့ ဒီရုပ်ရှင်ထွက်ပြီးတဲ့ နှစ်ပေါင်းသုံးဆယ်နောက်ပိုင်းမှာ‌တောင် ဒီရုပ်ရှင်အကြောင်းကို ဝေဖန်သမားတွေ တစ်ခုတ်တရပြောရတဲ့အထိကို အောင်မြင်ခဲ့တယ်။ သူ့ဇာတ်ကောင်ဟာ မာတင်စကောဆေးစိရဲ့ ဇာတ်ကောင်ကို အခြေခံထားပေမဲ့ မာတင်စကောဆေးစိရဲ့ Gang ...
movie

As Tears Go By (1988)

In the Mood for Love (2000) 8.1
In the Mood for Love (2000) In the Mood for Love (2000) IMDb - 8.1/10_____Rotten - 90%     Romance/Drama Genre မှာ တကယ်တမ်း ရင်ထဲစွဲစွဲလမ်းလမ်းဖြစ်ပြီးအမြဲတမ်း သတိတရဖြစ်နေစေတဲ့ရုပ်ရှင်က တော်တော်လေးရှားတယ်လို့ ပြောလို့ရပါတယ်။ဇာတ်သိမ်းမှာ ချစ်တာနဲ့ ကွဲတာနှစ်မျိုးပဲ နှစ်ပင်လိမ်ပြီး ဇာတ်အိမ်တွေ အက်ကြောင်းထပ်နေတဲ့ခေတ်ကာလမှာ Lost in Translation, Eternal Sunshine of the Spotless Mind, In the Mood for Loveလို ဇာတ်ကားမျိုးတွေဟာ သာမန်အချစ်ဇာတ်လမ်းတစ်ခုဆိုတာထက် အများကြီးပိုမိုပြသသွားနိုင်ခဲ့ပါတယ်။ဒီနေ့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကတော့ ဟောင်ကောင်ဒါရိုက်တာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့တင်စားခေါ်ဝေါ်ကြတဲ့ In the Mood for Love ဆိုတဲ့ဇာတ်ကားပါ။ဝမ်ကာဝေဟာ အရှေ့တိုင်းရုပ်ရှင်လောကရဲ့ဆရာတစ်ဆူဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေဟာ မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့ပါတယ်၊အဲ့ဒီဇာတ်ကားတွေထဲမှာIn the Mood for Love ကတော့ သူရိုက်ကူးခဲ့တဲ့ တခြားရုပ်ရှင်ဇာတ်ကားတွေနဲ့ မတူပဲ ...
movie

In the Mood for Love (2000)

