Channel Myanmar

Maika Monroe

Greta (2018) 6.1
Greta (2018) အထီးကျန်​ခြင်းဆိုတာ ခံစားချက်​​တွေထဲမှာ အဆိုးဆုံး​တွေထဲက တစ်​ခုပါ။ အ​ကြောင်းမျိုးမျိုး​ကြောင့်​ အထီးကျန်​တတ်​ကြပြီး အထူးသဖြင့်​ အသက်​အရွယ်​ကြီးမြင့်​တဲ့အခါ​တွေ အဖြစ်​များလာတတ်​ပါတယ်​။ တစ်​ချို့ကလည်း လွတ်​​မြောက်​ရာနည်းလမ်းကို ရှာ​ဖွေ​တွေ့ရှိကြသလို ကံဆိုးတဲ့တစ်​ချို့ကလည်း အထီးကျန်​မှု​ကြောင့်​ မဖြစ်​သင့်​တာ​တွေ ဖြစ်​လာခဲ့ရပါတယ်​။ ဒီဇာတ်​​ကား​လေးရဲ့ အညွှန်းက​တော့ ယောက်ျားလည်းဆုံး သမီးလည်းသေဆုံးခဲ့လို့ အထီးကျန်နေတဲ့ အမျိုးသမီးကြီးတစ်ဦး... နယ်ကလာပြီး မြို့​​ပေါ်​မှာ သူငယ်ချင်း တစ်ယောက်နဲ့ အတူနေပြီး အလုပ်လာလုပ်နေတဲ့ မိတဆိုး ကောင်မ​လေးတစ်ယောက်... ရထားပေါ်က ပိုင်ရှင်မဲ့ အစိမ်းရောင် လက်ကိုင်အိတ်တစ်လုံး.... ဒီအရာတွေ အားလုံးပေါင်းစပ်​လိုက်တော့ ထိတ်လန့်သည်းဖို ဆိုက်ကိုဇာတ်လမ်းကောင်း​လေးတစ်​ပုဒ်​ ဖြစ်​လာခဲ့ပါတယ်​။ ကြည့်​ရှုအား​ပေးကြပါဦး   File Size : (914 MB) & ( 255 MB) Quality : WEB-DL 720p Running Time :  1 hr 38 min Format : Mp4 Genre : Drama , Mystery ...
6.1
IMDB: 6.1/10 8,027 votes
movie

Greta (2018)

