Channel Myanmar

Man-Tat Ng

The Mad Monk (1993) 6.2
The Mad Monk (1993) The Mad Monk (1993)IMDB(6.2)+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.org/category/stephen-chow/   မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ရယ်စရာအတိတ်တွေခပ်များများ။ဘဝဆိုတာ ဘာမှလဲမဟုတ်လှ။ဒီလိုဘာမှမဟုတ်တဲ့ ဘဝကြီးကို ဟာသတွေနဲ့ ...
movie

The Mad Monk (1993)

1993
A Chinese Odyssey Part 1 & 2 [Pandora Box & Cindrella] (1995) 7.9
A Chinese Odyssey Part 1 & 2 [Pandora Box & Cindrella] (1995) A Chinese Odyssey: Part 1 - Pandora's Box (1995)_____IMDb - 7.9/10 A Chinese Odyssey: Part 2 - Cinderella (1995)_____IMDb - 8.0/10   ဟုတ်ပါတယ် ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအားလုံးနှစ်သက်ကြရတဲ့ နာမည်ကျော်မင်းသားကြီး Stephen Chow က Journey to the west ဆိုတဲ့ တရုတ်ရိုးရာဇာတ်တော်ကြီးကို ပြန်လည်ဆန်းသစ်ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ မတူတာကတော့ ဇာတ်လမ်းကျောရိုးက အနောက်အရပ်သို့ ကျမ်းဂန်တွေသွားရောက်ပင့်ဆောင်ခြင်းမပြုမှီ စွန်းဝူခုန်းရဲ့ အရိုင်းစိုင်းမျောက်ဘ၀ ထိုမှတစ်ဖန် လူဘဝပြန်ဝင်စားပြီး လူဘဝနဲ့ကျင်လည်ကျက်စားပုံတွေ မိစ္ဆာမလေးတစ်ယောက် နဲ့ ဘုံကြိုးပြတ်နတ်သမီးတစ်ယောက်ရဲ့ကြားမှာယောက်ယတ်ခပ်အောင် ဗျာများနေရပြီး ရသစုံအချစ်ဇာတ်လမ်းလေးတွေပေါက်ဖွားလာပုံတွေကို တွေ့ရမှာပါ ထို့အပြင်ပဲ ဆရာတော်ဟာလည်း ပါရမီမရင့်သန်မီမှာ စကားအလွန်များပစိပစပ်အလွန်နိုင်တဲ့ ဘုန်းကြီးတစ်ပါးအဖြစ်ကျင်လည်ခဲ့ရပုံ တွေကို မင်းသားကြီး Stephen Chow ရဲ့ထုံးစံအတိုင်း ခပ်တည်တည်နဲ့ ဟာသလေးတွေနှောကာရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။  စွန်းဝူခုန်း တစ်ဖြစ်လဲ ကျင်းရှောင်လင် တစ်ယောက် သူရဲ့အချစ်ရဆုံးမိန်းကလေးဟာဘယ်သူဆိုတာနဲ့ လောကကြီးရဲ့အကျိုးသယ်ပိုးဖို့အတွက် စွန်းဝူခုန်း ဘဝကိုပြန်လည် ရွေးချယ်ရင် သူနဲ့ပတ်သက်တဲ့မိန်းကလေးနဲ့လည်းကွဲရမှာဖြစ်တာကြောင့် သူဘာကိုရွေးချယ်မှာလဲ ဆိုတာကိုလည်း ရင်တမမနဲ့ကြည့်ရမယ့်အပြင် စိတ်ကိုလည်း အားမလိုအားမရဖြစ်ကာမရိုးမရွဖြစ်စေတဲ့ရသကိုလည်း ပေးနိုင်စွမ်းရှိတဲ့ ...
movie

A Chinese Odyssey Part 1 & 2 [Pandora Box & Cindrella] (1995)

1995