2000
Days of Being Wild (1990) 7.6
Days of Being Wild (1990) [Unicode]IMdb Rating. = 7.6/10"အရိုင်းဆန် နေ့ရက်များ"၁၉၆၀ ဧပြီလ၁၆ရက်နေ့ သုံးနာရီထိုးဖို့ တစ်မိနစ်အလို ဇာတ်ကောင်ဟာ မိန်းကလေးနဲ့အနီးဆုံးရပ်နေပြီး နာရီရဲ့စက္ကန့်လက်တံ သုံးနာရီအတိထိ တစ်ချက်ချင်းသွားတာကို သူတို့အတူကြည့်နေကြတယ်။ ဒီတစ်ခေါက် စက္ကန့်လက်တံ ရှေ့တွန်းလိုက်တာဟာ မိနစ်လက်တံတစ်ချောင်းတည်းတော့မဟုတ်ဘူး။ ကြားဖူးတယ်မလား တစ်ခါတလေကျ တစ်မိနစ်ဆိုတာ တစ်ဘဝလုံးလောက်လည်း ရှည်ကြာနိုင်တယ်။ဇာတ်ကောင်ဟာ မိန်းကလေးကိုပြောလိုက်တယ်။ " မင်းကြောင့်ငါ ဒီတစ်မိနစ်ကို အမြဲအမှတ်ရနေတော့မှာ"တဲ့။ တစ်မိနစ်တာစတင်မှုဟာ အခုတော့ မိန်းကလေးအတွက် သူနဲ့တစ်နေ့တစ်နာရီ နှီးနှောမှုအသွင်ပြောင်းလဲသွားခဲ့ပြီ။ တစ်လွှာချင်းပြန်ဝတ်ရတဲ့ အဝတ်အစားတွေအတွက် မိန်းကလေးမှာ မေးစရာစကားလုံးနှစ်လုံးရှိတယ်။ လက်....ထပ်....။ ဇာတ်ကောင်ဟာ ရဲတင်းတယ်။ ထီမထင်ဘူး။ ဇာတ်ကောင်ဟာ လက်ထပ်ယူတတ်တဲ့စရိုက်မျိုးမရှိဘူး။ ဒီတော့ မိန်းကလေးဟာဒီကိုပြန်လာစရာအကြောင်းမရှိဘူး။ ဇာတ်ကောင်ဟာ အပူအပန်မရှိဘူး။ လွမ်းဆွေးမှုမရှိဘူး။ သွေးအေးတယ်။ "ရှင် ကျွန်မကို တကယ်ချစ်ခဲ့ဖူးလား"တဲ့ မိန်းကလေးက ဇာတ်ကောင်ကိုမေးတယ်။ ဇာတ်ကောင်ဟာအေးစက်တယ်။ခံစားချက်မဲ့တယ်။ " ငါ့ဘဝမှာ နောက်ထပ်မိန်းမ ဘယ်နှယောက်ကို ချစ်မိဦးမလဲ ငါမသိနိုင်ဘူး ငါ့ဘဝနောက်ဆုံးအချိန်မရောက်သေးခင်အထိ ငါ့အချစ်ဆုံးက ဘယ်တစ်ယောက်လဲ ငါသိဦးမှာမဟုတ်ဘူး"တဲ့ ဖြေတယ်။ ဒီလိုနဲ့ သူတို့ကျောခိုင်းသွားကြပြီ။စစလာကတည်းကိုက ဘဝဟာဝေဒနာပဲမဟုတ်လား။ ဇာတ်ကောင်ဟာဒဏ်ရာများတယ်။ ဇာတ်ကောင်ဟာ ငှက်ကလေးတစ်ကောင်ဖြစ်တယ်။ ဇာတ်ကောင်မှာ အသိုက်မရှိဘူး။ ဒါဆို ဘယ်လိုငှက်မျိုးလဲ။ ဇာတ်ကောင်ပြောတာကတော့..... "ခြေထောက်မရှိတဲ့ ငှက်တစ်မျိုးရှိတဲ့အကြောင်း ကျုပ်ကြားဖူးတယ်။ သူလုပ်နိုင်တာဆိုလို့ ပျံပြီးရင်းပျံဖို့ပဲရှိတယ်။သူမောပန်းလာတဲ့အခါကျ လေထဲမှာ အိပ်တယ်။အဲ့ဒီငှက်က ...
movie

Days of Being Wild (1990)

1990
Ashes of Time (1994) 7.2
Ashes of Time (1994) Ashes of Time (1994)===============IMDb Rating - 7.2/10#Unicodeခမ်းနားကြီးကျယ်မှုတွေဟာလည်း အချိန်ကာလရဲ့ တိုက်စားမှုတွေထဲ လွင့်ပျောက်ပျက်ပြယ်ကြရတာပါပဲ။အချိန်စီးကြောင်းတွေကြား လွင့်မျောပျက်ပြယ်နေကြတဲ့ ပြာမှုန်တွေထဲ အခမ်းနားဆုံးလူသားတွေလည်းမလွတ်ကင်းခဲ့ပါဘူး။ ဒီရုပ်ရှင်မှာ တရုတ်ပြည်ရဲ့ နာမည်ကျော် Art House Directors ဝေါင်ကာဝေးဟာလွင့်ပြယ်ခဲ့ပြီးသား နာမည်ကျော်တွေရဲ့ အတိတ်ဆီ ကျွန်တော်တို့ကို ပြန်ခေါ်သွားမှာပါ။ ကျင်းယုံရဲ့ သူရဲကောင်းတို့ရဲ့ဒဏ္ဍာရီ ဝါမက်မွန်မြေကချစ်တေးတစ်ပုဒ်လို့ လူသိများတဲ့ The Legend of the Condor Heroesကဇာတ်ကောင်တွေကို ကျောရိုးယူထားတဲ့အတွက် မကြည့်ရသေးခင်ကတည်းက ရင်းနှီးနေမှာပါပဲ။ ဒီရုပ်ရှင်ဟာTimelineအရတော့ တိမ်လွှာနဂါးသူရဲကောင်းများနဲ့ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီတို့ကြား မရှေးမနှောင်းကာလလောက်မှာပါ။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီမှာ ပြောပဲပြောပြီးမပြခဲ့တဲ့ လက်ကိုးချောင်းသူ‌ဖုန်းစားဂိုဏ်းချုပ်ဟုန်ချီကုန်းရဲ့  လက်တစ်ချောင်းပြတ်ခဲ့ရတဲ့အကြောင်း၊ဓားမကိုင်ရတဲ့ အကြောင်း၊အိုးရန်ဖုန်နဲ့ သူ့မရီးကြားကဖြစ်ရပ်၊ ဟွမ် မက်မွန်ကျွန်းသခင်ဟွမ် မက်မွန်ကျွန်းသခင် ဖြစ်လာရတဲ့အကြောင်းအရင်းတို့ကို။ရိုက်ပြသွားပါတယ်။အရှေ့ပိုင်းထိပ်သီး မက်မွန်ကျွန်းသခင်ဟွမ် အနောက်ပိုင်းထိပ်သီး အဆိပ်ဘုရင် အိုးရန်ုဖုန်း မြောက်ပိုင်းထိပ်သီးသူတောင်းစားဂိုဏ်ချုပ် ဟုန်ချီကုန်း တို့ရဲ့ ...
movie