2018
Independence Day: Resurgence(2016) 5.2
Independence Day: Resurgence(2016) Independence Day: Resurgence(2016)   ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ . ၁၉၉၆ ခုနှစ်မှာ လူသားတွေဟာဂြိုလ်သားတွေကို အနိုင်ယူနိုင်ခဲ့ပြီးနောက်ပိုင်း အာကာသထဲမှာ ကမ္ဘာကိုနောက်ထပ်အန္တရာယ်မပေးနိုင်အောင် စောင့်ရှောက်မှုတွေပြုလုပ်ထားကြပါတယ်။ လကမ္ဘာပေါ်ကနေ ဂြိုလ်သားတွေရဲ့ အန္တရာယ်ကိုကာကွယ်ဖို့စောင့်စားနေတဲ့ အဖွဲ့ထံသို့ အာကာသယာဉ်တစ်စီးရောက်လာခဲ့တယ်။ ထိုယာဉ်ဟာ ၁၉၉၆တုန်းကစစ်ဖြစ်ခဲ့တဲ့ဂြိုလ်သားတွေရဲ့ယာဉ်နဲ့မတူတဲ့အတွက် သမ္မတနဲ့နိုင်ငံတကာခေါင်းဆောင်တို့ဟာတိုင်ပင်ဆွေးနွေးသလို မစ္စတာဒေးဗစ်ကိုလည်း မေးမြန်းအကြံဥာဏ်ယူပါတယ်။ထိုယာဉ်ကို လက်ဦးမှုရယူပြီးပစ်ချဖျက်စီးသင့်မသင့်ဆွေးနွေးတဲ့အခါ ဒေးဗစ်ကမပစ်ဖို့အကြံပေးပေမယ့် ... ခေါင်းဆောင်အများစုရဲ့ ပစ်ချဖို့အကြံပြုချက်ကြောင့် သမ္မတဟာ ပစ်ချစေခဲ့ပါတယ်။ ထိုယာဉ်ကြီးအာကာသထဲပြုတ်ကြပျက်စီးတဲ့အခါ ဒေးဗစ်ဟာစစ်ဆေးဖို့အတွက် သမ္မတကိုခွင့်တောင်း တဲ့အခါ အောင်ပွဲခံပွဲအပြီးမှသာလုပ်ခွင့်ပေးပါတယ်။ အဲ့ဒီမှာ ဂျိတ်ဟာ အာကာသကနေ အာကာသယာဉ်ကိုယူပြီး ဒေးဗစ်ကိုလာရောက်ခေါ်ဆောင်ပြီး ၄င်းယာဉ်ကိုစစ်ဆေးဖို့ကူညီနေချိန်မှာပဲ ၁၉၉၆ ခုနှစ်တုန်းကဂြိုလ်သားတွေပြန်လည် ရောက်ရှိလာခဲ့ပြီး အာကာစခန်းနဲ့ကမ္ဘာဟာစတင်ပျက်စီးတဲ့အဖြစ်ကိုရောက်ပါတော့တယ်။ ဒီဇာတ်ကားဟာ IMDb rating 5.2/10 ရရှိထားပေမဲ့ အရမ်းကိုကောင်းလွန်းတဲ့ ဇာတ်ကားဆိုတာ ကြည့်ပြီးတဲ့သူတိုင်းလက်ခံပါလိမ့်မယ်။ နောက်ပြီး ရိုက်ကွင်းရိုက်ကွက်တွေ Visual Effect တွေဟာ သာလွန်ကောင်းမွန်ခဲ့ပြီး ခိုင်မာတဲ့ ဇာတ်အိမ်ကို အကောင်းဆုံးရိုက်ပြသွားတဲ့ ဇာတ်ကားကောင်းဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားကို ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ညီလေး SCRN ပဲဖြစ်ပါတယ်။)   File Size : (2.13GB)(857MB) and ...
5.2
IMDB: 5.2/10 152,232 votes
movie

Independence Day: Resurgence(2016)

2016
Blu-Ray 1080p 5.1 CH
I’m Not Here (2019) 6.2
I’m Not Here (2019) ပရိသတ်အချစ်တော် J.K.Simmonsနဲ့ Sebastian Stanတို့ရဲ့ အသစ်စက်စက်ထွက်ရှိထားတဲ့ဇာတ်ကားပါ။ Dramaအမျိုးအစားဖြစ်ပြီး IMDB Ratingလည်း မဆိုးလှပါဘူး။ အတိတ်ရဲ့အမှားတွေ နောင်တတွေနဲ့ ဇရာရဲ့နှိပ်စက်ခြင်းဒဏ်တွေကို ခံနေရတဲ့ စတိဗ်တစ်ယောက်ဟာ အထီးကျန်စွာနဲ့ဘဝကိုဖြတ်သန်းနေပါတော့တယ်။ သူဟာ တစ်စစီကျိုးပဲ့ပျက်စီးနေတဲ့အတွက် အိမ်ကြီးထဲမှာပဲ ဘယ်သူ့ကိုမှ အပြင်လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ကာနေနေခဲ့ပါတယ်။ သူ့ရဲ့အတိတ်ပုံရိပ်တစ်ခုချင်းစီဟာ သူ့ကို အကြိမ်ကြိမ်နှိပ်စက်နေခဲ့ပါတယ်။ သူ့ကိုခြောက်လှန့်နေတဲ့ အဲ့ဒီအတိတ်တွေဟာ ဘာတွေလဲ။ အဲ့ဒီအတိတ်တွေကနေ သူလွတ်မြောက်ပါ့မလား။ တစ်ကားလုံးဟာ လွမ်းစိမ့်စိမ့်လေးနဲ့ တော်တော်လေးကြည့်ကောင်းပါတယ်။ Film festival ပွဲတော်တွေမှာလည်း ဆုတွေရထားတဲ့ဇာတ်ကားပါ။ တခြားဇာတ်လမ်းတွေလို ပြသချိန်သိပ်မကြာမြင့်တာကြောင့် ကြည့်ရတဲ့အချိန်ထက် လွမ်းဆွတ်တမ်းတမိမယ့်အချိန်က ပိုများမှာအမှန်ပါပဲ။ အားလုံးပဲ ဇာတ်လမ်းလေးနဲ့အတူ လွမ်းဆွတ်ကြည့်လိုက်ကြစို့ဗျာ   File Size : (713 MB) & ( 225 MB) Quality : WEB-DL 720p Running Time : 1 hr 21min Format ...
6.2
IMDB: 6.2/10 122 votes
movie