Ashes of Time (1994)

1994
The Mad Monk (1993) 6.2
The Mad Monk (1993) The Mad Monk (1993)IMDB(6.2)+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.org/category/stephen-chow/   မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ရယ်စရာအတိတ်တွေခပ်များများ။ဘဝဆိုတာ ဘာမှလဲမဟုတ်လှ။ဒီလိုဘာမှမဟုတ်တဲ့ ဘဝကြီးကို ဟာသတွေနဲ့ ...
movie

The Mad Monk (1993)

1993
Hero (2002) 7.9
Hero (2002) Hero (2002) IMDb - 7.9/10_____Rotten - 95%  Hero (2002) ………………… Hero (သူရဲကောင်း) ဆိုတာ ဘယ်လိုလူမျိုးတွေကို ရည်ညွှန်းပါသလဲ? တဦးတယောက်ကနေ ပြိုင်ဘက်အများကြီးကို အလဲထိုးအနိုင်ယူသူတွေကို ခေါ်ပါသလား? ကိုယ်ကျိုးကို မငဲ့ဘဲ အများအတွက် စွန့်လွှတ်စွန့်စားသူများကို ဆိုလိုပါသလား? Hero (2002 film) ကို ကြည့်ပြီးရင်တော့ အဖြေတခုခု ထွက်လာနိုင်ပါတယ်။ Hero ရုပ်ရှင်ကို စပြီးကြည့်ဖူးစက ယုတ္တိမတန်တဲ့ သာမန်တရုတ်သိုင်းကားတကားလို့ပဲ ထင်ခဲ့မိပါတယ်။ နောက်ကြောင်းက ခဏခဏပြန်ပြ၊ ဒီကြားထဲစိတ်ကူးထဲမှာပါ သိုင်းကွက်တွေထုတ်နဲ့ … အလေးအနက်မကြည့်မိခဲ့ပါဘူး။ နောက်ပိုင်းမှာ အော်စကာ ဆန်ကာတင်စာရင်းမှာ နိုင်ငံခြားဇာတ်ကားအနေနဲ့ ပါလာတော့မှ စိတ်ဝင်စားသွားလို့ သေချာပြန်ကြည့်ဖြစ်ပါတယ်။ စွမ်းအားလွန်သိုင်းကွက်တွေကို ဖယ်ပြီးကြည့်မယ်ဆိုရင် အနှစ်သာရရှိတဲ့ ဇာတ်ကားလို့မြင်မိပါတယ်။ဒီဇာတ်လမ်းမှာ ချင်မင်းဆက်ကို တည်ထောင်တဲ့ Qin Shi Huang ရဲ့ ဆင့်ခေါ်မှုနဲ့ အမည်မရှိဓားသမား (သုည)ဟာ နန်းတွင်းကို ဝင်ရောက်ခစားခဲ့ပါတယ်။ နန်းတွင်းကို ဝင်ရောက်ပြီး ဘုရင်ကြီးနဲ့ စကားပြောခွင့်ရဖို့အတွက် သုညဟာ ဘုရင်ကြီးရဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက်နေတဲ့ လူစွမ်းကောင်းသုံးယောက် (Long Sky, Flying Snow, Broken Sword) ကို နှိမ်နှင်းခဲ့ရတယ်လို့ ဆိုပါတယ်။ *Spoiler ...
movie

Hero (2002)

2002
[18+] Green Snake ( 1993 ) 7.2
[18+] Green Snake ( 1993 ) 18+ အနည်းငယ်ပါလို့ 18+ လို့ ခေါင်းစဉ်တပ်လိုက်ပါတယ် ဇာတ်ကားကောင်းလေးပါImdb 7.1 ရရှိထားပြီး 1993 ခုနှစ်က ထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်မင်းသမီးကတော့ Chinese Ghost Story ထဲက နာမည်ကြီးမင်းသမီးလေးလည်းပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်ညွန်း_ရှေးခေတ်အလယ်လောက်ကလူနဲ့မိစ္ဆာခွဲခြားဖို့ခက်နေတဲ့အချိန်ကာလ.ဖာဟိုင်းဘုန်းကြီးတစ်ပါးဟာမိစ္ဆာတွေကိုနှိမ်နှင်းဖို့အနယ်နယ်အရပ်ရပ်ကိုခြေဆန့်နေခဲ့တယ်.ရှုပ်ထွေးမှုတွေကြားထဲကအနောက်အရပ်မှာတရားကျင့်ကြံနေတဲ့မြွေနှစ်ကောင်(တစ်ကောင်ကအဖြူရောင်နောက်တစ်ကောင်ကအစိမ်းရောင်)တို့ဟာကယ်တင်ခွင့်ကိုရခဲ့တယ်မြွေနှစ်ကောင်ကညီအမတွေဖြစ်ကြတယ်ညီမနှစ်ယောက်ဟာတရားကျင့်ကြံပြီးလူတွေကြားထဲလူအဖြစ်နဲ့နေထိုင်ခဲ့တယ်ဒီလိုနဲ့မြွေဖြူမလေးကရိုးသားဖြောင့်မတ်တဲ့ကျောင်းဆရာဟူရှင်းနဲ့လက်ထပ်လိုက်တယ်ဖြစ်ချင်တော့အစိမ်းရောင်မြွေမလေးကဟူရှင်းကိုနှစ်သက်သဘောကျနေခဲ့တယ် အဲ့နောက်မှာတော့ဘုန်းတော်ကြီးနဲ့ ဟူရှင်းနဲ့ မြွေမလေး ၂ကောင်နဲ့ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ကိုယ်တိုင်သာဆက်လက်ခံစားကြည့်ရှုပါတော့ဒီဇာတ်ကားလေးကအချစ်အလွမ်းအဆွေးတိုက်ခိုက်မှုတွေနဲ့ရသစုံပေးနိုင်တဲ့မှော်ဆန်ဇာတ်ကားလေးမို့လက်မလွတ်ပဲဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေနော် Translated & Review By XiaoEncoded By LK
movie

[18+] Green Snake ( 1993 )