I’m Not Here (2019)

2017
Mark Felt: The Man Who Brought Down the White House(2017) 6.4
Mark Felt: The Man Who Brought Down the White House(2017) Mark Felt: The Man Who Brought Down the White House(2017) ******************************************************* IMDb....6.4 ဒီဇာတ်ကားဟာ အေးဂျင့် Mark Felt ရဲ့အကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပါတယ်... Mark Felt ဟာ FBI အေးဂျင့်တစ်ဦးဖြစ်ပြီးတော့ သူတာဝန်ထမ်းဆောင်ခဲ့တာ အနှစ်(၃၀)တောင်ရှိပါပြီ... တာဝန်ထမ်းသက်ကြာလာတာနဲ့အမျှ သူတွေ့ကြုံခဲ့ရတဲ့ မှုခင်းတွေဖြစ်ရပ်ဆန်းတွေ အများကြီးပါပဲ... ဒီထဲမှာ ထူးခြားတာကတော့ ဗဟိုဌာနချုပ် အဆောက်အဦးထဲကို ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့ အမှုဖြစ်ပါတယ်.. ဒီကိစ္စကို Mark Felt တို့ FBI က စုံစမ်းရပါတယ်... ဒီဖြစ်ရပ်ကိုအားလုံးစိတ်ဝင်စားနေချိန်မှာ အိမ်ဖြူတော်နဲ့ FBI က လျှို့ဝှက်ချက်တွေ ပြင်ပကိုပေါက်ကြားခဲ့ပါတယ်...၁၉၇၀ခုနှစ်ဝန်းကျင်က  အမေရိကန်ရဲ့နိုင်ငံရေးအခြေအနေ တွေ၊ အိမ်ဖြူတောအကြီးတန်းအရာရှိတွေ၊ FBI ရဲ့ အရှုတ်တော်ပုံတွေကိုကောင်းကောင်းချပြထားပါတယ်... ဒီကားထဲက အဓိကသရုပ်ဆောင် Liam Neeson ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်.... သူကတော့ Mark Felt အဖြစ် သရုပ်ဆောင်ထားပါတယ်...ကိုင်း ခံစားကြည့်လိုက်ပါဦးဗျို့ File Size : (950 MB) and (261 MB) Quality : Blu-Ray 720p Format…mp4 Duration…01:43:00 Genre ...
6.4
IMDB: 6.4/10 6,410 votes
movie

Mark Felt: The Man Who Brought Down the White House(2017)

2017
Blu-Ray 720p
Tau (2018) N/A
Tau (2018)   ဒီရုပ်ရှင်ကားနာမည်က TAU ပါတဲ့ အဲ့ဒီ နာမည်က ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဒီရုပ်ရှင်ကို ကြည့်နေရင်းနဲ့ သင်ကိုယ်တိုင် သဘောပေါက်လာပါလိမ့်မယ် ရိုးအီ နေတဲ့ ရုပ်ရှင်အမျိုးစားတွေထဲကနေ သိပ္ပံရုပ်ရှင် ကောင်းကောင်း ကြည့်ချင်နေတယ်ဆို ဒီရုပ်ရှင်ကားက သင့်အတွက်ပါပဲ... ဖြစ်နိုင်ရင် ဒီရုပ်ရှင်ကားကို အညွှန်း မရေးချင်တော့ပါဘူး ဇတ်လမ်းရဲ့ ရသ ပျက်စီးသွားမှာ စိုးရိမ်မိပါတယ် ဇတ်လမ်းကိုတော့ သင်ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါတော့ သင်ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ကားကောင်း တစ်ခုလို့ အာမခံပါရစေ Netflix ရဲ့ ရုပ်ရှင်ကားတွေ ဘယ်လိုကောင်းတယ် ဘယ်လို တွေးစရာတွေ ပေးတယ်ဆိုတာ သင်လဲ သိနေလောက်ပါပြီ ဒီရုပ်ရှင်ကားဟာ  ဇတ်လမ်းအစထဲကနေ တန်ပို မြင့်ပေးထားလို့ ဘာတွေလဲ ဘာတွေလဲ ဆိုပြီး ကိုယ့်ဘာသာ ဆက်တွေးလိုက်မိတဲ့ အထိ စိတ်ကူးမိစေခဲ့တယ်... ဒီရုပ်ရှင်ကားမှာ သင် သိထားရမှာက မိန်းမချောလေး ဂျူလီယာ အိမ်ကြီးသခင်  အဲလစ် အိမ်စေကြီး ထောင်းစ် တို့ ပဲ ဖြစ်ပါတယ် ဒီ ၃ ယောက်က သင့်စိတ်ကို ဘယ်လို နိုးဆွပြီး ဇတ်သိမ်းထိ ခေါ်ဆောင် သွားမလဲဆိုတာ ဆက်လက်ကြည့်ရှု လိုက်ပါစို့.... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Hein That Naing ဖြစ်ပြီး ဘာသာပြန် အသစ်ဖြစ်ပါတယ် ထို့ကြောင့် အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ပါသော် နားလည်ဖြည့်၍ ကြည့်ရှုပေးကြပါလို့ :D   Thit San Khant     အစမ်းကြည့်ရှုရန်... 
N/A
IMDB: N/A/10 N/A votes
movie

Tau (2018)

2018
Web-DL 1080P
Bokeh (2017) 4.8
Bokeh (2017) Bokeh ဆိုတဲ့ ဒီရုပ်ရှင်ကားလေးဟာ IMDb Rating 4.7 လောက်သာ ရရှိထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ် ဒါပေမယ့် ကျနော့် ရင်ထဲမှာတော့ ဒီရုပ်ရှင်ကားကို ကြည့်ပြီး ဝေခွဲမရတဲ့ ခံစားချက်လေးတွေ ဖြစ်လာပါတယ်... ဘာလို့ ဒီလိုခံစားချက်မျိုးတွေ ဖြစ်ရလဲ ဆိုတာကတော့... ရိုင်လီ နဲ့ ဂျင်းနီ တို့ ချစ်သူစုံတွဲဟာ အိုက်စ်လန်း ကို အပန်းဖြေ ခရီးထွက်ခဲ့ပါတယ် နှစ်ယောက်သား ဓါတ်ပုံတွေ ရိုက်ကြမယ် အစားကောင်းတွေ စားကြမယ်ပေါ့.... အရမ်းလှပတဲ့ ရှုခင်း တွေ အများကြီးကို မြင်တွေ့ရသလို ချစ်စရာကောင်းတဲ့ သဘာဝ အတိုင်း ချစ်သူ နှစ်ယောက် ရဲ့ ပုံစံကိုလဲ မြင်တွေ့ရမှာပါ... ဒါပေမယ့် တစ်ရက်မနက်ခင်းမှာတော့ ဂျင်းနီ ဟာ မနက် ၃ နာရီလောက်မှာ အိပ်မက်လိုလို တကယ်လိုလို ပြုတင်းပေါက်မှ အလင်းတန်း တစ်ခုကို တွေ့လိုက်ရပါတယ် ပြီးနောက် ပြန်အိပ်ပျော်သွားပြီး နိုးထ လာတဲ့ အခါမှာ သူမ နဲ့ ရိုင်လီ ...
4.8
IMDB: 4.8/10 298 votes
movie

Bokeh (2017)

2017