1993
Happy Ghost 3 (1986) 6.1
Happy Ghost 3 (1986) Happy Ghost ဆိုတဲ့ဇာတ်ကားရဲ့ နံပါတ် 3 ပါ..တစ်ကားနဲ့တစ်ကားမင်းသားတူညီပေမယ့် အကြောင်းအရာတွေ ဘာဆိုဘာမှမတူ.. အဆက်အနေနဲ့ရိုက်တာလည်းမဟုတ်လို့နံပါတ် 3ကနေစကြည့်လည်း ကြောင်တောင်တောင်ဖြစ်နေမှာမဟုတ်ပါဘူးပထမဆုံးကနေစပြီး ဇာတ်လမ်းအကျဉ်းနည်းနည်းပြောရမယ်ဆိုရင်ဇာတ်လမ်းအကျဉ်းနည်းနည်းပြောရမယ်ဆိုရင် ချင်မင်းဆက်ခေတ်တုန်းက လူတစ်ယောက်က ပညာရှိစာမေးပွဲကို အကြိမ်ကြိမ်ဖြေဆိုခဲ့ပေမယ့် အောင်မြင်ခြင်းမရှိပဲ..နောက်ဆုံးမှာ သူ့မိန်းမကိုယ်တိုင်က ထားရစ်ခဲ့လည်း စိတ်ကျရောဂါဖြစ်ပြီးတဲ့နောက်ဘုရားကျောင်းပျက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေခဲ့ပါတယ် လူပြန်ဝင်စားခွင့်မရပဲနဲ့ ကြိုးပေါ်မှာပဲ တွယ်ကပ်နေခဲ့ပါတယ်တစ်နေ့မှာ မြို့က ကျောင်းသားအဖွဲ့တစ်ဖွဲ့ လာရောက်အပန်းဖြေရာကနေ ကြိုးကိုသယ်ဆောင်သွားပြီး Happy Ghost က မြို့ကိုရောက်ရှိသွားပါတယ်ကျောင်းသားအဖွဲ့ကကောင်မလေးတွေနဲ့ သိရှိပြီး ဘ၀ရဲ့ အဓိပ္ပါယ်တွေကို သေချာစွာ နားလည်သင်ယူနိုင်ခဲ့လို့ လူပြန်ဝင်စားခွင့်ရရှိခဲ့ပါတယ် ဒါက အပိုင်း ၁ ပါ.. အပိုင်း ၂ ကနေ ၄ အထိက လူပြန်ဝင်စားပေမယ့်Happy Ghost က ပြန်ဝင်စားတဲ့လူရဲ့ ကိုယ်စောင့်နတ်အဖြစ်နဲ့ဆက်ပြီးရှိနေတဲ့အကြောင်းတွေပါ အခုဒီ နံပါတ် ၃ ခုမြောက် ဇာတ်ကားမှာတော့ အဆိုတော်မလေးတစ်ယောက် မအောင်မြင်လို့ ကိုယ့်ကိုယ်ကိုယ်သတ်သေပြီး လူပြန်ဝင်ခွင့်ရတဲ့အခါ Happy Ghost စောင့်ရှောက်နေတဲ့ လူရဲ့ အလွဲအချော်တွေကြောင့် လူဝင်စားခွင့်နောက်ကျလို့ မကျေမနပ်နဲ့လိုက်နှောက်ယှက်နေတဲ့အကြောင်းကို ဟာသလေးတွေနှောပြီးရိုက်ကူးတင်ဆက်ထားပါတယ် စိတ်လက်ပေါ့ပါးစွာနဲ့ ကြည့်ရှုခံစားလိုက်ပါဦး1986 ခုနှစ်က ထွက်ထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက်ကြောင့်အကြည်လင်ဆုံးကွာလတီကိုကြိုးစားရှာပြီး တင်ဆက်ပေးလိုက်ပါတယ်
movie

Happy Ghost 3 (1986)

1986
Seong lung wui (1992) 6.4
Seong lung wui (1992)  1992 ခုနှစ်ကထွက်ရှိခဲ့တဲ့ မင်းသားကြီး ဂျက်ကီချန်းရဲ့ ၂ကိုယ်ခွဲကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးကတော့ ဟာသ အက်ရှင်ကားလေးဖြစ်ပြီးတော့ဒီကားထဲမှာတော့ ဂျက်ကီချန်းက အမွှာအဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးကိုတော့ ဂျက်ကီချန်းပရိတ်သတ်တော်တော်များများက ရင်းနှီးနေမှာဖြစ်ပြီးတော့ပြန်လည်ခံစားချင်တဲ့သူတွေ ပြန်လည်ခံစားဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားအကျဉ်းလေးကတော့ နာမည်ကြီး ပီယာနိုပညာရှင်ကြီး မစ္စတာဂျက်မားရဲ့မိန်းမဟာ ဆေးရုံတစ်ခုမှာ မီးဖွားနေပါတယ် ဒီအချိန်မှာပဲ ဗုံးခွဲသမားလူဆိုးတစ်ယောက်ကဆေးရုံကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီး မစ္စမား ရဲ့ အမွှာသားလေး ၂ယောက်ထဲက တစ်ယောက်ကိုပြန်ပေးဆွဲသွားခဲ့ပါတယ် ဒီလိုနဲ့ ပြန်ပေးသမားက ပြေးရင်းလွှားရင်းနဲ့  ကလေးကို ဘယ်လို ပစ်ထားခဲ့လဲညီအစ်ကို ၂ယောက်ကွဲသွားပြီး ပြန်လည်ဆုံတွေ့တဲ့ အခါမှာကော ဘယ်လိုတွေဖြစ်ကြမလဲဆိုတာကိုတော့ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ Qty - 720p BlurayDuration - 1hr 44minGern - Action / ComedyTranslator - Real YNWAEncoder - Kyaw Ye Aung
movie

Seong lung wui (1992)

1992